ကျွန်တော်လည်း သိမ်းငှက် တစ်ကောင်ပါပဲ
++++++++++++++++++++++++++ ++++++++
သိမ်းငှက်ပုံပြင်နဲ့ ပက်သက်လို့ ကျွန်တော့် အကြောင်းလေး ပြောပြချင်ပါတယ်။ ကျွန်တော်က တစ်ဦးတည်းသောသား ဆိုတော့ မချမ်းသာပေမယ့် ငယ်ငယ်လေးကတည်းက အိမ်က အလိုက်လိုက်တယ်။ အထူးသဖြင့် အမေပေါ့ … မေမေဟာ ကျွန်တော့်ကို တုနှိုင်းမဲ့ချစ်ပါတယ် … ကျွန်တော်တို့မြို့က ဆောင်းတွင်းမှာ အေးတော့ … ကျောင်းက ပြန်လာရင် ရေနွေးနွေးလေး ချိုးလို့ရအောင် ရေငင်ပြီးတော့ နေလှန်းထားတယ် … ဆယ်တန်းအောင်လို့ တက္ကသိုလ်တတ်တော့လည်း ပုသိမ်ကို သူကိုယ်တိုင် လိုက်ပို့တယ် ချက်ပြုတ်ကျွေးမွေးတဲ့ အပြင် ကျွန်တော် အတန်းဆင်းမယ့် အချိန်ကို တက္ကသိုလ် အပေါက်ဝ မှာ ဆိုက္ကား ငှားပြီး စောင့်နေတယ် … ရွာမှာ ဖုန်းမရှိတော့ ၁၄ မိုင်ဝေးတဲ့ မြို့ပေါ်ကို လမ်းလျှောက်လာပြီး တစ်ပတ်တစ်ခါ ဖုန်းဆက်တယ် … အမေ့က ကျွန်တော့်အပေါ်ကို ချစ်တဲ့ အကြောင်းတွေ ပြောရင် မကုန်နိုင်ပါဘူး ….
ဒီလိုနဲ့ ကျောင်းပြီးတဲ့ အခါ နိုင်ငံခြားမှာ ကျောင်းတက်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အင်္ဂလိပ်စာကို ကျေးဇူးရှင် ဆရာကြီး ဦးမြကြိုင် ကျောင်းမှာ စလေ့လာတယ် …. ပညာသင်ဆုအတွက် ပြင်ဆင်နေတုန်းမှာ အဖေက အစာအိမ်ဖြစ်လို့ ရွာကို ပြန်ရတယ် … အဖေက ဆေးရုံပေါ်မှာတင် (၃) လောက်ကြာတယ် … အဲဒီလိုနဲ့ အဖေ့ကိုယ်စား ရွာက ကျောင်းမှာ စာသင်ပေးရတယ် … အဖေရဲ့ ကျန်းမာရေး အခြေအနေ စိတ်ချရတော့မှ ရန်ကုန်ကို ပြန်လာခဲ့တယ်။ ရန်ကုန်မှာ အင်္ဂလိပ်စာ ပြန်လုပ်ရင်းနဲ့ ဝမ်းရေးအတွက် အိမ်ဝိုင်းလေး တွေ စာသင်ရင်းနဲ့ လုံးလည် ချာလည် လိုက်နေတော့ ကျွန်တော့် ကျေးဇူးရှင် နောက် တစ်ယောက် ဖြစ်တဲ့ ဆရာအမ်းက အလုပ်သွင်းပေးလိုက်လို့ မအူပင် အပိုင် ညောင်တုန်းကျွန်းထဲက ငါးမွေးမြူရေး လုပ်ငန်းတစ်ခုကို ရောက်သွားတယ် … ၊ ရည်မှန်းချက်တွေက တစ်စစ နဲ့ မှုန်ဝါးဝါး ကံကောင်း ချင်တာလား … ကံဆိုးချင်တာလား မသိတော့ဘူး …. အဲဒီမှာ အလုပ်လုပ်နေရင်းနဲ့ ကျန်းမာရေး မကောင်းဖြစ်ပြီး တိုတိုပြောရရင် အလုပ်ကထွက်ပြီး ရန်ကုန်ပြန်လာခဲ့တယ် … အဲဒီအချိန်အထိ အိမ်က အဖေနဲ့ အမေ မသိသေးပါဘူး၊ နည်နည်းအခြေ အနေကောင်းတော့မှ အဖေနဲ့ အမေကို တိုင်ပင်စရာ ရှိလို့ ဆိုပြီး ရန်ကုန်ကို လှမ်းခေါ်ပါတယ် … ၊ အဖေက မအားလို့ လိုက်မလာဖြစ်ဘူး …. အမေက ရောက်လာ ပါတယ်။ အကြောင်းစုံကို ပြောပြတော့ အမေက ရွာကို ပြန်လိုက်ခဲ့ပြီးတော့ သူတို့နဲ့ အတူတူ နေဖို့၊ အဆင်ပြေသလို လုပ်စားဖို့ ပြောပါတယ် ….
ကျွန်တော်ကလည်း ရွာက ထွက်လာကတည်းက လူတစ်လုံး သူတစ်လုံးဖြစ်အောင် လုပ်မယ်လို့ ကြွေးကြော်လာတော့ အမေစကားကို နားမထောင်ဘဲ လုပ်ချင်တာကို ရှင်းပြပါတယ် … နောက်ဆုံးကျွန်တော့်ကို ဘယ်လိုမှ ပြောလို့မရတော့ အမေက စိတ်မချခြင်းများစွာနဲ့ ရန်ကုန်မြို့ကြီးမှာ ကျွန်တော့်ကို ထားခဲ့ရတယ် …. ။ အဲဒီအချိန်မှာ ကျွန်တော် အမေ့ကို ကွန်ပျူတာ နဲ့ ဖုန်း တော့ဝယ်ပေးပါလို့ တောင်းဆိုခဲ့တယ်။ DVD အစုတ်လေးနဲ့ လေ့လာတာထက် ကွန်ပျူတာက ပိုပြီး အဆင်ပြေသလို အိမ်ဝိုင်းတွေ စာလိုက်သင်တဲ့ အတွက် ဖုန်းကလည်း တကယ် လိုအပ်ပါတယ်။ အမေက တော့ ထုံးစံအတိုင်း ကျွန်တော့်အတွက် မရှိရှိတဲ့ကြားက ဝယ်ပေးခဲ့ပါတယ်။ (Acer Computer Dual Core နဲ့ 73 ဖုန်း နှစ်ခုအတွက် အကြွေးတင်တာ အတိုးအရင်းပေါင်း ၁၄ သိန်းလောက် ဆပ်လိုက်ရတယ်) အဲဒီအချိန်ကစပြီး ကျေးဇူးရှင် ဆရာကြီးဦးမြကြိုင် ကျောင်းဆီ ပြန်လာပြီးတော့ အင်္ဂလိပ်ဘာသာစကား သင်တဲ့ အလုပ်ကိုပဲ ဇောက်ချ လုပ်ခဲ့တယ် … အဲဒီကမှ ရွှေဟင်္သာလမ်းနားက ဆရာမကြီးအဆောင်ကို ပြောင်း၊ အဲဒီကနေ …. ဓမ္မာရုံ (၁) လမ်း ထဲက အပျိုကြီး အဆောင်ကို ပြောင်း၊ နောက်တစ်ခါ ဓမ္မာရုံ (၁) လမ်းထဲကပဲ … ကျွန်တော် စာသင်ပေးတဲ့ ကျောင်းသူတစ်ယောက်ရဲ့ ကန်ထရိုက်တိုက် ဆောက်နေတုန်းက ခဏနေတဲ့ နေရာလေးကို အခန်းကန့်ပြီး ပြန်ငှားတဲ့ နေရာလေးကို ရောက်လာတယ်။ အဲဒီနေရာလေးကနေ … ရန်ကုန်မြို့အနှံ့ တစ်အိမ်ဝင် တစ်အိမ်ထွက်၊ တစ်တိုက်ပြီး တစ်တိုက်တစ် မိုးလင်း မိုးချုပ် စာလိုက်သင်ခဲ့တယ်။ Facebook ပေါ်မှာ အင်္ဂလိပ်ဘာသာစကား ဆိုင်ရာ စာတွေ ရေးခဲ့တယ် …
အဲဒီကတဆင့် ၂၀၁၃ ခုနှစ်မှာ အွန်လိုင်းပေါ်မှာ သင်တန်းသား/သူပေါင်း ၈၀၀၀ ကျော်ကို ပညာဒါန ပို့ချပေးခဲ့တယ် … ။ ဒီလိုနဲ့ ၂၀၁၃ ခုနှစ်ထဲမှာပဲ Acuity English Language Center ကို တည်ထောင်ခဲ့တယ်။ စာသင်ရင်းနဲ့ သင်တန်းသား/သူ တွေရဲ့ ငြီးငြူသံတွေကြားရတဲ့ အခါ ကိုယ့်ဘဝနဲ့ ယှဉ်ပြီး အားပေးစကားတွေ ပြောခဲ့တယ်။ နောက်တော့ အားလုံး သိရအောင်လို့ အွန်လိုင်းမှာရေးတယ် … အဲဒီကတဆင့် စာအုပ်တွေ ထုတ်ဖြစ်တယ် … စာအုပ် (၅) အုပ်ထုတ်လိုက်တဲ့ အချိန်မှာ ၄ အုပ်က အရောင်းရဆုံး စာရင်းဝင်ပြီး ပစ္စည်းပြတ်တဲ့ အထိ စာဖတ်သူတွေက အားပေးကြတယ် … တနှစ်က ကျွန်တော့်ရဲ့ မတည်မှုနဲ့ သင်တန်းသား/သူ၊ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ကျွန်တော့်ရွာမှာ စာကြည့်တိုက် တစ်ခု လှူခဲ့တယ်၊ စာကြည့်တိုက်မှူးကိုလည်း လစဉ် ထောက်ပံ့ပေးထားတယ် …. ။ ရေဘေးမှာ AELC အနေနဲ့ သိန်း ၁၂၀ ကျော် လှူဒါန်း နိုင်ခဲ့တယ်၊ AELC ရဲ့ နှစ်စဉ် လှူဒါန်းမှုကို သိန်း ၅၀ လျာထား ပြည့်မှီအောင် လှူဒါန်းခဲ့တယ်။ အခုတော့ အမေ့ကိုလည်း ကျွန်တော်နဲ့ အတူခေါ်ထား နိုင်ပါပြီ။ အဖေကတော့ တစ်နှစ်လောက် လုပ်ဦးမယ် ပြောလို့ နောက်နှစ်မှ ပင်စင်ယုပါမယ်။
ကျွန်တော် ဒီအကြောင်းတွေ ပြောပြနေတာ ကိုယ်ရည်သွေးချင်လို့ မဟုတ်ပါ … ကျွန်တော် မြန်မာ လူငယ်တွေကို ကြိုးစားစေချင်တယ် … အောင်မြင်စေချင်တယ် … ကိုယ့်အားကိုယ်ကိုးပြီး အမြင့်ဆုံးကို ရောက်စေချင်တယ် …. ဒါကြောင့် ပြောပြနေတာပါ …
ကျွန်တော် သိမ်းငှက်တစ်ကောင်လိုပဲ …. အခု ၂၉ နှစ် အထိ အချိန်အတွင်းမှာ …….
ကျွန်တော် စာသင်ဝိုင်းမှာ ကျူရှင်ဆရာ လုပ်ဖူးတယ် …….
စာအုပ်အငှားဆိုင်ဖွင့်ခဲ့ဖူးတယ် ………
အဝေးပြေးကားလိုင်းမှာ ငွေကိုင်လုပ်ဖူးတယ် ……….
လက်ဘက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်ဖူးတယ် ………
အဖွဲ့အစည်းတစ်ခုမှာ ကြီးကြပ်ရေးမှူးလုပ်ဖူးတယ် …….
လက်ထောက်မန်နေဂျာလုပ်ဖူးတယ် ……..
ကွမ်းယာလည်း ရောင်းဖူးတယ်၊
ဆရာကြီး ဦးမြကြိုင် အင်္ဂလိပ်ဘာသာစကား သင်တန်းကျောင်းမှာ လက်ထောက်ဆရာ ဖြစ်လာတယ် ……
ခုအချိန်မှာတော့ Acuity English Lnguage Center ကို တည်ထောင်နိုင်ခဲ့သလို
တတ်စွမ်းသမျှ မျှဝေပေးနေတဲ့ စာရေးသူ တစ်ယောက်၊ အင်္ဂလိပ်ဘာသာစကားဆရာ ဘဝကို ရောက်လာတယ် ……
ကျွန်တော်ရေးခဲ့ဘူးတဲ့စာစုေ လးတစ်ခုရဲ့ ခေါင်းစဉ်နဲ့ အဆုံးသတ်ချင်ပါတယ် ……..
အမြင့်ဆုံးကို ပျံသန်းရင်းနဲ့ ….
စိတ်ညစ်စရာရှိရင် ညစ်ပါ ……..
ဒါပေမယ့် .....
စိတ်ဓါတ်တော့ မကျပါနဲ့ ……..
မေတ္တာဖြင့်
အောင်ကိုဦး(UMK)
Be the Best !
သိမ်းငှက်ပုံပြင်ကို မဖတ်ရသေးသူများ http://bit.ly/eagle-umk
မှာ ပြန်ဖတ်နိုင်ပါတယ်
++++++++++++++++++++++++++

စာအုပ်အငှားဆိုင်ဖွင့်ခဲ့ဖူ
အဝေးပြေးကားလိုင်းမှာ ငွေကိုင်လုပ်ဖူးတယ် ……….
လက်ဘက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်ဖူးတယ် ………
အဖွဲ့အစည်းတစ်ခုမှာ ကြီးကြပ်ရေးမှူးလုပ်ဖူးတယ် …….
လက်ထောက်မန်နေဂျာလုပ်ဖူးတယ်
ကွမ်းယာလည်း ရောင်းဖူးတယ်၊
ဆရာကြီး ဦးမြကြိုင် အင်္ဂလိပ်ဘာသာစကား သင်တန်းကျောင်းမှာ လက်ထောက်ဆရာ ဖြစ်လာတယ် ……
ခုအချိန်မှာတော့ Acuity English Lnguage Center ကို တည်ထောင်နိုင်ခဲ့သလို
တတ်စွမ်းသမျှ မျှဝေပေးနေတဲ့ စာရေးသူ တစ်ယောက်၊ အင်္ဂလိပ်ဘာသာစကားဆရာ ဘဝကို ရောက်လာတယ် ……
ကျွန်တော်ရေးခဲ့ဘူးတဲ့စာစုေ
အမြင့်ဆုံးကို ပျံသန်းရင်းနဲ့ ….
စိတ်ညစ်စရာရှိရင် ညစ်ပါ ……..
ဒါပေမယ့် .....
စိတ်ဓါတ်တော့ မကျပါနဲ့ ……..
မေတ္တာဖြင့်
အောင်ကိုဦး(UMK)
Be the Best !
သိမ်းငှက်ပုံပြင်ကို မဖတ်ရသေးသူများ http://bit.ly/eagle-umk
မှာ ပြန်ဖတ်နိုင်ပါတယ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။