ဗီဇာ ရဘို့ထက် ၀န်ကြီးဌာနတွေ အချုပ်အနှောင်ကင်းဘို့လိုတယ်။
မနေ့က(အင်္ဂါနေ့) အော်စလို အခြေစိုက် မြန်မာသံရုံးက အရာရှိတယောက် ကျနော့်ကို ဖုံးဆက်တယ်။
သံရုံးဗီဇာပေးပုံ နဲ့ ပတ်သက်ပြီး ရှင်းပြတာပါ။ သူတို့ဘက်က လုပ်ပိုင်ခွင့်နဲ့၊ လက်တွေ့ ဆောင်ရွက်နိုင်တဲ့ အခြေအနေကို ရှင်းပြတာပါ။ သူတို့ သံရုံး အပေါ်
အထင်အမြင်လွဲမှားတာမျိုး မဖြစ်စေချင်တာလည်း ပါပါတယ်။
ကျနော်ကသံရုံးရဲ့ အကြပ်အတည်းနဲ့ အလုပ်သဘောကို လက်ခံ သဘောပေါက်တဲ့အကြောင်း၊ ဒါပေမယ့် ကျနော့ဖေ့စ်ဘွတ်ခ်မှာ ရေးရတဲ့အဓိက
အချက်က..သံရုံးရဲ့ လုပ် ပိုင်ခွင့်ဘောင်က ကျဉ်းနေတာကို ထောက်ပြချင်တာပါ..လို့ ရှင်းပြတယ်။
ကျနော်လည်း မြန်မာပြည် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ အကန့်အသတ်တွေ၊ ဘောင်တွေနဲ့ အစိုးရ၀န်ကြီးဌာနတွေ အချင်းချင်းကြား အလုပ်သဘော ဆက်စပ်မှုတွေကို သိပ်များများစားစားနာမလည်ပါ ဘူး။
ဒါပေမယ့် သဘောပေါက်နေတာတခုက မြန်မာပြည် ၀န်ကြီးဌာနတွေဟာ နှစ်ပေါင်းများစွာ အာဏာရှင်စနစ် အကန့်အသတ်၊ ဘောင်တွေကနေ လှုပ်ရှားနေရလို့ ဒီမိုကရေစီစံနှုံးမပြည့်မီဘူးဆိုတာပါ။
ဒါကို လက်တွေ့ခံစားနေရတဲ့ ပြည်သူတွေက မထောက်ပြရင် သူ့အရှိန်နဲ့သူ ဒီအတိုင်းလည်နေမှာပါ.။ အရင်ကယန္တရားကြီး ရပ်တန့်သွားအောင် ချက်ချင်း လုပ်မရနိုင်ပေမယ့် အရင်သြဇာနဲ့ အရှိန် နှေးကွေးသွားအောင် တွေ့တဲ့၊ မိတဲ့၊ ဆုတ်ကိုင်မိတဲ့ နေရာကနေ မိမိရရဖမ်းဆုတ်ပြီး နှေးကွေး ပျက်ပြား၊ ပျောက်ကွယ် သွားအောင်တော့ လုပ်နိုင်ပါတယ်။
ဒီအတွက်..မြန်မာပြည်ကိုချစ် ခင်တဲ့ လူတိုင်းမှာတာဝန်ရှိတယ်။
ပြည်သူအကျိုးစီးပွားထိခိုက် ၊ ၊ နိုင်ငံဂုဏ်သိက္ခာ ကျဆင်းစေမယ့် အရာတွေ အားလုံးကို စိတ်စေတနာအပြည့်နဲ့ ၀ိုင်းဝန်းပြုပြင်တည့်မတ်ပေးဘို့လိုတယ်။
လက်ရှိ ပြည်ပ မြန်မာသံရုံးရဲ့ ဗီဇာပေးမှု လုပ်ပိုင်ခွင့်ကို လူဝင်မှုကြီးကြပ်ရေးက
အဝေးထိန်း ရီမုတ်ကွန်ထရိုးနဲ့ ထိမ်းချုပ်ထားလို့ မလွတ်လပ်ဘူး။
ပြဿနာတခုခုပေါ်လာရင် ထုံးစံအတိုင်း ဟိုဌာန၊ ဒီဌာန ဘော်လီဘော ပုတ်တတ်တယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုလည်း မရှိဘူး။ တချိန်က အာဏာရှင် တွေရဲ့ အလိုကျ ကျက်စားရတော့ ပွင့်လင်းမြင်သာမှုလည်းမရှိတဲ့အခါ
ကြိုနီစနစ်က ခိုင်မာနေသလိုလို ဖြစ်နေတယ်။ ( တချို့ အပြောင်းအလဲတွေကို
တော်လှန်တဲ့၊ မြေလှန်တဲ့ နည်းဗျူဟာကျင့်မှ ပိုသင့်တော်မယ်ထင်တယ်၊ ဥပမာ-
လဂ်ပေးလဂ်ယူနဲ့ အချိန်ဆွဲ ကြိုးနီစနစ်တွေ)
လုပ်ပိုင်ခွင့် အခွင့်အာဏာမရှိရင် ဘယ်အလုပ်မှ လွတ်လပ်မှုမရှိသလို အမျှင်အတန်းတွေနဲ့ မပြီးမြောက်ပါ.။ ဘယ်ဒီမိုကရေစီ နိုင်ငံက အခြေစိုက်တဲ့သံရုံးပဲဖြစ်ဖြ စ် ဗီဇာလျှောက်ရင် နိုင်ငံခြားရေးဌာနက ဆောင်ရွက်စရာရှိတာ အားလုံး အဖြစ်နိုင်ဆုံး အမြန်ဆုံးဖြစ်အောင်ဆောင်ရွက်ပေးတယ်။
ဟိုဝန်ကြီးဌာန၊ ဒီဝန်ကြီးဌာန ဆိုတာတွေရဲ့ သြဇာအောက်ကနေ အကန့်အသတ်တွေနဲ့
လှုပ်ရှားနေရရင် လွတ်လပ်မှုမရှိတဲ့ အလုပ်မဖြစ်၊ ကြိုးနီစနစ်ကြီးစိုးနေတာပဲ
ဖြစ်တယ်။
ကျနော်တို့ ဗီဇာ ရခြင်း မရခြင်းထက် တိုင်းပြည် အမြန်ဆုံး ပြောင်းလဲ တိုးတက်သွားဘို့က အဓိက ကျပါတယ်။
ကျနော်တို့ဟာ အစိုးရသစ်တက်လာပြီး ကြုံရတဲ့အခက်အခဲကို မသိလို့ ရေးနေတာမဟုတ်ပါ၊ သိနေလို့ ဖြေရှင်းနိုင်အောင်၊ သတိပေးရေးရတာပါ။
ဒါဟာ အစိုးရကို လေးစားအားပေးသူတွေရဲ့ တာဝန်ဝတ္တရားဖြစ်တယ်။ စေတနာနဲ့ အဖြေရှာမှ ပြဿနာရဲ့ ဇစ်မြစ်ကိုသိနိုင်၊ ရှင်းနိုင်တယ်။
တိုင်းပြည်ကို မျက်ကန်း၊ ဘလိုင်းမချစ်ပဲ အသိဥာဏ်၊ စေတနာ၊ မေတ္တာနဲ
့ အကျိုးမျှော်ပြီးချစ်တတ်ဘို့  လိုပါတယ်။
ပြည်သူ့ ၀န်ထမ်းဆိုတာကလည်း ပြည်သူတွေရဲ့ အခက်အခဲ ပြဿနာကို ဖြေရှင်းတဲ့မိသားစုဝင်မျိုး ပါ၊ အစိုးရ အာဏာရှိသူတွေရဲ့ ကျေးကျွန်မဟုတ်ပါဘူး။
ဒီသဘောတရားဟာ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နဲ့
ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေခံ စိတ်သဘောထားဖြစ်ပါတယ်။
ကိုညို( အော်စလို)
မနေ့က(အင်္ဂါနေ့) အော်စလို အခြေစိုက် မြန်မာသံရုံးက အရာရှိတယောက် ကျနော့်ကို ဖုံးဆက်တယ်။
သံရုံးဗီဇာပေးပုံ နဲ့ ပတ်သက်ပြီး ရှင်းပြတာပါ။ သူတို့ဘက်က လုပ်ပိုင်ခွင့်နဲ့၊ လက်တွေ့ ဆောင်ရွက်နိုင်တဲ့ အခြေအနေကို ရှင်းပြတာပါ။ သူတို့ သံရုံး အပေါ်
အထင်အမြင်လွဲမှားတာမျိုး မဖြစ်စေချင်တာလည်း ပါပါတယ်။
ကျနော်ကသံရုံးရဲ့ အကြပ်အတည်းနဲ့ အလုပ်သဘောကို လက်ခံ သဘောပေါက်တဲ့အကြောင်း၊ ဒါပေမယ့် ကျနော့ဖေ့စ်ဘွတ်ခ်မှာ ရေးရတဲ့အဓိက
အချက်က..သံရုံးရဲ့ လုပ် ပိုင်ခွင့်ဘောင်က ကျဉ်းနေတာကို ထောက်ပြချင်တာပါ..လို့ ရှင်းပြတယ်။
ကျနော်လည်း မြန်မာပြည် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ အကန့်အသတ်တွေ၊ ဘောင်တွေနဲ့ အစိုးရ၀န်ကြီးဌာနတွေ အချင်းချင်းကြား အလုပ်သဘော ဆက်စပ်မှုတွေကို သိပ်များများစားစားနာမလည်ပါ
ဒါပေမယ့် သဘောပေါက်နေတာတခုက မြန်မာပြည် ၀န်ကြီးဌာနတွေဟာ နှစ်ပေါင်းများစွာ အာဏာရှင်စနစ် အကန့်အသတ်၊ ဘောင်တွေကနေ လှုပ်ရှားနေရလို့ ဒီမိုကရေစီစံနှုံးမပြည့်မီဘူ
ဒါကို လက်တွေ့ခံစားနေရတဲ့ ပြည်သူတွေက မထောက်ပြရင် သူ့အရှိန်နဲ့သူ ဒီအတိုင်းလည်နေမှာပါ.။ အရင်ကယန္တရားကြီး ရပ်တန့်သွားအောင် ချက်ချင်း လုပ်မရနိုင်ပေမယ့် အရင်သြဇာနဲ့ အရှိန် နှေးကွေးသွားအောင် တွေ့တဲ့၊ မိတဲ့၊ ဆုတ်ကိုင်မိတဲ့ နေရာကနေ မိမိရရဖမ်းဆုတ်ပြီး နှေးကွေး ပျက်ပြား၊ ပျောက်ကွယ် သွားအောင်တော့ လုပ်နိုင်ပါတယ်။
ဒီအတွက်..မြန်မာပြည်ကိုချစ်
ပြည်သူအကျိုးစီးပွားထိခိုက်
လက်ရှိ ပြည်ပ မြန်မာသံရုံးရဲ့ ဗီဇာပေးမှု လုပ်ပိုင်ခွင့်ကို လူဝင်မှုကြီးကြပ်ရေးက
အဝေးထိန်း ရီမုတ်ကွန်ထရိုးနဲ့ ထိမ်းချုပ်ထားလို့ မလွတ်လပ်ဘူး။
ပြဿနာတခုခုပေါ်လာရင် ထုံးစံအတိုင်း ဟိုဌာန၊ ဒီဌာန ဘော်လီဘော ပုတ်တတ်တယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုလည်း မရှိဘူး။ တချိန်က အာဏာရှင် တွေရဲ့ အလိုကျ ကျက်စားရတော့ ပွင့်လင်းမြင်သာမှုလည်းမရှိတ
လုပ်ပိုင်ခွင့် အခွင့်အာဏာမရှိရင် ဘယ်အလုပ်မှ လွတ်လပ်မှုမရှိသလို အမျှင်အတန်းတွေနဲ့ မပြီးမြောက်ပါ.။ ဘယ်ဒီမိုကရေစီ နိုင်ငံက အခြေစိုက်တဲ့သံရုံးပဲဖြစ်ဖြ
ကျနော်တို့ ဗီဇာ ရခြင်း မရခြင်းထက် တိုင်းပြည် အမြန်ဆုံး ပြောင်းလဲ တိုးတက်သွားဘို့က အဓိက ကျပါတယ်။
ကျနော်တို့ဟာ အစိုးရသစ်တက်လာပြီး ကြုံရတဲ့အခက်အခဲကို မသိလို့ ရေးနေတာမဟုတ်ပါ၊ သိနေလို့ ဖြေရှင်းနိုင်အောင်၊ သတိပေးရေးရတာပါ။
ဒါဟာ အစိုးရကို လေးစားအားပေးသူတွေရဲ့ တာဝန်ဝတ္တရားဖြစ်တယ်။ စေတနာနဲ့ အဖြေရှာမှ ပြဿနာရဲ့ ဇစ်မြစ်ကိုသိနိုင်၊ ရှင်းနိုင်တယ်။
တိုင်းပြည်ကို မျက်ကန်း၊ ဘလိုင်းမချစ်ပဲ အသိဥာဏ်၊ စေတနာ၊ မေတ္တာနဲ
့ အကျိုးမျှော်ပြီးချစ်တတ်ဘို
ပြည်သူ့ ၀န်ထမ်းဆိုတာကလည်း ပြည်သူတွေရဲ့ အခက်အခဲ ပြဿနာကို ဖြေရှင်းတဲ့မိသားစုဝင်မျိုး
ဒီသဘောတရားဟာ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နဲ့
ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေခံ စိတ်သဘောထားဖြစ်ပါတယ်။
ကိုညို( အော်စလို)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။