Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 12, 2016

Advice for Water festival သင်္ကြန်တွင်းကြ ယူကြုံးမရမဖြစ်ရအောင်

 
Advice for Water festival သင်္ကြန်တွင်းကြ ယူကြုံးမရမဖြစ်ရအောင်

ဒီစာရေးတာ ၂ နှစ်ရှိပြီ။ အရင်ဆုံးတင်စဉ်က (ဟစ်) ဖြစ်သွားတယ်။ ဖတ်ခဲ့သူပေါင်း သောင်းဂဏန်းမနည်းပါ။ စာနဲ့ပူးတွဲ တင်ခဲ့တဲ့ဓါတ်ပုံမှာ မြန်မာမိန်းကလေးတွေ လက်ထဲမှာ ခွက်ကိုယ်စီကိုင်ထားကြတယ်။ ပို့စ်တင်ပြီးနောက်ရက်မှာ တယောက်ကနေ တိုက်ရိုက်စာရေးလာတယ်။ ဆရာ အဲဒီထဲကတယောက်က ကျမပါ၊ ဖျက်ပေးပါဆရာတဲ့။ သူ့ဆီက စာရတာနဲ့ တခါတည်းဖျက်လိုက်ပါတယ်။ (ဖေ့စ်ဘွတ်) မှာ ပုံဖျက်ရင် စာပါပျက်တော့ ပို့စ်ပါအသစ် ပြန်တင်လိုက်ရတယ်။ နောက်ထပ်ဖတ်သူပေါင်းလည်း သောင်းဂဏန်းကျော်တာပဲ။ အဲဒီပုံက ခုထိ (ဂူဂယ်အင်မေ့ခ်ျ) ထဲမှာရှိတယ်။ သူတို့ပုံက အောက်သွားပါပြီ။ ဒိထက် အောက်ကျအောင်ဝတ်စားထားတဲ့ပုံတွေက ကျော်တက်သွားပြီ။ မကြာသေးခင်က (ဖေ့စ်ဘွတ်) ကို အကြံပေးလိုက်တာ အခုတော့ စာသာမက ပုံကိုပါ (အက်ဒစ်) လုပ်လို့ ရလာပြီ။ ဓါတ်ပုံဖျက်ခိုင်းသူကို ကျေးဇူးတင်ပါတယ်။

သင်္ကြန်တွင်းမှာ ပျော်စရာကိုသာရှာသူတွေ ဒုက္ခပင်လယ်ဝေရတဲ့ဇာတ်လမ်းတွေကို လူသူမသိပေမယ့် တကယ်ရှိပါတယ်။ အသားကို သူများမြင်အောင်ဝတ်တာ၊ စကားကို ပီအောင်မပြောတာ၊ မိန်းကလေးလည်း အရက်သောက်တာတွေဟာ ခေတ်မီတယ်ဆိုပြီးလုပ်သူတွေရှိသလို အဲတာ ဖိတ်ခေါ်တာပဲလို့ သိသူတွေကသိတယ်။ ကိုယ်ကမဟုတ်ပေမယ့်လည်း ရောအထင်ခံရတာလည်းရှိတယ်။

၁။ သောက်စရာမှန်သမျှ ရေကအစ ဆင်ခြင်ကြပါ။ သောက်စရာ ဘယ်ကနေလာသလဲ သိနေအောင်လုပ်ပါ။ ပုလင်း၊ ဗူး၊ ခွက်ကအစ ကိုယ့်ပါးစပ်ထဲရောက်တဲ့အတိ မျက်ခြေမပြတ်ပါစေနဲ့။ အများစုဝေးသောက်သုံးစရာထဲကဆို ပိုသတိကြီးကြပါ။
၂။ မျက်စိအောက်က ခဏလေးပျောက်သွားတဲ့ ကိုယ့်ခွက်ကို ပြန်မသောက်တော့ပါနဲ့။ ခွက်ကို တခုခုနဲ့ ဖုံးပေးထားပါ။ တနေရာမှ ချထားပြီးသားကို ပြန်မသောက်ပါနဲ့။
၃။ အဖေါ်ကနေ ကိုယ့်အတွက် ဆိုင်ကနေမှာသောက်တာဆိုလဲ ဈေးရောင်းတဲ့သူတိုင်းကို မယုံပါနဲ့။ ဈေးရောင်းသူနဲ့ ကိုယ့်အဖေါ် ဆက်ဆံရေးကိုလဲ အကဲခတ်တတ်ပါ။ မျက်စပြစ်ပြတာ၊ လက်ကုပ်တာ စတာမျိုးလဲ အဓိပ္ပါယ် ဖွင့်တတ်ပါစေ။
၎။ သောက်စရာထဲမှာ ဆေးရည်၊ အစက်ချဆေး၊ ဆေးမှုံတွေဟာ အနံ့၊ အရောင်၊ အရသာ မသိနိုင်တာများတယ်။ ကိုယ့်ရှေ့မှာ ဖေါက်ပေးတာကိုသာသောက်ပါ။ ဒါလဲ ကြိုတင်ပြီး ဆေးထိုးအပ်နဲ့ မူးယစ်ဆေး၊ လိင်စိတ်ကြွဆေး ထည့်ထားတာမျိုးလည်း ရှိနိုင်တယ်။ ရောသောက်ရတာမှာ ရောတာတိုင်းကို သတိထားရမယ်။
၅။ တခုခုသောက်ပြီး မူးဝေလာသလို၊ အိပ်ချင်လာသလို၊ စိတ်မူပြောင်းလာသလို တခုခုထူးတာနဲ့ ဆေးအကူအညီ တောင်းဘို့ ချက်ချင်းလုပ်ပါ။ မသိသူတွေကနေ ကူမယ်ပြောတိုင်းလဲ မယုံပါနဲ့။ ရဲကိုအကူအညီယူပါ။ ကြက်ခြေနီ အကူအညီယူပါ။
၆။ ကိုယ့်ဖုန်းနံပါတ်၊ အိမ်လိပ်စာ၊ ဖေ့စ်ဘွတ် အိုင်ဒီ သူများကို မပေးပါနဲ့။ ကိုယ်တယောက်ထဲရှိနေတုံးမှာ အနားကပ်လာသူတိုင်းကို မယုံပါနဲ့။
၇။ ကိုယ့်ကို လိင်ပိုင်းဆိုင်ရာ အပြုမူတမျိုးမျိုး အချိန်မရွေး လာလုပ်နိုင်တယ်ဆိုတာကို ခေါင်းထဲမှာထားပါ။ လက်ကို ကိုင်တွယ်တာကအစဖြစ်တယ်။ ခေါင်းညိတ်တာကို မလွယ်ပါစေနဲ့။
၈။ ရင်းနှီးတဲ့သူငယ်ချင်း၊ သမီးရည်းစား၊ ယူဘို့စိတ်ကူးထားသူ ဘယ်သူ့ကိုမဆို စည်းကမ်းသုံးတန်နဲ့ တားထားပါ။ စည်းကျော်လာတာနဲ့ တွန်းလှန်ဘို့ သတ္တိရှိပါ။
၉။ ကိုယ်ဘယ်ကိုသွားမလဲဆိုတာ အနည်းဆုံး တယောက်ယောက်ကို အသိပေးထားခဲ့ပါ။ နေရာပြောင်းတိုင်းလဲ အကြောင်းကြားပါ။ မိန်းကလေးဖေါ်ပါရင် သူဘယ်မှာ၊ ကိုယ်ဘယ်မှာဆို အဆက်အသွယ်အမြဲမပြတ်ရှိနေပါ။
၁ဝ။ လက်ကိုကိုင်တာ၊ ပါးကိုနမ်းရှုံတာလေးနဲ့ ဘာမှမဖြစ်ဘူး မထင်ပါနဲ့။ အစပျိုးမှုကလေးကနေ ဘဝဆိုးအထိ ဆက်နိုင်ဘို့ လမ်းဖွင့်ပေးတာနဲ့ တူပါမယ်။
၁၁။ အိမ်ပြန်ပို့ပေးမယ်ဆိုသူ၊ ဟိုနားသွားရအောင်ခေါ်သူ၊ စားရသောက်ရအောင် ဖိတ်သူတွေဟာ အကြံနဲ့ဆိုတာ အမြဲသံသယရှိထားပါ။
၁၂။ နေရတာ စိတ်လုံခြုံမှု နည်းတယ်ထင်တဲ့နေရာမှာ ဆက်မနေပါနဲ့။ စိတ်ချရတဲ့နည်းနဲ့ စိတ်ချရတဲ့နေရာကို ပြောင်းပါ။
၁၃။ ကိုယ့်ကိုခြိမ်းခြောက်မှုရှိထာကို ငြိမ်မနေပါနဲ့။ တခြားလူတွေကို သိစေအောင် ဆူညံမှုတခုလုပ်ပါ။ နံရံကို ခြေနဲ့ကန်တာ၊ တခုခုအသံဆူအောင်လွှတ်ချတာ၊ အော်ဟစ်တာ စသည်။ အဲလိုအခြေအနေမျိုးများ သိပ်သဘောကောင်းသူ၊ သည်းခံတတ်သူလို့ ကိုယ့်ကိုအထင်မခံချင်ပါနဲ့ လူကြမ်း၊ စိတ်ကြမ်းသူလို တမင်တကာပြုမူပါ။ ကိုယ့်ကိုအထင်သေးသွားပါစေ။ အနားကလူတိုင်းဟာ ကိုယ့်အိမ်ထောင်ဘက် ဖြစ်လာမှာ မဟုတ်ပါ။
၁၄။ အပြောကောင်းသူ၊ မြူဆွယ်သူတွေ လူကဲခတ်တတ်ပါစေ။ အပြောတမျိုး အလုပ်တမျိုးလာနိုင်တာလဲ သတိထားပါ။ ရွယ်တူတွေကဆွဲဆောင်တိုင်း၊ မဟုတ်မထင်ပါနဲ့။ လိင်မှုကိစ္စသာမကပါ၊ ရာဇဝတ်မှုကျူးလွန်ဘို့ အဖေါ်စပ်ရာမှာလဲ မပါမိစေနဲ့။ ခိုးမှု၊ တိုက်မှုသာ မဟုတ်ပါ။ ဆေးပြားရောင်းတာ၊ လက်ဆင့်ကမ်းပေးတာမှာလဲ ကြံရာပါမဖြစ်ပါစေနဲ့။
၁၅။ ကိုယ်ဝတ်ဆင်တဲ့အဝတ်အစား၊ ကိုယ်နဲ့တွဲသွားသူ၊ ကိုယ်ကျင်လည်ရာနေရာတွေဟာ ရန်သူကိုဖိတ်ခေါ်နေတာမျိုး ဖြစ်နိုင်တယ်။
၁၆။ သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများဆိုတာခံလိုက်ရပြီးရင် ဘယ်နေရာမှာ ဘာဖြစ်ခဲ့တယ်လို့ ပြန်မပြောနိုင်တဲ့ မေ့ဆေးအစွမ်းရှိတယ်။ ညစ်ညမ်းဆေးဝါးတွေဟာ နည်းနည်းထည့်တာသောက်မိတာနဲ့ လိင်ပိုင်းမှာ ကိုယ့်ကိုယ်ကို မထိန်းနိုင်တဲ့ဘဝရောက်သွားတယ်။ ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီတွေကလဲ အတူတူဘဲ။
၁၇။ ပြုကျင့်မဲ့သူအများစုက သင့်အရိပ်အကဲကို အရင်ကတည်းက ခတ်ထားပြီးဖြစ်နိုင်တယ်။ သင်္ကြန်မတိုင်ခင်ကထဲက နောက်ယောင်ခံနေတာလဲရှိနိုင်တယ်။
၁၈။ သူများ အကျဉ်းအကြပ်နဲ့ ဒုက္ခရောက်နေရင်လဲ ကိုယ်တိုင်ဖြစ်ဖြစ် အကြောင်းကြားပေးတာ၊ အကူအညီ ခေါ်ပေးတာမျိုးနဲ့ ကူညီပါ။
၁၉။ မသင်္ကာတာနဲ့ ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်ကို ကိုယ့်ဖုန်းမှာ အလွယ်နှိပ်နိုင်အောင် အဆင်သင့်လုပ်ထားပါ။ ရောက်နေတဲ့အရပ်က ရဲစခန်းစတာမျိုးကို သိထားပါ။
၂ဝ။ ကိုယ်မြင်တာ သိတာကို ရဲကနေမေးရင် ထုတ်ဖေါ်ပြောဘို့ ဝန်မလေးပါနဲ့။ ဥပဒေအကာအကွယ်ရှိတာကိုလဲ အသုံးချပါ။

သင်္ကြန်ကာလမှာ အရေးပေါ်နည်းတွေ၊ ဟိုနည်းသည်နည်းတွေ မေးကြတော့မှာကိုကြိုသိနေတယ်။ ကာကွယ်ဆေးကို လူတိုင်းထိုးချင်ကြတာ မဟုတ်တာက ခက်တယ်။

- Guidance for girls and women သင်္ကြန်တွင်းကြ ယူကြုံးမရ မဖြစ်ရအောင် http://doctortintswe.blogspot.com/2014/10/advice-for-water-festival.html
- Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများ http://doctortintswe.blogspot.com/2014/10/date-rape-drugs.html
- Dirty drugs ညစ်ညမ်းဆေးတွေ http://doctortintswe.blogspot.com/2014/10/dirty-coffee.html
- Lady coffee လေဒီကော်ဖီ http://doctortintswe.blogspot.com/2014/11/dirty-drugs.html
- Predatory Drugs သတိလစ်စေရန်ပြုလုပ်နှိင်သည့် ဆေးဝါးများ http://doctortintswe.blogspot.com/2014/10/predatory-drugs.html
- Warning to girls and women အမျိုးသမီး-မိန်းကလေးတွေ သတိပေးပါရစေ http://doctortintswe.blogspot.com/2014/10/warning-to-girls-and-women.html

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။