အာကာသ နှင့် စကြ၀ဠာ added 4 new photos.
တခါတုန်းက သီးပင် စားပင် တွေ ပေါကြွယ်ဝပြီး အေးချမ်းလှပတဲ့ ကျွန်းလေးတစ်ကျွန်း ရှိပါတယ်..။ တစ်နေ့တော့.. အဲ့ဒီ့ကျွန်းလေးပေါ်ကို သင်္ဘောနဲ့ ခရီးသွားလာကြတဲ့ ကုန်သည် မိသားစုတွေ မုန်တိုင်းမိ..သင်္ဘောပျက်ရင်း.. ကမ်းကို ရောက်လာကြတယ်..။
ကုန်သည်တွေထဲမှာ ဥာဏ်အမျှော်အမြင်ရှိတဲ့ ကုန်သည်ခေါင်းဆောင် တစ်ဦး နဲ့ အသိဥာဏ် နည်းပါးတဲ့ ကုန်သည်ခေါင်းဆောင်တစ်ဦး ပါတယ်။ အမျှော်အမြင်ရှိသော ခေါင်းဆောင်က ကျွန်းပေါ်မှာ နေရာထိုင်ခင်း စနစ်တကျ လုပ်ဆောင်ဖို့ တိုက်တွန်းတယ်..။ မိုက်မဲတဲ့ ခေါင်းဆောင်ကတော့.. ကျွန်းပေါ်မှာ ရှိတဲ့ အသီးအနှံတွေ သယံဇာတတွေကို စိတ်ကြိုက်သုံးစွဲပြီး ကြိုက်သလို နေထိုင်ဖို့ သူ့လူတွေကို တိုက်တွန်းသတဲ့..။
ဒီလိုနဲ့
ကာလအတန်ကြာ နေထိုင်လိုက်တာ... လှပတဲ့ ကျွန်းတစ်ခုလုံးဟာ ရ စရာမရှိအောင်
အမှိုက်သရိုက်.. အညစ်အကြေးများနဲ့ ရွံရှာစရာဖြစ်လာပါတယ်။ ဒါကို
သည်းမခံနိုင်တော့တဲ့ ကျွန်းစောင့်နတ်များဟာ ကျွန်းကို ပင်လယ်ရေနဲ့
ဆေးချဖို့ ဆုံးဖြတ်ခဲ့ကြတယ်..။ ပင်လယ်ရေနဲ့ မဆေးခင် တစ်လလောက်ကတည်းက
ကျွန်းသားတွေကို သတိပေးထားလိုက်တယ်..။ "မကြာခင် ကျွန်းကို ပင်လယ်ရေနဲ့
ဆေးတော့မယ်.. ဘေးလွတ်ရာကို ပြောင်းကြတော့..."
အသိဥာဏ်ရှိတဲ့ ခေါင်းဆောင်ဟာ သူ့ရဲ့ နောက်လိုက်များနဲ့ သင်္ဘောတစ်စီးကို အမြန်တည်ဆောက်ကြတယ်။ မိုက်မဲတဲ့ ခေါင်းဆောင်နဲ့ နောက်လိုက်များကတော့ နဂို နေမြဲအတိုင်း စားသောက် နေထိုင်ကြတယ်..။ ဒီလိုနဲ့ တစ်လပြည့်တော့.. ကျွန်းစောင့်နတ်တွေက ပင်လယ်ရေနဲ့ ကျွန်းကို တဖြည်းဖြည်းချင်း ဆေးချ ပစ်လိုက်တယ်..။ ဒီအခါမှာ ဥာဏ်အမျှော်အမြင်ရှိတဲ့ ခေါင်းဆောင်နဲ့ နောက်လိုက်များဟာ ဘေးကင်းသွားပြီး .. ခေါင်းမာပြီး မိုက်မဲတဲ့ ခေါင်းဆောင်နဲ့ နောက်လိုက်များကတော့.. ပင်လယ်အောက်မှာ နစ်မြုပ် သေဆုံးသွားကြပါတော့တယ်..။
............................................................
၅၅၀ ဇတ်နိပါတ် တော်ထဲက ပုံပြင်လေးတစ်ပုဒ်ဖြစ်ပါတယ်..။ ကျနော်တို့မြန်မာနိုင်ငံဟာလည်း သယံဇာတ အလွန်ပေါကြွယ်ဝတဲ့ လှပတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်..။ နှစ်ပေါင်းများစွာ.. ကျင့်သုံးခဲ့တဲ့ ခေတ်၊ စနစ်အောက်မှာ.. အကျင့်ပျက် ခြစားခြင်း၊ စည်းကမ်းမဲ့ခြင်းတို့ဟာ ပုံပြင်ထဲက ကျွန်းပေါ်က လူတွေလို နေသားကျလျက်ရှိပါတယ်..။
ယခု ပြည်သူတွေလိုလားတဲ့.. အခြေအနေတစ်ခုကို ဖန်တီးကြတဲ့အခါမှာ.. ယခင်ရှိခဲ့ဖူးတဲ့ အကျင့်ပျက်ခြစားခြင်းတွေ၊ စည်းကမ်းမဲ့ခြင်းတွေကို တတ်နိုင်သလောက် လျော့ချစေချင်ပါတယ်..။ တဖြည်းဖြည်းနဲ့ ခြစားမှုတွေ တိုက်ဖျက်လာတဲ့အခါ.. စည်းကမ်းတင်းကျပ်လာတဲ့အခါ... တိုင်းပြည်တိုးတက်ပြောင်းလဲလာတဲ့အခါမှာ... ခေါင်းမာပြီး ဆက်လက် မိုက်မဲနေသူများအတွက်..သွားရာလမ်းဟာ တစ်လမ်းသာ ရှိပါတော့တယ်..။
ပညာအင်အားနဲ့ အနာဂတ် တိုင်းပြည်ကို အလှဆုံးကျွန်းတစ်ခု ဖြစ်အောင် တည်ဆောက်နိုင်ကြပါစေ..။
အနာဂတ် လူငယ်များအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။