Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, February 19, 2016

ကျနော်နေတဲ့ နိုင်ငံ

ကျနော်နေတဲ့ နိုင်ငံ
===========

သူငယ်တန်းမှ ဆယ်တန်း
ပေါင်းလိုက်တော့ ဆယ့်တစ်နှစ်
အင်္ဂလိပ်စာဆယ့်တစ်နှစ်သင်ခဲ့ပေမဲ့ စာတစ်ကြောင်းမရေးနိုင်တဲ့
မြန်မာစာဆယ့်တစ်နှစ်သင်ခဲ့ပေမဲ့ စာလုံးပေါင်းမှားမြဲ
ပထဝီဘာမှန်းမသိ
သမိုင်းမမှတ်မိနဲ့
အလွတ်ကျက်ပညာရေး ရှေ့ဆုံးကဦးဆောင်နေတဲ့နိုင်ငံ


စစ်အသုံးစာရိတ် 57 %
ကျန်းမာရေးအသုံးစာရိတ် 3% နဲ့
ပြည်သူတွေ အသက်ရှုကျပ်နေတဲ့နိုင်ငံ

စပယ်ယာက အစ
ရပ်ကွက်လူကြီးအလယ်
ယူနီဖောင်း အဆုံး ... ဟောက်စားဖြဲစားနိုင်ငံ

ဘာလုပ်လုပ် ကိုယ့်အားကိုယ်ကိုးရတဲ့ နိုင်ငံ
ကိုယ်အသက် ကိုယ်ကြံဖန်မွေးရတဲ့နိုင်ငံ
ကျောင်းတတ်အရွယ်တိုင်း ကျောင်းမရောက်တဲ့နိုင်ငံ
ကျန်းမာရေး ၊ လူမူရေး ၊ ပညာရေး
ဘာစောင့်ရှောက်မှုမှ မရှိတဲ့ နိုင်ငံ

ရသစာပေဆုံးရှုံးနေတဲ့ နိုင်ငံ
ပညာရှင်တွေ အညွှန့်ချိုးခံရတဲ့နိုင်ငံ
အတွေးအခေါ်တွေ အဖျက်စီးခံနေရတဲ့ နိုင်ငံ
မျှော်လင့်ချက်ပျောက်နေတဲ့ နိုင်ငံ

ရာဇဝင်ရှိခဲ့တဲ့ နိုင်ငံ
သမိုင်းအဖျောက်ခံထားတဲ့ နိုင်ငံ
ခေါင်းဆောင်ကောင်းလိုအပ်နေတဲ့ နိုင်ငံ

ရွာ ၄၀၀၀၀ ကျော် လျှပ်စစ်မီးမရတဲ့နိုင်ငံ
တိုင်းတပါးကို လျှပ်စစ်ပိုလို့ရောင်းချနေတဲ့နိုင်ငံ
ငါ့မြေက ဘာမှမထွက်ပါစေနဲ့လို့ ပြည်သူတွေဆုတောင်းနေရတဲ့ နိုင်ငံ

လမ်းမလျှောက်တတ်တဲ့နိုင်ငံ
ပညာမိုး မရွာတဲ့နိုင်ငံ
ပညာပွင့် မပွင့်တဲ့နိုင်ငံ
ပညာသီး မသီးတဲ့နိုင်ငံ

ဆိုင်ကယ်မလုပ်တတ်တဲ့ နိုင်ငံ
ဟန်းဆက်မလုပ်တတ်တဲ့ နိုင်ငံ
ကားမလုပ်တတ်တဲ့ နိုင်ငံ

သစ်ပင်တွေအလုံးလိုက်ထုတ်မြဲ နိုင်ငံ
သယံဇာတတွေရောင်းချနေမြဲ နိုင်ငံ
စိတ်ဓာတ်တွေခြစားခံနေရတဲ့ နိုင်ငံ

နိုင်ငံသားတွေ ငတ်နေတဲ့နိုင်ငံ
နိုင်ငံသားတွေ အိမ်မရှိတဲ့နိုင်ငံ
နိုင်ငံသားတွေ ဆင်းရဲမွဲတေနေတဲ့နိုင်ငံ

လက်ညိုးထောင် ခေါင်းညိတ်တွေပေါတဲ့နိုင်ငံ
တစ်ယောက်က ဝေးးဆို
ကျန်လူကပါ ဝေးးတဲ့ ဟိုယောင်ယောင် ဒီယောင်ယောင်
ကိုယ်ပိုင်အသိဥာဏ်တွေ ပျောက်ဆုံးနေတဲ့ မြို့သားတွေနေထိုင်တဲ့ နိုင်ငံ

မွေးလာတဲ့အနာဂတ်ခေါင်းဆောင်တွေကို ဂရုမစိုက်ဘူး
ပျိုရွယ်လာတဲ့တိုင်းပြည်ကြယ်ပွင့်တွေကို သောက်ဖက်မလုပ်ဘူး
အိုမင်းသွားတဲ့လူအိုတွေကို အရေးပါမလုပ်တော့တဲ့ စနစ်နဲ့
စနစ်တကျ အုပ်ချုပ်နေတဲ့ နိုင်ငံ

ဝန်ထမ်းက ခိုးစားရတယ်
အောက်ခြေက ဝှက်စားရတယ်
အထက်က လာဘ်စားရတယ်
စနစ်တကျ သူခိုးတိုင်းပြည်ကြီးအဖြစ်လမ်းစဉ်ချမှတ်ထားတဲ့ နိုင်ငံ

ကျောင်းသားတွေ စာမတတ်
ကုန်ဈေးနူန်းမှာ အဆိပ်ခတ်ပြီး
ပညာရှင်တွေမပေါ်ထွက်အောင် ပြုစုပျိုးထောင်ထားတဲ့နိုင်ငံ

အိပ်ငိုက်ရုံနဲ့ တစ်လဆယ်သိန်းဝင်သူတွေနဲ့
ကားကြားမှာဖိနပ်မပါပဲပန်းရောင်းမှ
တနေ့ ၂၀၀၀ ပဲ ဝင်ငွေရှိတဲ့ရှိတဲ့ကလေး
တစ်မြေတည်းအတူနေတဲ့ နိုင်ငံ

နှစ်ပေါင်း ၄၀ ကျော် ဘက်စ်ကားကျပ်နေတဲ့နိုင်ငံ
ဆေးလိပ်တစ်လိပ်ချင်း ဝယ်လို့ရတဲ့နိုင်ငံ
အခြေခံဝင်ငွေ အနည်းဆုံးနိုင်ငံ

စည်ပင်က လမ်းပေါ်တက်ဈေးသည်ကို ဈေးကောက်တယ်
ပြည်သူကမကျေနပ်တော့ လမ်းမအမှိုက်ပစ်တယ့်နိုင်ငံ

ကားသမားတွေ ကားမမောင်းတတ်အောင်
ပုံစံချပြီးဆောက်တတ်တဲ့ ကုန်ကျော်တံတားတွေနဲ့ နိုင်ငံ
ဒီနေ့လမ်းဖွင့် နောက်နေ့ပြန်ဖာရတဲ့ နိုင်ငံ

ကျနော်ချစ်တဲ့ နိုင်ငံ
အပွင့်မရှိ အရွက်မရှိ
ကိုင်းခြောက်ဖြစ်တော့မဲ့ နိုင်ငံ

လူငယ်တွေ စနစ်တကျဖျက်စီးခံထားရတဲ့နိုင်ငံ
အတွေးအခေါ်တွေ ရိုက်ချိုးခံထားရတဲ့နိုင်ငံ

၂၀၁၅ ထဲရောက်လာတဲ့ နိုင်ငံ
သားရဲတွင်းထဲ ရောက်နေတဲ့ နိုင်ငံ
ထောင်ချောက်ပေါင်းစုံနဲ့ နိုင်ငံ
ဘာမဆိုဖြစ်လာနိုင်တဲ့ နိုင်ငံ
ဘာမဆိုဖြစ်သွားနိုင်တဲ့ နိုင်ငံ

ပြည်သူတိုင်း အသိရှိဖို့လိုအပ်လာတဲ့နိုင်ငံ
ပြည်သူအားလုံး စည်းလုံးဖို့လိုအပ်လာတဲ့နိုင်ငံ
. . . နိုင်ငံ
. . . . . နိုင်ငံ ...
. . . . . . . . . ကျနော်တို့ချစ်တဲ့ မြန်မာနိုင်ငံ . . . . . ။ ။


Ulay Kyi ( ကိုလင်း )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။