အိပ်မက်ဆုံရာ
ရာသက်ပန် Season 2၏ နောက်ဆုံးပြိုင်ပွဲကို ဖေဖော်ဝါရီ၁၃ ရက်က ပြုလုပ်ခဲ့ရာ
ချင်းတိုင်းရင်းသား ဒေးဗစ်လိုင်က Winner ဆုရရှိခဲ့သည်။ မတူပီဇာတိဖြစ်ပြီး
၂၀၀၁ ကတည်းက ရန်ကုန်မြို့၌ နေထိုင်ခဲ့ကာ ကျောင်းပြီးချိန်တွင် မိသားစု၏
အားပေးမှုကြောင့် အိပ်မက်ဆုံရာ ပြိုင်ပွဲဝင်ရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်ဟု
ဒေးဗစ်လိုင်က ပြောသည်။ ထို့ကြောင့် ဒေးဗစ်လိုင်ကို ၎င်း၏
ပြိုင်ပွဲဝင်အတွေ့အကြုံများအပါအဝင်ရှေ့ဆက်လုပ်ဆောင်မည့်
အနုပညာလှုပ်ရှားမှုများအကြောင်း တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
အိပ်မက်ဆုံရာ ရာသက်ပန်အစီ အစဉ်ကို အရင်ကကြည့်ဖြစ်ခဲ့ လား။ ပြိုင်ပွဲဝင်ဖြစ်ခဲ့တဲ့ အ ကြောင်းလေးပြောပြပေးပါဦး။
ပထမရာသီမှာ အစပိုင်းတွေ တော့ မကြည့်ဖြစ်ဘူး။ ကျောင်း သွားတက်နေတဲ့အချိန်ဆိုတော့၊ရန်ကုန်ရောက်ပြီး Grand Final မတိုင်ခင်ကနေစပြီး ကြည့်ဖြစ် တယ်။ သူတို့ ဘယ်လိုဆိုသွားလဲ၊ ဘာတွေလုပ်လဲဆိုတာ ကြည့်ပြီး လေ့လာထားတာပေါ့။ ပြိုင်ဖြစ်ခဲ့ တာက ကျောင်းတက်ပြီး ရန်ကုန် ရောက်ခါစ တစ်လတောင်မပြည့် သေးဘူး။ ပြိုင်ပွဲဝင်ဖို့ ဖောင်တင် ဖို့ ညီအစ်ကိုတွေကလည်း အား ပေးတယ်။ အဲဒီလိုနဲ့ ပြိုင်ဖြစ်သွား တယ်။
ဂီတနဲ့ပတ်သက်ပြီး ဘယ်အချိန် ကတည်းက စိတ်ဝင်စားခဲ့တာလဲ။ ဒီအတွက် သင်ကြားခဲ့တာမျိုးတွေ ရှိလား။
ဂီတကိုတော့ ကျွန်တော်တို့ က ဘုရားကျောင်းနဲ့ အထိအတွေ့ ရှိတော့ သီချင်းဆိုတာကို တော် တော်ငယ်ငယ်ကတည်းက လုပ် တာဆိုတော့ အထိအတွေ့က တော့ ငယ်ငယ်ကတည်းကလို့ ပြောရမှာပေါ့။ ညီအစ်ကိုမောင် နှမတွေကလည်း ဂီတကို ဝါသနာ ကြီးတယ်။ လုပ်လည်းလုပ်ကြ တယ်။ ဂီတလှုပ်ရှားမှုတွေလည်း ရှိတော့ ကျွန်တော်ကိုယ်တိုင် လည်း ပိုပြီးရင်းနှီးသွားတာပေါ့။ သီးသန့်ကြီးသင်ကြားခဲ့တာတော့ မရှိပါဘူး။ ဒါပေမဲ့လည်း အထိ အတွေ့ကြောင့်ပါ။ အဓိကအထိ အတွေ့ကတော့ အစ်ကို၊ အစ်မ တွေ။ ကျွန်တော့်အစ်ကိုကလည်း Gospel သီချင်းတွေရေးတယ်။ ဆိုတယ်။ အစ်မကလည်း သီချင်း တွေဆိုတယ်။ သူတို့တွေက ကျွန် တော်တို့အသိုင်းအဝိုင်းက ချင်း သီချင်းတွေထုတ်ရင်လည်းပါ တယ်။ Gospel သီချင်းတွေလည်း ဆိုကြတာဆိုတော့ သူတို့ကြောင့် ကျွန်တော်လည်း ထိတွေ့ရတာ ပေါ့။ သူတို့က ကျွန်တော့်ရဲ့ ဆရာတွေပါပဲ။
အရင်ကကော သီချင်းဆိုပြိုင်ပွဲ တွေ ပြိုင်ဖူးခဲ့တာ ရှိသလား။
ပြိုင်ပွဲအနေနဲ့ကတော့ ဒီလို ကြီးကြီးမားမား မပြိုင်ဖူးပါဘူး။ ပြိုင်ပွဲဆိုရင် Church တွေ မှာလုပ်တဲ့ အဆိုပြိုင်ပွဲတို့ ဘာတို့မှာတော့ Sunday School လူငယ်တွေ ဖြစ်ဖြစ်၊ အသင်းတော်ရဲ့ လူငယ် တွေဖြစ်ဖြစ် ယှဉ်ပြိုင်လေ့ရှိပါ တယ်။ အဲဒီလိုပြိုင်ပွဲတွေတော့ ယှဉ်ပြိုင်ဖူးပါတယ်။
ဒီပြိုင်ပွဲမှာက သီချင်းတွေကို ဗား ရှင်းပြောင်းပြီး ပြိုင်ရတာဆိုတော့ ပြိုင်ပွဲအတွေ့အကြုံလေးတွေကို လည်း ပြောပြပေးပါဦး။
ကျွန်တော်က ဂီတတွေနဲ့ပဲ ရင်းနှီးမှုရှိတာ။ သီချင်းတွေနဲ့ ရင်းနှီးမှုမရှိဘူး။ သီချင်းတီးတာ။ သီချင်းစာသားတွေရတာ အား နည်းတယ်။ အဲဒီတော့ တစ်ခါတ လေကျရင် Version ပြောင်းတာ၊ သီချင်းအသစ်တွေ လုပ်ရတဲ့အ ချိန်မှာ အချိန်ပိုပေးရတယ်။ တချို့နေရာတွေမှာ ကျွန်တော်ဗားရှင်း ပြောင်းတဲ့နေရာတွေမှာ သိပ်ပြီး အရာမဝင်ခဲ့တာတွေလည်း ရှိ တယ်။ ဗားရှင်းပြောင်းတာက ကျွန်တော်တစ်ယောက်တည်း ပြောင်းတာမဟုတ်ဘဲ ဆရာတွေ ကိုယ်တိုင် သီချင်းတိုက်တဲ့အချိန် မှာ လုပ်ပေးတာဆိုတော့ အခက် အခဲရှိပေမယ့်လည်း လွယ်ကူ သွားတယ်။
ပြိုင်ပွဲတစ်လျှောက်မှာ ဒိုင်လူကြီး တွေရဲ့ အကြံပေးမှုတွေက ကိုယ့် အတွက် ဘယ်လိုအကျိုးသက် ရောက်မှုတွေရှိတယ်လို့ ထင် သလဲ။
ပြိုင်ပွဲတစ်လျှောက်မှာတော့ သင်တန်းတစ်ခုတက်နေရသလို ပါပဲ။ တဖြည်းဖြည်းကိုယ့်အရည် အချင်းတွေက မကောင်းတာတွေ လည်း သိလာရတယ်။ ဆရာတွေ က မကောင်းတာတွေ ထောက် ထောက်ပြတော့ ပိုပိုသိသာတယ်။ ဘယ်နေရာမှာလိုတယ်ဆိုတာကို လည်း သိလာတယ်။ ပြီးတော့ ကိုယ့်ရဲ့ ကောင်းတဲ့အရာလေး တွေ ဆရာတွေက ဘယ်သီချင်း အမျိုးအစားနဲ့ လိုက်တယ်ဆိုတဲ့ မှတ်ချက်ပေးတဲ့အခါ အဲဒီသီချင်း ဘက်ကို ပိုလိုက်စားလိုက်တော့ ကိုယ်နဲ့လိုက်တဲ့ သီချင်းအမျိုးအ စားဖြစ်လာတယ်။ အမှတ်လည်း ပိုရတာပေါ့။ သီချင်းအမျိုးအစား ရွေးတာမှားရင်လည်း အမှတ်တစ် ဝက်လောက်က ရှုံးပြီးသားဖြစ်နေ တော့ သီချင်းရွေးတာမမှားရလေ အောင် တစ်ပုဒ်ပြီးတစ်ပုဒ်ဆို လိုက်တိုင်းမှာ သူတို့ရဲ့ မှတ်ချက် တွေက အထောက်အကူဖြစ်စေ တယ်။
ပြိုင်ပွဲတစ်လျှောက် ဆိုခဲ့တဲ့ သီချင်းတွေမှာ အမှတ်တရရှိတဲ့ သီချင်းလေးတွေရှိရင်လည်း ပြောပြပေးပါဦး။
သီချင်းလေးတွေကတော့ အမှတ်ရစရာလေးတွေ အများ ကြီးရှိပါတယ်။ ပထမဆုံးဆိုရင် ကျွန်တော်နဲ့ ထန်းထန်းဆိုခဲ့တဲ့ ‘မရှိတော့ဘူး’ဆိုတဲ့ သီချင်းဆိုရင် အဲဒီသီချင်းယှဉ်ပြိုင်မှုကြောင့် လူ သိပိုများလာတယ်လို့ ထင်တယ်။ တစ်ယောက်တည်းဆိုတဲ့ သီချင်း တွေမှာလည်း ကျွန်တော်ကိုယ် တိုင်လည်း ဆိုရတာ အားရတာက ‘အပြာရောင်တေးသံ’ ဆိုတဲ့ သီချင်းတို့၊ နောက်ပြီး ‘အသစ်က ပြန်စ’သီချင်းတွေက အမှတ်ရ စရာကောင်းပါတယ်။
နောက်ဆုံးပြိုင်ပွဲမှာကော ဘယ် အချိန်က စိတ်အလှုပ်ရှားဆုံးဖြစ် ခဲ့လဲ။
သီချင်းတွေ စမပြိုင်ခင်မှာ စိတ်လှုပ်ရှားပါတယ်။ သီချင်းက မပြိုင်ရသေးတော့ ကိုယ်ဘယ်နေ ရာမှားမလဲဆိုတာလည်း မသိ သေးဘူး။ အကောင်းဆုံးပြိုင်မယ် ဆိုတဲ့ စိတ်နဲ့ပဲ မနည်းတင်းပြီး စိတ်ကိုထိန်းပြီး ပြိုင်ရတယ်။ သီချင်းတွေအားလုံးပြိုင်ပြီးတဲ့အ ချိန်မှာလည်း ထပ်ပြီးတော့ ဆု ကြေညာမယ်ဆိုတဲ့အချိန်မှာ စိတ်လှုပ်ရှားပါတယ်။
Season 2 ကို Season 1 ထက် စာရင် စိတ်ဝင်စားမှုနည်းတယ်လို့ ပြောကြတဲ့အပေါ်မှာ ပြိုင်ပွဲဝင်တစ်ဦးအနေနဲ့ ဘာပြောချင် သလဲ။
ပြိုင်ပွဲတစ်ခုဆိုတော့လည်း ပြိုင်ပွဲကို ကြည့်ရှုအားပေးတာ တစ်ခုနဲ့တစ်ခုတော့ တူမှာမဟုတ် ဘူးလေ။ ဒါပေမဲ့လည်း Season 1 နဲ့ Season 2 အားပေးမှုကို ပရိ သတ်တချို့ရဲ့ ပြောဆိုမှုကိုတော့ ကျွန်တော်မသိဘူး။ ဘယ်ဟာက အားပေးတာများတယ်ဆိုတာ မသိပေမယ့် ကျွန်တော်တို့ Sea-son ကိုလည်း ပရိသတ်တွေ အား ပေးကြတယ်လို့ မြင်ပါတယ်။
ပြိုင်ပွဲအစကနေ အဆုံးအထိ အားပေးကြတဲ့ ပရိသတ်တွေအ တွက် စကားလက်ဆောင်လေး ပြောပေးပါဦး။
ကျွန်တော့်ကို အားပေးကြ တဲ့ ပရိသတ်တွေထဲမှာ နောက်ဆုံး အဆင့်အထိရောက်အောင် အား ပေးတဲ့ မြန်မာပြည်မှာရှိတဲ့ ပရိ သတ်တွေ၊ နောက်ဆုံးပြိုင်ပွဲကို ကိုယ်တိုင်လာရောက်အားပေးတဲ့ ပရိသတ်တွေ၊ Voting တွေ အားပေးတဲ့ ပရိသတ်တွေ၊ အွန် လိုင်းကနေ အားပေးတဲ့ ပရိသတ် တွေ အကုန်လုံးကို ကျေးဇူးတင် ပါတယ်။ ဂီတအနုပညာအလုပ် လုပ်တယ်ဆိုတာကလည်း ဝါ သနာတစ်ခုတည်းနဲ့ လုပ်တာ မဟုတ်ဘဲ ဒါက အလုပ်တစ်ခုဖြစ် သွားပြီ။ ဒါကြောင့်ပဲ ထမင်းစားရ တော့မယ်ဆိုတော့ ပရိသတ်ဆို တာ မရှိလို့မဖြစ်ဘူး။ ပရိသတ် အမြဲချစ်အောင် ကြိုးစားရမယ်။ ဂီတတစ်ခုတည်းကိုလုပ်တာ မဟုတ်ဘဲ ပရိသတ်တွေနဲ့ ပိုပြီး ရင်းနှီးမှုရအောင် ပိုကြိုးစားသွား မယ်။
ဆုရပြီးသွားပြီဆိုတော့ ရှေ့ဆက် မယ့် အနုပညာခရီးမှာ ဘာတွေ ဆက်လုပ်သွားဖို့ အစီအစဉ်ရှိ သလဲ။
ဒီလမ်းပေါ်ကိုရောက်ပြီဆို တော့ ဒီလမ်းရဲ့အလေ့အထတွေ၊ စည်းမျဉ်းစည်းကမ်းတွေတော့ ရှိမှာပေါ့။ အဲဒီတော့ ကျွန်တော့် ဘက်ကလည်း ဒီလမ်းနဲ့ အစိမ်း သက်သက်ကြီးဖြစ်နေသေးတော့ စီနီယာတွေဆီကနေ မေးမြန်းသင် ယူစရာတွေတော့ အများကြီးရှိပါ တယ်။ ဒီလုပ်ငန်းကို ပိုပြီးကြိုးစား လုပ်ရမှာပေါ့။
ကျေးဇူးတင်ပါတယ်။
http://www.7daydaily.com/story/58046

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။