မေးခွန်းပုံစံများ ဦးနှောက်စားကြည့်ဖို့ (၁)
.......................... ..................
အဓိကအားဖြင့် လေ့လာသူအသစ်လေးများ ရှုပ်ထွေးေ၀၀ါးနေတတ်တာများကို ကူညီရှင်းလင်းလို၍ တင်ဆက်လိုက်ခြင်းသာဖြစ်ပါတယ်
.. အဓိက ရှုပ်ထွေးတတ်တာက Subject ကိုမေးတာလား Object ကို မေးတာလား
မသဲကွဲတာပါဘဲ ။ အဲဒီအချက်ကို ၀ါကျတည်ဆောက်ပုံလေးတွေ ပြောပြရင်းနဲ့
ဆက်စပ်မှု ရှိတာလေးတွေကိုပါ စုပေါင်းပြီး တင်ပြသွားပါရစေ ..
..
1. Subject questions
.......................... ....
ရိုးရိုး အဟုတ်ဝါကျ လေးတွေကိုရေးကြည့်ပြီးမှ မေးခွန်းဝါကျလေးတွေ ပြောင်းကြည့်ပါမယ် ၊ စတင်လေ့ကျင့်တဲ့အချိန်မှာ အဲဒီနည်းလေးကကောင်းပါတယ် ၊ အလေ့အကျင့် အတော်အသင့် ရသွားတဲ့အခါမှာတော့ မေးခွန်းဝါကျကိုတန်းပြီး တည်ဆောက်နိုင်မှာဖြစ်ပါတယ် .. အခုရှင်းလင်းချက်တွေမှာ ဘာသာပြန်တဲ့အခါ ၀ါကျတည်ဆောက်ပုံတွေကို နားလည်ဖို့ ဦးစားပေးတဲ့ ပုံစံကို သုံးပါမယ် ။ စာသား ချောမွေ့မှုကို ဦးစားပေးမထားပါဘူး ..
.
(1.1) I love you. ကျနော်က ခင်ဗျားကို ချစ်ပါတယ် ..
Who loves you? ဘယ်သူက ခင်ဗျားကို ချစ်တာလဲ
~ I ဟာ လူပုဂ္ဂိုလ်ဖြစ်တဲ့အတွက် I နေရာ who ပြောင်းပြီး မူလ၀ါကျ အစဉ်အတိုင်း ပြန်ရေးရပါမယ်
~ Sub နဲ့ verb ကို တစ်ခုကိန်း အများကိန်း (အနည်းအများ) ညီအောင် ညှိပေးရပါမယ် .. အခု ဒီဝါကျမှာ ချစ်တဲ့သူ ဘယ်သူဆိုတာ တစ်ယောက်တည်းအဖြစ်နဲ့ မေးလိုတဲ့အတွက် Sub နေရာဝင်လိုက်တဲ့ who ဟာ တစ်ခုကိန်းဖြစ်သွားပါတယ် ဒါကြောင့် ညီမျှဖို့အတွက် verb ကို s ပေါင်းပြီး တစ်ခုကိန်းနဲ့ ညှိလိုက်တဲ့အခါ loves ဖြစ်သွားပါတယ်
~ တကယ်လို့ who ကို ဘယ်သူတွေက ..လို့ အများပုံစံဖြစ်စေလိုလျှင် နောက်က ကြိယာကို အများပုံစံရေးရပါမယ် ..ဒီလိုဖြစ်သွားပါမယ်
Who love you? ဘယ်သူ ”တွေ” က ခင်ဗျားကို ချစ်တာလဲ
.
(1.2) A car accident happened yesterday. ကားတိုက်မှုတစ်ခု မနေ့တုနုးက ဖြစ်ခဲ့တယ်
What happened yesterday? ဘာက မနေ့တုန်းက ဖြစ်ခဲ့ပါသလဲ (မနေ့တုန်းက ဘာဖြစ်ခဲ့ပါသလဲ)
~ လူမဟုတ်သော အရာဝတ္ထု ၊ အဖြစ်အပျက်များအတွက် Sub နေရာမှာ What ကို အစားထိုးပြီး မူလ အစဉ်အတိုင်း ပြန်ရေးရမှာဖြစ်ပါတယ်
~ အခုဝါကျဟာ past tense ဖြစ်နေတဲ့အတွက် ကြိယာကို ပြောင်းလဲဖို့ မလိုတော့တာဖြစ်ပါတယ်
..
မှတ်ဖို့က .. Subject question မှာ
Subject ဟာ လူဆိုလျှင် who ၊ လူမဟုတ်လျှင် what ပြောင်းရပါမယ်
Sub နဲ့ verb နဲ့ ညီအောင်ညှိရပါမယ်
Subject + Verb အစဉ်အတိုင်း ဖြစ်ပါတယ်
..
ကြိယာကို be+adj, V-be, Linking verb များနဲ့ ဖွဲ့ထားတဲ့ ၀ါကျများမှာလည်း ပုံစံအတူတူပဲ ဖြစ်ပါတယ်
..
(1.3) Ko Win Naing Oo is nice. (be+adj complement) ကိုဝင်းနိုင်ဦးက သဘောကောင်းတယ်
Who is nice? ဘယ်သူက သဘောကောင်းတာလဲ
.
(1.4) He is a learner. (be + noun complement) သူက လေ့လာသူတစ်ယောက်ပါ
Who is a doctor? ဘယ်သူက လေ့လာသူတစ်ယောက် ပါလဲ
.
(1.5) She is feeling sleepy. ( link verb + adj ) သူမ အိပ်ချင်နေတယ်
Who is feeling sleepy? ဘယ်သူက အိပ်ချင်နေတာလဲ
.
(1.6) She became president. (link verb + noun) သူမက သမတ ဖြစ်လာခဲ့ပါတယ်
Who became president? ဘယ်သူက သမတ ဖြစ်လာခဲ့ပါသလဲ
......
(1.7) I am here. (be + adv) ကျနော်က ဒီမှာပါ
Who is here? ဘယ်သူက ဒီမှာရှိတာလဲ
( is က တည်ရှိသည် exist ဆိုတဲ့ သဘောဖြစ်ပါတယ် )
..
Passive voice ၀ါကျတွေမှာလည်း Subject question အတိုင်းပဲဖြစ်ပါတယ်
..
(1.8) KWNO is being followed by a Korean girl. ကိုဝင်းနိုင်ဦးကို..ကိုရီး ယား ကောင်မလေး တစ်ယောက်က နောက်ကလိုက်နေတယ်
Who is being followed by a Korean girl. ဘယ်သူ့ကို ကိုရီးယား ကောင်မလေး တစ်ယောက်က နောက်ကလိုက်နေတာပါလဲ
...
ဒီဝါကျမှာ KWNO ဟာ လိုက်ခြင်းကို ခံနေရပါလျှက် Sub question ဖြစ်နေပါတယ် .. ဘာကြောင့်ပါလဲ ၊ အရင်က မိတ်ဆက်တင်ပြပေးဖူးတဲ့ subject ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံလေးတစ်ခုကို ထပ်ပြီးတင်ပြရင်း ခြုံငုံရှင်းလင်းလိုပါတယ် ..
.
(1) Subject ဟာပြုလုပ်သူဖြစ်တယ် .. (ဒါကသိကြပြီးဖြစ်တယ်)
(2) Subject ဟာ သူ့အကြောင်းပြောခြင်းခံရသြူ ဖစ်တယ် (ဒါက မသိသေးလျှင် ထပ်ပြီးမှတ်ဖို့ဖြစ်ပါတယ်)
.
အထက်မှာရေးခဲ့တဲ့ နမူနာဝါကျတွေကိုကြည့်ပါ ..
Sub ဟာ ပြုလုပ်သူဖြစ်တယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ (1.1) ကလွဲလျှင် ကျန်ဝါကျတွေအတွက် မကိုက်ညီပါဘူး ၊ ကြိယာဟာ ပြုလုပ်ခြင်းကိုပြတဲ့ action verb မဟုတ်လျှင် ဒီသတ်မှတ်ချက်ဟာ မလုံလောက်တော့ပါဘူး
.
Sub ဟာ သူ့အကြောင်းပြောခြင်းခံရသြူ ဖစ်တယ်...လို့ သတ်မှတ်လျှင် အားလုံးနဲ့ ကိုက်ညီပါတယ်
.
Passive voice ၀ါကျဖြစ်တဲ့ (1.8) ကို ပြန်ကြည့်လျှင် ၀ါကျဟာ ကိုဝင်းနိုင်ဦးအကြောင်းကို ပြောထားတာဖြစ်ပါတယ် ..ဒါကြောင့် KWNO ဟာ Subject ဖြစ်ပါတယ် ။
.
ဒါဆို ပြုလုပ်သူ (နောက်ကလိုက်နေသူ) a Korean girl ကရော Sub မဟုတ်ဘူးလား ၊ မေးစရာရှိလာပါတယ် ။
သူ့ကိုတော့ သဒ္ဒါဆရာတွေက agent လို့ ခေါ်ပါတယ် ၊ by ပေါင်းပြီး သုံးလေ့ရှိတာကြောင့် by agent လို့လည်း ခေါ်တတ်ပါတယ် ။ Subject မဟုတ်ပါဘူး ။
.
grammar ဆရာတွေက active voice နဲ့ passive voice ကို ခွဲခြားသုံးရာမှာ
Subject သည် ပြုလုပ်သူ (doer, agent) ဖြစ်သော် Active voice နဲ့ ရေးမယ်
Subject သည် ခံရသူ (patient, recipient) ဖြစ်သော် passive voice နဲ့ ရေးမယ် ..ဒီလိုခွဲခြားပါတယ် ။
.
နောက်တစ်ခုထပ်ကြည့်ပါ causative passive sentence တစ်ခုပါ
(1.9) I have my camera fixed by a technician. ကျနော်က ကျနော့်ကင်မရာကို ကျွမ်းကျင်သူ တစ်ယောက်နဲ့ ပြင်ခဲ့ပါတယ်
Who have my camera fixed by a technician? ဘယ်သူက ကျနော့်ကင်မရာကို ကျွမ်းကျင်သူ တစ်ယောက်နဲ့ ပြင်ခဲ့ပါသလဲ
.
I ဟာပြုလုပ်သူ(ပြင်သူ) မဟုတ်ပါဘူး ၊ စီစဉ်သူသာဖြစ်ပါတယ် ။ ဒါပေမယ့် I ဘာလုပ်တယ်ဆိုတာ ပြောပြနေတဲ့အတွက် I ဟာ Subject ဖြစ်ပြီး ၊ ပြုလုပ်သူ (ပြင်သူ) a technician က agent ဖြစ်ပါတယ် ။ agent ကို သတ်မှတ်ပုံခြင်း တူနေတာကို တွေ့ရပါမယ် ။
..
ဒါကြောင့် Sub သည် ပြုလုပ်သူ ၊ ခံရသူ ၊ စီစဉ်သူ ၊ တည်ရှိသူ ၊ တစ်ခုခုဖြစ်သူ..စသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်နေပြီးတော့ တကယ်တော့ သူ့အကြောင်း ပြောခြင်းခံရသူသာ ဖြစ်နေပါတော့တယ်..
.
ဒါတွေရလိုက်ပြီလား
Sub question တည်ဆောက်ပုံအကြောင်း
ဝါကျပုံစံတွေအကြောင်း
Sub ရဲ့ အဓိပ္ပါယ် အမျိုးမျိုး
active, passive ကွဲပြားပုံ
agent နဲ့ Sub သည် ဘယ်ဝါကျတွေမှာတူပြီး ဘယ်ဝါကျတွေမှာကွဲမလဲ ..စသည်ဖြင့်
..
ဆက်ပြီးတော့ Object question .. အဲဒီအထဲမှာပါဝင်နေတဲ့ adverb question တွေအကြောင်း ရေးပါမယ် ၊ ပြီးလျှင် နီးစပ်ပြီး ရှုပ်ထွေးတတ်တဲ့ မေးခွန်းလေးတွေကို ခွဲခြားရှင်းလင်းပါမယ် ။ အားလုံးပြီးဆုံးသွာလျှင် အစအဆုံး ပေါင်းပြီး ပြန်တင်ပေးပါမယ် ..အခုတော့ များသွားလို့ ခဏရပ်ပါဦးမယ် ။ သဘောတရားလေးတွေကို ရအောင်ယူစေချင်ပါတယ် .. နောက်ဆက်သွားရမယ့် အတက်လမ်းခရီးမှာ အလျဉ်နှုန်းပိုမြန်သွားမှာ သေချာလို့ပါ .. form ကိုပဲ မှတ်နေလျှင် မဆုံးတော့ပါဘူး ၊ သဘောတရားကကျတော့ အဆက်အစပ်မိသွားလျှင် တစ်ခုနဲ့တစ်ခု အခြခံတွေ တူနေတာကို တွေ့ရပါလိမ့်မယ် .. ဘာသာစကားဆိုတာ ပုံသေနည်းတွေချည့်ပဲ ကျက်နေဖို့မဟုတ်ဘဲ သူ့သဘောသဘာဝကိုလည်း မိအောင်ဖမ်းဖို့ လိုအပ်ပါတယ်လို့ အကြံပြုရင်း..
.
မေတ္တာဖြင့်
..........................
အဓိကအားဖြင့် လေ့လာသူအသစ်လေးများ ရှုပ်ထွေးေ၀၀ါးနေတတ်တာများက
..
1. Subject questions
..........................
ရိုးရိုး အဟုတ်ဝါကျ လေးတွေကိုရေးကြည့်ပြီးမှ မေးခွန်းဝါကျလေးတွေ ပြောင်းကြည့်ပါမယ် ၊ စတင်လေ့ကျင့်တဲ့အချိန်မှာ အဲဒီနည်းလေးကကောင်းပါတယ် ၊ အလေ့အကျင့် အတော်အသင့် ရသွားတဲ့အခါမှာတော့ မေးခွန်းဝါကျကိုတန်းပြီး တည်ဆောက်နိုင်မှာဖြစ်ပါတယ် .. အခုရှင်းလင်းချက်တွေမှာ ဘာသာပြန်တဲ့အခါ ၀ါကျတည်ဆောက်ပုံတွေကို နားလည်ဖို့ ဦးစားပေးတဲ့ ပုံစံကို သုံးပါမယ် ။ စာသား ချောမွေ့မှုကို ဦးစားပေးမထားပါဘူး ..
.
(1.1) I love you. ကျနော်က ခင်ဗျားကို ချစ်ပါတယ် ..
Who loves you? ဘယ်သူက ခင်ဗျားကို ချစ်တာလဲ
~ I ဟာ လူပုဂ္ဂိုလ်ဖြစ်တဲ့အတွက် I နေရာ who ပြောင်းပြီး မူလ၀ါကျ အစဉ်အတိုင်း ပြန်ရေးရပါမယ်
~ Sub နဲ့ verb ကို တစ်ခုကိန်း အများကိန်း (အနည်းအများ) ညီအောင် ညှိပေးရပါမယ် .. အခု ဒီဝါကျမှာ ချစ်တဲ့သူ ဘယ်သူဆိုတာ တစ်ယောက်တည်းအဖြစ်နဲ့ မေးလိုတဲ့အတွက် Sub နေရာဝင်လိုက်တဲ့ who ဟာ တစ်ခုကိန်းဖြစ်သွားပါတယ် ဒါကြောင့် ညီမျှဖို့အတွက် verb ကို s ပေါင်းပြီး တစ်ခုကိန်းနဲ့ ညှိလိုက်တဲ့အခါ loves ဖြစ်သွားပါတယ်
~ တကယ်လို့ who ကို ဘယ်သူတွေက ..လို့ အများပုံစံဖြစ်စေလိုလျှင် နောက်က ကြိယာကို အများပုံစံရေးရပါမယ် ..ဒီလိုဖြစ်သွားပါမယ်
Who love you? ဘယ်သူ ”တွေ” က ခင်ဗျားကို ချစ်တာလဲ
.
(1.2) A car accident happened yesterday. ကားတိုက်မှုတစ်ခု မနေ့တုနုးက ဖြစ်ခဲ့တယ်
What happened yesterday? ဘာက မနေ့တုန်းက ဖြစ်ခဲ့ပါသလဲ (မနေ့တုန်းက ဘာဖြစ်ခဲ့ပါသလဲ)
~ လူမဟုတ်သော အရာဝတ္ထု ၊ အဖြစ်အပျက်များအတွက် Sub နေရာမှာ What ကို အစားထိုးပြီး မူလ အစဉ်အတိုင်း ပြန်ရေးရမှာဖြစ်ပါတယ်
~ အခုဝါကျဟာ past tense ဖြစ်နေတဲ့အတွက် ကြိယာကို ပြောင်းလဲဖို့ မလိုတော့တာဖြစ်ပါတယ်
..
မှတ်ဖို့က .. Subject question မှာ
Subject ဟာ လူဆိုလျှင် who ၊ လူမဟုတ်လျှင် what ပြောင်းရပါမယ်
Sub နဲ့ verb နဲ့ ညီအောင်ညှိရပါမယ်
Subject + Verb အစဉ်အတိုင်း ဖြစ်ပါတယ်
..
ကြိယာကို be+adj, V-be, Linking verb များနဲ့ ဖွဲ့ထားတဲ့ ၀ါကျများမှာလည်း ပုံစံအတူတူပဲ ဖြစ်ပါတယ်
..
(1.3) Ko Win Naing Oo is nice. (be+adj complement) ကိုဝင်းနိုင်ဦးက သဘောကောင်းတယ်
Who is nice? ဘယ်သူက သဘောကောင်းတာလဲ
.
(1.4) He is a learner. (be + noun complement) သူက လေ့လာသူတစ်ယောက်ပါ
Who is a doctor? ဘယ်သူက လေ့လာသူတစ်ယောက် ပါလဲ
.
(1.5) She is feeling sleepy. ( link verb + adj ) သူမ အိပ်ချင်နေတယ်
Who is feeling sleepy? ဘယ်သူက အိပ်ချင်နေတာလဲ
.
(1.6) She became president. (link verb + noun) သူမက သမတ ဖြစ်လာခဲ့ပါတယ်
Who became president? ဘယ်သူက သမတ ဖြစ်လာခဲ့ပါသလဲ
......
(1.7) I am here. (be + adv) ကျနော်က ဒီမှာပါ
Who is here? ဘယ်သူက ဒီမှာရှိတာလဲ
( is က တည်ရှိသည် exist ဆိုတဲ့ သဘောဖြစ်ပါတယ် )
..
Passive voice ၀ါကျတွေမှာလည်း Subject question အတိုင်းပဲဖြစ်ပါတယ်
..
(1.8) KWNO is being followed by a Korean girl. ကိုဝင်းနိုင်ဦးကို..ကိုရီး
Who is being followed by a Korean girl. ဘယ်သူ့ကို ကိုရီးယား ကောင်မလေး တစ်ယောက်က နောက်ကလိုက်နေတာပါလဲ
...
ဒီဝါကျမှာ KWNO ဟာ လိုက်ခြင်းကို ခံနေရပါလျှက် Sub question ဖြစ်နေပါတယ် .. ဘာကြောင့်ပါလဲ ၊ အရင်က မိတ်ဆက်တင်ပြပေးဖူးတဲ့ subject ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံလေးတစ်ခ
.
(1) Subject ဟာပြုလုပ်သူဖြစ်တယ် .. (ဒါကသိကြပြီးဖြစ်တယ်)
(2) Subject ဟာ သူ့အကြောင်းပြောခြင်းခံရသြူ
.
အထက်မှာရေးခဲ့တဲ့ နမူနာဝါကျတွေကိုကြည့်ပါ ..
Sub ဟာ ပြုလုပ်သူဖြစ်တယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ (1.1) ကလွဲလျှင် ကျန်ဝါကျတွေအတွက် မကိုက်ညီပါဘူး ၊ ကြိယာဟာ ပြုလုပ်ခြင်းကိုပြတဲ့ action verb မဟုတ်လျှင် ဒီသတ်မှတ်ချက်ဟာ မလုံလောက်တော့ပါဘူး
.
Sub ဟာ သူ့အကြောင်းပြောခြင်းခံရသြူ
.
Passive voice ၀ါကျဖြစ်တဲ့ (1.8) ကို ပြန်ကြည့်လျှင် ၀ါကျဟာ ကိုဝင်းနိုင်ဦးအကြောင်းကို
.
ဒါဆို ပြုလုပ်သူ (နောက်ကလိုက်နေသူ) a Korean girl ကရော Sub မဟုတ်ဘူးလား ၊ မေးစရာရှိလာပါတယ် ။
သူ့ကိုတော့ သဒ္ဒါဆရာတွေက agent လို့ ခေါ်ပါတယ် ၊ by ပေါင်းပြီး သုံးလေ့ရှိတာကြောင့် by agent လို့လည်း ခေါ်တတ်ပါတယ် ။ Subject မဟုတ်ပါဘူး ။
.
grammar ဆရာတွေက active voice နဲ့ passive voice ကို ခွဲခြားသုံးရာမှာ
Subject သည် ပြုလုပ်သူ (doer, agent) ဖြစ်သော် Active voice နဲ့ ရေးမယ်
Subject သည် ခံရသူ (patient, recipient) ဖြစ်သော် passive voice နဲ့ ရေးမယ် ..ဒီလိုခွဲခြားပါတယ် ။
.
နောက်တစ်ခုထပ်ကြည့်ပါ causative passive sentence တစ်ခုပါ
(1.9) I have my camera fixed by a technician. ကျနော်က ကျနော့်ကင်မရာကို ကျွမ်းကျင်သူ တစ်ယောက်နဲ့ ပြင်ခဲ့ပါတယ်
Who have my camera fixed by a technician? ဘယ်သူက ကျနော့်ကင်မရာကို ကျွမ်းကျင်သူ တစ်ယောက်နဲ့ ပြင်ခဲ့ပါသလဲ
.
I ဟာပြုလုပ်သူ(ပြင်သူ) မဟုတ်ပါဘူး ၊ စီစဉ်သူသာဖြစ်ပါတယ် ။ ဒါပေမယ့် I ဘာလုပ်တယ်ဆိုတာ ပြောပြနေတဲ့အတွက် I ဟာ Subject ဖြစ်ပြီး ၊ ပြုလုပ်သူ (ပြင်သူ) a technician က agent ဖြစ်ပါတယ် ။ agent ကို သတ်မှတ်ပုံခြင်း တူနေတာကို တွေ့ရပါမယ် ။
..
ဒါကြောင့် Sub သည် ပြုလုပ်သူ ၊ ခံရသူ ၊ စီစဉ်သူ ၊ တည်ရှိသူ ၊ တစ်ခုခုဖြစ်သူ..စသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်နေပြီးတော့ တကယ်တော့ သူ့အကြောင်း ပြောခြင်းခံရသူသာ ဖြစ်နေပါတော့တယ်..
.
ဒါတွေရလိုက်ပြီလား
Sub question တည်ဆောက်ပုံအကြောင်း
ဝါကျပုံစံတွေအကြောင်း
Sub ရဲ့ အဓိပ္ပါယ် အမျိုးမျိုး
active, passive ကွဲပြားပုံ
agent နဲ့ Sub သည် ဘယ်ဝါကျတွေမှာတူပြီး ဘယ်ဝါကျတွေမှာကွဲမလဲ ..စသည်ဖြင့်
..
ဆက်ပြီးတော့ Object question .. အဲဒီအထဲမှာပါဝင်နေတဲ့ adverb question တွေအကြောင်း ရေးပါမယ် ၊ ပြီးလျှင် နီးစပ်ပြီး ရှုပ်ထွေးတတ်တဲ့ မေးခွန်းလေးတွေကို ခွဲခြားရှင်းလင်းပါမယ် ။ အားလုံးပြီးဆုံးသွာလျှင် အစအဆုံး ပေါင်းပြီး ပြန်တင်ပေးပါမယ် ..အခုတော့ များသွားလို့ ခဏရပ်ပါဦးမယ် ။ သဘောတရားလေးတွေကို ရအောင်ယူစေချင်ပါတယ် .. နောက်ဆက်သွားရမယ့် အတက်လမ်းခရီးမှာ အလျဉ်နှုန်းပိုမြန်သွားမှာ သေချာလို့ပါ .. form ကိုပဲ မှတ်နေလျှင် မဆုံးတော့ပါဘူး ၊ သဘောတရားကကျတော့ အဆက်အစပ်မိသွားလျှင် တစ်ခုနဲ့တစ်ခု အခြခံတွေ တူနေတာကို တွေ့ရပါလိမ့်မယ် .. ဘာသာစကားဆိုတာ ပုံသေနည်းတွေချည့်ပဲ ကျက်နေဖို့မဟုတ်ဘဲ သူ့သဘောသဘာဝကိုလည်း မိအောင်ဖမ်းဖို့ လိုအပ်ပါတယ်လို့ အကြံပြုရင်း..
.
မေတ္တာဖြင့်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။