Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, February 2, 2016

မြန်မာ့လွတ်လပ်ရေး ဘာကြောင့်ဆုံးရှုံးခဲ့ရသလဲ

မြန်မာ့လွတ်လပ်ရေး ဘာကြောင့်ဆုံးရှုံးခဲ့ရသလဲ
~~~~~~~~~~~~~~~~~~~~~~~~
သမိုင်း ပို့ချချက်တွေမှာ ဒေါက်တာသန်းထွန်းမေးလေ့ရှိတဲ့မေးခွန်းတစ်ပုဒ်ဖြစ်တယ်လို့ ဦးဝင်းမောင်သမိုင်းကဆိုတယ်။

အင်္ဂလိပ်နေမ၀င်အင်ပါယာက မြန်မာပြည်ကို ကျူးကျော်စစ်သုံးကြိမ်နဲ့အပြီးအပိုင်သိမ်းပိုက်ခဲ့တယ်။၁၈၂၄မှာ တိုက်ပြီး ၁၈၂၆မှာ ရန္တပိုစာချုပ်နဲ့ရခိုင်နဲ့တနသာင်္ရီကိုသိမ်းတယ်။ဒီဒေသ၂ခုကိုသိမ်းယူလိုက်တဲ့အတွက် ပင်လယ်ထွက်ပေါက်ဟာ မြစ်ဝကျွန်းပေါ်ဒေသပဲကျန်တယ်။ဒီဒေသကိုလည်း ၁၈၅၂ခုနှစ် ဒုတိအကြိမ်တိုက်ပြီး သိမ်းလိုက်တဲ့အတွက် မြန်မာ့ပင်လယ်ထွက်ပေါက်ပိတ်သွားခဲ့ပါတယ်။မြန်မာတွေပင်လယ်ရပ်ခြားနိုင်ငံတွေနဲ့အဆက်အသွယ်မလုပ်နိုင်အောင် ၀န်းရံပိတ်ဆို့တာပဲဖြစ်တယ်။ဥရောပနိုင်ငံတွေနဲ့အဆက်အသွယ်လုပ်မယ်ဆိုရင် အင်္ဂလိပ်ပိုင်နက်အောက်မြန်မာပြည်ကို ဖြတ်ကျော်ပြီးမှ ဆက်သွယ်ရမှာဖြစ်တဲ့အတွက် မလွယ်တော့ဘူး။၁၈၈၅ နိုဝင်ဘာလ၂၈ရက်နေ့မှာတော့ တတိယအကြိမ်ချီတက်လာပြီး သီပေါနဲ့မိဖုရားကိုဖမ်းပြီးအိန္ဒိယပို့လိုက်တယ်။၁၈၈၆ ဇန်န၀ါရီ ၁ရက်နေ့မှာတော့ ပဒေသရာဇ်မြန်မာနိုင်ငံဟာ အင်္ဂလိပ်အင်ပါယာလက်အောက်ေ၇ာက်သွားတဲ့အပြင် နိုင်ငံအဖြစ်ရပ်တည်ခွင့်မရှိတော့ဘဲ ပြည်နယ်တစ်ခုအဖြစ် အဲ့ဒီပြည်နယ်ကလည်း အခြားသောတိုင်းပြည်တစ်ခုရဲ့ လက်အောက်ခံပြည်နယ်အဆင့်နဲ့အရှက်တကွဲအကျိုးနည်းသိမ်းပိုက်ခံခဲ့ရတယ်။

မြန်မာလွတ်လပ်ရေးဆုံးရှုံးရတာနဲ့ပက်သက်လို့ တရားခံဘယ်သူလဲဆိုတာ အမျိုးမျိုးပြောကြဆိုကြတယ်။တစ်ချို့က သီပေါညံ့ဖျင်းမှု့ ကြောင့်။တစ်ချို့က စုဖုရားလတ်ဝင်မွေလို့။တစ်ချို့က စစ်လိုလားတဲ့တိုင်းတာမင်းကြီးအုပ်စုနဲ့ စစ်မလိုလားတဲ့ ကင်းဝန်အုပ်စု ဂိုဏ်းကွဲလို့ စသဖြင့် အမျိုးမျိုးလက်ညိုးထိုးပြကြတယ်။တစ်ချို့ကလည်း ဦးကောင်းကိုအပြစ်ပုံချတယ်။

တကယ်တော့ဖော်ပြပါစွပ်စွဲမှု့ တွေဟာ သာမန်အကြောင်းတရားတွေဖြစ်ပါတယ်။အခြေခံအကျဆုံး အရင်းအမြစ်နဲ့အကြောင်းအချက်ကတော့ အလောင်းမင်းတရားကုန်းဘောင်မင်းဆက်ကို စတင်ထူထောင်ကတည်းကပျက်ဖို့ သန္ဓေမျိုးစေ့တည်ခဲ့ပြီဖြစ်ပါတယ်။တတိယမြန်မာနိုင်ငံတော်ကိုထူထောင်တဲ့အလောင်းမင်းရဲ့ စည်းရုံးရေးက ပဒေသရာဇ်စည်းရုံးရေးဖြစ်ပါတယ်။စစ်ရေးနဲ့စည်းရုံးတာ၊စစ်ရေးနဲ့တိုက်ခိုက်သိမ်းသွင်းတာ။အလောင်းမင်းဟာ စစ်ရေးမှာ ဘုရင့်နောင်နည်းတူ အောင်မြင်ပါတယ်။သို့သော် နိုင်ငံပြု မင်း မဟုတ်ပါ။နိုင်ငံပြု ပုဂ္ဂိုလ်အနေနဲ့မအောင်မြင်ဘူးလို့ဆိုရမှာဖြစ်ပါတယ်။ကုန်းဘောင်မင်းဆက်အထွတ်အထိပ်ရောက်တဲ့ကာလ ဗဒုံမင်း(1781_1819)လက်ထက်မှာတင် အဖျက်ပိုးဝင်လာနေပြီးဖြစ်ပါတယ်။သို့ဆိုရင် အဖျက်မျိုးစေ့ကဘာလဲ။
*** အဖျက်မျိုးစေ့ဟာ ပဒေသရာဇ် စနစ်ပဲ***

၁။ ဘုရင်ကမိုးကောင်းကင်နဲ့ မြေပထီထဲရှိရှိသမျှ အရာအားလုံးကို ဟုတ်သည်ရှိမဟုတ်သည်ရှိ ပိုင်ဆိုင်တယ်။သက်ဦးဆံပိုင်။အချုပ်အခြာအာဏာပိုင်။ဘုရင့်အာဏာနဲ့ထိန်းချုပ်ထားတဲ့ဥပဒေတို့၊အဖွဲ့စည်းတို့၊ဘာမှမရှိပါ။အစဉ်အလာထိန်းကျောင်းပေးတဲ့ မင်းကျင့်တရား၁၀ပါးဆိုတာတွေ၊အပရိဟာနိယ တရား၇ပါးဆိုတာမျိုးတွေ၊နယကဂုဏ်၆ပါး စသည့်စည်းကမ်းချက်စာအုပ်ဟောင်းတွေရှိပါသော်လည်း ဘုရင်ကမလိုက်နာရင် ဘာမှလုပ်မရဘဲထိုင်ကြည့်နေရုံပဲတတ်နိုင်တယ်။လွှတ်တော်ဆိုတာမျိုးရှိတယ်။ဒါပေမဲ့ လွှတ်တော်ကလည်း ဆင်းရဲသားပြည်သူလူထုအတွက်မဟုတ်ဘူး။ဥရောပက ပါလီမာန်သဘောမဟုတ်ဘူး။စကားလုံးတူတာကလွဲပြီးကျန်တာဘာမတူဘူး။ဘုရင့်ရဲ့ နှုတ်ထွက်စကားကို မမှိတ်မသုန် နာခံမှတ်သားပြီး အမိန့်တော်အဖြစ်ထုတ်ပြန်ပေးရတဲ့လွှတ်တော်ခေါ် ဘုရင့်အလိုကျအဖွဲ့စည်းတစ်ခုသာဖြစ်တယ်။ပဒေသရာဇ်နိုင်ငံရေးဆိုတာ အရင်လည်းပြောခဲ့ဖူးသလို နန်းတွင်းရေးပဲဖြစ်တယ်။တနည်းအားဖြင့်ပြောရရင် ဘုရင်ဖြစ်ချင်တာ၊လုပ်ချင်တာကို လုပ်ပေးရတဲ့ ဘုရင်ခိုင်းဖို့၊ဘုရင့်အလိုကျအမှု့ တော်ကိုထမ်းဆောင်တဲ့အဖွဲ့စည်း၊အဲ့ဒီအဖွဲ့စည်းမှာလည်း ပြည်သူမပါပဲ ဘုရင့်ဘေးနားက သူတွေကပဲကြီးစိုးထားတာဖြစ်တယ်။

၂။တိုင်းပြည်တစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အင်အားတောင့်တင်းတဲ့လူလတ်တန်းစားအားကောင်းဖို့လိုတယ်လို့ပညာရှင်တွေကဆိုတယ်။လူလတ်တန်းစားက နိုင်ငံရဲ့ စီးပွားရေး၊လူမှု့ ရေး၊ယဉ်ကျေးမှု့ စတာတွေကို မောင်းနှင်တဲ့မောင်းနှင်အားဖြစ်တယ်။မြန်မာပဒေသရာဇ်စနစ်မှာ လူလတ်တန်းစားရယ်လို့ ထင်ထင်ရှားရှား မရှိပါ။ဘုရင်ကအထူးအခွင့်ရေးတွေပေးပြီး သူကောင်းပြု ထားတဲ့ချမ်းသာကြွယ်ဝသူတွေတော့ရှိပါတယ်။သူတို့ကိုသူဌေးဘွဲ့ပေးထားတယ်။များများစားစားမရှိဘဲ လက်ချိုးရေတွက်လို့ရတဲ့အနည်းစုဖြစ်တယ်။တကယ်တော့ဒါဟာ ဘုရင့်လက်ဝေခံနဲ့ဘုရင်အခွင့်ထူးခံသက်သက်ပဲ။ဥရောပမှာ ၁၂ရာစုနှစ်ကုန်သွယ်မှု့ ထွန်းကားလာပြီး လူလတ်တန်းစားတွေပေါ်လာတယ်။၁၅ရာစုမှာအင်အားကြီးလာတယ်။၁၇ရာစုမှာဘူဇွာတော်လှန်ရေးဦးဆောင်ဆင်နွှဲကြတော့တာပါပဲ။သို့သော် မြန်မာ့လူ့အဖွဲ့စည်းမှာကျတော့ ၁၉ရာစုနှစ်ကုန်တဲ့အထိ လူလတ်တန်းစား ၇ယ်လို့ ထင်ထင်ရှားရှား မရှိသေးဘူး။ပဒေသရာဇ်စီးပွားရေးပဲ။

၃။မြန်မာပဒေသရာဇ်စနစ်မှာ ထီးနန်းဆက်ခံရေးနဲ့ပက်သက်ပြီး စည်းမျဉ်းဥပဒေသတ်သတ်မှတ်မှတ်မရှိဘူး။ရှင်ဘုရင်ဖြစ်ဖို့ မျိုးဆက်အရဆက်ခံခွင့်၊စစ်နိုင်ပြီးဘုရင်ဖြစ်ခွင့်၊ဘုရင်ကိုသတ်ရင်ဘုရင်ဖြစ်တဲ့ထုံးစံ စတဲ့နည်းတွေပဲရှိတယ်။မျိုးဆက်အရဆက်ခံခွင့်ကမလွယ်ဘူး။ဘာလို့ဆိုတော့ မြန်မာဘုရင်နဲ့ဘုရင့်ဆွေတော်မျိုးတော်တွေဟာ မယားတွေမှိုလိုပေါက်နေတာကြောင့်ဖြစ်တယ်။သားသမီးတွေအများကြီးမွေးတယ်။မင်းဆွေမင်းမျိုးရဲ့ မိသားစုတည်ဆောက်ထားပုံကလည်းစည်းစနစ်မရှိဘူး။လျော့တိလျော့ရဲ။ဘုရင်သေရင်သားတော်ကြီးကထီးနန်းဆက်ခံရမယ်ဆိုတာမျိုးမဟုတ်ဘူး။အလောင်းမင်းသေတော့သူ့သားအားလုံးကို တစ်ယောက်ပြီးတစ်ယောက်ကြီးစဉ်ငယ်လိုက် ထီးနန်းဆက်ခံဖို့မှာခဲ့တယ်။ပထမဆုံး ဒီပဲယင်းမင်းဆက်ခံတယ်။နောက်မြေထူးမင်းဆက်ခံတယ်။မြေးဒူးမင်းကျ သူ့အဖေအလောင်းမင်းရဲ့ မိန့်မှာချက်ကို ဖောက်ဖျက်ပြီး သူ့သားစဥ့်ကူးမင်းကိုထီးနန်းပေးတယ်။ဒီပဲယင်းမင်း
ရဲ့ သား ဖောင်းကားစားမောင်မောင် က စဥ့်ကူးမင်းကိုသတ်ပြီး ၇ရက်နန်းစံတယ်။နောက် အလောင်းမင်းရဲ့ တတိယသား ဗဒုံမင်းက ဖောင်းကားစားကိုသတ်ပြီး ထီးနန်းဆက်ခံတယ်။

ဗဒုံမင်းကလည်း သူ့ညီကိုထီးနန်းမပေးဘဲ မြေးတော်စစ်ကိုင်းမင်း ကို ထီးနန်းပေးပြန်တယ်။နောက်တစ်ခါ စစ်ကိုင်းမင်းညီ သာယာဝတီမင်းက ပုန်ကန်ပြီးထီးနန်းသိမ်းပြန်တယ်။သာယာဝတီမင်းကသူ့သားပုဂံမင်းကိုထီးနန်းဆက်ခံခွင့်ပေးတယ်။ပုဂံမင်းကို သူ့ညီမင်းတုန်းက ပုန်ကန်ပြီးထီးနန်းသိမ်းပြန်တယ်။မင်းတုန်းမင်းကသူ့ညီကနောင်မင်းသားကို အိမ်ရှေ့ ဥပရာဇာ ပေးတယ်။ဒါကိုမကျေနပ်တဲ့ မင်းတုန်းမင်းရဲ့ သားတွေဖြစ်တဲ့မြင်ကွန်းနဲ့မြင်းခုံတိုင် မင်းသားတွေက သူ့ဦးလေး အိမ်ရှေ့စံကနောင်ကိုသတ်ပြီး အရေးနိမ့်လို့ အင်္ဂလိပ်ပိုင်နက်ဖြစ်တဲ့အောက်မြန်မာပြည်ကိုထွက်ပြေးတယ်။ကနောင်မင်းသား
ရဲ့ သားပတိမ်းမင်းသားကပုန်ကန်တယ်။အရေးနိမ့်ပြီးအသတ်ခံရတယ်။နောက်တော့ဘယ်သူ့မှအိမ်ရှေ့အရာမပေးတော့ဘူး။မင်းတုန်းမင်းကျမ်းမာရေးချွတ်ယွင်းပြီး ကွယ်လွန်ခါနီး ဆင်ဖြူ မရှင်မိဖုရားခေါင်ကြီးနဲ့အပေါင်းပါတွေက မင်းညီမင်းသားတွေကိုအစုလိုက်အပြုံ လိုက်သတ်ပြီး သီပေါကိုနန်းပေးလိုက်ကြတယ်။

ဆိုတော့ မင်းသစ်တစ်ပါးနန်းသိမ်းပွဲဖြစ်ပေါ်တိုင်း စစ်ပြု တိုက်ခိုက်မှု့ တွေ၊လုပ်ကြံမှု့ တွေ၊သတ်ဖြတ်မှု့ တွေဟာ မြန်မာ့သမိုင်းရဲ့ အကျည်းတန်မျက်နှာစာတွေပဲဖြစ်တယ်။ဘုရင်ကိုသတ်ရင်ဘုရင်ဖြစ်တယ်။ရက်စက်မှမင်းဖြစ်တယ်ဆိုတဲ့အယူအစွဲပြင်းထန်တော့ ထီးနန်းရဖို့အတွက် ရက်ရက်စက်စက် သတ်ကြဖြတ်ကြတာပါပဲ။ဒါကြောင့်မင်းညီမင်းသားတွေမကြာခဏသူပုန်ထပြီး ထီးနန်းကိစ္စပေါ်လာတဲ့အခါတိုင်း မင်းဆွေမင်းမျိုးလူသတ်ပွဲတွေ၊သွေးထွက်သံယိုမှု့ တွေဖြစ်ပွားပြီး မြန်မာရာဇ၀င် မှာဖျက်မရတဲ့အမည်းကွက်တွေ အဖြစ်ထင်ထင်ရှားရှားတွေ့မြင်ကြရတာပဲဖြစ်ပါတယ်။

၎။မြန်မာပဒေသရာဇ်ဘုရင်စနစ်မှာ အစိုးရဖွဲ့စည်းပုံမရှိဘူး။ရာဇဌာနီ အုပ်ချုပ်ရေးနဲ့ ကျေးလက်အုပ်ချုပ်ရေးဆိုပြီးခွဲခြားထားတယ်။ဘုရင့်အပေါ်သစ္စာစောင့်သိရိုသေမယ်။အမှု့ တော်ထမ်းမယ်ဆိုရင်ရာထူးပေးလိုက်တယ်။မင်းမှု့ ထမ်းတွေဆိုတာ အဆင့်ဆင့်သော ပဒေသရာဇ်အကြီးအငယ်အလတ် တွေရဲ့ လူယုံတော်တွေပဲ။မင်းလိုလိုက်မင်းကြိုက်ခစား ထမ်းဆောင်ကြတာ။လက်သင့်ရာစားတော်ခေါ်ကြတာ။လစာပေးတဲ့စနစ်မရှိ။မင်းတုန်းမင်းလက်ထက်မှာ လစာပေးတဲ့စနစ်ကျင့်သုံးတယ်။ကျယ်ကျယ်ပြန့်ပြန့်မဟုတ်သလို ပီပီပြင်ပြင်လည်းမရှိဘူး။ဒါကြောင့် လာဘ်ပေးလာဘ်ယူကြီးထွားလာတယ်။ပြီးတော့ မြန်မာ့သမိုင်းမှာ ဒီနေ့အထိ ကန့်တောလက်ဆောင်နဲ့လာဘ်ပေးခြင်းမကွဲပြားသေးဘူး။မြန်မာပဒေသရာဇ်ဘုရင်အစိုးရအဖွဲ့ဟာ နိုင်ငံရေးအရကြည့်မယ်ဆိုရင် အာဏာထက်တုန်း၊ဓားထက်တုန်း၊ပါဝါမြင့်နေစဉ်အချိန်မှာ မလွန်ဆန်နိုင်လို့သာ ငြိမ်နေခဲ့တာဖြစ်တယ်။ဒါကိုသမိုင်းဆရာအများစုက တိုင်းပြည်စည်ပင်သာယာဝပြောတယ်ဆိုပြီးရေးကြပြောကြတာတွေလည်းရှိတယ်။ပါဝါကျဆင်းလာတာနဲ့အဖက်ဖက်ကပြဿ နာတွေပေါ်လာတယ်။

၅။မြန်မာမင်းတွေစိတ်ကြီးဝင်မောက်မာပြီး နိုင်ငံခြားနဲ့အဆက်အသွယ်မလုပ်ဘူး။အဲ့လိုပဲ ဂျပန်ဘုရင်တွေဟာလည်းထိုနည်းလည်းကောင်းကျင့်သုံးခဲ့တယ်။သို့သော် မြန်မာကိုအင်္ဂလိပ်က ဒုတိယအကြိမ်ကျူးကျော်စစ်ပြု ပြီးပြီး၁နှစ်အကြာ ၁၈၅၃ခုနှစ်မှာ တိုကျိုပင်လယ်အော်ကိုဆိုက်ရောက်လာတဲ့အမေရိကန်ရေတပ်ဗိုလ် ကပ္ပတိန်ပယ်ရီနဲ့အဖွဲ့ကို ကို ဂျပန်ဟာ မလွှဲသာပေမဲ့လည်း မိမိအားနည်းချက်ကိုသိပြီးတံခါးဖွင့်ပေးလိုက်ပြီးအသွင်ပြောင်းဖို့ကြိုးစားပါတော့တယ်။အမေရိကန်ပြည်ထောင်စု ကိုယ်စား၊ဥရောပနိုင်ငံများကိုယ်စားကုန်သွယ်မှု့ တံခါးဖွင့်ပေးဖို့တောင်းဆိုတာကို ဂျပန်ဟာ လက်ခံပြီး ၁၉ရာစုကမ္ဘာရဲ့ အနောက်တိုင်းသြဇာသက်ရောက်လာတာကိုအသိမှတ်ပြု ခဲ့တယ်။နှစ်ပေါင်း၃၀၀ခရစ်ယာန်သာသနာပြု ပိတ်ပင်ထားတာပယ်ဖျက်ပေးရတယ်။နိုင်ငံခြားသားတွေကို ဂျပန်ဥပဒေနဲ့အရေးယူခွင့်မရှိတော့ဘူး။သို့သော် ဂျပန်ဟာ အသွင်ပြောင်းပြီး စက်မှု့ နိုင်ငံအဖြစ်တစ်ခါ ပြန်လည်မွေးဖွားလာခဲ့ပြန်တယ်။ဒါဟာ ဂျပန်ဘုရင့်အစိုးရရဲ့ အနာဂတ်ကိုကြိုတင်တွေးခေါ်တတ်မှု့ ကြောင့်ပဲဖြစ်တယ်။

မြန်မာတွေကတော့ နိုင်ငံခြားဆက်ဆံရေးကိုမျက်ကွယ်ပြု ထားတယ်။နိုင်ငံခြားသားတွေဟာ အရိုင်းအစိုင်းတွေဖြစ်တယ်။မိစ္ဆာဒိဋ္ဌိတွေဖြစ်တယ်လို့အယူအစွဲကြီးထားကြတယ်။ဖြစ်နိုင်ရင်မဆက်ဆံချင်ဘူး။မလွှဲမရှောင်သာ ဆက်ဆံမယ်ဆိုရင်လည်း အဖက်မတန်သလိုဆက်ဆံတယ်။ကျေးတော်မျိုး၊ကျွန်တော်မျိုး မိမိပြည်သူကိုဆက်ဆံသလို တိုင်းတပါးသားတွေကိုလည်းဆက်ဆံတယ်။ဒါဟာ မတူညီတဲ့ ယဉ်ကျေးမှု့ ခြင်းထိပ်တိုက်တိုးတဲ့အချက်ပဲဖြစ်တယ်။အဲ့ဒီအချိန်မြန်မာမှာ ကျေးတော်မျိုးကျွန်တော်မျိုးလုပ်လို့ရနေသေးပေမဲ့ ဥရောပကတော့ အဲ့ဒီစနစ်ကနေလမ်းခွဲသွားပြီးဖြစ်တဲ့အတွက် ကန့်လန့်ဖြစ်နေတယ်။ဒီလိုအယူအစွဲကြီး၊ငါနဲ့ငါသာနှိုင်းစရာလို့ ထင်မှတ်နေပြီး နိုင်ငံခြားအဆက်သွယ်မလုပ်တဲ့အခါ နိုင်ငံတကာမှာဘာတွေဖြစ်နေတယ်။ဘာတွေလုပ်နေတယ်။ဘာတွေဘယ်လိုပြောင်းလဲနေတယ် စတာတွေကိုမြန်မာမင်းတွေမသိနားမလည်ကြဘူး။မဏိပူရ အာသံလို၊ယိုးဒယားဇင်းမယ်လို ဘာမှပြောပလောက်တဲ့အင်အားမရှိတဲ့ နယ်မြေလေးတွေကို ကျူးကျော်တိုက်ခိုက်အနိုင်ယူထားနိုင်တာကိုပဲ ဘ၀င်ကိုင်နေကြတယ်။မောက်မာနေကြတယ်။

ဥရောပမှာ ၁၅ရာစုကတည်းကအမျိုးသားနိုင်ငံတွေဖြစ်ပေါ်နေချိန် မြန်မာမင်းတွေမှာတော့ ပဒေသရာစစ်ပွဲတွေဆင်နွှဲလို့ကောင်းနေတုန်း။၁၈ရာစုမှာတော့ စက်မှု့ တော်လှန်ရေးကြီးဟာ ဥရောပမှာဖြစ်နေပြီး။မြန်မာပဒေသရာဇ်တွေတိုက်နေတုန်း။အရင်းရှင်စနစ်ဆိုတာလည်းမသိ။စက်မှု့ တော်လှန်ရေးဆိုတာလည်းနားမလည်။နောင်တစ်ချိန်နယ်ချဲ့အင်္ဂလိပ်ဟာ ရန်သူကြီးဖြစ်လာမယ်ဆိုတာလည်း ကြိုမမြင်နိုင်ကြသလို တွေးမြင်ဖို့လည်းစိတ်ကူးမရကြဘူး။ဘုရင်နောင် အသက်၆၁နှစ်ပြည့်တဲ့နှစ် အေဒီ၁၅၈၀ပြည့်နှစ်မှာ ဗြိတိန်အင်ပါယာကို အဲလီဇဘက်ကအုတ်မြစ်ချနေပြီဖြစ်ပါတယ်။အင်္ဂလိပ်က ဥရောပနဲ့အမေရိကမှာ ပြင်သစ်နဲ့ ၇နှစ်ကြာစစ်ပွဲ၊နပိုလီယံစစ်ပွဲတွေနဲ့အလုပ်ရှုပ်နေလို့မြန်မာဘက်ခြေဦးမလှည့်နိုင်တာကို လည်းနားမလည်။အနီးနားပတ်ဝန်းကျင်နယ်မြေလေးသိမ်းပိုက်စိုးမိုးထားနိုင်တာကိုပဲသွေးနားထင်ရောက်နေကြတယ်။တကယ်တော့မြန်မာပဒေသရာဇ်အစိုးရအဖွဲ့ဟာ နွားခြေရာခွက်ထဲကဖားသူငယ်လိုပါပဲ။

နိုင်ငံခြားဆက်ဆံရေးကိုမျက်နှာလွှဲခဲပစ်လုပ်ခဲ့သလို နိုင်ငံခြားကုန်သွယ်
မှု့ ရဲ့ အကျိုးသက်ရောက်မှု့ ကိုလည်း မသိဘူး။ဥရောပနိုင်ငံတွေကဆန်စပါး၊ကျွန်းသစ်၊ရေနံ၊၀ါ၊ကျောက်မျက်ရတနာ တွေကိုဝယ်ယူလိုကြတယ်။ဘုရင်ကကုန်တော်(Royal Monopoly) ဆိုပြီးလက်ဝါးကြီးအုပ်ထားတယ်။နိုင်ငံခြားနဲ့အဆက်အသွယ်လုပ်မယ်။နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းမယ်ဆိုလို့ရှိရင် မင်းနေပြည်တော်ကိုရန်ကုန် သန်လျင်လိုနေရာမျိုးမှာ တည်ထောင်သင့်တယ်။ဘုရင့်နောင်ကလွဲလို့ ဘယ်မြန်မာပဒေသရာဇ်တွေမှ အောက်မြန်မာနိုင်ငံမှာမင်းနေပြည်တော် မတည်ထောင်ဘူး။သီးသန့်တခါးပိတ်ပြီး သီးခြားနေရေးဝါဒ(Policy of Isolation) ကိုကျင့်သုံးကြတယ်။

၆။မြန်မာမင်းတွေရဲ့ စစ်အင်အားဟာ ပဒေသရာဇ်ပုံစံအတိုင်းဖွဲ့စည်းထားတာပါပဲ။အမြဲတမ်းစစ်တပ်(Standing Army)မရှိဘူး။၁၈၇၉ခုနှစ်လောက်မှာအမြဲတမ်းစစ်တပ်ထူထောင်ဖို့ကြိုးစားကြည့်တယ်။ဘုရင့်ထီးနန်းလုံခြုံရေးကိုပဲအဓိကထားတယ်။နိုင်ငံတော်ကာကွယ်ဖို့၊ပြည်သူလူထုကိုကာကွယ်စောင့်ရှောက်ဖို့မဟုတ်။ပြည်သူကိုကာကွယ်ဖို့နေနေသာသာ ပြည်သူကိုညှင်းပမ်းနှိပ်ကွပ်သေးတယ်။စစ်တိုက်ဖို့အရေးပေါ်ရင်နယ်ပယ်အသီးသီးက လူတွေကိုဆင့်ခေါ်ပြီးတိုက်ခိုက်တယ်။အရေးပေါ်မှ လူစုတိုက်တဲ့ (Levy System)ဖြစ်တယ်။အရေးပေါ်ကာလတွေမှာ အိမ်ခြေစရင်းအရစစ်မှု့ ထမ်းသတ်မှတ်ပြီး နယ်စားပယ်စားတွေဆီ ဘုရင့်လွှတ်တော်ကအမိန့်ထုတ်ဆင့်ခေါ်တယ်။တစ်အိမ်ကိုအနည်းဆုံး၂ဦးစေလွှတ်ရတယ်။ဘုရင်ကစစ်လက်နက်ပေးတယ်မထင်နဲ့။ကိုယ့်မှာရှိတဲ့ တောင်ယာလုပ်တဲ့၊စပါးစိုက်တဲ့ ဓား၊လှံ၊လေး ၊လက်နက်စတာတွေကို ယူဆောင်သွားကြရတယ်။

စစ်သားဦးရေများပေမဲ့ တောင်ယာသမားကနေအသွင်ပြောင်းလာတဲ့ စစ်သည်အသစ်ကျပ်ချွတ်တွေကိုဖယ်လိုက်ရင် တကယ့်မြန်မာ့စစ်အင်အားဟာ ၆သောင်းလောက်ပဲရှိတယ်လို့ခန့်မှန်းကြတယ်။လက်နက်ခဲယမ်းကလည်းမပြည့်စုံဘူး။စစ်သား၃ဦးမှာသေနတ်၁လက်။ဒါကြောင့် မြန်မာစစ်တပ်ဟာ ပဒေသရာဇ်ပုံစံအတိုင်းဖွဲ့စည်းထားတယ်လို့ဆိုတာဖြစ်တယ်။အင်အားမရှိဘူး။ကြောက်စရာမလိုဘူး။မြန်မာနိုင်ငံမှာ ကြောက်စရာဆိုလို့ ငှက်ဖျားပဲ ရှိတယ်လို့အင်္ဂလိပ်သံကိုယ်စားလှယ် ကပ္ပတိန်ကောက် ကမှတ်တမ်းရေးဖူးတယ်။သို့သော် ဒီနေရာမှာမြန်မာသတ္တိကတော့ ကောင်းလှပါတယ်။

နောက်ဆုံးအချက်ကတော့ မြန်မာတွေဟာ သာသနာရေးကို စိတ်ထက်သန်ကြတယ်။မြန်မာမင်းတွေကပြည်သူတွေရဲ့ သာသနာရေးစိတ်ထက်သန်မှု့ ကို
အသုံးချတယ်။သာသနာ့ဒါယကာအဖြစ်ခံယူတယ်။သာသနာရေးကိုစည်းရုံးရေးလက်နက်အဖြစ် ယနေ့၂၁ရာစုအထိအသုံးချနေဆဲ။နိုင်ငံခြားသားတွေကိုမိစ္ဆာဒိဋ္ဌိလို့ ၀ါဒဖြန့်တယ်။အဲ့ဒီသာသနာရေးအလွန်အမင်းစိတ်ထက်သန်မှု့ ကလည်း လမ်းလွှဲကိုရောက်စေတယ်။အုပ်စိုးသူအဆက်ဆက်ဟာ မေတ္တာတရားတို့၊သနားကျင်နာမှု့ တို့ ကိုအလေးမထားပါဘူး။သာမန်ပြည်သူတွေကတော့ ဗုဒ္ဓ၀ါဒအစစ်အမှန်ထက် မိရိုးဖလာကိုပဲ ပိုပြီးစိတ်ဝင်စားကြတယ်။ဘာသာရေးပွဲလမ်းသဘင်တွေကိုပဲ ပိုစွဲလမ်းကြတယ်။ပြီးတော့ပဒေသရာဇ်စနစ်မှာ ယနေ့ကျနော်တို့နားလည်ထားတဲ့အမျိုးသားစိတ်ဓာတ်မျိုးမရှိဘူး။အမျိုးသားရေးဆိုတာထက်လူမျိုးရေးစိတ်ဓာတ်ကလွန်ကဲနေတယ်။ဒါကြောင့်မြန်မာတွေဟာ နိုင်ငံရေးအသိမရှိသေးဘူး။ကျေးတော်မျိုး ကျွန်တော်မျိုးစိတ်ပဲရှိတယ် ။ဘုရင်ဖြစ်သူကလည်း ထီးနန်း၊စည်းစိမ်၊အိုးအိမ်မပျက်ရင်ကျေနပ်နေတာပါပဲ။ပြည်သူ့အခွင့်ရေးတို့၊ပြည်သူ့လွတ်လပ်ရေးတို့ ဆိုတာတွေကို သိလည်းမသိ၊နားလည်မလည်၊အလေးလည်းမထားဘူး။ဒီလိုအခြေနေမှာ ပါဝါတက်စ နေမ၀င်အင်ပါယာနဲ့ မြန်မာ ရင်ဆိုင်လာရတဲ့အခါ မြန်မာနိုင်ငံနယ်နိမိတ်ကိုနှစ်ပေါင်း၁၃၀ကျော်ကြာ ပဒေသရာဇ်အုပ်ချုပ်ရေးနဲ့ကြီးစိုးခဲ့တဲ့ အလောင်းမင်း
ရဲ့ ကုန်းဘောင်မင်းဆက်ကျဆုံးသွားရတာပဲဖြစ်တယ်။စနစ်အရပြောရမယ်ဆိုရင် အရင်းရှင်စနစ်ထဲက မှ နယ်ချဲ့အရင်းရှင်စနစ်နဲ့ ပဒေသရာဇ်စနစ်တို့အားပြိုင်ကြရာမှာ ပျက်စီးယိုယွင်းနေတဲ့ပဒေသရာဇ်စနစ်က ဒူးထောက်အရှုံးပေးသွားရတာပဲဖြစ်ပါကြောင်း........

ကိုးကား/ကောက်နုတ်။ဦးဝင်းမောင်(သမိုင်း)ကျနော့်ဆရာဒေါက်တာသန်းထွန်းအကြောင်းစာအုပ်
။ဒေါက်တာသန်းထွန်း နယ်လှည့်ရာဇ၀င်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။