Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 12, 2016

လာဘ်စားခြင်းဆိုတာ နိုင်ငံအတွက် တကယ့်အန္တရာယ်ကြီးပါ။

လာဘ်စားခြင်းဆိုတာ နိုင်ငံအတွက် တကယ့်အန္တရာယ်ကြီးပါ။

လာဘ်စားခြင်း (corruption) ဆိုတာ လာဘ်ပေးသူနဲ့ လာဘ်ယူသူ ၂ ယောက်လို့ပဲ မြင်ကြတယ်။ သူတို့ ၂ ယောက် သဘောတူလို့ လုပ်ကြတာ ဘယ်သူ့ကို ထိခိုက်မှာမို့လို့လဲလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ အဲဒီအကျင့်ဆိုးဟာ နိုင်ငံတခုရဲ့ တိုးတက်ဖွံ့ ဖြိုးမှုကို အများကြီး ထိခိုက်စေတယ်လို့ ပြောရင် လွန်တယ်လို့ ထင်ကြမှာပါ။ ကျနော်ပြောတာ မလွန်ဘူးဆိုတာ အောက်မှာ ရေးထားတာလေးတွေ ဖတ်ကြည့်ရင် သဘောပေါက်လက်ခံနိုင်မယ်လို့ ထင်ပါတယ်။

၁။ "လာဘ်ပေးလာဘ်ယူလုပ်တာဟာ အစိုးရရဲ့ ဝင်ငွေကို ကျဆင်းစေတယ်။ အစိုးရမှာ ဝင်ငွေနဲလာတဲ့အတွက် တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ သုံးစွဲဖို့ ငွေနဲသွားတယ်။"
အစိုးရရဲ့ဝင်ငွေဟာ နိုင်ငံသူနိုင်ငံသားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တေက ပေးဆောင်ရမဲ့ အခွန်ငွေတွေပေါ်မှာ အဓိက မှီခိုနေတာပါ။ အမြတ်ခွန်ပေးဆောင်သူဟာ အမြတ်ခွန်ကောက်သူကို လာဘ်ထိုးပြီး နိုင်ငံတော်ကို ပေးဆောင်ရမဲ့ အမြတ်ခွန်ကို အပြည့်အဝမပေးဆောင်တော့ပါ။ ဒီလို အကျင့်ပျက်မှုမျိုးပျောက်ကွယ်ဖို့ လာဘ်ပေးသူနဲ့ လာဘ်ယူသူတွေကို အရေးယူရုံနဲ့ မရပါ။ အစိုးရက ကောက်ခံရရှိတဲ့ အခွန်ငွေတွေကို တိုင်းပြည်အတွက် ဘယ်နေရာတွေမှာ ဘယ်လောက်သုံးတယ်ဆိုတာ ထင်သာမြင်သာအောင် လူထုကို ချပြပေးမှ လူတွေကလဲ မှန်မှန်ကန်ကန် အခွန်ဆောင်ကြမှာပါ။

၂။ "လာဘ်ပေးလာဘ်ယူမှုဟာ နိုင်ငံတော်ရဲ့စီမံကိန်းကြီးတွေအတွက် ဆုံးဖြတ်ချက်ချရာမှာ ထိခိုက်စေပါတယ်။"
လမ်းတံတား၊ အဆောက်အဦဆောက်လုပ်တဲ့ စီမံကိန်းကြီးတွေဟာ ငွေလုံးငွေရင်းကြီးမားစွာ ပါဝင်နေတဲ့အတွက် တင်ဒါသွင်းမဲ့ ကုမ္ပဏီကြီးတွေဟာ တင်ဒါဆုံးဖြတ်မဲ့ အရာရှိကြီးများကို နည်းအမျိုးမျိုးနဲ့ ချဉ်းကပ်ပြီး လာဘ်ထိုးဖို့ ကြီးစားပါလိမ့်မယ်။ အစိုးရအရာရှိကြီးတွေဟာ လဘ်ငွေအများကြီးရနိုင်တဲ့ စီမံကိန်းများအတွက် ဘတ်ဂျက်ချပေးဖို့ အားသန်လာကြလိမ့်မယ်။ လာဘ်ငွေမရနိုင်တဲ့ ပညာရေး၊ ကျန်းမားရေးကဏ္ဍတွေမှာ ဘတ်ဂျက်ကို မသုံးကြလို့ နိုင်ငံတိုတက်ဖွံ့ ဖြိုးမှုကို ထိခိုက်ပါတယ်။

၃။ "လာဘ်ပေးလာဘ်ယူမှုများတဲ့နိုင်ငံတွေမှာ နိုင်ငံခြားရင်းနှီးမြုပ်နံမှု နဲပါးတယ်။"
နိုင်ငံခြားက ရင်းနှီးမြုပ်နံမှုလုပ်မဲ့ ကုမ္ပဏီကြီးတွေဟာ လာဘ်စားမှု အင်မတန်များတဲ့ နိုင်ငံတွေမှာ လာရောက်ရင်းနှီးမြုပ်နံမှုလုပ်ဖို့ ဝန်လေးကြတယ်။ အမေရိကန်စတဲ့ အနောက်နိုင်ငံတွေ၊ စင်္ကာပူလိုနိုင်ငံတွေရဲ့ ဥပဒေက ပြည်ပမှာ လာဘ်ပေးလာဘ်ယူလုပ်တဲ့ ကုမ္ပဏီတွေဟာ အရေးယူခံရမဲ့ တင်းကြပ်တဲ့ ဥပဒေတွေရှိတာကြောင့် သူတို့ကုမ္ပဏီတွေ ဒုက္ခမရောက်အောင် လာဘ်ပေးမှ အလုပ်ဖြစ်မဲ့ နိုင်ငံမျိုးမှာ ရင်နှီးမြုပ်နှံဖို့ ဝန်လေးကြတယ်။

၎။ "လာဘ်ပေးလာဘ်ယူမှုဟာ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းလေးတွေ ဖွံ့ ဖြိုးတိုးတက်မှုကို အားနဲစေတယ်။"
ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်လို့ ကုမ္ပဏီထောင်တယ်။ ပစ္စည်းထုတ်တယ်။ ရောင်းတယ်။ အဲဒီအဆင့်ဆင့်တိုင်းကို အစိုးရရုံးတွေက လုပ်ငန်းနှောင့်နှေးအောင် ကြိုးနီစံနစ်နဲ့ တားထားတယ်။ လာဘ်ပေးမှသာ မြန်မြန်ထက်ထက် လျှောလျှောရှုရှုလုပ်ပေးတယ်။ လာဘ်ပေးရတာကို ကာမိအောင်လို့ ထုတ်လုပ်ရောင်းချတဲ့ ပစ္စည်းတန်ဖိုးကို မြှင့်တင်ရတယ်။ ပစ္စည်းတန်ဖိုးကြီးလာတော့ ဝယ်သူမရှိတော့လို့ ကုမ္ပဏီအရှုံးပြတယ်။ ကုမ္ပဏီကို ဖျက်သိမ်းလိုက်ရတယ်။ ထုတ်ကုန်တန်ဖိုးကြီးလာလို့ နိုင်ငံခြားကသွင်းကုန်တွေနဲ့ မယှဉ်ပြိုင်နိုင်တော့ပါ။

၅။ "လာဘ်ပေးလာဘ်ယူမှုဟာ လူသားအရင်းအမြစ်တိုးတက်မှုကို မဖြစ်စေဘူး။"
လူသားအရင်းအမြစ်ကောင်းကောင်းရဖို့ အချိန်တွေ အများကြီးပေးရတယ်။ လေ့ကျင့်သင်ကြားပေးရတယ်။ ဒါပေမဲ့ လာဘ်စားမှုများတဲ့ ဋ္ဌါနတွေကတော့ အဲဒီအပေါ်မှာ အာရုံမစိုက်နိုင်ဘူး။ ဝန်ထမ်းအကြီးအကဲတွေနဲ့ ဝန်ထမ်းတွေဟာ သူတို့ဘုံးထားတဲ့ငွေတွေ၊ လာဘ်ယူထားတဲ့ငွေတွေ၊ ဘဏ်စာရင်းတွေကို လိမ်ညာစာရင်းဖျောက်ဖို့သာ အာရုံစိုက်နေကြတဲ့အတွက် လူသားအရင်းအမြစ် ပြုစုပျိုးထောင်ရေးကိစ္စတွေကို လျစ်လျူရှုထားကြပါတယ်။

၆။ "လာဘ်ပေးလာဘ်ယူမှုဟာ အစိုးရဆိုးတရပ်ကို သက်ဆိုးရှည်စေပါတယ်။"
လာဘ်ယူထားတဲ့ ဝန်ကြီးတွေ၊ အစိုးရအရာရှိကြီးတွေဟာ လက်ရှိအာဏာ၊ ရာထူးက မစွန့်လွှတ်ရဖို့ အစွမ်းကုန်ကြိုးစားလိမ့်မယ်။ နိုင်ငံနဲ့လူထုအကျိုးဆောင်ရွက်ဖို့ထက် ဆက်လက်လာဘ်ယူလို့ရအောင်နဲ့ အာဏာမရှိတော့ရင် လာဘ်ယူထားတာ ပေါ်ပြီး အရေးယူခံရမှာ ကြောက်လို့ပါ။ အကြာကြီးမလုပ်ရဘူးဆိုရင်လဲ အချိန်တိုအတွင်းမှာ ရသလောက် စားဖို့၊ ဝါးဖို့ပဲ စဉ်းစားနေမှာမို့ နိုင်ငံနဲ့ လူထုအကျိုးဆောင်ရွက်ပေးမှာ မဟုတ်ပါဘူး။

၇။ "လာဘ်ပေးလာဘ်ယူမှုဟာ နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်များကို ပေါက်ကြားစေပါတယ်။"
နိုင်ငံတော်ရဲ့ ကြီးမားတဲ့စီမံကိန်းကြီးတွေဖြစ်ကြတဲ့ မြိုပြတည်ဆောက်ရေးလုပ်ငန်းကြီးများကို ဘယ်နေရာ ဘယ်အချိန်မှာ စတင်လုပ်မယ်ဆိုတဲ့ သတင်းအချက်အလက်များကို စီးပွားရေးလုပ်ငန်းရှင်ကြီးများက လာဘ်ငွေ မြောက်များစွာပေးပြီး ရယူဖို့ ကြိုးစားပါလိမ့်မယ်။ အဲဒီသတင်းအချက်အလက်သိရင် မြိုပြတည်ဆောက်မဲ့နေရာနားက မြေကွက်တွေကို ဈေးပေါပေါနဲ့ ဝယ်ထားပြီး မြို့ပြတည်ဆောက်မှု ပြီးချိန်မှာ ဈေးကြီးကြီး ပြန်ရောင်းပြီး အမြတ်များစွာ ရသွားပါလိမ့်မယ်။ စီပွားရေးသမားတွေဟာ လာဘ်စားတဲ့ အစိုးရကနေ စစ်ရေးလျှို့ဝှက်ချက်တွေကိုပါ လာဘ်ပေးရယူပြီး နိုင်ငံခြားတိုင်းပြည်ကို ရောင်းစားနိုင်ပါတယ်။

၈။ "လာဘ်ပေးလာဘ်ယူမှုဟာ နိုင်ငံမှာ ရာဇဝတ်မှုပေါများစေပါတယ်။"
လာဘ်စားတဲ့ ရဲတွေကို အားမကိုးရတဲ့အခါ စီးပွားရေးသမားတွေဟာ သူတို့ရဲ့ ပစ္စည်း၊ ကိုယ်ကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လူမိုက်တွေမွေးရပါမယ်။ စီးပွားရေးသမားတွေမွေးတဲ့ လူမိုက်အဖွဲ့တွေ များလာတဲ့အခါ အချင်းချင်းတိုက်ခိုက်ကြပါလိမ့်မယ်။ နယ်မြေလုပွဲတွေ ဖြစ်လာပါလိမ့်မယ်။တုတ်ဒါးလက်နက်ရှိလာတဲ့အတွက် လူတွေကို ခြိမ်းချောက်ငွေညစ်တာ၊ ဓါးပြတိုက်တာ၊လုယက်တာတွေ ပေါများလာပြီး နိုင်ငံတဝှမ်းမှာ ဒုစရိုက်မှုတွေ ထူပြောလာပါလိမ့်မယ်။

အပေါ်က ရေးပြခဲ့တာတွေဟာ သိသာမြင်သာတဲ့ အချက်တွေပါ။ မမြင်သာပေမဲ့ ပိုပြီးဆိုးဝါးတဲ့အချက်ကတော့ လူတွေရဲ့ အကျင့်စာရိတ္တနဲ့ စိတ်ဓါတ်ပျက်စီးစေလာခြင်းပါပဲ။ လူငယ်တွေဟာ လာဘ်စားပြီး ချမ်းသာသွားသူကို အားကျခြင်း၊ လာဘ်စားတာဟာ လွယ်လွယ်နဲ့မြန်မြန်ကြီးပွားနည်းဟု မှတ်ယူသွားခြင်း၊ ရိုးရိုးသားသား လုပ်ကိုင်မစားချင်တော့ခြင်း၊ ပညာသင်ရတာကို အချိန်ဖြုန်းပြီး အကျိုမရှိဘူးလို့ထင်လာခြင်းတွေ ဖြစ်လာတာမို့ တိုင်းပြည်ရဲ့အနာဂါတ်ရေးဟာ ရင်လေးစရာ ဖြစ်လာပါတယ်။

လာဘ်စားမှုဟာ နိုင်ငံ့အကျိုးစီးပွားကို ထိခိုက်စေတာမို့ အလွန်ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်သင့်ပါတယ်။ ဒါပေမဲ့ လာဘ်စားတာကို တရားစွဲ ထောင်ချ ပစ္စည်းသိမ်းစတဲ့ အရေးယူမှုတွေ လုပ်ပေမဲ့လဲ နောက်ထပ်လာဘ်စားမှုတွေ ပေါ်နေအုံးမှာပါပဲ။ အထက်ကရေးပြထားတာတွေကို လူတိုင်းကို နားလည်သဘောပေါက်ပြီး လာဘ်စားမှုကို ရွံမုန်းသွားအောင် ရှင်းပြပြီးစည်းရုံးနိုင်မှသာ လာဘ်စားမှုကြီးကို လုံးဝပပျောက်အောင် မလုပ်နိုင်ရင်တောင် အလွန်နဲပါးသွားစေမယ်လို့ ယုံကြည်မိပါတယ်။

ကမ္ဘာပေါ်မှာ ချမ်းသာတဲ့နိုင်ငံတွေဟာ ဒီမိုကရေစီကျင့်သုံးပြီး လာဘ်စားမှု အင်မတန်နဲပါးတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေကတော့ အာဏာရှင်အုပ်ချုပ်ပြီး လာဘ်စားမှုအလွန်များတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။

မှတ်ချက်။ ကျနော်သိနားလည်သလောက် ရေးပြထားတာမို့  ပြည့်စုံလုံလောက်တယ်လို့် မထင်ပါ။ စီးပွားရေး၊နိုင်ငံရေးပညာရှင်ကြီးတွေက ကျနော့်ထက် ပိုပြီးပြည့်ပြည့်စုံစုံ ပြောပြနိုင်ပါလိမ့်မယ်။

ဗန်းမော်သိန်းဖေ
၂၀၁၆၊ ဧပြီလ ၁၂ ရက်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။