Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, April 9, 2016

လောကထဲမှာ ပြုံးပြုံးကလေး နေနိုင်ဖို့

လောကထဲမှာ ပြုံးပြုံးကလေး နေနိုင်ဖို့
✿✿✿✿✿✿✿✿✿✿✿✿✿
(၁)
ဆရာက ကျောင်းသားနှစ်ယောက်ကို မေးခွန်းမေးပါတယ်။ အင်မတန်အဆင့်မြင့်ပြီးအတော်စဉ်းစားယူရတဲ့
သင်္ချာဥာဏ်စမ်းတွေပါ။
ပထမကျောင်းသားက မေးခွန်းခက်တာကို မြင်ပြီး ဒီလိုစဉ်းစားပါတယ်၊
"ဆရာက ငါမဖြေနိုင်မယ့် မေးခွန်းတွေကို တမင်သက်သက် မေးတာပဲ၊
ဟိုတစ်ခါတုန်းက သူလာတာကို ထနှုတ်မဆက်ပဲ နေမိတာကို မကျေနပ်လို.ဖြစ်မယ်"
.... သူဒီလို စတွေးတာနဲ.တင် မေးခွန်းတွေကို ကောင်းကောင်း
မဖြေနိုင်တော့ပါဘူး...
နောက်တစ်ယောက်ကတော့ ဒီလိုမြင်ပါတယ်
"ဆရာ့မေးခွန်းတွေက အတော်အဆင့်မြင့်တယ်၊ ငါတို့အဆင့်နဲ့
ဖြေလို့ရတဲ့မေးခွန်းတွေ ဖြစ်လောက်ပါတယ်၊ ကြိုးစားဖြေကြည့်ဦးမှပဲ" ... သူကတော့မေးခွန်းအတော်များများကို ဆရာ ကျေနပ်လောက်တဲ့
အထိဖြေဆိုနိုင်ခဲ့ပါတယ်....
ဒီအဖြစ်အပျက်လေးကို ကြည့်မယ်ဆိုရင် Perception လို့ခေါ်တဲ့ အထင်အမြင်ယူဆချက်တစ်ခုဟာ အစစအရာရာ အဆင်ပြေချောမွေ့စေဖို့အတွက် ဘယ်အတိုင်းအတာထိ
အရေးပါ အရာရောက်တယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်၊
အခြားသူတစ်ယောက်ရဲ့စိတ်ထဲမှာ ဘယ်လိုပဲရှိရှိ၊
ဘာရည်ရွယ်ချက်နဲ့ပဲ မေးမေး "ဒုတိယ ကျောင်းသား"
လိုပဲ ရိုးရိုးတွေးပြီး အကောင်းဆုံး အဖြေပေးသင့်ပါတယ်။
(၂)
ဆရာက ကျောင်းသားတစ်ယောက်ကို စားပွဲရှေ့မှာ ထိုင်ခိုင်းပြီး
"က"တစ်လုံးရေးပြပါလို့ ခိုင်းပါတယ်။ ကျောင်းသားက ရေးပြီး
ဆရာ့ရှေ့ကိုထိုးပေးလိုက်ပါတယ်.... ဆရာက သူ.အဖြေကို
လက်မခံခဲ့ပါဘူး။
ဆရာ့ဘက်က ကြည့်တော့ အဖြေက "ယ" ဖြစ်နေတာကိုး...
နောက်ကျောင်းသားတစ်ယောက်ကို ဆရာက ခေါ်ခိုင်းပါတယ်...
ကျောင်းသားက ရေးပြီး"စာရွက်ကို ဆရာ့ဘက် တစ်ပတ်လှည့်ပြီး ပြလိုက်ပါတယ်... ဆရာက သူ့အဖြေကို
သဘောကျ လက်ခံခဲ့ပါတယ်....
ဒီအဖြစ်ပျက်လေးမှာ "ကိစ္စရပ်တိုင်းမှာ Angle Of Vision
လို့ခေါ်တဲ့ရှုထောင့် အမျိုးမျိုး ရှိနိုင်တယ်ဆိုတာပါပဲ"...
ကျောင်းသားနှစ်ယောက်လုံးရဲ့ အဖြေဟာ အမှန်တွေချည်းပါပဲ...
ဒါပေမဲ့ပထမကျောင်းသားဟာ သူ့ဘက်အမြင်အတိုင်း ဆရာ့ကို
ပြတာကိုး...
ဒီနေရာမှာသတိထားရမှာက ဒုတိယကျောင်းသားဟာ ဆရာ့ဘက်က
"က" လို. မြင်ရအောင် သူက "ယ"လို့ အမှားကြီးရေးလိုက်တာ မဟုတ်ပါဘူး...သူလည်း အမှန်ပဲ ရေးလိုက်ပြီး
ဆရာ့ဘက်ကလည်း အမှန်ပဲမြင်နိုင်အောင် နှစ်ဦးနှစ်ဖက်
အဆင်ပြေမယ့်အခြေအနေတစ်ခုကို ဖန်တီးလိုက်တာပါ...
အချို့သော ကိစ္စရပ်တွေမှာ သူ့ဘက်ကလည်း ဘယ်လိုများ
မြင်နိုင်မလည်းလို့ စဉ်းစားတွေခေါ်ချင့်ချိန်ပြီး သူ့ရဲ့ရှုထောင့်ကနေ
မြင်ပြ၊ တွေးပြ၊ဆွေးနွေးပြဖို. လိုပါလိမ့်မယ်.... အဲဒါမှလည်း ကိုယ်မှန်တယ်ဆိုတာကိုသူနားလည် လက်ခံနိုင်လာမှာပါ...
အဲဒီလိုမဟုတ်ပဲ ကိုယ်မှန်တယ်ဆိုတာကိုကိုယ့်ဘက်က
အမြင်တစ်ခုတည်းနဲ. ကြည့်ပြီးဇွတ်အတင်းငြင်းခုံနေမယ်ဆိုရင်တော့ လိုလားအပ်တဲ့ အခြေအနေတစ်ခုကိုဘယ်တော့မှ ရောက်တော့မှာ မဟုတ်ပါဘူး...
(၃)
ဆရာက ကျောင်းသားကို ခုံပေါ်မှာ မတ်တပ်ရပ်ခိုင်းထားပြီး
အပြစ်ပေးထားပါတယ်... အချိန်အတော်ကြာတော့ ဆရာက
ကျောင်းသားကို ဆုံးမဖို့လက်ယပ်ခေါ်လိုက်တယ်...
ဒါပေမယ့် အဲဒီအချိန်မှာ ကျောင်းသားကရပ်နေတာကြာပြီ
ဖြစ်တဲ့အတွက် ဆရာက ပြန်ထိုင်ခိုင်းရင် ကောင်းမှာပဲလို့
တွေးနေချိန်ပါ... ကျောင်းသားက လိုရာတွေးပြီး
ထိုင်ချလိုက်ပါတယ်...အဲ့မှာတင် ပြသနာက စတက်ပါတော့တယ်...
ဒါဟာ misunderstanding(နားလည်မှု လွဲချော်ခြင်း) ပါ၊ များသောအားဖြင့် BodyLanguage လို.ခေါ်တဲ့
ခန္ဓာကိုယ်အစိတ်အပိုင်းကို အသုံးပြုပြီး အသံတိတ်
စကားပြောဆက်သွယ်တဲ့ အခါမျိုးမှာ နားလည်မှုလွဲချော်တာတွေ ဖြစ်တတ်ပါတယ်...အဆိုးဝါးဆုံးကတော့ အထက်က
ဖြစ်ရပ်ကလေးလို ကိုယ့်ရဲ့စိတ်အာရုံ (Emotion)
ရဲ့ လွှမ်းမိုးခြယ်လှယ်မှုကြောင့် သူတစ်ပါးရဲ့စကားကို
တလွဲအဓိပ္ပာယ်ကောက်မိတာတွေ၊ အခြေအနေတွေကို အလွဲလွဲ
အမှားမှားနားလည်သုံးသပ်မိတာတွေပါပဲ၊
ဘယ်ဘာသာစကားနဲ့ပဲပြောပြော ဘယ်လိုကြောင့်ပဲ
ဖြစ်ဖြစ်ပါ သူတစ်ပါး ကိုယ့်ကို ဘာပြောတယ်၊ ဘယ်လိုရည်ရွယ်ချက်နဲ.
ပြောတယ်ဆိုတာကို အမှန်အတိုင်း အရှိအတိုင်း နားလည်နိုင်အောင်
ကြိုးစားခြင်းဟာ အားလုံးအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်
ထင်ပါတယ်...
(၄)
ဆရာက ကျောင်းသားအားလုံး ရှေ.မှာ ရပ်ပြီး
လက်ညှိုးတစ်ချောင်းထောင်ပြီးဒီလိုပြောပါတယ်...
"မင်းတို. အားလုံး လက်ညှိုးထောင်လိုက်ပါ"
ကျောင်းသားအားလုံး ဆရာ့ကို စိတ်ဝင်တစား ကြည့်နေရာကနေ
ဆရာခိုင်းတဲ့အတိုင်းလိုက်လုပ်ကြပါတယ်...
အဲဒီအချိန်မှာပဲ ဆရာက သူ.ရဲ့နားထင်ကို လက်နဲ.ထောက်ပြီး...
"အဲဒီလက်ညှိုးနဲ. ကိုယ့်နဖူးကို ထောက်လိုက်ကြပါ" လို့
ထပ်ပြောပါတယ်...ကျောင်းသားအားလုံးဟာ ဆရာလုပ်တဲ့အတိုင်း
နားထင်ကိုလိုက်ထောက်ကြပါတယ်...ခဏနေမှ သူတို့မှားသွားမှန်း
အားလုံးကသဘောပေါက်လိုက်ကြပါတယ်...
"ဆရာ ထောက်ခိုင်းတာက နဖူးကိုလေ"
ဒီအဖြစ်အပျက်လေးမှာ အကြားနဲ.အမြင် တစ်ထပ်တည်းမကျမှုကို တွေ့ရပါလိမ့်မယ်...တပြိုင်တည်းလို. ထင်ရပေမယ့် တကယ်တမ်းက အမြင်အာရုံက ဦးနှောက်ကိုအရင်ရောက်သွားတဲ့ သဘောပါ...
အမြင်အာရုံဟာ အလင်းကို အခြေခံပြီးအကြားအာရုံကတော့ အသံမှာ
အခြေခံပါတယ်... အလင်းရဲ့အလျင်ဟာ အသံရဲ့အလျင်ထက်
ပိုမြန်တဲ့အတွက် ဒီလိုဖြစ်ခြင်းဖြစ်ပါတယ်...
ဒီသဘောတရားလေးကို ကောင်းစွာနားလည်မယ်ဆိုရင်
ကိုယ်ပြောမယ့်စကားနဲ.သင့်တော်မယ့် လိုက်လျောညီထွေဖြစ်မယ့် ဟန်ပန်အမူအရာ ထားမှသာလျှင်ကိုယ်ပြောမယ့်စကား
အရာထင်မှာပါ...သိပ်ဆိုးတဲ့ ကလေးတစ်ယောက်ကို ငါရိုက်လိုက်ရ လို့
မာန်ပြီး မျက်နှာက ပြုံးစိစိလုပ်မယ်ဆိုရင် ကလေးက ကိုယ့်စကားကို အလေးမထားပဲ နေမှာပါ...
အဲဒီလိုပါပဲ ကိုယ့်လက်အောက်ငယ်သားတွေကို မင်းတို့ ငါ့ကို
ပွင့်ပွင့်လင်းလင်း ဝေဖန်ကြပါ၊ မှားတာကို ထောက်ပြပါလို့
ပြောနေပေမယ့်မျက်နှာက ငါ့ကို မကောင်းဘူးလို့ ပြောလို့ကတော့ အလုပ်ထုတ်ပစ်မယ် ဆိုတဲ့ရုပ်ပေါက်နေရင် ကိုယ်ပြောခဲ့တဲ့ စကားဟာ အလကား ဖြစ်သွားပါလိမ့်မယ်...
အရှင်းဆုံးပြောရရင် ရိုးသားဖို.၊ ပြီးတော့ သတိထားဖို.ပါပဲ...
လူတစ်ယောက်ဟာ ရိုးသားမယ်၊ စိတ်ထဲမှာ တကယ်ရှိတာကိုသာ ပြောမယ်ဆိုရင် သူ့ရဲ့မျက်နှာကနေ သူ့ရဲ့ကောင်းတဲ့ စေတနာကို မြင်နိုင်ပါတယ်...
(၅)
ဆရာက ကျောင်းသားတွေကို စာရွက်အဖြူရောင် ထောင်ပြပြီး ဒါဘာအရောင်လည်းလို့မေးပါတယ်... ကျောင်းသားအားလုံးက တညီတညွတ်တည်း ဖြေကြပါတယ်...
"အဖြူရောင်ပါ ..."
ဆရာက White Borad ရဲ့ မျက်နှာပြင်ကို ထောက်ပြီး ဒါကရော ဘာအရောင်လဲလို.မေးပြန်ပါတယ်... မဆိုင်းမတွပဲ အားလုံးက အဖြူရောင်ပါလို. ဖြေကြပါတယ်...
အဲဒီနောက်မှာတော့ ဆရာက ခုနကစာရွက်ကို White Board မှာ
ကပ်ပြီး "ဒီနှစ်ခုမှာ ဘယ်ဟာ အဖြူလဲ "လို. မေးပြန်ပါတယ်... ကျောင်းသားအားလုံးဖြေရန် စွံ.အ သွားပါတော့တယ်...
ဒီအဖြစ်အပျက်လေးမှာ လူတွေ သတ်မှတ်တဲ့ စံနှုန်းတွေရဲ့
ေ၀၀ါးဆန်းပြားမှုကိုတွေ့ မြင်နိုင်ပါတယ်....
လူတစ်ယောက်က ချမ်းသာမယ်...နောက်တစ်ယောက်က ပိုချမ်းသာမယ်...နောက်တစ်ယောက်က ပိုပြီးချမ်းသာမယ် စသဖြင့်ပေါ့... သတ်မှတ်ချက်တွေမှာ အဆုံးသတ်မျဉ်းမရှိသလို အစစ်အမှန်
ဆိုတာလည်း မရှိနိုင်ပါဘူး... ဒါကြောင့် ပြသနာတစ်ခုကို
ဖြေရှင်းတဲ့အခါမှာ ကိုယ့်ရဲ့ စိတ်အခြေအနေတွေကို သေချာမှုမရှိတဲ့
သတ်မှတ်ချက်တွေ လာရောက်လွှမ်းမိုးတာမခံစေဘဲ
တကယ့်အရှိတရား (Being) မှာပဲစူးစိုက်နှစ်မြှုပ်ထားနိုင်ဖို. လိုပါတယ်....ဒီလိုမှလည်း နည်းလမ်းကျပြီး
မျှတတဲ့ အဖြေတစ်ခုကို ထုတ်နိုင်မှာပါ...
(၆)
ဆရာက မေးပါတယ်...
"အဖြူမဟုတ်ရင် ဘာလည်းကွ"
အဖြူမဟုတ်ရင် အမည်းပေါ့ ဟု ကျောင်းသားက ပြန်ဖြေပါတယ်...
တစ်ကယ်က "အဖြူမဟုတ်ရင် မဖြူတာတာတွေ အားလုံး
ဖြစ်နိုင်တာလေ"
ကျနော်တို့လည်း လူ့လောကထဲက ပြဿနာရပ် တော်တော်များများမှာ
အဲဒီကျောင်းသားလေးလိုမျိုး ဖြစ်နိုင်ချေ (Propability) များစွာကို
မစဉ်းစားပဲ၊ ဆန်.ကျင်ဘက်အမြင် (Opposite View)
တွေကိုသာ ရုတ်တရက်စဉ်းစားမိတတ်ကြပါတယ်...ဥပမာ ကိုယ်သိထားတဲ့ အမှန်တရားတစ်ခုနဲ့ အခြားလူပေးလာတဲ့ အဖြေတစ်ခုနဲ့ ကိုက်ညီမှု မရှိတဲ့ အခါမျိုးမှာ တစ်ဘက်သူမှားနေတယ်ဆိုပြီး ရုတ်တရက် ကောက်ချက်ချမိတတ်ပါတယ်...
ကိစ္စရပ်တိုင်းမှာဖြစ်နိုင်ခြေတွေ တစ်ခုထက်ပိုပြီး ရှိနိုင်တယ်ဆိုတာ၊
စဉ်းစားပုံစဉ်းစားနည်း (The Way Of Thinking)
အပေါ်မူတည်ပြီး အဖြေ ဒါမှမဟုတ်ရလဒ်တွေဟာ တစ်နည်းတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်ဆိုတာတွေကိုနားလည်ထားရပါမယ်...
"ဒါမှ ငါမှန်တယ်၊ မင်းမှားတယ် ဆိုတဲ့ အမြင်တွေက လွတ်မြောက်ပြီး
ငါလည်းမှန်တယ်၊ မင်းလည်းမှန်တယ် ဒါပေမယ့် ဘယ်သူ.ရဲ့
လမ်းကြောင်းကပိုပြီးအားကောင်းတယ်ဆိုတဲ့ အမြင်မျိုးကို
မြင်နိုင်စွမ်းရှိမှာပါ...ပြဿနာဆိုတဲ့ စကားလုံးနဲ့တတ်နိုင်သမျှ
ကင်းဝေးနိုင်ဖို့၊ နောင်တတွေ ခဏခဏမရဖို့၊ အနည်းဆုံး လောကထဲမှာ ပြုံးပြုံးကလေး နေနိုင်ဖို.သိမိသမျှ၊ဖတ်မိသမျှ၊
ကျင့်ကြံအားထုတ်မိသမျှ ပေးဝေလိုက်ရပါသည်...။

Credit. ;Forward Mail

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။