Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, February 15, 2016

Burns မီးလောင်ခံရခြင်း

Burns မီးလောင်ခံရခြင်း
ဆရာ ကျွန်မ့ ကပါ။ မ အသက် ၄ဝ။ မနေ့က မနက် ၁၁ နာရီလောက် မုန့်နှစ်နဲ့ အရွက်ကြော်တာ ဆီထပေါက်ပြီး ညာဘက်လက်မှာ ဆီပူလောင်သွားပါတယ်။ ရေအေးနဲနဲလောင်းချပြီး သွားတိုက်ဆေးလိမ်းပါတယ်။ အသစ်ဝယ်တဲ့ သွားတိုက်ဆေးက ပူရှိန်း ပါလို့ စပ်ဖျင်းဖျင်းဖြစ်တာနဲ့ ဆေးချလိုက်ပါတယ် ဒီက အနာလိမ်းတဲ့ဆီတမျိုးလိမ်းပါတယ်။ ည ၇ နာရီအလုပ်ရောက်တော့ အရည်ကြည်ဖု ထလာပါတယ်။ အလုပ်ကလူတွေပြောတာနဲ့ အရည်ကြည်ဖု အပ်မီးနဲ့ရှို့ပြီး ဖောက်ပြီး လိမ်းဆေး လိမ်းပါတယ်။
အရည်ကြည်ဖုက အရည်တွေနဲ့ ပြန်ပြန်ဖောင်းလာပါတယ်။ ဆရာဆီက အကြံဉာဏ်လေး လိုချင်ပါတယ်။ ခု ဘာဆက်လိမ်းရမလဲ၊ ဘယ်လိုလုပ်ရမလဲ။ နောက်ဆီပူလောင်ရင် ဘာအရင်ဆုံး ဘယ်လိုလုပ်ရမလဲ။ ဆရာ အားရင်ဖြေပေးပါ။ ဆရာ့ကိုကျေးဇူးတင်လျက်။ ဆရာကျန်းမာပါစေ။ ဖြစ်ဖြစ်ချင်းပုံပို့ပါတယ်။
ချက်ချင်းရေအေး၊ ရေခဲရည်လောင်းတာ နည်းလမ်းမှန်ပါတယ်။ အပူဖူးကိုဖေါက်လိုက်တာတော့ လွဲသွားတယ်။ အပူဖူးက အဖုံးလွှားပါးပါးလေးလောက် ဘယ်ပတ်တီးမှ ပိုမကောင်းပါ။ မတော်တဆပေါက်သွားရင်တော့ ဆေးထည့်ရမယ်။ ပူးလောင်ထားတဲ့အနာကို ပိုးမဝင်သေးပါ။ ပေါက်သွားလို့ ရဲနေတာကိုသာ ပိုးဝင်လာနိုင်တယ်။ သွားတိုက်ဆေးမသင့်ပါ။
အပူလောင်တာက ၂ မျိုးရှိတယ်။ မီးတောက်လောင်တာနဲ့ အပူရည်ပူ-ဆီပူလောင်တာ။ ဒါ့အပြင် အပူငွေ့၊ လျှပ်စစ်၊ ဓါတ်ရောင်ခြည်၊ ဓာတုပစ္စည်းတွေကနေလည်း လောင်စေနိုင်တယ်။
ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် ၃ ဆင့်ခွဲထားတယ်။ တစ်ရှူးတွေကို ဘယ်လောက်ထိခိုက်သလည်း စစ်ဆေးရမယ်။ လက်၊ မျက်နှာ၊ တင်ပါးဆုံဝန်းကျင်၊ အဆစ်တွေမှာဖြစ်ရင် အရေးကြီးတယ်။
ပထမအဆင့်
အပေါ်ယံဖြစ်တယ်။ ရောင်မယ်။ နီမယ်။ နာမယ်။ အရည်ကြည်အဖု မထွက်ပါ။ ဖိကြည့်ရင် ဖြူသွားမယ်။ ၃-၆ ရက်အတွင်း ပျောက်မယ်။ အပူလောင်စေတယ့်အရာက ဖယ်ထုတ်ပါ။ မီးလောင်နေတဲ့အဝတ်တွေ ဖယ်ပြစ်ပါ။ ရေအေးအေးလောင်းပေးပါ။ ခပ်ဖေါ့ဖေါ့သန့်ရှင်းပေးပါ။ ခြောက်သွားအောင် လုပ်ပါ။ ပိုးသန့်ဆေးတမျိုးမျိုး ထည့်ပါ။ ပိုးသန့်ထားတယ့် ပတ်တီးစည်းပေးပါ။ မေးခိုင်ကာကွယ်ဆေးထိုးပါ။

ဒုတိယအဆင့်
အရေပြားအပေါ်ယံမက ထိခိုက်မယ်။ ရောင်မယ်။ နီမယ်။ ထိလိုက်ရင်ဖြူသွားမယ်။ အရည်ကြည်အဖု blisters ထွက်မယ်။ အနာရွတ် ကျန်ရစ်မယ်။ အဆစ်မှာဖြစ်ရင် မလှုပ်နိုင်ဖြစ်မယ်။ အရည်-ဆားဓာတ် နည်းမယ်။ ပျောက်ချိန် ကြာမယ်။ သန့်ရှင်းပေးပါ။ ညင်ညင်သာသာခြောက်သွေ့ပေးပါ။ ပိုးသန့်ဆေး လိမ်းပါ။ လူနာကို လှဲနေစေပါ။ ဖြစ်တယ့်နေရာကို အထက်မြှင့်ထားပါ။ အရေပြား အစားထိုးရနိုင်တယ်။ အဆစ် လှုပ်ရှားမှုအတွက် ဖီဇီယိုသာရာပီ လိုနိုင်တယ်။ အဆစ် မလှုပ်စေရန် ကြပ်စည်းရန် လိုနိုင်တယ်။ ဆေးရုံတင်ရနိုင်တယ်။

တတိယအဆင့်
အရေပြားတလွှာ (၃ ထပ်) လုံးထိခိုက်မယ်။ ချွေးထွက်အိတ်တွေ၊ ဆံပင်မွှေးတွေ ပျက်စီးမယ်။ အာရုံကြောတွေ ပျက်စီးသွားလို့ နာမမှာမဟုတ်။ ဖိကြည့်ရင် ဖြူသွားမှာ မဟုတ်။ အရည်ကြည်အဖု မထွက်။ ရောင်မယ်။ သားရေပြားလို ဖြစ်သွားမယ်။ အရောင်ပြောင်းမယ်။ အနာရွတ် ကျန်ရစ်မယ်။ သွေးအသွားအလာ ပျက်စီးမယ်။ အရည်-ဆားဓါတ် နည်းမယ်။ (ရှော့ခ်) ရနိုင်တယ်။ ပုံပန်းပျက်စီးသွားမယ်။ လူကြီးဆိုရင် ၆ဝ % ဖြစ်လျှင် သေနိုင်တယ်။

ကုသရန်
ဆေးရုံတင်ရမယ်။ ရေ-ဆား နည်းတာကို သွေးကြောကသွင်းရမယ်။ အောက်ဆီဂျင်ပေးရနိုင်တယ်။ ခွဲစိတ်ပြုပြင်ဘို့ လိုနိုင်တယ်။ အာဟာရဓါတ်ဖြည့်ရန်၊ စောင့်ကြည့်ရန်၊ စိတ်ပိုင်းကုသမှု လုပ်ပေးရန်လိုနိုင်တယ်။ ထိခိုက်မိလို့ ဒဏ်ရာတွေ အရေပြားကိုရှခြင်း၊ ကုတ်မိခြင်းအတွက် ကုသရန် မလိုနိုင်တယ်။ ပိုးမဝင်အောင် လုပ်ပေးရမယ်။ အနာကို ရေသန့်သန့်ဖြင့် သန့်ရှင်းပေးပါ။ ဆပ်ပြာကို အမြဲသုံးရန် မလို။ သွေးယိုနေပါက ဖိပေးပါ။ ၁ဝ မိနစ် အတွင်း ရပ်မယ်။ အနာထဲဝင်နေတယ့် ပစ္စည်းများ ဂရုတစိုက် ရှင်းထုတ်ပါ။ အနာထဲ နက်ဝင်နေတယ့် ပစ္စည်းများကို ကြိုးစား၍ ဖယ်မပြစ်ရ။ ပတ်တီးစီးရမယ်။ ဆေးကို နေ့တိုင်း ထည့်ရမယ်။ အနာက အထဲနက်ပါက သွေးပိုထွက်မယ်။ အရေပြားအောက်ထိ ထိခိုက်မယ်။ ချုပ်ပေးရန် လိုနိုင်တယ်။ မေးခိုင်ကာကွယ်ဆေး ထိုးရန်လိုတယ်။ ပြည်တည်နိုင်တယ်။ ဖျားနိုင်တယ်။

ဘယ်လောက်ကျယ်သလဲ၊ ဘယ်လောက်နက်သလဲ အပေါ်မူတည်ပါမယ်။ ဖြစ်တဲ့နေရာက အရေးကြီးတာထဲမှာပါတယ်။ (ပလပ်စတစ် ဆာဂျရီ) အထူးကုကို ပြသင့်ပါတယ်။
မီးလောင်တာမှာ (၉) ဥပဒေသဆိုတာရှိတယ်။ အရေပြားမျက်နှာပြင်ဧရိယာဘယ်လောက်ကိုမီးလောင်ခံရသလည်း။
ဦးခေါင်း = ၉%
ရင်ခေါင်းရှေ့ = ၉%
ရင်ခေါင်း နောက် = ၉%
ဗိုက် = ၉%
ကျော = ၉%
ပေါင် = ၉%
ပေါင် = ၉%
လက် = ၉%
လက် = ၉%
ခြေထောက် = ၉%
ခြေထောက် = ၉%
လိင်အင်္ဂါ = ၁%

မျက်နှာပြင်ဧရိယာများလေ ဆိုးလေ။
Severe Burn Treatment ဆိုးဝါးတဲ့ မီးလောင်နာ http://doctortintswe.blogspot.com/…/severe-burn-treatment.h…
Burns မီးလောင်ခံရခြင်း http://doctortintswe.blogspot.com/2015/03/burns.html

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။