Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Monday, February 15, 2016

"Justin Bieber ရဲ့ မိခင္ သို့မဟုတ္ အျပင္းထန္ဆံုးမုန္တုိင္းေတြထဲက အၾကံ့ခိုင္ဆံုးေသာမုန္တိုင္းမယ္"

 Yoyarlay added 9 new photos — with Lwin Lwin and 17 others.
"Justin Bieber ရဲ့ မိခင္ သို့မဟုတ္ အျပင္းထန္ဆံုးမုန္တုိင္းေတြထဲက အၾကံ့ခိုင္ဆံုးေသာမုန္တိုင္းမယ္"
အရမ္းေၾကာက္စရာေကာင္းတဲ့ အတိတ္ဆိုးပါရွင္။ ဘာေတြျဖစ္ေန ျဖစ္ေနခဲ့မွန္းလဲ က်ြန္မကိုယ္တိုင္လဲ မသိပါဘူး။ ဒါေပမဲ့ ဒါက က်ြန္မရဲ့ဘ၀ပဲေလ။ ဘာမွတတ္ႏိုင္ခဲ့တာမွမဟုတ္ပဲ။ အရမ္းငယ္ေသးတဲ့ အသက္ငယ္ငယ္ရြယ္ရြယ္မွာ ကိုယ့္ကိုယ္ကို မသန့္စင္ေတာ့ဘူးလို့သိလိုက္ရတဲ့အသိဟာ က်ြန္မကိုယ္က်ြန္မယံုၾကည္မွဳ ေလးစားမွဳေတြေပ်ာက္ဆံုးသြားကုန္ေစခဲ့တယ္။ တန္ဖိုးမဲ့သြားတယ္လို့ ခံစားခဲ့ရတယ္။ က်ြန္မအရြယ္ေရာက္လာတဲ့အခ်ိန္မွာေတာ့ ရွင္သန္ရပ္တည္ႏိုင္ဖို့ ဘာအလုပ္လုပ္ရင္ေကာင္းမလဲစဥ္းစားေတာ့ ေခါင္းထဲကို prostitute (ျပည့္တန္ဆာ) လုပ္ရင္ေကာင္းမလားဆိုတဲ့အေတြးအထိ စဥ္းစားခဲ့ဖူးပါတယ္။
က်ြန္မအေတြးထဲမွာက ငါဟာ သန့္စင္ေတာ့တာမွမဟုတ္ပဲ..ကေလးဘ၀ထဲက စင္ၾကယ္မွဳေပ်ာက္ဆံုးျပီးသားငါဟာ ဘာမွထူးျပီးျခားနားသြားမွာမဟုတ္ပဲ.ဒီလိုေတြအထိ ေတြးခဲ့ဖူးခဲ့ပါတယ္...."
ဒီစကားေတြက အင္တာဗ်ဴးတစ္ခုမွာ ကမၻာေက်ာ္လူငယ္အဆုိေတာ္တစ္ေယာက္ျဖစ္တဲ့ Justin Bieber ရဲ့ မိခင္ Pattie Mallette ရင္ဖြင့္ေျပာျပခဲ့တဲ့ သူမရွင္သန္ၾကီးျပင္းခဲ့ရတဲ့ဘ၀အေၾကာင္းစကားေတြထဲက ေကာက္ႏွဳတ္ခ်က္စကားအခ်ိဳ့ျဖစ္ပါတယ္။
သာမန္အားျဖင့္ လူေတြကေတာ့ ေတာက္ပလင္းလက္ေနတဲ့ၾကယ္ပြင့္ေတြကိုပဲ ျမင္တတ္ၾကတာပါ။ အဲဒီ့ၾကယ္ပြင့္ေလးေတြေနာက္မွာ ၾကယ္ေလးေတြေတာက္ပလာေအာင္ အံ့ခ်ီးဖြယ္ရာေပးဆပ္မွဳေတြနဲ့ ျပဳစုပ်ိဳးေထာင္ေပးခဲ့သူေတြကိုေတာ့ ေမ့ေနတတ္ၾကပါတယ္။ ျမင္ခဲၾကတယ္။ Pattie Mallette ကေတာ့ ထိုအထဲကမွ တကယ္ကိုအံ့ခ်ီးဖြယ္ရာေကာင္းလြန္းတဲ့သူ တစ္ေယာက္ပါ။ သူမရဲ့ဘ၀ဟာ ၾကမ္းတမ္းခက္ခဲလြန္းတယ္ဆိုတဲ့ စကားထက္ေတာင္ ပိုၾကမး္ပိုခက္ခဲခဲ့ေပမယ့္ သူမဟာ Single Mother ဘ၀နဲ့ေတာင္ ထပ္ျပီးတစ္ကိုယ္ေတာ္ေလ်ွာက္လွမ္းကာ သူမရဲ့သားေလး ဂ်က္စတင္ဘီဘာကို အေတာက္ပဆံုးၾကယ္တစ္ပြင့္ျဖစ္ေအာင္ ဖန္တီးႏိုင္ခဲ့သူပါ။
သူမရဲ့ rocky path ၾကမ္းတမ္းခက္ခဲလွတဲ့ဘ၀ခရီးလမ္း
Pattie Mallette ဆိုတဲ့ သူမဟာ ကေနဒါသူတစ္ေယာက္ျဖစ္ပါတယ္။ သူမ အသက္ ၃ ႏွစ္အရြယ္မွာ လိင္ပိုင္းဆုိင္ရာေစာ္ကားမွဳကို စခံစားခဲ့ရတယ္။ သူမရဲ့ ကေလးဘ၀ဟာ Sexual Abuse လို့ေခၚတဲ့ လိင္ပိုင္းဆိုင္ရာေစာ္ကားခံရမွဳေတြ Violence ေတြနဲ့ျပည့္ႏွက္လို့ေနခဲ့တယ္။ ဒီလိုေစာ္ကားခံခဲ့ရမွဳမ်ိဳးကို သူမအသက္ ၁၄ အရြယ္ေလာက္အထိကို ခံစားခဲ့ရတယ္။က်ဴးလြန္သူ Offenders ေတြဟာ အမ်ိဳးသားကေလးထိန္း၊ သူမသူငယ္ခ်င္းရဲ့အဖိုး နဲ့ သူမထက္အသက္အနည္းငယ္သာၾကီးတဲ့ သူမရဲ့သူငယ္ခ်င္းေတြအထိပါ၀င္ၾကတယ္။ ဒီကိစၥဟာ အသက္ ၁၄ နွစ္နဲ့ေတာင္မျပီးေသးပဲ ၁၅ ႏွစ္အရြယ္မွာ Date Rape လို့ေခၚတဲ့ ခ်ိန္းေတြ့ၾကရာမွ ေဆးခတ္ျပီးလိင္ပိုင္းဆိုင္ရာေစာ္ကားမွဳမ်ိဳဳဳးကို ထပ္ခံစားခဲ့ရျပန္တယ္။
အရမ္းငယ္ေသးတဲ့ကေလးဘ၀ကေန ဘ၀ေတာက္ေလ်ွာက္မွာ အရမ္းကိုရွက္ရြံ့မွဳေတြနဲ့ သူမၾကီးျပင္းလာခဲ့ရတယ္။
သူမရဲ့ မိဘႏွစ္ပါးဟာလဲ အဆင္ေျပတဲ့ အိမ္ေထာင္ေရးမ်ိဳးမဟုတ္ခဲ့ၾကဘူး။ သူမရဲ့ ဖခင္နဲ့ မိခင္ဟာ သူမ အသက္ ၂ႏွစ္အရြယ္မွာကတည္းက ကြာရွင္းခဲ့ၾကတယ္။ သူမရဲ့ မိခင္ဟာ သူမ အသက္ ၆ ႏွစ္မွာ အိမ္ေထာင္သစ္ထူခဲ့တယ္။ သူမအသက္ ၉ ႏွစ္အရြယ္ သူမေက်ာင္းကျပန္ေရာက္လာတဲ့တစ္ေန့မွာ အိမ္မွာသူမရဲ့ဖခင္အရင္းေရာက္ေနတာေတြ့ရေတာ့ သူမအရမ္းေပ်ာ္ခဲ့ဖူးတယ္ ထိုေန့ကေပါ့။ ဒါေပမဲ့ လအနညး္ငယ္အၾကာမွာေတာ့ ႏွလံုးေရာဂါနဲ့ သူမရဲ့ဖခင္အရင္းဆံုးပါးသြားခဲ့တယ္။
သူမရဲ့ ေစာ္ကားခံရမွဳ အႏိုင္က်င့္ခံရမွဳျပည့္ႏွက္ေနတဲ့ဘ၀နဲ့ ေ၀းသထက္ ေ၀းဖို့၊ ေမ့ေပ်ာက္ႏုိင္ဖို့ သူမဟာ သူမရဲ့ ၀ါသနာမွာ အခ်ိန္ျပည့္ေပးဆပ္ဖို့ၾကိဳးစားခဲ့တယ္။ ဒီေနရာမွာတင္ သူမဟာ အရမ္းကိုၾကံ့ခိုင္သန္မာသူတစ္ေယာက္ဆိုတာ သတိျပဳမိပါတယ္။ ဒီလိုအဆိုး၀ါးဆံုးေသာ ခါးသီးမွဳ အိမ္မက္ဆိုးေတြထဲကေန လမ္းေၾကာင္းေပၚေရာက္ေအာင္ ကေလးအရြယ္နဲ့တင္ ရုန္းကန္ၾကိဳးစားႏိုင္တာ အံံ့ၾသခ်ီးက်ဴးဖို့ေကာင္းတယ္။ ဒါေပမဲ့… ဒါေပမဲ့ေတြ သူမဘ၀မွာ ထပ္လာခဲ့ျပန္တယ္။
သူမရဲ့၀ါသနာက အဆိုအက၊သရုပ္ေဆာင္ျဖစ္ပါတယ္။ ေက်ာင္းမွာ ရွိသမ်ွေသာ ေန့ည အဆိုအက၊သရုပ္ေဆာင္သင္တန္းအားလံုး သူမတက္ခဲ့တယ္။ သူမရဲ့ၾကိဳးစားမွဳဟာ အရာထင္ခဲ့ပါတယ္။သူမရဲ့ အဆိုနဲ့ သရုပ္ေဆာင္အရည္အခ်င္းေတြအတြက္ ဆုေတြမ်ားစြာရရွိခဲ့ျပီးေနာက္မွာ Toronto-based talent agency က agent တစ္ေယာက္ဟာ သူမရဲ့အရည္အခ်င္းကိုေတြ့ရွိသြားခဲ့တယ္။ သူမကို ေအဂ်င္စီက လက္ခံလိုက္ေသာ္လည္း စေန တနဂၤေႏြတိုင္း Toronto ကို နာရီအေတာ္မ်ားမ်ားအခ်ိန္ယူျပီးသြားရမယ့္ခရီးေတြအတြက္ သူမရဲ့မိဘေတြက သူမကို အားမေပးႏိုင္ခဲ့ၾကပါဘူး။ ဒီလိုနဲ့ ဒီလိုအခြင့္အေရးေကာင္းကို သူမလက္ေလ်ွာ့ခဲ့တယ္။ စိတ္ဓါတ္က် ညစ္ညဴးစိတ္ပ်က္ေနတဲ့ သူမရဲ့အရင္ဘ၀ကို ျပန္ေရာက္သြားျပန္ျပီး သူမ ေဆး စစြဲခဲ့တယ္။ အရက္စြဲခဲ့တယ္။ ဘယ္ေလာက္ေတာင္ out of control ျဖစ္ေနလဲဆိုရင္ ေက်ာင္းမီးရွိဳ့မွဳမွာ သူမဟာ သံသယရွိသူအဆင့္ထိျဖစ္ခဲ့တယ္။
အဲဒီ့အခ်ိန္ေတြဟာ သူမအသက္ ၁၅ ႏွစ္အရြယ္ေပါ့။
အသက္ ၁၅ ႏွစ္မွာပဲ Justin Bieber ရဲ့ဖခင္ေလာင္းလ်ာ Jeremy Bieber နဲ့ စတြဲျဖစ္ခဲ့တယ္။ အသက္ ၁၆ ႏွစ္မွာ အိမ္ေပၚကဆငး္လာျပီး အလစ္သုတ္သမား Drug Dealer ေဆးေမွာင္ခိုသမားဘ၀နဲ့ အသက္ေမြးခဲ့ျပန္တယ္။ စိတ္ဓါတ္က်မွဳ၊ အထီးက်န္မွဳ၊ သက္ေသ suicide လုပ္ဖို့ၾကံစည္စိတ္ကူးေနျခင္းေတြနဲ့ လံုးျခာလည္ေနခဲ့တယ္။

အသက္ ၁၇ ႏွစ္မွာေတာ့ လက္ေလ်ွာ့အရွံဳးေပးဖုိ့ တကယ္လုပ္ခဲ့တယ္။ ကုန္တင္ကားၾကီးေရွ့ကို ေျပးသြားျပီးကိုယ့္ကိုယ္ကို သက္ေသဖို့ တကယ္ကိုၾကံစည္အားထုတ္ခဲ့တယ္။ ဒါေပမဲ့ ကုန္တင္ကား ဘရိတ္ဖမး္တာမီသြားျပီး သူမ အသက္ေဘးလြတ္ခဲ့တယ္။ ဒါေပမဲ့ စိတ္က်န္းမာေရးေဆးရံုပို့ခံလိုက္ရတယ္။
သူမရဲ့ကံဆိုးမွဳ၊ ၾကမ္းတမ္းတဲ့ ဆယ္ေက်ာ္သက္ ဘ၀ခရီးဟာ ဒီေလာက္နဲ့မျပီးေသးပါဘူး။ စိတ္က်န္းမာေရးေဆးရံုကဆင္းလာျပီးေတာ့လည္း သူမရဲ့ ဒံုရင္းဘ၀ကိုပဲ သူမျပန္ေရာက္ျပန္တယ္။ Justin Bieber ရဲ့ ဖခင္အေလာင္းအလ်ာ Jeremy Bieber နဲ့ျပန္တြဲတာအပါအ၀င္ေပါ့။ အသက္ ၁၈ ႏွစ္၊ စိတ္က်န္းမာေရးေဆးရံုက ျပန္ဆင္းအျပီးေျခာက္လအၾကာမွာ ကိုယ္၀န္ရခဲ့တယ္။ Justin Bieber ေလး သူမ၀မ္းထဲကို စေရာက္လာတယ္။ အဲဒီ့မွာ သူမရဲ့မိခင္ဟာ သူမကို အိမ္ေပၚကေမာင္းခ်လို္က္ပါတယ္။

ဒီလိုနဲ့ သူမဟာ unwed mothers ေတြလို့ေခၚတဲ့ လက္မထပ္ထားေသာ မိခင္ေတြအတြက္ Stratford home ကိုေျပာင္းေရႊ့ခဲ့ရတယ္။ အားလံုးက abortion လုပ္လုိက္ဖို့ ကိုယ္၀န္ဖ်က္ခ်လိုက္ဖို့ေျပာေပမယ့္ သူမလံုး၀ယတိျပတ္ျငင္းဆန္ခဲ့တယ္။
အင္တာဗ်ဴးမွာ ဘာေၾကာင့္ကိုယ္၀န္မဖ်က္ခ်ပဲ ေမြးဖို့ဆံုးျဖတ္ခဲ့တာလဲဆိုျပီး သူမကိုေမးေတာ့ သူမဘယ္လိုျပန္ေျဖခဲ့သလဲဆိုရင္
“ When I was pregnant, I knew it was not just an option. I knew I was meant to have Justin.”

“ ဒါဟာ ဖ်က္ခ်မယ္ မဖ်က္ခ်ဘူးဆိုျပီး ေရြးခ်ယ္စရာကိစၥမဟုတ္ဘူး။ ကိုယ္၀န္ရွိျပီဆိုတာ သိကတည္းက က်ြန္မဟာ Justin ကို ေမြးဖြားရမယ့္ ကံၾကမၼာပါလာျပီးသားလို့ပဲ ခံယူခဲ့တယ ္” ဆိုျပီး သူမျပန္ေျဖခဲ့တယ္။ အဲဒီ့အခ်ိန္အခါကာလမွာ ပ်က္စီးေနတယ္လို့ေျပာရမယ့္ ဆယ္ေက်ာ္သက္မိ္န္းကေလးတစ္ေယာက္ရဲ့ စိတ္ထား ခံယူခ်က္ေတြဟာ မထင္ထားမိေလာက္ေအာင္ အံ့ၾသခ်ီးက်ဴးဖုိ့ေကာင္းပါတယ္။ လူ့အသက္တစ္ေခ်ာင္းဆိုတာကို သူမေကာင္းေကာင္းသေဘာေပါက္ေနတာကို ေတြ့ရတယ္။ သူမ တကယ္ေတာ္ပါတယ္။
ကေလးရလာျပီျဖစ္တဲ့အတြက္ သူမနဲ့ Justin Bieber ရဲ့ဖခင္ဟာ သူတို့ relationship ကိုဆက္ထိန္းသိမ္းဖို့ေတာ့ ၾကိဳးစားခဲ့ၾကပါေသးတယ္။ ဒါေပမဲ့ ကေလးဆယ္လအရြယ္မွာပဲ ျပတ္ေတာက္ခဲ့ျပန္တယ္။ ဂ်က္စတင္ရဲ့ဖခင္ဟာ တျခားအမ်ိဳးသမီးတစ္ေယာက္နဲ့ အိမ္ေထာင္ထူေထာင္ျပီး ကေလး၂ဦးရခဲ့ပါတယ္။ဒါေၾကာင့္ ဂ်က္စတင္မွာ ဖေအတူ အေမကြဲေမာင္ႏွမ ၂ေယာက္ရွိပါတယ္။
သူမဟာ Justin Bieber ကို အစိုးရအေထာက္အပံ့၀င္ေငြနည္းသူမ်ားအတြက္အိမ္ယာမွာ ေစာင့္ေရွာက္ေမြးျမဴ raise လုပ္ရင္းနဲ့ အခ်ိန္ပိုင္းအလုပ္ေတြၾကိဳးစားလုပ္ခဲ့တယ္။ သူမတစ္ခုကံေကာင္းတာက သူမရဲ့အိမ္နီးနားခ်င္းတစ္ေယာက္ဟာ Justin ကို အခမဲ့ႏွစ္ခ်ီထိန္းေပးျပီး သူမကို ေက်ာင္းျပန္တက္ဖို့အားေပးခဲ့တာပါပဲ။ ဒီလိုနဲ့ Websites ဒီဇိုင္းဆြဲျခင္းပညာနဲ့ သူမ Diploma ဘြဲ့ရခဲ့ပါတယ္။ ဒီလိုဒီလိုေတြနဲ့ပဲ သူမဟာ Justin ကို ဒုကၡ သုကၡမ်ိဳးစံုခါးစည္းခံျပီး Single Mother ဘ၀နဲ့ ေမြးျမဴေစာင့္ေရွာက္ခဲ့ရပါတယ္။ သူမကေတာ့ ဒါေတြကို ဒုကၡေတြလို့ျမင္တဲ့အခ်ိန္မရွိသေလာက္ရွားပါတယ္ သားမ်က္ႏွာ သားအမူအရာေတြျမင္ရင္ သူမအတြက္နိဗၺာန္ပါပဲလို့ဆုိပါတယ္။

သူမရဲ့သား Justin Bieber ဟာ သူမရဲ့ ဂီတေသြးပါလာခဲ့တယ္။ ငယ္စဥ္ကေလးဘ၀ထဲက ဂ်က္စ္စတင္ဟာ အဆို၀ါသနာပါမွန္းကို သူမသိခဲ့တယ္။ သားရဲ့ ၀ါသနာကို သူမအေကာင္းဆံုးအားေပးခဲ့တယ္။သူမ သားေလးလိုခ်င္တဲ့ လိုအပ္တဲ့ ဂီတနဲ့ဆိုင္တဲ့ ပစၥညး္မွန္သမ်ွ၀ယ္ေပးႏိုင္ေအာင္ သူမၾကိဳးစားခဲ့တယ္။ ဒီလိုနဲ့ အသက္ ၁၂ျပည့္လာခဲ့တဲ့ သူမရဲ့သားေလး Justin Bieber ဟာ “Stratford Star Talent Show” မွာ R & B artist Ne-Yo ရဲ့ သီခ်င္းတစ္ပုဒ္ျဖစ္တဲ့ “So Sick” ဆိုတဲ့သီခ်င္းနဲ့ ၀င္ျပိဳင္တာ ဒုတိယဆုရေတာ့ သူမအရမ္းကိုေပ်ာ္ရႊင္ပီတိျဖစ္ခဲ့ရတယ္။ ဒါေၾကာင့္ သူမဟာ သူမရဲ့သားေလး Justin သီခ်င္းဆိုျပိဳင္ပြဲ၀င္တဲ့ Video ကို Youtube မွာ သူမရဲ့မိဘ မိတ္ေဆြ သူငယ္ခ်င္းေတြၾကည့္ဖုိ့ဆိုျပီးတင္လိုက္ပါတယ္။ အဲဒီ့ေနာက္ပိုင္းမွာလဲ သား Justin သီခ်င္းဆိုတဲ့ video ေတြကို ဆက္ဆက္ကာတင္ခဲ့တယ္။ ဒီလိုနဲ့ သူမရဲ့သားေလး Justin ရဲ့ အဆိုအရည္အခ်င္းကို လူသိတျဖည္းျဖည္းမ်ားလာခဲ့တယ္။
သူမရဲ့ Youtube မွာတင္ျခင္းကေနကပဲ အေျခခံျပီး Justin ရဲ့အဆိုအရည္အခ်င္းပါရမီကို Talent Agent တစ္ေယာက္ျဖစ္တဲ့ Scooter Braun ရ့ဲ့အာရံုကို ဖမး္စားသြားႏုိင္ခဲ့ပါတယ။္ အဲဒီ့ကေနပဲစျပီး Justin Bieber ဆိုတဲ့ ကမၻာေက်ာ ္Pop အဆိုၾကယ္ပြင့္ တစ္ပြင့္စျပီးေတာက္ပေပၚထြန္းလာခဲ့ပါေတာ့တယ္။ Justin Bieber ရဲ့ ပထမဆံုး manager ဟာလဲ သူမပါပဲ။
ယခုဆိုလ်ွင္ သူမဟာ သူမနဂို ၀ါသနာပါရာ အႏုပညာအလုပ္ေတြ ဆက္လုပ္ေနႏိုင္ပါျပီ။ စာေရးတယ္။ ရုပ္ရွင္ထုတ္လုပ္သူလုပ္တယ္။ အင္တာဗ်ဴးေတြဖိတ္သမွ် သြားေရာက္ျပီး သူမရဲ့ဘ၀အေတြ့အၾကံဳေတြေ၀မ်ွေျပာျပျပီး လူေတြကို စိတ္ခြန္အားေပးတယ္။
သူမရဲ့ ၾကမ္းတမ္းလွတဲ့ ဘ၀ခရီးအေၾကာင္းတစ္ခုလံုးကို အေသးစိတ္ေရးထားတဲ့ စာအုပ္တစ္အုပ္ သူမေရးခဲ့ပါတယ္။ နာမည္က “ Nowhere But Up” တဲ့.. ကိုယ္နားလည္သလိုဘာသာျပန္ရရင္ “ ဘယ္ေနရာမွသြားဖို့မရွိဘူး ဒါေပမဲ့ အေပၚုေတာ့တက္ “ လို့ ဘာသာျပန္ရမယ္ထင္ပါတယ္။ Nowhere But Up စာအုပ္ဟာ The Best Seller” စာရင္း၀င္စာအုပ္ျဖစ္သြားခဲ့ပါတယ္။ လူေတြဖတ္ေလ့ဖတ္ထရွိၾကတဲ့ ၾကီးက်ယ္ခမ္းနားလွတဲ့ လူပုဂၢိဳလ္တစ္ေယာက္အေၾကာင္းမဟုတ္ေပမဲ့ အၾကမ္းတမ္းဆံုးေသာ ဘ၀ခရီးတိုက္ပြဲကို အသက္ငယ္ငယ္နဲ့ အႏုိင္တိုက္ခဲ့ေသာ အရွံဳမေပးခဲ့ေသာ သူမရဲ့အေၾကာင္း အေသးစိတ္ေရးထားတဲ့ အဲဒီ့စာအုပ္ကေတာ့ ကိုယ့္အျမင္မွာေတာ့ ဖတ္သင့္ဖတ္ထိုက္တဲ့ စာအုပ္လို့ယူဆပါတယ္။ စိတ္၀င္စားစရာေကာင္းတဲ့ စာအုပ္တစ္အုပ္လို့ျမင္ပါတယ္။ မ၀ယ္ျဖစ္ေသးပါဘူး။ ၀ယ္ျဖစ္မွာပါ။
အဲဒီ့စာအုပ္ကရတဲ့ ေငြေတြနဲ့ သူမဟာ Nowhere But Up Foundation ကို ထူေထာင္ထားပါတယ္။ အဲဒီ့ ေဖာင္ေဒးရွင္းက ဘာေတြလုပ္ေပးလဲဆိုေတာ့ အကူအညီလိုအပ္ေနတဲ့ Single Mothers ေတြ Unwed Mothers ေတြ၊ ေဆးစြဲ အရက္စြဲေနတဲ့ ဆယ္ေက်ာ္သက္ မိန္းကေလးေတြကို ကူညီေပးပါတယ္၊ Counseling ေတြလုပ္ေပးပါတယ္။ လမ္းမွန္ကို ျပန္ဆြဲတင္ေပးပါတယ္။
အင္တာဗ်ဴးတစ္ခုအထဲမွာ သူမကို Interviewer ကေမးပါတယ္..သူမနဲ့ဆင္တူတဲ့ဘ၀ေတြျဖတ္သန္းေနရတဲ့မိန္းကေလးေတြကို ဘာေျပာခ်င္ပါသလဲ?ဆိုေတာ့ သူမက “ Just hold on. Never give up! “ လို့ေျပာခ်င္ပါတယ္တဲ့။ အရွံဳးမေပးလိုက္ပါနဲ့အံုး လို့သူမဆိုပါတယ္။

ျပီးေတာ့ ေျပာဖို့က်န္တဲ့ ေနာက္တစ္ခုက ကိုယ္လဲသေဘာက်တဲ့ ရုပ္ရွင္တစ္ကားျဖစ္တဲ့ “To Write Love On Her Arms” ရုပ္ရွင္ရဲ့ ထုတ္လုုပ္သူက သူမပါပဲ။
သူမ သူမဟာ တကယ္ကို သိပ္ေတာ္တဲ့ အမ်ိဳးသမီးတစ္ဦး..မိခင္တစ္ဦး !
(*note: ဆယ္ေက်ာ္သက္ Justin Bieber ဟာ spotlight ေအာက္မွာ ဆိုးသြမ္းတဲ့လူငယ္တစ္ဦးျဖစ္ေနေတာ့ ေမးစရာရွိပါတယ္။ သူ့အေမ ဘာမွမေျပာဖူးလားဆိုတဲ့ေမးခြန္း။ အေနာက္တိုင္းရဲ့ ဆယ္ေက်ာ္သက္သားသမီးကို ထိန္းေက်ာင္းဆက္ဆံပံုႏွင့္ အေရွ့တိုင္းထိန္းေက်ာင္းပံုႏွင့္ ကြာျခားပါေၾကာင္း။ )
ကိုယ့္ရဲ့ Justin Bieber ရဲ့ မိခင္ Pette Mallette အေၾကာင္း ဒီစာဟာ Single Mothers ေတြအတြက္ တစ္နည္းနည္းျဖင့္ ခြန္အားျဖစ္ေစဖို့ရည္ရြယ္ပါတယ္။ စိတ္ဓါတ္ခြန္အားျဖစ္ေစဖို့ ရည္ရြယ္ပါတယ္။ ျပီးေတာ့ Abortion (ကိုယ္၀န္ဖ်က္ခ်မွဳ) လုပ္ဖို့ၾကိဳးစားမွဳေတြကိုလည္း ေလ်ာ့နည္းပေပ်ာက္ေစလိုေသာ ရည္ရြယ္ခ်က္ျဖင့္လည္း ဒီစာကိုေရးသားလိုက္ျခင္းျဖစ္ပါတယ္။

ေဆာင္းပါးရွင္ - ေအးျမျမခုိင္ ‪#‎article_yyl‬ www.yoyarlay.com
Reference: http://heavy.com/…/justin-biebers-parents-jeremy-pattie-ma…/ https://en.wikipedia.org/wiki/Pattie_Mallette http://www.dailymail.co.uk/…/Justin-Biebers-mother-Pattie-M… http://www.famousbirthdays.com/people/pattie-mallette.html https://www.youtube.com/watch?v=djhUBrmVoFw&hd=1 https://www.youtube.com/results
*************************
(Unicode Version)

"Justin Bieber ရဲ့ မိခင် သို့မဟုတ် အပြင်းထန်ဆုံးမုန်တိုင်းတွေထဲက အကြံ့ခိုင်ဆုံးသောမုန်တိုင်းမယ်"
အရမ်းကြောက်စရာကောင်းတဲ့ အတိတ်ဆိုးပါရှင်။ ဘာတွေဖြစ်နေ ဖြစ်နေခဲ့မှန်းလဲ ကျွန်မကိုယ်တိုင်လဲ မသိပါဘူး။ ဒါပေမဲ့ ဒါက ကျွန်မရဲ့ဘဝပဲလေ။ ဘာမှတတ်နိုင်ခဲ့တာမှမဟုတ်ပဲ။ အရမ်းငယ်သေးတဲ့ အသက်ငယ်ငယ်ရွယ်ရွယ်မှာ ကိုယ့်ကိုယ်ကို မသန့်စင်တော့ဘူးလို့သိလိုက်ရတဲ့အသိဟာ ကျွန်မကိုယ်ကျွန်မယုံကြည်မှု လေးစားမှုတွေပျောက်ဆုံးသွားကုန်စေခဲ့တယ်။ တန်ဖိုးမဲ့သွားတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မအရွယ်ရောက်လာတဲ့အချိန်မှာတော့ ရှင်သန်ရပ်တည်နိုင်ဖို့ ဘာအလုပ်လုပ်ရင်ကောင်းမလဲစဉ်းစားတော့ ခေါင်းထဲကို prostitute (ပြည့်တန်ဆာ) လုပ်ရင်ကောင်းမလားဆိုတဲ့အတွေးအထိ စဉ်းစားခဲ့ဖူးပါတယ်။ကျွန်မအတွေးထဲမှာက ငါဟာ သန့်စင်တော့တာမှမဟုတ်ပဲ..ကလေးဘဝထဲက စင်ကြယ်မှုပျောက်ဆုံးပြီးသားငါဟာ ဘာမှထူးပြီးခြားနားသွားမှာမဟုတ်ပဲ.ဒီလိုတွေအထိ တွေးခဲ့ဖူးခဲ့ပါတယ်...."
ဒီစကားတွေက အင်တာဗျူးတစ်ခုမှာ ကမ္ဘာကျော်လူငယ်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Justin Bieber ရဲ့ မိခင် Pattie Mallette ရင်ဖွင့်ပြောပြခဲ့တဲ့ သူမရှင်သန်ကြီးပြင်းခဲ့ရတဲ့ဘဝအကြောင်းစကားတွေထဲက ကောက်နှုတ်ချက်စကားအချို့ဖြစ်ပါတယ်။
သာမန်အားဖြင့် လူတွေကတော့ တောက်ပလင်းလက်နေတဲ့ကြယ်ပွင့်တွေကိုပဲ မြင်တတ်ကြတာပါ။ အဲဒီ့ကြယ်ပွင့်လေးတွေနောက်မှာ ကြယ်လေးတွေတောက်ပလာအောင် အံ့ချီးဖွယ်ရာပေးဆပ်မှုတွေနဲ့ ပြုစုပျိုးထောင်ပေးခဲ့သူတွေကိုတော့ မေ့နေတတ်ကြပါတယ်။ မြင်ခဲကြတယ်။ Pattie Mallette ကတော့ ထိုအထဲကမှ တကယ်ကိုအံ့ချီးဖွယ်ရာကောင်းလွန်းတဲ့သူ တစ်ယောက်ပါ။ သူမရဲ့ဘဝဟာ ကြမ်းတမ်းခက်ခဲလွန်းတယ်ဆိုတဲ့ စကားထက်တောင် ပိုကြမ်းပိုခက်ခဲခဲ့ပေမယ့် သူမဟာ Single Mother ဘဝနဲ့တောင် ထပ်ပြီးတစ်ကိုယ်တော်လျှောက်လှမ်းကာ သူမရဲ့သားလေး ဂျက်စတင်ဘီဘာကို အတောက်ပဆုံးကြယ်တစ်ပွင့်ဖြစ်အောင် ဖန်တီးနိုင်ခဲ့သူပါ။
သူမရဲ့ rocky path ကြမ်းတမ်းခက်ခဲလှတဲ့ဘဝခရီးလမ်း
Pattie Mallette ဆိုတဲ့ သူမဟာ ကနေဒါသူတစ်ယောက်ဖြစ်ပါတယ်။ သူမ အသက် ၃ နှစ်အရွယ်မှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုကို စခံစားခဲ့ရတယ်။ သူမရဲ့ ကလေးဘဝဟာ Sexual Abuse လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုတွေ Violence တွေနဲ့ပြည့်နှက်လို့နေခဲ့တယ်။ ဒီလိုစော်ကားခံခဲ့ရမှုမျိုးကို သူမအသက် ၁၄ အရွယ်လောက်အထိကို ခံစားခဲ့ရတယ်။ကျူးလွန်သူ Offenders တွေဟာ အမျိုးသားကလေးထိန်း၊ သူမသူငယ်ချင်းရဲ့အဖိုး နဲ့ သူမထက်အသက်အနည်းငယ်သာကြီးတဲ့ သူမရဲ့သူငယ်ချင်းတွေအထိပါဝင်ကြတယ်။ ဒီကိစ္စဟာ အသက် ၁၄ နှစ်နဲ့တောင်မပြီးသေးပဲ ၁၅ နှစ်အရွယ်မှာ Date Rape လို့ခေါ်တဲ့ ချိန်းတွေ့ကြရာမှ ဆေးခတ်ပြီးလိင်ပိုင်းဆိုင်ရာစော်ကားမှုမျိုးကို ထပ်ခံစားခဲ့ရပြန်တယ်။
အရမ်းငယ်သေးတဲ့ကလေးဘဝကနေ ဘ၀တောက်လျှောက်မှာ အရမ်းကိုရှက်ရွံ့မှုတွေနဲ့ သူမကြီးပြင်းလာခဲ့ရတယ်။
သူမရဲ့ မိဘနှစ်ပါးဟာလဲ အဆင်ပြေတဲ့ အိမ်ထောင်ရေးမျိုးမဟုတ်ခဲ့ကြဘူး။ သူမရဲ့ ဖခင်နဲ့ မိခင်ဟာ သူမ အသက် ၂နှစ်အရွယ်မှာကတည်းက ကွာရှင်းခဲ့ကြတယ်။ သူမရဲ့ မိခင်ဟာ သူမ အသက် ၆ နှစ်မှာ အိမ်ထောင်သစ်ထူခဲ့တယ်။ သူမအသက် ၉ နှစ်အရွယ် သူမကျောင်းကပြန်ရောက်လာတဲ့တစ်နေ့မှာ အိမ်မှာသူမရဲ့ဖခင်အရင်းရောက်နေတာတွေ့ရတော့ သူမအရမ်းပျော်ခဲ့ဖူးတယ် ထိုနေ့ကပေါ့။ ဒါပေမဲ့ လအနည်းငယ်အကြာမှာတော့ နှလုံးရောဂါနဲ့ သူမရဲ့ဖခင်အရင်းဆုံးပါးသွားခဲ့တယ်။
သူမရဲ့ စော်ကားခံရမှု အနိုင်ကျင့်ခံရမှုပြည့်နှက်နေတဲ့ဘဝနဲ့ ဝေးသထက် ဝေးဖို့၊ မေ့ပျောက်နိုင်ဖို့ သူမဟာ သူမရဲ့ ဝါသနာမှာ အချိန်ပြည့်ပေးဆပ်ဖို့ကြိုးစားခဲ့တယ်။ ဒီနေရာမှာတင် သူမဟာ အရမ်းကိုကြံ့ခိုင်သန်မာသူတစ်ယောက်ဆိုတာ သတိပြုမိပါတယ်။ ဒီလိုအဆိုးဝါးဆုံးသော ခါးသီးမှု အိမ်မက်ဆိုးတွေထဲကနေ လမ်းကြောင်းပေါ်ရောက်အောင် ကလေးအရွယ်နဲ့တင် ရုန်းကန်ကြိုးစားနိုင်တာ အံ့ဩချီးကျူးဖို့ကောင်းတယ်။ ဒါပေမဲ့… ဒါပေမဲ့တွေ သူမဘဝမှာ ထပ်လာခဲ့ပြန်တယ်။
သူမရဲ့ဝါသနာက အဆိုအက၊သရုပ်ဆောင်ဖြစ်ပါတယ်။ ကျောင်းမှာ ရှိသမျှသော နေ့ည အဆိုအက၊သရုပ်ဆောင်သင်တန်းအားလုံး သူမတက်ခဲ့တယ်။ သူမရဲ့ကြိုးစားမှုဟာ အရာထင်ခဲ့ပါတယ်။သူမရဲ့ အဆိုနဲ့ သရုပ်ဆောင်အရည်အချင်းတွေအတွက် ဆုတွေများစွာရရှိခဲ့ပြီးနောက်မှာ Toronto-based talent agency က agent တစ်ယောက်ဟာ သူမရဲ့အရည်အချင်းကိုတွေ့ရှိသွားခဲ့တယ်။ သူမကို အေဂျင်စီက လက်ခံလိုက်သော်လည်း စနေ တနင်္ဂနွေတိုင်း Toronto ကို နာရီအတော်များများအချိန်ယူပြီးသွားရမယ့်ခရီးတွေအတွက် သူမရဲ့မိဘတွေက သူမကို အားမပေးနိုင်ခဲ့ကြပါဘူး။ ဒီလိုနဲ့ ဒီလိုအခွင့်အရေးကောင်းကို သူမလက်လျှော့ခဲ့တယ်။ စိတ်ဓါတ်ကျ ညစ်ညူးစိတ်ပျက်နေတဲ့ သူမရဲ့အရင်ဘဝကို ပြန်ရောက်သွားပြန်ပြီး သူမ ဆေး စစွဲခဲ့တယ်။ အရက်စွဲခဲ့တယ်။ ဘယ်လောက်တောင် out of control ဖြစ်နေလဲဆိုရင် ကျောင်းမီးရှို့မှုမှာ သူမဟာ သံသယရှိသူအဆင့်ထိဖြစ်ခဲ့တယ်။
အဲဒီ့အချိန်တွေဟာ သူမအသက် ၁၅ နှစ်အရွယ်ပေါ့။
အသက် ၁၅ နှစ်မှာပဲ Justin Bieber ရဲ့ဖခင်လောင်းလျာ Jeremy Bieber နဲ့ စတွဲဖြစ်ခဲ့တယ်။ အသက် ၁၆ နှစ်မှာ အိမ်ပေါ်ကဆင်းလာပြီး အလစ်သုတ်သမား Drug Dealer ဆေးမှောင်ခိုသမားဘဝနဲ့ အသက်မွေးခဲ့ပြန်တယ်။ စိတ်ဓါတ်ကျမှု၊ အထီးကျန်မှု၊ သက်သေ suicide လုပ်ဖို့ကြံစည်စိတ်ကူးနေခြင်းတွေနဲ့ လုံးခြာလည်နေခဲ့တယ်။

အသက် ၁၇ နှစ်မှာတော့ လက်လျှော့အရှုံးပေးဖို့ တကယ်လုပ်ခဲ့တယ်။ ကုန်တင်ကားကြီးရှေ့ကို ပြေးသွားပြီးကိုယ့်ကိုယ်ကို သက်သေဖို့ တကယ်ကိုကြံစည်အားထုတ်ခဲ့တယ်။ ဒါပေမဲ့ ကုန်တင်ကား ဘရိတ်ဖမ်းတာမီသွားပြီး သူမ အသက်ဘေးလွတ်ခဲ့တယ်။ ဒါပေမဲ့ စိတ်ကျန်းမာရေးဆေးရုံပို့ခံလိုက်ရတယ်။
သူမရဲ့ကံဆိုးမှု၊ ကြမ်းတမ်းတဲ့ ဆယ်ကျော်သက် ဘဝခရီးဟာ ဒီလောက်နဲ့မပြီးသေးပါဘူး။ စိတ်ကျန်းမာရေးဆေးရုံကဆင်းလာပြီးတော့လည်း သူမရဲ့ ဒုံရင်းဘဝကိုပဲ သူမပြန်ရောက်ပြန်တယ်။ Justin Bieber ရဲ့ ဖခင်အလောင်းအလျာ Jeremy Bieber နဲ့ပြန်တွဲတာအပါအဝင်ပေါ့။ အသက် ၁၈ နှစ်၊ စိတ်ကျန်းမာရေးဆေးရုံက ပြန်ဆင်းအပြီးခြောက်လအကြာမှာ ကိုယ်ဝန်ရခဲ့တယ်။ Justin Bieber လေး သူမဝမ်းထဲကို စရောက်လာတယ်။ အဲဒီ့မှာ သူမရဲ့မိခင်ဟာ သူမကို အိမ်ပေါ်ကမောင်းချလ်ိုက်ပါတယ်။

ဒီလိုနဲ့ သူမဟာ unwed mothers တွေလို့ခေါ်တဲ့ လက်မထပ်ထားသော မိခင်တွေအတွက် Stratford home ကိုပြောင်းရွှေ့ခဲ့ရတယ်။ အားလုံးက abortion လုပ်လိုက်ဖို့ ကိုယ်ဝန်ဖျက်ချလိုက်ဖို့ပြောပေမယ့် သူမလုံးဝယတိပြတ်ငြင်းဆန်ခဲ့တယ်။
အင်တာဗျူးမှာ ဘာကြောင့်ကိုယ်ဝန်မဖျက်ချပဲ မွေးဖို့ဆုံးဖြတ်ခဲ့တာလဲဆိုပြီး သူမကိုမေးတော့ သူမဘယ်လိုပြန်ဖြေခဲ့သလဲဆိုရင်
“ When I was pregnant, I knew it was not just an option. I knew I was meant to have Justin.”

“ ဒါဟာ ဖျက်ချမယ် မဖျက်ချဘူးဆိုပြီး ရွေးချယ်စရာကိစ္စမဟုတ်ဘူး။ ကိုယ်ဝန်ရှိပြီဆိုတာ သိကတည်းက ကျွန်မဟာ Justin ကို မွေးဖွားရမယ့် ကံကြမ္မာပါလာပြီးသားလို့ပဲ ခံယူခဲ့တယ ္” ဆိုပြီး သူမပြန်ဖြေခဲ့တယ်။ အဲဒီ့အချိန်အခါကာလမှာ ပျက်စီးနေတယ်လို့ပြောရမယ့် ဆယ်ကျော်သက်မိ်န်းကလေးတစ်ယောက်ရဲ့ စိတ်ထား ခံယူချက်တွေဟာ မထင်ထားမိလောက်အောင် အံ့ဩချီးကျူးဖို့ကောင်းပါတယ်။ လူ့အသက်တစ်ချောင်းဆိုတာကို သူမကောင်းကောင်းသဘောပေါက်နေတာကို တွေ့ရတယ်။ သူမ တကယ်တော်ပါတယ်။
ကလေးရလာပြီဖြစ်တဲ့အတွက် သူမနဲ့ Justin Bieber ရဲ့ဖခင်ဟာ သူတို့ relationship ကိုဆက်ထိန်းသိမ်းဖို့တော့ ကြိုးစားခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ကလေးဆယ်လအရွယ်မှာပဲ ပြတ်တောက်ခဲ့ပြန်တယ်။ ဂျက်စတင်ရဲ့ဖခင်ဟာ တခြားအမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ထူထောင်ပြီး ကလေး၂ဦးရခဲ့ပါတယ်။ဒါကြောင့် ဂျက်စတင်မှာ ဖအေတူ အမေကွဲမောင်နှမ ၂ယောက်ရှိပါတယ်။
သူမဟာ Justin Bieber ကို အစိုးရအထောက်အပံ့ဝင်ငွေနည်းသူများအတွက်အိမ်ယာမှာ စောင့်ရှောက်မွေးမြူ raise လုပ်ရင်းနဲ့ အချိန်ပိုင်းအလုပ်တွေကြိုးစားလုပ်ခဲ့တယ်။ သူမတစ်ခုကံကောင်းတာက သူမရဲ့အိမ်နီးနားချင်းတစ်ယောက်ဟာ Justin ကို အခမဲ့နှစ်ချီထိန်းပေးပြီး သူမကို ကျောင်းပြန်တက်ဖို့အားပေးခဲ့တာပါပဲ။ ဒီလိုနဲ့ Websites ဒီဇိုင်းဆွဲခြင်းပညာနဲ့ သူမ Diploma ဘွဲ့ရခဲ့ပါတယ်။ ဒီလိုဒီလိုတွေနဲ့ပဲ သူမဟာ Justin ကို ဒုက္ခ သုက္ခမျိုးစုံခါးစည်းခံပြီး Single Mother ဘဝနဲ့ မွေးမြူစောင့်ရှောက်ခဲ့ရပါတယ်။ သူမကတော့ ဒါတွေကို ဒုက္ခတွေလို့မြင်တဲ့အချိန်မရှိသလောက်ရှားပါတယ် သားမျက်နှာ သားအမူအရာတွေမြင်ရင် သူမအတွက်နိဗ္ဗာန်ပါပဲလို့ဆိုပါတယ်။

သူမရဲ့သား Justin Bieber ဟာ သူမရဲ့ ဂီတသွေးပါလာခဲ့တယ်။ ငယ်စဉ်ကလေးဘဝထဲက ဂျက်စ်စတင်ဟာ အဆိုဝါသနာပါမှန်းကို သူမသိခဲ့တယ်။ သားရဲ့ ဝါသနာကို သူမအကောင်းဆုံးအားပေးခဲ့တယ်။သူမ သားလေးလိုချင်တဲ့ လိုအပ်တဲ့ ဂီတနဲ့ဆိုင်တဲ့ ပစ္စည်းမှန်သမျှဝယ်ပေးနိုင်အောင် သူမကြိုးစားခဲ့တယ်။ ဒီလိုနဲ့ အသက် ၁၂ပြည့်လာခဲ့တဲ့ သူမရဲ့သားလေး Justin Bieber ဟာ “Stratford Star Talent Show” မှာ R & B artist Ne-Yo ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “So Sick” ဆိုတဲ့သီချင်းနဲ့ ဝင်ပြိုင်တာ ဒုတိယဆုရတော့ သူမအရမ်းကိုပျော်ရွှင်ပီတိဖြစ်ခဲ့ရတယ်။ ဒါကြောင့် သူမဟာ သူမရဲ့သားလေး Justin သီချင်းဆိုပြိုင်ပွဲဝင်တဲ့ Video ကို Youtube မှာ သူမရဲ့မိဘ မိတ်ဆွေ သူငယ်ချင်းတွေကြည့်ဖို့ဆိုပြီးတင်လိုက်ပါတယ်။ အဲဒီ့နောက်ပိုင်းမှာလဲ သား Justin သီချင်းဆိုတဲ့ video တွေကို ဆက်ဆက်ကာတင်ခဲ့တယ်။ ဒီလိုနဲ့ သူမရဲ့သားလေး Justin ရဲ့ အဆိုအရည်အချင်းကို လူသိတဖြည်းဖြည်းများလာခဲ့တယ်။
သူမရဲ့ Youtube မှာတင်ခြင်းကနေကပဲ အခြေခံပြီး Justin ရဲ့အဆိုအရည်အချင်းပါရမီကို Talent Agent တစ်ယောက်ဖြစ်တဲ့ Scooter Braun ရဲ့အာရုံကို ဖမ်းစားသွားနိုင်ခဲ့ပါတယ။် အဲဒီ့ကနေပဲစပြီး Justin Bieber ဆိုတဲ့ ကမ္ဘာကျော ္Pop အဆိုကြယ်ပွင့် တစ်ပွင့်စပြီးတောက်ပပေါ်ထွန်းလာခဲ့ပါတော့တယ်။ Justin Bieber ရဲ့ ပထမဆုံး manager ဟာလဲ သူမပါပဲ။
ယခုဆိုလျှင် သူမဟာ သူမနဂို ဝါသနာပါရာ အနုပညာအလုပ်တွေ ဆက်လုပ်နေနိုင်ပါပြီ။ စာရေးတယ်။ ရုပ်ရှင်ထုတ်လုပ်သူလုပ်တယ်။ အင်တာဗျူးတွေဖိတ်သမျှ သွားရောက်ပြီး သူမရဲ့ဘဝအတွေ့အကြုံတွေဝေမျှပြောပြပြီး လူတွေကို စိတ်ခွန်အားပေးတယ်။
သူမရဲ့ ကြမ်းတမ်းလှတဲ့ ဘဝခရီးအကြောင်းတစ်ခုလုံးကို အသေးစိတ်ရေးထားတဲ့ စာအုပ်တစ်အုပ် သူမရေးခဲ့ပါတယ်။ နာမည်က “ Nowhere But Up” တဲ့.. ကိုယ်နားလည်သလိုဘာသာပြန်ရရင် “ ဘယ်နေရာမှသွားဖို့မရှိဘူး ဒါပေမဲ့ အပေါ်ုတော့တက် “ လို့ ဘာသာပြန်ရမယ်ထင်ပါတယ်။ Nowhere But Up စာအုပ်ဟာ The Best Seller” စာရင်းဝင်စာအုပ်ဖြစ်သွားခဲ့ပါတယ်။ လူတွေဖတ်လေ့ဖတ်ထရှိကြတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ လူပုဂ္ဂိုလ်တစ်ယောက်အကြောင်းမဟုတ်ပေမဲ့ အကြမ်းတမ်းဆုံးသော ဘဝခရီးတိုက်ပွဲကို အသက်ငယ်ငယ်နဲ့ အနိုင်တိုက်ခဲ့သော အရှုံမပေးခဲ့သော သူမရဲ့အကြောင်း အသေးစိတ်ရေးထားတဲ့ အဲဒီ့စာအုပ်ကတော့ ကိုယ့်အမြင်မှာတော့ ဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်လို့ယူဆပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တစ်အုပ်လို့မြင်ပါတယ်။ မဝယ်ဖြစ်သေးပါဘူး။ ဝယ်ဖြစ်မှာပါ။
အဲဒီ့စာအုပ်ကရတဲ့ ငွေတွေနဲ့ သူမဟာ Nowhere But Up Foundation ကို ထူထောင်ထားပါတယ်။ အဲဒီ့ ဖောင်ဒေးရှင်းက ဘာတွေလုပ်ပေးလဲဆိုတော့ အကူအညီလိုအပ်နေတဲ့ Single Mothers တွေ Unwed Mothers တွေ၊ ဆေးစွဲ အရက်စွဲနေတဲ့ ဆယ်ကျော်သက် မိန်းကလေးတွေကို ကူညီပေးပါတယ်၊ Counseling တွေလုပ်ပေးပါတယ်။ လမ်းမှန်ကို ပြန်ဆွဲတင်ပေးပါတယ်။
အင်တာဗျူးတစ်ခုအထဲမှာ သူမကို Interviewer ကမေးပါတယ်..သူမနဲ့ဆင်တူတဲ့ဘ၀တွေဖြတ်သန်းနေရတဲ့မိန်းကလေးတွေကို ဘာပြောချင်ပါသလဲ?ဆိုတော့ သူမက “ Just hold on. Never give up! “ လို့ပြောချင်ပါတယ်တဲ့။ အရှုံးမပေးလိုက်ပါနဲ့အုံး လို့သူမဆိုပါတယ်။

ပြီးတော့ ပြောဖို့ကျန်တဲ့ နောက်တစ်ခုက ကိုယ်လဲသဘောကျတဲ့ ရုပ်ရှင်တစ်ကားဖြစ်တဲ့ “To Write Love On Her Arms” ရုပ်ရှင်ရဲ့ ထုတ်လုပ်သူက သူမပါပဲ။
သူမ သူမဟာ တကယ်ကို သိပ်တော်တဲ့ အမျိုးသမီးတစ်ဦး..မိခင်တစ်ဦး !
(*note: ဆယ်ကျော်သက် Justin Bieber ဟာ spotlight အောက်မှာ ဆိုးသွမ်းတဲ့လူငယ်တစ်ဦးဖြစ်နေတော့ မေးစရာရှိပါတယ်။ သူ့အမေ ဘာမှမပြောဖူးလားဆိုတဲ့မေးခွန်း။ အနောက်တိုင်းရဲ့ ဆယ်ကျော်သက်သားသမီးကို ထိန်းကျောင်းဆက်ဆံပုံနှင့် အရှေ့တိုင်းထိန်းကျောင်းပုံနှင့် ကွာခြားပါကြောင်း။ )
ကိုယ့်ရဲ့ Justin Bieber ရဲ့ မိခင် Pette Mallette အကြောင်း ဒီစာဟာ Single Mothers တွေအတွက် တစ်နည်းနည်းဖြင့် ခွန်အားဖြစ်စေဖို့ရည်ရွယ်ပါတယ်။ စိတ်ဓါတ်ခွန်အားဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ ပြီးတော့ Abortion (ကိုယ်ဝန်ဖျက်ချမှု) လုပ်ဖို့ကြိုးစားမှုတွေကိုလည်း လျော့နည်းပပျောက်စေလိုသော ရည်ရွယ်ချက်ဖြင့်လည်း ဒီစာကိုရေးသားလိုက်ခြင်းဖြစ်ပါတယ်။

ဆောင်းပါးရှင် - အေးမြမြခိုင်

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။