Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, February 15, 2016

ကျိုင်းအကြောင်း သိကောင်းစရာ

ကျိုင်းအကြောင်း သိကောင်းစရာ
-----------
လွှတ်တော်ဥက္ကဌတွေရှေ့မှာ ဟာနုမန်မျောက်ကိုင်သလို ရွှေရောင် တုတ်ချောင်းကြီးတစ်ချောင်းကိုကိုင်သွားတာ ဘာကြီးလဲဆိုပြီး အတော်များများက မေးမြန်းကြလေ့ရှိပါတယ်။ အဲ့ဟာကြီးကို ကျိုင်းလို့ခေါ်ပါတယ်။ ကျိုင်းနဲ့ပတ်သက်ပြီး ရှာဖွေတွေ့ရှိရသမျှကို စာဖတ်သူများဗဟုသုတရစေရန်အတွက် ရှာဖွေတင်ပေးလိုက်ပါတယ်။
--------------------------------------------------


ကျိုင်းကို အင်္ဂလိပ်လို (Mace) လို့သုံးနှုန်းတယ်၊ မြန်မာလိုအဓိပ္ပါယ်ကတော့ အခွင့်အာဏာကို ကိုယ်စားပြုခြင်းလို့ ဆိုပါတယ်၊ မြန်မာ စွယ်စုံကျမ်း အတွဲ ၂ မှာကတော့ ကျိုင်းဆိုတာ မြင့်မြတ် သောအခွင့် အာဏာကို ညွန်းဆိုသည့် အဆောင်အယောင်လို့ ဆိုပါတယ်၊ ကျိုင်းမှာ မြန်မာမင်းများလက်ထက် ဘုရင် မိဖုရားနှင့် မင်းညီမင်းသားတို့၏ အဆောင် အယောင် တစ်ပါးဖြစ်၏။ ဘုရင်က ခြီးမြောက် သူကောင်းပြုခံရသူများလည်း ဘုရင့်အမိန့် အရ ကျိုင်းကို ကိုင်ဆောင်သုံးစွဲခွင့် ရ၏။ ကျိုင်းကို ဘုရင်၊ မိဖုရား၊ မင်းညီမင်းသား စသည်တို့ မင်းပွဲသဘင် စသော အခမ်းအနားများသို့ တက်ရောက်သောအခါ ဆိုင်ရာကျိုင်းကိုင် အမှုထမ်း များက ကိုင်ဆောင်၍ လိုက်ပါရ၏။ ကျိုင်းမှာ အရိုးရှည်တပ်ထားသော ခမောက်သဏ္ဍန်အရာ ဖြစ်၏။
အထွတ်ကို ရွှေချထားခြင်း တစ်မျိုး၊ အထွတ်ရွှေနှင့် အအုံ၊ အရွက်၊ အရိုးတို့ အနီသုတ်ခြင်းတစ်မျိုး။ ကျိုင်းဖြူတွင် အထွတ်အနီသုတ်ခြင်း တစ်မျိုးအားဖြင့် ၃ မျိုးရှိ၏။ ကုန်းဘောင်ခေတ် နောက်ပိုင်းတွင် ကျိုင်းကို လက်ကိုင်အရိုး တွင် မှန်စီ၍လည်း အသုံးပြုကြောင်းကို၊ မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်းတွင်ပါသော 'ဝေါရှည်နှင့် ဝေါတော်ရှေ့ကျိုင်း ၄ ချက် စီ၊ လက်ကိုင် မှန်စီကျိုင်းတော်နှစ်'ဟူသော စကားအရ သိရပြီး။
တစ်ခါတစ်ရံ ကျိုင်းကိုရှေ့ မှကိုင်ဆောင်ရုံမက ဆောင်းမိုးခြင်းလည်း ပြုကြောင်းကို ပြာဋိဟာခန်းပျို့လာ 'ယာဉ်ညင်စီးစီး၊ ကျိုင်း ထီးဆောင်းဆောင်း'ဟူသော စကားအရ၄င်း၊ လွှတ်တော် သတ်ပုံလာ 'ဆောင်းသည့်ကျိုင်း' ဟူသော စကားအရ၄င်း သိရ လေသည်။ ကျိုင်းကို အဆောင်အယောင်အဖြစ် အသုံးပြုရာ၌၊ မင်းနှင့် မိဖုရားကား ၈-လက်၊ အိမ်ရှေ့မင်း၊ မင်းညီ မင်းသားတို့ကား ၄- လက်၊ တစ်ခါတစ်ရံ ၆-လက်ဆောင်၏။ ကျိုင်းကို မင်္ဂလာ အခမ်းအနား များတွင်သာမက အသုဘအခမ်းအနားများတွင် လည်း အဆင့်အတန်းအလိုက်၊ ဆိုင်ရာအမှု ထမ်းများက ကိုင်ဆောင်၍ လိုက်ပါရသည်။
ကျိုင်းကို မြင့်မြတ်သူတို့၏ အဆောင်အယောင်ဖြစ်သဖြင့် သာမာန်လူတို့နှင့် မထိုက်တန်ရကား၊ 'ကျိုင်းနှင့် သပေါက်၊ မထောက်မတန်'ဟူ၍၄င်း၊ 'သိုင်းနှင့် ကျိုင်းနှင့် ဂုဏ်ကြီးမြင့် သည်' ဟူ၍၄င်း စာပေတွင် စပ်ဆိုကြသည်။ ယခုအခါ ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဌနှင့် လူမျိုးစုလွှတ်တော် နာယကတို့တွင် ငွေဖြင့်ပြုလုပ် ထားသော ကျိုင်းကို အဆောင်အယောင်အဖြစ် ထားရှိသည်။ ထိုကျိုင်းမှာ အရှည် ၄ ပေနှင့် ၈ လက်မခွဲရှိ၍ ငွေသား ကျပ်ချိန် ၆ဝဝ ရှိ၏။ အဆိုပါကျိုင်းသည် ဥက္ကဋ္ဌနှင့် နာယက တို့၏ မြင့်မြတ်သော အခွင့် အာဏာကိုပြ၏။
မြန်မာမင်းများ လက်ထက်ကျိုင်းနှင့် ယခုလွှတ်တော် တွင် တွေ့မြင်ရသော ကျိုင်းတို့မှာ အထွတ်အမြတ်ဖြစ်သော သဘော ချင်းသာ တူ၍ ပုံသဏ္ဍာန်ချင်းကား မတူချေ။ (ရှေးမြန်မာမင်းများလက်ထက် ကျိုင်းသည် ခမောက်ကဲ့သို့ သဏ္ဍာန် ရှိပြီး ရွှေထီး ကဲ့သို့ အောက်ခြေခုံတွင် ထောင်ထားရသည်) အင်္ဂလန်နိုင်ငံ၏ လွှတ်တော်တွင် အသုံးပြုသော ကျိုင်းမှာ ဗြိတိသျှ ဘုရင်မကြီးကို ကိုယ်စားပြု သည့် အနေဖြင့် ထားသောကျိုင်းဖြစ်သည်၊ မြန်မာလွှတ်တော်တွင် ထားသော ကျိုင်းသည် လွှတ်တော် ဥက္ကဋ္ဌ၏ အခွင့်အာဏာကို ပြသည့် ကျိုင်းဖြစ်သည်၊ဥက္ကဋ္ဌဌနှင့် နာယကသည် လွှတ်တော်အစည်း အဝေးခန်းမသို့ ကြွရောက်သောအခါ ဆိုင်ရာကျိုင်းကိုင်အရာရှိက ဥက္ကဋ္ဌကြီး ၏ ရှေ့ ၈ ပေခန့်အကွာမှ ကျိုင်းကို ကိုင်လျက် သွားရ၏။
သတ်မှတ်ထားသော နေရာတွင် ဥက္ကဋ္ဌကြီး ထိုင်ပြီးသောအခါ ဥက္ကဋ္ဌကြီးရှေ့ရှိ ကျိုင်းထားရာ သီးသန့်နေရာတွင် ကျိုင်းကို အလျားလိုက် တင်ထားရသည်။ အစည်းအဝေးပြီး၍ ဥက္က ဋ္ဌကြီး ပြန်လည်ထွက်ခွာမည့်အခါ ကျိုင်းကိုင်အရာရှိသည် ကျိုင်းကို ယူဆောင်၍ ရှေ့မှ သွားနှင့်ရသည်။ ကျိုင်းမှာ လွှတ်တော်တွင် အရေးပါလှ၏။
လွှတ်တော်ထဲတွင် ကျိုင်းရှိနေလျှင် လွှတ်တော် အစည်းအဝေးရှိနေသည်။ ဥက္ကဋ္ဌကြီး၏ ရှေ့၌ရှိသော ကျိုင်းကို ယူဆောင်သွားလျှင်ပင် အစည်း အဝေး ပြီးဆုံးပြီဟူသော အထိမ်း အမှတ်ဖြစ်တော့သည်။ ကျိုင်းကိုင်အရာရှိကို အစဉ်အလာ အားဖြင့် ရဲဝန်ထက် (ရဲချုပ်သို့မဟုတ် ရဲဝန်ကြီး) အဆင့်အတန်းနိမ့်သူကို ခန့်ထားရိုး မရှိချေ။ နိုင်ငံတော်တရား လွှတ်တော်ချုပ်နှင့် တရားလွှတ်တော် တရားဝန်ကြီးများလည်း ကျိုင်းအဆောင် အယောင်များ ရရှိကြ၍ တရားခွင်သို့ ဝင်သည့်အခါကျိုင်းနှင့် ဝင်ကြသည်။ တရားဝန် ကြီးများ၏ ကျိုင်းမှာ တရားဝန်ကြီး၏ အခွင့်အာဏာကို ပြသည့်အပြင် 'ဥပဒေနှင့် တရားမျှတမှု'၏ အထိမ်းအမှတ် လည်း ဖြစ်သည်။ တရားလွှတ်တော်ချုပ်တွင် သုံးသောကျိုင်းသည် ၆ ပေခန့် ရှည်၍ သစ်သားဖြင့် ပြုလုပ် ထား၏။
ကျိုင်း၏ ထိပ်မှာ လုံးဝန်း ၍ ရွှေချထားသည်။ တရားဝန်ကြီး တရားခွင်သို့ ကြွလာသည့် အခါ ကျိုင်းကိုင်လုလင်က တရားဝန်ကြီး၏ ရှေ့ ၉ ပေခန့် အကွာမှ ကျိုင်းကို ထမ်း၍ သွားရသည်။ တရားဝန်ကြီးက နေရာတွင် ထိုက်လိုက်သည်နှင့် တပြိုင်နက်၊ ကျိုင်းကိုင် လုလင်က ကြမ်းပြင် ကိုကျိုင်းဖြင့်ဆောင့်၍ အချက်ပေးလိုက် သည်။ ယင်းသိြု့ပု လုပ်ခြင်းမှာ ထိုအချိန်မှစ၍ တရားရုံး ထိုင်ပြီဖြစ်ကြောင်း ကျေညာခြင်းပင် ဖြစ်၏။
တရားဝန်ကြီး ပြန်လည်ကြွသွားသည့်အခါ ကျိုင်း ကိုင်လုလင်က ဝင်လာသည့် နည်းတူ တရား ဝန်ကြီး၏ ရှေ့က ထွက်နှင့်ရသည်။ ဗြိတိသျှ ပါလီမာန်မှာ လွှတ်တော် နှစ်ရပ် အပြင်၊ စည်းမျဉ်းခံ ဘုရင်စနစ်အရ ဘုရင်မကြီး ရှိပါတယ်။ တိုင်းပြည်ရဲ့ အရေးပါတဲ့ လွှတ်တော်ကို ဗြိတိသျှတွေရဲ့ ရိုးရာ အစဉ်အလာအရ ဘုရင် မကြီး ရဲ့ ရှေ့မှောက်မှာ ကျင်းပရပါတယ်။ တကယ့်လက်တွေ့မှာ အစည်းအဝေး တိုင်းအတွက် ဘုရင် မကြီးက မတတ်ရောက်နိုင်တာရှိပါတယ် ။
ဒါကြောင့် ဘုရင်မကြီးကိုယ်စား ကျိုင်းကို ပါလီမန်မှာ ချထား တာ ဖြစ်ပါတယ်။ အစည်းအဝေး "စ" တော့မယ်ဆိုရင် ကျိုင်းကို ဘုရင်မကြီး အစည်းအဝေးခန်းထဲ ဝင်လာတဲ့ အထိမ်းအမှတ်နဲ့ အားလုံးက အရိုအသေပေးပြီး ပါလီမန်ထဲကို လူတစ်ယောက်က သယ်လာရပါတယ်။ အစည်းအဝေးပြီးရင် ပြန်သယ်သွားရပါတယ်။ နယူးဇီလန်၊ သြစတေးလျှလို ဗြိတိသျှ ဘုရင်မကြီး သြဇာခံ ဓနသဟာရ နိုင်ငံတွေရဲ့ ပါလီမန်မှာလဲ ကျိုင်းကို ထားရှိပါတယ်။ ကျိုင်းမှာ မြင့်မြတ်သောဂုဏ်ထူးနှင့် အခွင့်အာဏာ၏ အထိမ်းအမှတ်ဖြစ်၍ အခြားနိုင်ငံ များတွင်လည်း ပါလီမန် လွှတ်တော်များ၊ တရားလွှတ်တော်များ၊ တက္ကသိုလ်များတွင် ဆိုင်ရာအကြီးအကဲများ၏ အဆောင်အယောင်အဖြစ် ထားရှိ၏။
အင်္ဂန်နိုင်ငံ လန်ဒန်မြို့ တော်ဝန်ထံတွင် ငွေကျိုင်းအဆောင် အယောင် ရှိသလို ။ ကျိုင်းကိုင် အမှုထမ်းများကိုလည်း ထားရှိလေသည်။ ရှေးခေတ်ဟောင်းက စစ်ဖက် ဆိုင်ရာ ကျိုင်းများကို လက်နက်သဖွယ် အသုံးပြုနိုင် အောင် ပြုလုပ်ထားသလို ။ အိန္ဒိယနိုင်ငံတွင်မူ အလှအပမွမ်းမံထားသော ကျိုင်းအပြင် လက်နက် သဖွယ် ကိုင်ဆောင်ရသော ကျိုင်းများကိုလည်း အသုံးပြကြသေးတာကို တွေ့မြင်ရပါတယ်။ တချို့သော သူများက မြန်မာလွှတ်တော်တွင်
ကျိုင်း ထားခြင်းကို ဗြိတိသျှ ပါလီမန်မှ အတုယူ လုပ်ခြင်းဖြစ်သည် ဟုပြောဆိုတာ ကိုတွေ့မြင်ဖူးပါသည်၊ မဟုတ်ပါ ကျိုင်းထားခြင်းကို မြန်မာလွှတ်တော် စတင်ပေါ်ပေါက်ခဲ့သော ပုဂံခေတ် နရပတိစည်သူမင်းကြီး လက်ထက်မှာပင် ကျိုင်းကို စတင်သုံးစွဲနေပြီ ဖြစ်ကြောင်းရွှေဘုံ နိဒါန်းလာ မင်းခမ်းမင်းနား များတွင် ဖက်မှတ်ဖူးပါသည် မည်သို့ပင် ဖြစ်စေ ကျိုင်းဟူ သည် ၊ ယဉ်ကျေးမှုအဆင်အလာအားဖြင့် ကြီးမား သောတိုင်းနိုင်ငံများတွင် အလွန်အရေးပါသော မင်းခမ်း မင်းနား အမှတ်တံဆိပ်တခု ဖြစ်ပါကြောင်း သိသလောက် ဖောက်သယ် ချ လိုက်ရပါတယ်။
ငွေလမင်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။