အိုဘားမား ရဲ့ ၀င်ငွေခွန်
==================
အမေရိကန် သမ္မတ အိုဘားမား နဲ့ ဇနီးတို့က ၂၀၁၅ အတွက် ၀င်ငွေခွန် တင်သွင်းရာမှာ တနှစ် စုစုပေါင်း ၀င်ငွေ ဒေါ်လာ လေးသိန်း သုံးသောင်း ခြောက်ထောင် (အတိအကျ ဆိုပါက $ 436,605 ဖြစိပါတယ်) ရှိကြောင်း သိရပါတယ်။
ဒီအတွက် အိုဘားမားက ၀င်ငွေပေါ် မူတည်ပြီး အခွန်နှုန်း ၁၈.၇% ပေးဆောင်ရမှာ ဖြစ်လို့ ဒေါ်လာ ရှစ်သောင်း တထောင် ပေးဆောင်ရပါတယ်။
မနှစ်က လှုမှုရေး အဖွဲ့ အစည်း စုစုပေါင်း ၃၄ ခုကို ဒေါ်လာ ခြောက်သောင်း ကျော် လှုဒါန်းခဲ့ကြောင်း ၀င်ငွေခွန် ကြေငြာလွှာမှာ တွေ့ ရပါတယ်။
အိုဘာမား ရဲ့ တနှစ် တရားဝင် လစာငွေ က $ 394,454 ဖြစ်ပြီး ကျန် ငွေများက စာအုပ် ရောင်းရ ငွေများမှ ကော်မရှင် ရရှိခဲ့တာ ဖြစ်ပါတယ်။
အိုဘာမား ရဲ့ ၀င်ငွေခွန် ကြေငြာ လွှာကို အိမ်ဖြူ တော် ၀က်ဆိုဒ်မှာ အများ ပြည်သူများ လွယ်လင့်တကူ လေ့လာနိုင်အောင် ဒေါင်းလုပ် လင့် ပေးထားပါတယ်။
ကိုးကား။ ။ White House (Blog)
HSW

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။