တွင်းပျက်ထဲက နွားအို
=================
တစ်နေ့တွင် လယ်သမားတစ်ဦး၏ နွားတစ်ကောင်သည် ရေတွင်းပျက်တစ်ခုထဲသို့ မတော်တဆ ပြုတ်ကျသွားလေသည်။ လယ်သမားမှာ အကြံအမျိုးမျိုးထုတ်၍ နွားအားနည်း
မျိုးစုံဖြင့် တွင်းထဲက ရအောင်ထုတ်သည်။ သို့သော် အချိန်တွေသာ ကုန်သွားပြီး အရာ
မမြောက်ခဲ့ပေ။
နွားမှာ တွင်းထဲတွင် နာကျင်လွန်း၍ အော်မြည်နေတော့သည်။ နောက်ဆုံးတွင် လယ်သမားသည် နွားမှာ အိုနေပြီဖြစ်သောကြောင့် ကယ်တင်ဖို့ လက်လွှတ်ရန် ဆုံးဖြတ်လိုက်သည်။ လယ်သမားမှာ နာကျင်၍အော်နေသော နွားကိုမကြည့်
ရက်သောကြောင့် ရေတွင်းပျက်တွင် အရှင်လတ်လတ် မြေမြှုပ်ရန် ဆုံးဖြတ်လိုက်သည်။
လယ်သမားသည် ရွာထဲမှလူများ ကိုခေါ်ပြီး ရေတွင်းပျက်ထဲရှိ နွားအိုအား မြေစဖို့သည်။
နွားမှာကြောက်ရွံ့ထိတ်လန့်စွာ အော်နေလေသည်။ သို့သော် တအောင့်အကြာတွင် တွင်းထဲမှ နွားအို၏အော်သံမှာ တိတ်ဆိတ်သွားလေသည်။ ရွာသားများက အသံတိတ်
သွားခြင်းကြောင့် တွင်းထဲသို့ စိတ်ဝင်စားစွာ ငုံ့ကြည့်ကြသည်။ နွားအိုမှာ မိမိကိုယ်ပေါ်ရှိ လူများဖို့ချလိုက်သော မြေကြီးကို ခါချလိုက်သည်။ ထို့နောက် ထိုခါချလိုက်သော
မြေကြီးပေါ်သို့ ရပ်လိုက်သည်။ ထိုကဲ့သို့ လူများဖို့လိုက် နွားကခါချပြီး ရပ်လိုက်နှင့် တဖြည်းဖြည်း တွင်းဝသို့ရောက်လာပြီး နောက်ဆုံးတွင် ရေတွင်းပျက်ထဲမှ အပြင်သို့ လွှတ်မြောက်သွားလေတော့သည်။
တကယ်တမ်းဆိုရသော် လူ့ဘဝတွင် ကြုံဆုံနေရသော ဒုက္ခအခက်အခဲများ၊ စိတ်ညစ်
ဝမ်းနည်းဖွယ်ရာ များသည် နွား၏ကိုယ်ပေါ်သို့ ဖို့ချလိုက်သော မြေကြီးများပင်ဖြစ်သည်။ တခြားရှုထောင့်ကကြည့်လျှင် ထိုအခက်အခဲများသည် အောင်မြင်သောလမ်းစအတွက် ဆူးညှောင့်ခလုတ်ပင်ဖြစ်သည်။ ကိုယ်ပေါ်သို့ ရောက်ရှိလာသော ထိုအခက်အခဲများကို
မေ့ပျောက်ခါချပြီး ရပ်တည်နိုင်ပါက မည်မျှနက်သော ရေတွင်းဖြစ်စေ အပေါ်သို့ အလွတ်
ရုန်းနိုင်မည်ဖြစ်သည်။ အရှင်လတ်လတ် မြေမြှုပ်ခံရတော့မည့် နွားအိုမှာ အစပထမတွင်
ကြောက်ရွံ့စွာ အော်မြည်နေသော်လည်း နောက်ဆုံးတွင် စိတ်ကိုတည်ငြိမ်စွာထားပြီး ကျလာသော မြေကြီးများဖြင့် အဖို့မခံဘဲ ဖြတ်ထိုးဥာဏ်ကြောင့် သေဘေးမှလွတ်မြောက် ခဲ့ရသည်။
လူ့ဘဝတွင်လည်း အခက်အခဲများ ရင်ဆိုင်လာရပါက စိုးရိမ်ထိတ်လန့်နေမည့်အစား ထိုအခက်အခဲကို မည်သို့ ရင်ဆိုင်ကျော်လွှားနိုင်ရမည် ကို စိတ်ငြိမ်ငြိမ်ထားပြီး စဉ်းစား
ဆုံးဖြတ်သင့်သည်။ လက်လွှတ်ဆုံးရှုံး မည်လား။ ရှေ့သို့ မလျှော့သောဇွဲဖြင့် ချီတက်
မလား၊ ထိုသို့ဆုံးဖြတ်ရာတွင် မိမိစိတ်သည်သာ အဓိကဖြစ်သည်။ မိမိကိုယ်ကို ယုံကြည်
မှု၊ မျော်လင့်ချက်နှင့် တစ်ဦးအပေါ်တစ်ဦး ထားသင့်သော မေတ္တာများသည် ထိုအခက်အခဲ
များကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အ တွက် အကောင်းဆုံး ပစ္စည်းကိရိယာများပင် ဖြစ်သည်။
Healthcare.com.mm
Ref:
နိုင်းနိုင်းစနေ
ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ် အောင်မြင်သူရဲ့လမ်း စာအုပ်မှာကောက်နုတ်ထားပါသည် ။
=================
တစ်နေ့တွင် လယ်သမားတစ်ဦး၏ နွားတစ်ကောင်သည် ရေတွင်းပျက်တစ်ခုထဲသို့ မတော်တဆ ပြုတ်ကျသွားလေသည်။ လယ်သမားမှာ အကြံအမျိုးမျိုးထုတ်၍ နွားအားနည်း
မျိုးစုံဖြင့် တွင်းထဲက ရအောင်ထုတ်သည်။ သို့သော် အချိန်တွေသာ ကုန်သွားပြီး အရာ
မမြောက်ခဲ့ပေ။
နွားမှာ တွင်းထဲတွင် နာကျင်လွန်း၍ အော်မြည်နေတော့သည်။ နောက်ဆုံးတွင် လယ်သမားသည် နွားမှာ အိုနေပြီဖြစ်သောကြောင့် ကယ်တင်ဖို့ လက်လွှတ်ရန် ဆုံးဖြတ်လိုက်သည်။ လယ်သမားမှာ နာကျင်၍အော်နေသော နွားကိုမကြည့်
ရက်သောကြောင့် ရေတွင်းပျက်တွင် အရှင်လတ်လတ် မြေမြှုပ်ရန် ဆုံးဖြတ်လိုက်သည်။
လယ်သမားသည် ရွာထဲမှလူများ ကိုခေါ်ပြီး ရေတွင်းပျက်ထဲရှိ နွားအိုအား မြေစဖို့သည်။
နွားမှာကြောက်ရွံ့ထိတ်လန့်စ
သွားခြင်းကြောင့် တွင်းထဲသို့ စိတ်ဝင်စားစွာ ငုံ့ကြည့်ကြသည်။ နွားအိုမှာ မိမိကိုယ်ပေါ်ရှိ လူများဖို့ချလိုက်သော မြေကြီးကို ခါချလိုက်သည်။ ထို့နောက် ထိုခါချလိုက်သော
မြေကြီးပေါ်သို့ ရပ်လိုက်သည်။ ထိုကဲ့သို့ လူများဖို့လိုက် နွားကခါချပြီး ရပ်လိုက်နှင့် တဖြည်းဖြည်း တွင်းဝသို့ရောက်လာပြီး နောက်ဆုံးတွင် ရေတွင်းပျက်ထဲမှ အပြင်သို့ လွှတ်မြောက်သွားလေတော့သည်။
တကယ်တမ်းဆိုရသော် လူ့ဘဝတွင် ကြုံဆုံနေရသော ဒုက္ခအခက်အခဲများ၊ စိတ်ညစ်
ဝမ်းနည်းဖွယ်ရာ များသည် နွား၏ကိုယ်ပေါ်သို့ ဖို့ချလိုက်သော မြေကြီးများပင်ဖြစ်သည်။ တခြားရှုထောင့်ကကြည့်လျှင် ထိုအခက်အခဲများသည် အောင်မြင်သောလမ်းစအတွက် ဆူးညှောင့်ခလုတ်ပင်ဖြစ်သည်။
မေ့ပျောက်ခါချပြီး ရပ်တည်နိုင်ပါက မည်မျှနက်သော ရေတွင်းဖြစ်စေ အပေါ်သို့ အလွတ်
ရုန်းနိုင်မည်ဖြစ်သည်။ အရှင်လတ်လတ် မြေမြှုပ်ခံရတော့မည့် နွားအိုမှာ အစပထမတွင်
ကြောက်ရွံ့စွာ အော်မြည်နေသော်လည်း နောက်ဆုံးတွင် စိတ်ကိုတည်ငြိမ်စွာထားပြီး ကျလာသော မြေကြီးများဖြင့် အဖို့မခံဘဲ ဖြတ်ထိုးဥာဏ်ကြောင့် သေဘေးမှလွတ်မြောက် ခဲ့ရသည်။
လူ့ဘဝတွင်လည်း အခက်အခဲများ ရင်ဆိုင်လာရပါက စိုးရိမ်ထိတ်လန့်နေမည့်အစား
ဆုံးဖြတ်သင့်သည်။ လက်လွှတ်ဆုံးရှုံး မည်လား။ ရှေ့သို့ မလျှော့သောဇွဲဖြင့် ချီတက်
မလား၊ ထိုသို့ဆုံးဖြတ်ရာတွင် မိမိစိတ်သည်သာ အဓိကဖြစ်သည်။ မိမိကိုယ်ကို ယုံကြည်
မှု၊ မျော်လင့်ချက်နှင့် တစ်ဦးအပေါ်တစ်ဦး ထားသင့်သော မေတ္တာများသည် ထိုအခက်အခဲ
များကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အ
Healthcare.com.mm
Ref:
နိုင်းနိုင်းစနေ
ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ် အောင်မြင်သူရဲ့လမ်း စာအုပ်မှာကောက်နုတ်ထားပါသည်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။