Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, February 6, 2016

ဒီနေ့ကြိုက်ဆုံးပို့စ်(အားလုံးကိုဖတ်စေချင်တယ်)

ဒီနေ့ကြိုက်ဆုံးပို့စ်(အားလုံးကိုဖတ်စေချင်တယ်)
========================
ပုဒ်မ ၅၉ (စ) ကို ယာယီ ဆိုင်းငံ့ထားပြီး
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မယ့်အရေးကို
ဘယ်လိုလူမျိုးတွေက ကန့်ကွက်ကြတာလဲ...?

၁...။
အဂ်လန်နိုင်ငံဝန်ကြီးချုပ်ရဲ့ ထီမိုးပေးခြင်း ခံခဲ့ရတဲ့သူ..။
နေမဝင်အင်ပါယာကြီးကို ထူထောင်ပြီး
မိမိတို့ နိုင်ငံကိုတောင် အုပ်ချုပ်သွားဖူးတဲ့
ဗြိတိသျှတို့ရဲ့ တော်ဝင်စစ်တက္ကသိုလ်ကြီးမှာ
မိန့်ခွန်းခြွေဖူးခဲ့တဲ့သူ..။


ပြင်သစ်သမ္မတကိုယ်တိုင်က တကူးတက ဖိတ်ခေါ်ပြီး သမ္မတ အိမ်တော် အပေါက်ဝအထိ
လာရောက် ကြိုဆိုခြင်းခံခဲ့ရတဲ့သူ..။
အမေရိကန်၊ ဂျာမနီ တို့လို့ အင်အားကြီးနိုင်ငံတွေက နိုင်ငံ့ခေါင်းဆောင်တွေအပြင်..
အာရှရဲ့ ထိပ်တန်းနိုင်ငံတွေဖြစ်တဲ့
ဂျပန်၊ တောင်ကိုရီးယား တရုတ်နဲ့ စက်ာပူနိုင်ငံတိုရဲ့
ခေါင်းဆောင်တွေကိုယ်တိုင်က လေးလေးစားစားနဲ့ ဖိတ်ခေါ်ပြီး တွေ့ဆုံခဲ့ရတဲ့သူ..။
အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး လေဒီရှရင်ဂန် ကျောင်းအုပ်ကြီးကိုယ်တိုင်က ရွှေခရားကိုင်ပြီး
လက်ဆေးဖို့ အတွက်ရေကို ကိုယ်တိုင်လောင်းပေးခံခဲ့ရတဲ့သူ..။
အဲဒီလို လူတစ်ယောက်ဟာ..
နိုင်ငံနဲ့လူမျိုး အတွက်
သမ္မတ ဖြစ်သင့်သလား
မဖြစ်သင့်ဘူးလား ဆိုတာ
ကျွန်တော်တို့.ဘယ်လိုဆုံးဖြတ်ကြမလဲ...။
၂...။
နိုင်ငံကြီး ချောက်ထဲကျဖို့ လက်တစ်လုံးလောက်အလိုမှာ
နိုင်ငံကို ကာကွယ်ဖို့ပါဆိုပြီး အကြောင်းပြခဲ့တဲ့သူတွေကြောင့်
နိုင်ငံလည်း ချွတ်ခြုံကျပြီး မွဲခဲ့ရသလို..
တချိန်က အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံကနေပြီး
အဆင်းရဲဆုံး နိုင်ငံတစ်ခု ဖြစ်ခဲ့ရတာ လူတိုင်းသိမှာပါ။

တကယ်တော့..
မြန်မာဆိုတာ နိုင်ငံတကာနဲ့ ယှဉ်ရင်..
အရာရာမှာ အောက်တန်းနောက်တန်းကျခဲ့ရပြီး
ကိုယ်ကျိုးအတွက် အာဏာရူးခဲ့တဲ့သူတွေကြောင့်
ပြည်သူအများစုလည်း နိုင်ငံတကာမှာ.သူကျွန်ဘဝ ကျရောက်နေခဲ့ရတယ်..။
အဲဒီလို ပြည်သူအများစု ဒုက္ခရောက်နေရုံမက.
ပြည်သူကို ဒုက္ခတွင်းထဲ ဆွဲချခဲ့တဲ့သူတွေကိုရော..
နိုင်ငံတကာမှာ ရှိတဲ့ ဘယ်ခေါင်းဆောင်တွေကများ လူရာသွင်းခဲ့ကြလို့လဲ..။
ယုံကြည်ခဲ့ကြလို့လဲ..။
သူတို့ကရော ယုံကြည်စရာ ကောင်းကြလို့လား..။

၃......။
နိုင်ငံတခု တိုးတက်လာဖို့ဆိုတာ..
နိုင်ငံ့ခေါင်းဆောင်တွေ အပေါ် အများကြီး မူတည်ပါတယ်။
နိုင်ငံခေါင်းဆောင်ကသာ..
လိုရင် တမျိုး ....
မလိုရင်တမျိုး ဥပဒေတွေ ရေးဆွဲ တတ်တဲ့သူ..။
ပြီးတော့..
လေးစားယုံကြည်ထိုက်တဲ့သူ မဟုတ်ရင်
နိုင်ငံတကာက စီးပွားရေး လုပ်ငန်းရှင်တွေက
ရင်းနှီးမြုပ်နှံမှုတွေကို လာရောက်ပြီး ပြုလုပ်ကြမှာ မဟတ်ပါဘူး။

အကယ်၍
နိုင်ငံတကာကနေ ရင်းနှီး မြပ်နှံမှု့ လာပြီး မလုပ်ကြရင်
အဲဒီနိုင်ငံက ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ပေါများနိုင်မှာ မဟုတ်သလို...
ပြည်သူပြည်သားတွေ အနေနဲ့ ဆင်းရဲတွင်း နက်နေဦးမှာပဲ ဖြစ်ပါတယ်။

၎....။
လက်ရှိ..အာဏာရှင်တွေ အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုတာ
ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ကို မပြောသေးပဲ..
အာရှမှာ နှိုင်းယှဉ်ကြည့်ရင်တောင်..
အများကြီး နောက်မှာ ကျန်နေခဲ့ပြီဆိုတာ
ပြည်ပ ရောက်ဖူးသူတိုင်း သိကြပါတယ်။
အာရှမှာ ဂျပန်တို့ ကိုရီးယားတို့ စက်ာပူနိုင်ငံတို့လို နိုင်ငံမျိုးတွေကို မှီဖို့အတွက်တောင်
အသည်းအသန် လုပ်ယူကြရဦးမှာပါ။

ပြီးတော့..
အရှေ့တောင်အာရှရဲ့ အဆင်းရဲဆုံး နိုင်ငံကနေ..
ထိပ်တန်းကို အမြန်ဆုံး ရောက်ဖို့..
လှေကားထစ်တွေကို အပြေးအလွှား တက်နိုင်ဖို့ဆိုတာ
နိုင်ငံတကာရဲ့ အကူအညီတွေ အများးကြီး လိုအပ်လှတယ် ဆိုတာလည်း
ဘယ်လိုမှ ငြင်းလို့မရနိုင်ပါဘူး။

ဒါက ဘာဖြစ်လို့လဲ။
အာဏာရှင် လူတစုကြောင့် ဆင်းရဲတွင်းထဲ ပြုတ်ကျနေခဲ့လို့ပါ။

ဒီနေရာမှာ ပြောချင်တာက..
မြန်မာနိုင်ငံရဲ့ သာမန် သမ္မတတစ်ဦးကို ပေးကြမယ့် အကူအညီနဲ့
နိုင်ငံတကာက လေးစားရတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်
သမ္မတတစ်ဦးကို ပေးကြမယ့်
ပြည်ပက အကူအညီတွေဟာ..တူညီနိုင်ပါ့မလား ဆိုတာပါပဲ။

၅.....။
မြန်မာနိုင်ငံဆိုတာ
နိုင်ငံတကာနဲ့ ဆက်ဆံနေရတာ..
မဆက်ဆံလို့ မရတာ လူတိုင်းသိပါတယ်။
ဒါ့ကြောင့်လည်း..
ပြည်ပနိုင်ငံတချို့မှာ ပြုလုပ်တဲ့ အစည်းအဝေးတချို့ကို..
နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ မဖြစ်မနေ .သွားရမယ့် ကိစ္စမျိုးတွေ ရှိလာတတ်ပါတယ်။

အဲဒီလို
နိုင်ငံတကာကို သွားမယ့်
မိမိတို့ နိုင်ငံရဲ့ နိုင်ငံ့ခေါင်းဆောင်
တနည်းအားဖြင့်..
မိမိတို့ နိုင်ငံရဲ့သမ္မတဟာ..
နိုင်ငံတကာက ခေါင်းဆောင်တွေရဲ့အလယ် လူတိုင်းလေးစားရတဲ့
ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ် ဆုရှင် အဖြစ်
ခေါင်းမော့ရင်ကော့ရင်း
ကမ္ဘ္ဘာမှာ မြန်မာဟေ့လို့ ကြွေးကြော်နိုင်မယ့်သူမျိုး..။
မြန်မာလူမျိုးတို့ရဲ့ ဂုဏ်ကို မြှင့်တင်ပေးနိုင်မယ့် သူမျိုးကို လိုချင်သလား..။

ဒါမှမဟုတ်
အများသူငါ သိပ်ပြီး မသိကြတဲ့အတွက်
တနည်းအားဖြင့်..
မသိသေးတဲ့ အတွက်
ထူးထူးထွေထွေ နေရာပေးမှု့ မရရှာပဲ ကပ်ကုပ်ကုပ်နဲ့ ပြန်လာရတဲ့ သူမျိုးကိုပဲ
ထပ်ပြီးတော့ မြင်ချင်ကြတာလား ဆိုတာတော့
အားလုံးကို မေးကြည့်ချင်ပါတယ် ။

၆.......။
မြန်မာနိုင်ငံဟာ..
အာဏာရှင်တွေ ကိုယ်ကျိုးရှာ အုပ်ချုပ်ခဲ့ခြင်းရဲ့ အကျိုးဆက်အဖြစ်
နိုင်ငံရဲ့ အရေးအကြီးဆုံး
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်ခဲ့ကြဘူးဆိုတာ
လူတိုင်းသိပြီး ဖြစ်မှာပါ ။

နိုင်ငံအနှံ့စစ်ပွဲတွေ ဖြစ်ပွားရင်း ပြည်သူအများအပြား ဒုက္ခရောက်ခဲ့ကြရပေမယ့်လည်း..
အာဏာရှင် လူတစ်စုပဲ ကြီးပွားသထက် ကြီးးပွားခဲ့ကြတာ..
အဲဒီအာဏာရှင်လူတစ်စုက..
နိုင်ငံရဲ့ သယံဇာတတွေကို လက်ဝါးကြီးအုပ် မတရားသဖြင့် ရယူထားခဲ့ကြတာ..
အဆီကိုစား အစားကိုမြိုပြီးမှ
တိုင်းရင်းသားပြည်သူတွေအတွက် အရိုးတောင်မချန်ခဲ့တာတွေဟာ
မုသားတွေ မဟုတ်ပဲ
မြန်မာနိုင်ငံမှာ တကယ်ဖြစ်ပျက် ခဲ့
တကယ် ဖြစ်ပျက်နေတာပါ။

ဒီလို အနေအထားတွေကို ပြန်လည် တည့်မတ်ပေးနိုင်ဖို့ဆိုတာက
တိုင်းရင်းသား အားလုံးက ယုံကြည်ရတဲ့သူ.
လေးစားရတဲ့သူ တစ်ယောက်..
ပြည်သူအားလုံးအပေါ် တန်းတူရည်တူ သဘောထားနိုင်တဲ့သူ
ကိုယ်ချင်းစာတရားနဲ့.
ဂရုဏာတရား ကြီးမားတဲ့သူမျိုး..
နိုင်ငံရဲ့ အမြင့်ဆုံးရာထူးကို ရရှိလာမှသာ အဆင်ပြေမယ့် အနေအထားမျိုး ဖြစ်ပါတယ်။

၇.....။
ရွေးကောက်ပွဲ မတိုင်ခင်ကာလ
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီရဲ့ ဦးဆောင်မှု့နဲ့အတူ
ဒေသဖွံ့ဖြိုးရေးတွေ တွဲဖက်ပြီး လုပ်ချင်ပါတယ်လို့ .
ပြောကြားလာတဲ့ ဝလူမျိုး ခေါင်းဆောင်တွေရဲ့ သဘောထားကို
လူတိုင်းသိရှိပြီး ဖြစ်မှာပါ။
ဒါ့ကြောင့်လည်း ရွေးကာက်ပွဲတွေ ကျင်းပတော့..
ရှမ်းပြည်နယ်ရဲ့ ဒေသတချို့မှာ ဝလူမျိုးတွေရဲ့ ထောက်ခံမဲ တချို့ကြောင့်
NLD အမတ်တွေ အနိုင်ရခဲ့တယ်ဆိုတာ လူတချို့ကတော့ သိကြမယ် ထင်ပါတယ် ။

အဲဒီလိုပဲ...
KNU အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ နဲ့ လူထုခေါင်းဆောင်တို့ရဲ့
ချစ်ခင်ရင်းနှီးမှု့ကိုလည်း လူတိုင်းသိထားပြီး ဖြစ်မှာပါ ။

ဒါ့အပြင်..
ရခိုင်တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ပြောကြားဖူးတဲ့ စကားတွေကို
ပြန်ပြီးတော့ ကြည့်ရင်လည်း ..
ဒေါ်အောင်ဆန်းစုကြည်အပေါ် သူဘယ်လောက်လေးစားကြောင်း.သိမြင်နိုင်ပါတယ်။

တကယ်တော့..
ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့
ပြည်နယ်ဒေသတွေက မဲစာရင်းကို ပြန်ကြည့်လိုက်ရင်ကိုပဲ
လူထုခေါင်းဆောင်အပေါ်ထားတဲ့ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု့ကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ။

၈....။
နိုင်ငံရဲ့ အာဏာအရှိဆုံးပုဂ္ဂိုလ်ဟာ
ပညာဥာဏ် ကြီးမားပြီး၊
နိုင်ငံသား တိုင်းရင်းသားပြည်သူအများစုရဲ့
အယုံအကြည်ရဆုံးသော သူသာ ဖြစ်သင့်တယ် ဆိုရင် ဘယ်သူ
ဘာပြောမလဲ..။

အဲဒီလိုလူ ဦးဆောင်မှ
တိုင်းရင်းသားအားလုံးရဲ့ယုံကြည်မှု့နဲ့ အတူ
ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး နိုင်ငံတိုးတက်ဖို့ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်ဆိုရင်
ဘယ်သူငြင်းမလဲ..။

ဘယ်လိုလူမျိုးကို သမ္မတ မဖြစ်ရအောင် ရေးဆွဲထားတဲ့ ဥပဒေဆိုတာကရော
ဘယ်သူတွေ ရေးဆွဲ ခဲ့တာလဲ။

၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေ ရွေးချယ်မှု့နဲ့ အနိုင်ရခဲ့တဲ့ သူတွေကို
လက်နက်အားကိုး အနိုင်ကျင့် နှိပ်စက်..
ပြီးတော့..
သားတကွဲ မယားတကွဲ ဖြစ်အောင် ပြုလုပ်ခဲ့ကြပြီးမှ
ပြည်သူတွေ သမ္မတ ဖြစ်စေချင်တဲ့ သူကို သမ္မတ မဖြစ်အောင်
ညစ်နည်းမျိုးစုံ သုံးပြီး ရေးဆွဲခဲ့တဲ့ ဥပဒေကြီး မဟုတ်ဘူလား။

အဲဒီဥပဒေတွေ ရေးဆွဲတော့..
ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်
ဘယ်နှစ်ရာခိုင်နှုန်းများ ပါခဲ့ကြလို့လဲ။

အဆိုးဆုံးကတော့.
ပြည်သူဆန္ဒမပါပဲ လက်နက်အားကိုးနဲ့
အမတ် ၂၅ ရာခိုင်နှုန်းကို အနိုင်ကျင့် ရယူထားပြီး...
ပြည်သူတရပ်လုံးက ရွေးချယ်တင်မြှောက်ခွင့်ရတဲ့ အမတ်ရာခိုင်နှုန်း
၇၅ ရာခိုင်နှန်းပဲရှိတဲ့ အနေအထားမှာ.
ပြည်သူဆန္ဒ အရ အရေးကြီးပုဒ်မ တစ်ခု ပြင်ချင်ရင်တောင်
အမတ်ဦးရေ. ၇၅ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမှု့နဲ့မှ ပြင်ခွင့်ရမယ်ဆိုတာဟာ
ပြည်သူ့ဆန္ဒကို အလေးမထားပဲ
ကိုယ်ကျိုးအတွက်ပဲ ကြည့်ရင်း ဘယ်လိုမှ ပြင်လို့မရအောင်လုပ်ထားတာ
တနည်းအားဖြင့်..
အာဏာကို ဆုပ်ကိုင်ထားချင်လို့ဆိုတာ အရမ်းသိသာလွန်းပါတယ်။

၉....။
ဒီနေရာမှာ ပြောချင်တာက..
လူထုခေါင်းဆောင်ကို သမ္မတ ဖြစ်ခွင့် မရအောင်
အာဏာရှင်တွေ ထည့်သွင်းရေးဆွဲထားတဲ့ ပုဒ်မ ၅၉(စ) ကို
ဆိုင်းငံ့ထားရင် ဘာဖြစ်သွားနိုင်သလဲ..ဆိုတာပါ။

တကယ်တော့..
ပယ်ဖျက်တာ.မဟုတ်ပဲ
နိုင်ငံရဲ့လိုအပ်ချက်အရ ခေတ္တ ဆိုင်ငံ့တာပဲ ဖြစ်တဲ့အတွက်
ဘာဆို ဘာမှ မထိခိုက်သလို ဘာမှဖြစ်မသွားနိုင်ပါဘူး။

သူမ သမ္မတ ဖြစ်ခွင့် မရရင်သာ
နိုင်ငံနဲ့လူမျိုးမှာ ကြီးမားတဲ့နစ်နာမှု့တွေ ကြုံရနိုင်တာပါ။
ဒီလို ကြုံရအောင်လည်း လူတစ်စုက အင်မတန်မှ လိုလားနေပါတယ်။
ဒါကြောင့်လည်း..

ဒီလိုသာ ဆိုင်းငံ့လို့ ရရင်
တခြားပုဒ်မတွေကိုလည်း အဲဒီလို လုပ်လာနိုင်လို့ ကန့်ကွက်ပါတယ် ဆိုပြီး
ဆိုလာကြတာဟာ ပြည်သူအတွက် စေတနာနဲ့ ကန့်ကွက်တာလား..
ကိုယ်ကျိုးစီးပွားအတွက် ကန့်ကွက်တာလား ။

ဒီနေရာမှာ..
အဲဒီလို ပြောနေတဲ့ လူတွေကို မေးခွန်းတစ်ခုလောက် ထပ်ပြီး မေးချင်ပါတယ် ။
အဲဒါကတော့..
ဒီဥပဒေတွေကို ရေးဆွဲတဲ့သူတွေနဲ့
ယာယီဆိုင်းငံ့ချင်တဲ့ သူတွေမှာ
ဘယ်သူတွေက ပြည်သူ ရွေးချယ် တင်မြှောက်ထားတဲ့ အမတ်တွေလဲ။
ပြီးတော့..
ဘယ်သူတွေက ပြည်သူက မတင်မြှောက်ပဲ
ကိုယ်ကျိုးအတွက် ဥပဒေတွေပြဋ္ဌာန်းပြီး
နိင်ငံနဲ့လူမျိုးကို ဆင်းရဲတွင်းနက်စေခဲ့တာလည်း ဆိုတာလေးပါပဲ။

နောက်တစ်ခုကတော့..
အာဏာရှင်တွေနဲ့အတူ ခွက်ပျောက်မှာ စိုးတဲ့ လူတစ်စုဟာ..
ပြည်သူတွေ ကြီးပွားတိုးတက်လာမှာကို မလိုလားပဲနဲ့
အကြပ်အတည်း အမျိုးမျိုးကြောင့် ပြည်သူတွေ
ဆင်းရဲနေတာကိုပဲ လိုချင်ကြပါလိမ့်မယ် ။
အဲဒါကတော့..
သူတို့ထည့်ထားတဲ့ လွှတ်တော်အမတ် ၂၅ ရာခိုင်နှုန်းနဲ့ ပေါင်းရင်း
သူတို့ရဲ့ မပြီးသေးတဲ့ ငတက်ပြားပွဲတော်ကြီးကို
နောက်လာမယ့်ရွေးကောက်ပွဲအပြီးမှာ ဆက်လက်ဆင်နွှဲလို့ ရမယ်လို့
ထင်ထားတဲ့ စိတ်ကူးတွေကြောင့်ပဲ ဖြစ်ပါလိမ့်မယ်.။

၁၀....။
တကယ်တော့..
ကိုယ်ကျိုးအတ္တအတွက် မပါပဲ
နိုင်ငံကို အမှန်တကယ် တိုးတက်စေချင်သူတွေဟာ..
မြန်မာပြည်က လူထုခေါင်းဆောင်
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုပဲ သမ္မတ အဖြစ် မြင်တွေ့လိုကြမယ်ဆိုတာ ထမင်းစားပြီး ကြီးပြင်းလာတဲ့ သူတိုင်း
သိပြီးသားဖြစ်မှာပါ။

ပြီးတော့
နိုင်ငံတကာ အစည်းအဝေးတွေကို သွားတာပဲ ဖြစ်ဖြစ်
မြန်မာနိုင်ငံရဲ့ အဖက်ဖက်က လိုအပ်နေတဲ့ အကူအညီတွေ အတွက် သွားတာပဲ ဖြစ်ဖြစ်
နိုင်ငံရဲ့ ပါဝါ အရှိဆုံး သမ္မတ နေရာကနေ သွားရောက်မယ့်
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်နဲ့ ..
သာမန် သမ္မတတစ်ဦးနဲ့ ယှဉ်ကြည့်ရင်..
ပြည်ပနိုင်ငံတွေက
ဘယ်သူ့ကို ပိုပြီး အကူအညီတွေ ပေးကြမယ် ဆိုတာ မြင်ကြည့်ရင်း
ဒေါ်အောင်ဆန်းစုကြည်ကိုပဲ သမ္မတ အဖြစ် မြင်တွေ့ ချင်ကြမှာပါ။

အကယ်၍
ဒီလို လူမျိုးကို သမ္မတ ဖြစ်ဖို့အတွက်
နည်းမျိုးစုံနဲ့ ကန့်ကွက်ပြီး ဟိုအကြောင်းပြ ဒီအကြောင်းပြ လုပ်နေတဲ့သူတွေဟာ
ဘယ်လိုလူမျိုးတွေ ဖြစ်နိုင်မလဲ။

ကိုယ်ကျိုးအတွက် ခွက်ပျောက်မှာ စိုးတဲ့သူတွေနဲ့
သူတို့ပြောသမျှ ရေးသမျှတွေကို ယုံတတ်တဲ့
အတွေးအခေါ်မဲ့သူတွေသာ ဖြစ်ပါလိမ့်မယ်။

တကယ့်တော့ အဲဒီလို လူတွေဟာ
ပြည်သူက တင်မြှောက်ထားတာ မဟုတ်တဲ့ ၂၅ ရာခိုင်နှုန်း
အရှက်မရှိပဲ ဝင်ထိုင်နေတာ...
၅၉(စ) နဲ့ လွတ်ကင်းတဲ့
ဦးသန်းရွှေလို လူမျိုးတွေကြောင့် နိုင်ငံဆင်းရဲပြီး လူမျိုးတစ်မျိုးလုံး
ဒုက္ခရောက်နေကြတာကိုတော့..
ပါးစပ်တွေ ဘာဆို့ခံထားရလို့မှန်း မသိပဲ ပိတ်နေကြပါတယ်။

ဒါ့ကြောင့် ...
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ဖို့အတွက်
အာဏာရှင်တွေ အလိုကျ
ပြည်သူ့ဆန္ဒမပါပဲ ရေးဆွဲထားတဲ့
ဥပဒေပုဒ်မ ၅၉ (စ) ကို ....
ဥပဒေနည်းလမ်းအရ (မပယ်ဖျက်သေးပဲ)
ခေတ္တ ယာယီ ဆိုင်းငံ့မယ့် အရေးမှာတောင်
အကြောင်းအမျိုးမျိုးပြ ကန့်ကွက်နေတဲ့သူတွေဟာ
ပြည်သူ့အကျိုးစီးပွားကို မလိုလားသူ
ကိုယ်ကျိုးအတွက် ခွက်ပျောက်မှာ စိုးရိမ်သူများနဲ့
ပညာမဲ့ သူများသာ ဖြစ်ပါလိမ့်မည်ဟု ရေးသားရင်း

ဘုန်းထက်ကြယ်..။






No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။