ဇစ် (zip) ကို ဆွဲပိတ် မရဖြစ်တဲ့အခါ အမြန်ပြုပြင်နည်း
========================== ====
ဇစ် (zip) က သက်တမ်းကုန်မှ ပျက်တတ်တာ မဟုတ်ပါဘူး။ သူက နှစ်ဖက်စလုံး လိုက်လျောညီထွေမှုရှိမှသာ စေ့သွားကြတာပါ။ ဇစ်ကို ချက်ချင်းဆွဲပိတ်မရလို့ အရှုံးပေးပဲ ဒီနည်းလေးတွေ စမ်းသပ်ကြည့်ပါ။
တစ်ခုခုနဲ့ ဇစ်ညပ်မိခြင်း
နားကလော် ဂွမ်းဖတ်တစ်ခုနဲ့ ရေနံဂျယ်သာ လိုအပ်ပါတယ်။ Q ပုံစံ အစွပ်နေရာမှာ ရေနံဂျယ် တို့ပြီးနောက် ကပ်ငြိနေတဲ့ ဇစ်နှစ်ဘက်စလုံး အပေါ်အောက် ပွတ်ပေးရပါမယ်။ ဇစ်ကို ချောစေပြီး ညက်ညောစွာ ရွေ့လျားစေပါလိမ့်မယ်။ ဘေးနားက အထည်သားနဲ့ ငြိတဲ့အခါလည်း ဒီနည်းက အလုပ်ဖြစ်ပါတယ်။
ဇစ်ပြန်ပြန်ကျတဲ့အခါ
ဂျင်းဇစ် အောက်ပြန်ပြန်လျောကျရင် သော့ချိတ်သံကွင်းလေးတစ်ခု ယူချိတ်၊ ဇစ်ကို ဆွဲတင်ပြီး ကြယ်သီးနဲ့ တွဲချည်လိုက်ပါ။ ယင်းသော့တွဲသံကွင်းလေး ဖုံးကွယ်ဖို့ ကြယ်သီးတပ်လိုက်ပါ။ ဘယ်သူမှ မသိတော့မှာ မဟုတ်ပါဘူး။
အလိုင်းမင့်လွဲနေခြင်း
ဇစ်ကို ခဲတံလေးနဲ့ ချောဆီထည့်ပါ။ မူလနေရာ ပြန်လျောဆင်းစေပါ လိမ့်မယ်။ ဇစ်သွားတွေ ကောင်းစွာ မချိတ်မိဘူးဆိုရင် ပလာယာနဲ့ ညင်သာစွာ ညှိပေးပါ။
Trend Myanmar(trend.com.mm)
#သုတဇုန်
www.thutazone.com
==========================

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။