လက်ဖက်ရည်ခွက်လေးများကပြောတဲ့ ဘ၀ဒသန
========================== ======
တစ်ခါတုန်းက တက္ကသိုလ်တစ်ခုမှာအတူတူတက်ခဲ့ တဲ့ သူငယ်ချင်းသုံးယောက်ရှိပါသတဲ့။ တစ်နေ့တော့ သူတို့သုံးယောက် ပြန်ဆုံမိကြပြီး စကားလက်ဆုံကြရာကနေ ပင်စင်ယူသွားပြီး ဖြစ်တဲ့
သူတို့ရဲ့ တက္ကသိုလ်တုန်းကဆရာကြီးဆီ အလည်သွားဖို့ အကြံရ
သွားပါတယ်။
သူတို့သွားလည်တော့ ဆရာကြီးကနွေးထွေးစွာကြိုဆို ပါတယ်။ သူတို့အားလုံးစကားပြောရာကနေ သူတို့ဘ၀မှာ၊ အလုပ်မှာကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေအကြောင်းရောက်သွားပါတယ်။ ဆရာကြီးက လာလည်တဲ့ သူ့တပည့်တွေကို လက်ဖက်ရည်ဧည့်ခံဖို့ မီးဖိုချောင်ထဲကိုထသွားပါတယ်။ ခဏအကြာမှာ လက်ဖက်ရည်အိုးနဲ့အတူ ခွက်များကိုကိုင်ပြီးထွက်လာ ပါတယ်။ ဆရာကြီးသယ်လာတဲ့ခွက်များထဲမှာတော့ ကြွေခွက်၊ပလပ်စတစ်ခွက်၊ဖန်ခွက်၊ စသည်ဖြင့်အစုံအလင်ပါပဲ။ တစ်ချို့ခွက်များကတော့ သာမန်ပုံတုံးခွက်များဖြစ်ပြီး တစ်ချို့ခွက်များကတော့ ဈေးကြီးပြီး လက်ရာလည်းအတော်မြောက်ပါတယ်။ ဆရာကြီးက တပည့်တွေကို လက်ဖက်ရည်ကြမ်းသုံးဆောင်ဖို့  ဖိတ်ခေါ်လိုက်ပါတယ်။
တပည့်တွေလက်ဖက်ရည်ခွက်များကိုယူသောက်ချိန်မှာတော့ ဆရာကြီးကစကားစပြောပါတယ်။“မင်းတို့တွေအားလုံး ပုံစံခပ်တုံးတုံးခွက်တွေကို မသုံးပဲနဲ့ လှပတဲ့ခွက်တွေကိုပဲ ရွေးချယ်
ကြတာကို သတိထားမိကြလား? အဓိကမင်းတို့မှာ ဖိအားတွေဝင်လာတဲ့အကြောင်းအရ င်းကတော့ မင်းတို့တွေ ဟာအချိန်တိုင်းမှာအကောင်းဆုံးတွေပဲလိုချင်ကြပြီး မင်းတို့အတွက်တကယ်အသုံးဝင်လား၊ မ၀င်လားကို တစ်ခါမှသေချာမစဉ်းစားကြတာပါ ပဲ။ မင်းတို့လှတဲ့ခွက်လေးတွေကို ရွေးလိုက်ပေမယ့် လက်ဖက်ရည်ရည်အရသာကတော့ ဒီအတိုင်းပါပဲ။ မင်းတို့တကယ်သောက်ချင်တာက လက်ဖက်ရည်ဖြစ်ပေမယ့် မင်းတို့လက်ဖက်ရည်အကြောင်းကိုမေ့ပြီး
ခွက်အကောင်းစားကို အရင်ရအောင်ကြိုးစားကြတယ်။ ပြီးတော့
ဘယ်သူ့ခွက်ကပိုကောင်းလဲကို တစ်ယောက်နဲ့ တစ်ယောက် အကဲခတ်နေကြတယ်။
လက်ဖက်ရည်အရသာတောင် တစ်ခါတစ်လေမေ့နေတတ်
ကြပါတယ်။
ကဲအခုစဉ်းစားကြည့် လက်ဖက်ရည်ဆိုတာ မင်းတို့ရဲ့ဘ၀ကိုဆိုလိုတာပါ ။ ခွက်ကတော့ မင်းတို့ရဲ့အလုပ်အကိုင်၊ရာထူး၊ပိုက်ဆံတွေပါ။
ခွက်နဲ့တူတဲ့ အလုပ်အကိုင်၊ရာထူး၊ ပိုက်ဆံတွေက ဘ၀ကိုထည့်ထားတဲ့
ခွက်တစ်ခုပါ။ အဲ့ဒါတွေက ခွက်ကလေးထဲက ဘ၀ရဲ့အဓိပ္ပာယ်မဟုတ်ပါဘူး။
ကမ္ဘာမှာအပျော်ဆုံးလူသားတွေက အကောင်းဆုံးတွေအားလုံးကို ပိုင်ဆိုင်ခြင်းမရှိပါဘူး။ သူတို့တွေက သူတို့ဆီမှာရှိတဲ့ အရာတွေကို အကောင်းဆုံးဖြစ်အောင်လုပ်လေ့ ရှိပါတယ်။
ဒါကြောင့်
-ရိုးရိုးရှင်းရှင်းနေပါ။
-ရက်ရက်ရောရော ချစ်ပါ။
-နက်နက်ရှိုင်းရှိုင်း ဂရုစိုက်ပါ။
-ကြင်ကြင်နာနာပြောဆိုပါ။
ပြီးရင်တော့ လက်ဖက်ရည်ကိုသုံးဆောင်ပါတော့ ။
မိုးရှင်း (I.M.T)
==========================
တစ်ခါတုန်းက တက္ကသိုလ်တစ်ခုမှာအတူတူတက်ခဲ
သူတို့ရဲ့ တက္ကသိုလ်တုန်းကဆရာကြီးဆီ အလည်သွားဖို့ အကြံရ
သွားပါတယ်။
သူတို့သွားလည်တော့ ဆရာကြီးကနွေးထွေးစွာကြိုဆို
တပည့်တွေလက်ဖက်ရည်ခွက်များက
ကြတာကို သတိထားမိကြလား? အဓိကမင်းတို့မှာ ဖိအားတွေဝင်လာတဲ့အကြောင်းအရ
ကြပါတယ်။
ကဲအခုစဉ်းစားကြည့် လက်ဖက်ရည်ဆိုတာ မင်းတို့ရဲ့ဘ၀ကိုဆိုလိုတာပါ
ဒါကြောင့်
-ရိုးရိုးရှင်းရှင်းနေပါ။
-ရက်ရက်ရောရော ချစ်ပါ။
-နက်နက်ရှိုင်းရှိုင်း ဂရုစိုက်ပါ။
-ကြင်ကြင်နာနာပြောဆိုပါ။
ပြီးရင်တော့ လက်ဖက်ရည်ကိုသုံးဆောင်ပါတော
မိုးရှင်း (I.M.T)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။