Cow = နွားမ ကို Cow = နွား လို့ သင်ခဲ့ရတတ်ပညာရေး ။
Air အဲ လို့ အသံမထွက် ခဲ့ရပဲ Air အဲယား လို့ အသံထွက်ခဲ့ရတဲ့ ပညာရေး ။
Where ၀ှဲ လို့ အသံမထွက်ပဲ where ၀ှဲယားလို့ အသံထွက်ခဲ့ ရတဲ့ပညာရေး ။
It အစ်(ထစ် )Is အစ်စ် ကို အစ်အစ် လို့ လည်ပင်းညှစ်ခံရတဲ့အသံမျိုး ထွက်ခဲ့ရတဲ့ပညာရေး ။
မောင်မောင်သည် ကျောင်းသား တစ်ယောက်ဖြစ်သည် ကို ဖြစ်ပါသည် လို့ရေးမိလို့ အမှတ်မရတဲ့ပညာရေး ။
ဆရာတွေကို စော်ကားတာမဟုတ်ပါဘူး ၊ ပညာရေးကို ပြောချင်တာပါ ။
မြန်မာပြည် ပညာရေးကို သိချင်ရင် အိန္ဒိယ ဇာတ်ကားတွေ များများကြည့် လက်တောက်လောက်ကလေး
ကနေ သေခါနီးအဖိုးကြီး အထိ စကားငါးခွန်းမှာ တစ်ခွန်းကတော့ အင်္ဂလိပ်လိုပြောတာချည်းပဲ ။
လေးတန်းကလေးက အင်္ဂလိပ်လို ရေးပြီး ခွင့်တိုင်နေရပီ ။
သူငယ်တန်းကနေ သင်ခဲ့ရတဲ့ အင်္ဂလိပ်စာ ကျောင်းပြီး တဲ့အထိ ၁၄ နှစ်တိတိ သင်ခဲ့ရတယ် နော် ။
အင်္ဂလိပ်စာ ဖြောင့်အောင် ဖတ်တတ်တဲ့ကျောင်းသား အက်ဆေး လက်တာ ဖြောင့်အောင် ရေးတတ်တဲ့
ကျောင်းသား speaking ဆိုတာ ထားလိုက်တော့ ၊ ရှားတယ် ။ အဲလို ဖြောင့်အောင် ရေးတက်
ဖတ်တတ်ရင် ဂုဏ်ထူး သေချာနေပီ ။ ကျနော်တို့ကို စာသင်တဲ့ဆရာတွေက ဘာလုပ်ရလည်းသိလား
စာသင်တဲ့ဆီမရောက်ရဘူး ဘာသာပြန်ပဲ ဖြစ်နေတော့တာ ။ စာမေးပွဲမှာ မေးခွန်းလှည့်တယ် ဆိုပီး
ကျောင်းသားတွေ ညည်းကြတယ် ။ တကယ်က ဘာသာမပြန်တတ်ကြတာ ။ စာသင်ရမယ့် အချိန်မှာ
Physics , Chemistry , Eng , Maths ,Bio , အားလုံး ကိုယ့်ဘာသာ ဖတ်ရမှာ မီးနင်းမသိ
ဒစ်ရှင်နရီ ထဲကြည့်ရမှာ ။ ကျနော်တို့ တွေ ဆယ်တန်းသာ အောင်လာတာ ဘာ ဒစ်ရှင်နရီ မှ မကိုင်ဖူးဘူး။
ဆရာသင်တာကို ခဲတံနဲ့ နောက်ကနေ ရှုပ်ပွနေအောင် အသေလိုက်မှတ်ရတယ် ။ မီးနင်းကို လိုက်မှတ်ရတော့
ဥပမာ eng story တစ်ပုဒ် ဘာကို ဆိုလိုတာလည်း မသိတော့ဘူး ။ တကယ်ဆို ဆယ်တန်းကျောင်းသား
တစ်ယောက် eng စာကို ၁၀ နှစ်သင်လာတာ မဖတ်တတ်သင့်ဘူးလား ။ နောက်တစ်ခုက ဖွံဖြိုးနေတဲ့
ဦးနှောက်ကို သေအောင်လုပ်လိုက်တာ ။ hard disc လိုပဲ ထည့်ထားတာပဲ သိတယ် သူများထည့်ပေးသ
လောက်ပဲ ရတယ် ။ ကိုယ့်ဘာသာ သင်ယူရမှန်းမသိတော့ပဲ ဆရာပဲ အားကိုးရတော့တာ ။ဘာလဲဆိုတော့
ဥပမာ နွားအကြောင်းသင်တယ် ။ ပြဌာန်းစာအုပ်မှာ နွားအကြောင်း ဆယ်ချက်ပါရင် အဲဒီဆယ်ချက်ပဲ မှတ်
ထား ။ ကျန်တာမလိုတော့ဘူး ။ သိစရာမလိုဘူး ဖြစ်သွားတယ် ။ထားပါတော့ နွားသည် မြက်စားသည်
ပြောင်းစားသည် ပြဌာန်းစာအုပ်မှာ ဒီလောက်ပဲ ပါတယ် ။ ကျောင်းသားက စာမေးပွဲမှာ နွားသည် ပဲနှစ်
၊ ဖွဲ စားသည်လို့ ဖြေခွင့်မရှိဘူး ။ မစားလို့လားဆိုပြန်တော့ မဟုတ်ဘူး စားတယ် ။ စားရင်ဘာလို့မှားတာ
လည်း စာအုပ်ထဲမပါတာ လျောက်မရေးနဲ့ ငတုံး ။တကယ်ဆို ဆရာကနေ မနက်ဖြန် နွားအကြောင်း
သင်မယ်ဟေ့ သားတို့ သမီးတို့ သိသလောက် လေ့လာခဲ့ကြ ။ ကျောင်းမှာ ပြန်ပြီး ဆွေးနွေးမယ် ။
ဆရာက မင်တို့မသိတာတွေကို ထပ်ပြောပြပေးမယ် ၊ ဟုတ်ပီလား ။ ဒါမျိုးဖြစ်ရမှာ ။ အခု ပညာရေးကတော့
နားလည်စရာမလိုဘူး အလွတ်ရရင် အောင်တာပဲ ။ ဆယ်တန်းမှာလည်း ဒီလိုပဲ ကျက်အောင် ။
ဆိုတော့ ဥာဏ်ကောင်းတဲ့သူတွေက ရှေ့က ရောက်သွားတယ် တကယ် တီထွင်နိုင်တဲ့ကလေးက နောက်
ကဖြစ်နေတယ် ။ဥပမာ ကျနော် ပဲ ။ ကျနော်မူလတန်းကျောင်းသား ဘ၀က အင်္ဂလိပ်စာ မီးနင်း ကို ဆရာမဆီ
စာပြန်တဲ့အခါ အမြဲတမ်း နာရွက် ဆွဲခံရတယ် ။ ဗိုက်ခေါက် အလိမ်ခံရတယ် ။ ကောင်မလေးက ကျနော့် နား
ရွက်ကို ဆွဲပြီး ကျောင်းကို အမြဲ ပတ်ရတယ် ။ဒါပေမယ့် စာမေးပွဲ လပတ် ရော အတန်းတင်ရော မှာ
အဆင့် ၁ . ၂ .၃ ၀င်တယ် ။ ပြသနာက ကျောင်းမှာ မီးနင်းပြန်ရင် ကိုယ့်ဘာသာ အစဉ်လိုက် ရွတ်ပြန်ရတယ်
ဥပမာ (1) Apple (2) Ball (3) Car ပဲထားပါတော့ ။ ကျနော်က အစဉ်လိုက်မမှတ်နိုင်ဘူး ။
သူ့ရဲ့ အဓိပ္ပါယ်တွေ အားလုံးကိုသိတယ် ဘာပီးရင် ဘာဆိုတာ မရတာ ။ ကား လို့ အသံထွက်လိုက် ရတယ် ။
ပန်းသီး လို့ မေးလိုက် apple သိတယ် ။ အက်ပဲ လို့ မေးမလား Apple သိတာပေါ့ ။ကျနော်မှာ အဲလောက်
ဥာဏ်မကောင်းဘူး ။ နောက်တစ်ခုက သိနေပီးသား ဟာကို အစဉ်လိုက် မှတ်မိအောင် မကြိုးစားချင်တာပဲ။
လိုသလား ဆိုတော့ မလိုဘူး ။ ကျနော့် သဘော အမြင်ကတော့ မူလတန်း အလည်တန်းကျောင်းသား
လောက်ကတော့ စာတော်စရာမလိုဘူး အခြေခံကောင်း ပါဖို့ပဲ ။ ကျနော်သာ ကျောင်းဆရာ တစ်ယောက်
ဆို အပို ဦးနှောက်စားရမယ့် အချိန်တွေကို ကစားခိုင်းပစ်မယ် ။ ဒါပေမယ့် ဘယ်အရာမဆို တွေးတတ်အောင်
တော့ သင်ပေးမယ် ။ ဘယ်အရာ ဖြစ်ဖြစ် ဆရာသင်မှတတ်မယ် သိမယ် ဆိုတဲ့အတွေးဟာ သိပ်ပြီး မှားကြောင်း
ပြောမယ် ။ အဓိက ကတော့ ဦးနှောက်ကို မကန့်သတ်ဖို့ပဲ ။ တကယ်လို့ ကျောင်းဆရာ ဖြစ်ခဲ့မယ် ဆိုရင်
ပန်ချီ သင်ပေးတဲ့ ပန်းချီဆရာ ဖြစ်ချင်တယ် ။ ပန်းချီရေး တဲ့သူတွေပဲ ကြည့်လေ ။ ဘယ်ရှုခင်းကိုပဲ ဖြစ်ဖြစ်
ဆွဲတတ်တယ် ။ ပန်းချီဆရာတွေ ဆွဲသမျှ ပုံတွေ ရာထောင်ချီ နေတာကို တစ်ပုံချင်း ဘယ်ဆရာမှ မသင်ပေး
ဘူး ။ ဥပမာ တစ်ခုပြောမယ် ။ ပန်ချီဆရာ တစ်ယောက့်ကိုခေါ် ကျနော့်ပုံ ဆွဲပေးပါဆို ဆွဲပေးတတ်တာပဲ ။
ခဗျားပုံဆိုလည်းဆွဲပေးတတ်တာ ပဲ ။ ယုန်၊ သစ်ပင် ၊ အသီး ၊ ကြောင် အကုန်ဆွဲတတ်တယ် ။ခဗျားပုံ ကိုသူ
ဆွဲတတ်တာ ကျောင်းမှာ ခဗျားပုံ ကြီးချိတ်ပီး သင်ခဲ့ရလို့လား ။ ကျနော့်ပုံရော ၊ အားလုံး သူဆွဲတတ်နေတာပဲ။
ဆရာက သင်လိုက်မှာကတော့ ဆေးရောင်းတွေ ဘယ်လိုစပ်ရတယ် ၊ ကောက်ကြောင်းကို ဘယ်လိုယူရတယ် ၊
စုတ်တံကို ဘယ်လိုကိုင် ခဲတံကို ဘယ်လိုကိုင် စသည်ဖြင့်ပေါ့ ။ ဒီလောက်ပဲ သင်ရမှာပါ ။ ပုံအားလုံးဆွဲနိုင်ဖို့ကတော့ ကိုယ့်ရဲ့
ပါရမီ တီထွင်မှု ကြိုးစားမှု ဒီသုံးခုပေါ်အခြေခံသွားမယ် ။ သင်တဲ့ပုံပဲ
ဆွဲတတ်မှတော့ ဘယ်ပန်ချီဆရာ ဟုတ်လိမ့်တော့မလည်း ။ ကျနော်တို့ လည်း
ဒီအတိုင်းအခြေခံရမယ် ဥာဏ်ပါရမီ ၊ တီထွင်တွေးခေါ်နိုင်မှု ၊
ကြိုးစားအားထုတ်မှု ။ ဒါကတော့ ကျနော်ရဲ့ ပုဂ္ဂလိက အမြင် ပါ ။ စာသင်တဲ့နေရာမှာ ကလေးတွေရဲ့ ဦးနှောက်ကို
မကန့်သတ်ပါနဲ့ တွေးလေကောင်းလေ ၊မှန်သလောက် အမှတ်ပေးပါ ။မိဘတွေ ဂုဏ်တု ဂုဏ်ပြိုင်လုပ်ချင်တာနဲ့ပဲ ကလေးတွေအပေါ်မှာ မတင်းကျပ်ပါနဲ့ တစ်ယောက်နဲ့တစ်ယောက် တစ်နေရာစီမှာ တော်ကြတာ ချည်းပါပဲ ။ ညံ့တဲ့ကလေးဆိုတာမရှိပါဘူး ။အဓိက ပြောချင်တာကတော့ စားဝတ်နေရေးကြောင့်တော့ ဘယ်တော့မှ ကျောင်းဆရာ ဆရာမ မလုပ်ပါနဲ့ ။တကယ် ပဲ နာသုံးနာ နဲ့ ကျင့်ကြံနိုင်မှ လုပ်ပါ ။ ကလေးဆိုတာ တိုင်းပြည်ရဲ့
အနာဂတ်ပါ ကလေးတစ်ယောက် နစ်နာတိုင်း တိုင်းပြည်လည်း နစ်နာပါတယ် ။
ကျနော့်ရေးခဲ့တဲ့စာဟာ ဆရာဆရာမများကို ရည်ရွယ်ပြောဆိုခြင်းမဟုတ်ပါ ။ နိမ့်ကျခဲ့ရတဲ့ ပညာရေးစနစ်ကို
ပြောချင်တာပါ ။ ပြည့်ပြည့်စုံစုံ မရေးသားနိုင်ခဲ့တာတော့ကျနော့်ရဲ့ အားနည်းချက်ကြောင့်ပါ ။ အဲဒီအားနည်း
ချက်တွေကို ထောက်ပြဝေဖန်ဖို့ ဖိတ်ခေါ်ပါတယ် ။
ရဲမာန်
၁၉.၁၁.၂၀၁၅
—Air အဲ လို့ အသံမထွက် ခဲ့ရပဲ Air အဲယား လို့ အသံထွက်ခဲ့ရတဲ့ ပညာရေး ။
Where ၀ှဲ လို့ အသံမထွက်ပဲ where ၀ှဲယားလို့ အသံထွက်ခဲ့ ရတဲ့ပညာရေး ။
It အစ်(ထစ် )Is အစ်စ် ကို အစ်အစ် လို့ လည်ပင်းညှစ်ခံရတဲ့အသံမျိုး ထွက်ခဲ့ရတဲ့ပညာရေး ။
မောင်မောင်သည် ကျောင်းသား တစ်ယောက်ဖြစ်သည် ကို ဖြစ်ပါသည် လို့ရေးမိလို့ အမှတ်မရတဲ့ပညာရေး ။
ဆရာတွေကို စော်ကားတာမဟုတ်ပါဘူး ၊ ပညာရေးကို ပြောချင်တာပါ ။
မြန်မာပြည် ပညာရေးကို သိချင်ရင် အိန္ဒိယ ဇာတ်ကားတွေ များများကြည့် လက်တောက်လောက်ကလေး
ကနေ သေခါနီးအဖိုးကြီး အထိ စကားငါးခွန်းမှာ တစ်ခွန်းကတော့ အင်္ဂလိပ်လိုပြောတာချည်းပဲ ။
လေးတန်းကလေးက အင်္ဂလိပ်လို ရေးပြီး ခွင့်တိုင်နေရပီ ။
သူငယ်တန်းကနေ သင်ခဲ့ရတဲ့ အင်္ဂလိပ်စာ ကျောင်းပြီး တဲ့အထိ ၁၄ နှစ်တိတိ သင်ခဲ့ရတယ် နော် ။
အင်္ဂလိပ်စာ ဖြောင့်အောင် ဖတ်တတ်တဲ့ကျောင်းသား အက်ဆေး လက်တာ ဖြောင့်အောင် ရေးတတ်တဲ့
ကျောင်းသား speaking ဆိုတာ ထားလိုက်တော့ ၊ ရှားတယ် ။ အဲလို ဖြောင့်အောင် ရေးတက်
ဖတ်တတ်ရင် ဂုဏ်ထူး သေချာနေပီ ။ ကျနော်တို့ကို စာသင်တဲ့ဆရာတွေက ဘာလုပ်ရလည်းသိလား
စာသင်တဲ့ဆီမရောက်ရဘူး ဘာသာပြန်ပဲ ဖြစ်နေတော့တာ ။ စာမေးပွဲမှာ မေးခွန်းလှည့်တယ် ဆိုပီး
ကျောင်းသားတွေ ညည်းကြတယ် ။ တကယ်က ဘာသာမပြန်တတ်ကြတာ ။ စာသင်ရမယ့် အချိန်မှာ
Physics , Chemistry , Eng , Maths ,Bio , အားလုံး ကိုယ့်ဘာသာ ဖတ်ရမှာ မီးနင်းမသိ
ဒစ်ရှင်နရီ ထဲကြည့်ရမှာ ။ ကျနော်တို့ တွေ ဆယ်တန်းသာ အောင်လာတာ ဘာ ဒစ်ရှင်နရီ မှ မကိုင်ဖူးဘူး။
ဆရာသင်တာကို ခဲတံနဲ့ နောက်ကနေ ရှုပ်ပွနေအောင် အသေလိုက်မှတ်ရတယ် ။ မီးနင်းကို လိုက်မှတ်ရတော့
ဥပမာ eng story တစ်ပုဒ် ဘာကို ဆိုလိုတာလည်း မသိတော့ဘူး ။ တကယ်ဆို ဆယ်တန်းကျောင်းသား
တစ်ယောက် eng စာကို ၁၀ နှစ်သင်လာတာ မဖတ်တတ်သင့်ဘူးလား ။ နောက်တစ်ခုက ဖွံဖြိုးနေတဲ့
ဦးနှောက်ကို သေအောင်လုပ်လိုက်တာ ။ hard disc လိုပဲ ထည့်ထားတာပဲ သိတယ် သူများထည့်ပေးသ
လောက်ပဲ ရတယ် ။ ကိုယ့်ဘာသာ သင်ယူရမှန်းမသိတော့ပဲ ဆရာပဲ အားကိုးရတော့တာ ။ဘာလဲဆိုတော့
ဥပမာ နွားအကြောင်းသင်တယ် ။ ပြဌာန်းစာအုပ်မှာ နွားအကြောင်း ဆယ်ချက်ပါရင် အဲဒီဆယ်ချက်ပဲ မှတ်
ထား ။ ကျန်တာမလိုတော့ဘူး ။ သိစရာမလိုဘူး ဖြစ်သွားတယ် ။ထားပါတော့ နွားသည် မြက်စားသည်
ပြောင်းစားသည် ပြဌာန်းစာအုပ်မှာ ဒီလောက်ပဲ ပါတယ် ။ ကျောင်းသားက စာမေးပွဲမှာ နွားသည် ပဲနှစ်
၊ ဖွဲ စားသည်လို့ ဖြေခွင့်မရှိဘူး ။ မစားလို့လားဆိုပြန်တော့ မဟုတ်ဘူး စားတယ် ။ စားရင်ဘာလို့မှားတာ
လည်း စာအုပ်ထဲမပါတာ လျောက်မရေးနဲ့ ငတုံး ။တကယ်ဆို ဆရာကနေ မနက်ဖြန် နွားအကြောင်း
သင်မယ်ဟေ့ သားတို့ သမီးတို့ သိသလောက် လေ့လာခဲ့ကြ ။ ကျောင်းမှာ ပြန်ပြီး ဆွေးနွေးမယ် ။
ဆရာက မင်တို့မသိတာတွေကို ထပ်ပြောပြပေးမယ် ၊ ဟုတ်ပီလား ။ ဒါမျိုးဖြစ်ရမှာ ။ အခု ပညာရေးကတော့
နားလည်စရာမလိုဘူး အလွတ်ရရင် အောင်တာပဲ ။ ဆယ်တန်းမှာလည်း ဒီလိုပဲ ကျက်အောင် ။
ဆိုတော့ ဥာဏ်ကောင်းတဲ့သူတွေက ရှေ့က ရောက်သွားတယ် တကယ် တီထွင်နိုင်တဲ့ကလေးက နောက်
ကဖြစ်နေတယ် ။ဥပမာ ကျနော် ပဲ ။ ကျနော်မူလတန်းကျောင်းသား ဘ၀က အင်္ဂလိပ်စာ မီးနင်း ကို ဆရာမဆီ
စာပြန်တဲ့အခါ အမြဲတမ်း နာရွက် ဆွဲခံရတယ် ။ ဗိုက်ခေါက် အလိမ်ခံရတယ် ။ ကောင်မလေးက ကျနော့် နား
ရွက်ကို ဆွဲပြီး ကျောင်းကို အမြဲ ပတ်ရတယ် ။ဒါပေမယ့် စာမေးပွဲ လပတ် ရော အတန်းတင်ရော မှာ
အဆင့် ၁ . ၂ .၃ ၀င်တယ် ။ ပြသနာက ကျောင်းမှာ မီးနင်းပြန်ရင် ကိုယ့်ဘာသာ အစဉ်လိုက် ရွတ်ပြန်ရတယ်
ဥပမာ (1) Apple (2) Ball (3) Car ပဲထားပါတော့ ။ ကျနော်က အစဉ်လိုက်မမှတ်နိုင်ဘူး ။
သူ့ရဲ့ အဓိပ္ပါယ်တွေ အားလုံးကိုသိတယ် ဘာပီးရင် ဘာဆိုတာ မရတာ ။ ကား လို့ အသံထွက်လိုက် ရတယ် ။
ပန်းသီး လို့ မေးလိုက် apple သိတယ် ။ အက်ပဲ လို့ မေးမလား Apple သိတာပေါ့ ။ကျနော်မှာ အဲလောက်
ဥာဏ်မကောင်းဘူး ။ နောက်တစ်ခုက သိနေပီးသား ဟာကို အစဉ်လိုက် မှတ်မိအောင် မကြိုးစားချင်တာပဲ။
လိုသလား ဆိုတော့ မလိုဘူး ။ ကျနော့် သဘော အမြင်ကတော့ မူလတန်း အလည်တန်းကျောင်းသား
လောက်ကတော့ စာတော်စရာမလိုဘူး အခြေခံကောင်း ပါဖို့ပဲ ။ ကျနော်သာ ကျောင်းဆရာ တစ်ယောက်
ဆို အပို ဦးနှောက်စားရမယ့် အချိန်တွေကို ကစားခိုင်းပစ်မယ် ။ ဒါပေမယ့် ဘယ်အရာမဆို တွေးတတ်အောင်
တော့ သင်ပေးမယ် ။ ဘယ်အရာ ဖြစ်ဖြစ် ဆရာသင်မှတတ်မယ် သိမယ် ဆိုတဲ့အတွေးဟာ သိပ်ပြီး မှားကြောင်း
ပြောမယ် ။ အဓိက ကတော့ ဦးနှောက်ကို မကန့်သတ်ဖို့ပဲ ။ တကယ်လို့ ကျောင်းဆရာ ဖြစ်ခဲ့မယ် ဆိုရင်
ပန်ချီ သင်ပေးတဲ့ ပန်းချီဆရာ ဖြစ်ချင်တယ် ။ ပန်းချီရေး တဲ့သူတွေပဲ ကြည့်လေ ။ ဘယ်ရှုခင်းကိုပဲ ဖြစ်ဖြစ်
ဆွဲတတ်တယ် ။ ပန်းချီဆရာတွေ ဆွဲသမျှ ပုံတွေ ရာထောင်ချီ နေတာကို တစ်ပုံချင်း ဘယ်ဆရာမှ မသင်ပေး
ဘူး ။ ဥပမာ တစ်ခုပြောမယ် ။ ပန်ချီဆရာ တစ်ယောက့်ကိုခေါ် ကျနော့်ပုံ ဆွဲပေးပါဆို ဆွဲပေးတတ်တာပဲ ။
ခဗျားပုံဆိုလည်းဆွဲပေးတတ်တာ
ဆွဲတတ်တာ ကျောင်းမှာ ခဗျားပုံ ကြီးချိတ်ပီး သင်ခဲ့ရလို့လား ။ ကျနော့်ပုံရော ၊ အားလုံး သူဆွဲတတ်နေတာပဲ။
ဆရာက သင်လိုက်မှာကတော့ ဆေးရောင်းတွေ ဘယ်လိုစပ်ရတယ် ၊ ကောက်ကြောင်းကို ဘယ်လိုယူရတယ် ၊
စုတ်တံကို ဘယ်လိုကိုင် ခဲတံကို ဘယ်လိုကိုင် စသည်ဖြင့်ပေါ့ ။ ဒီလောက်ပဲ သင်ရမှာပါ ။ ပုံအားလုံးဆွဲနိုင်ဖို့ကတော
ကြိုးစားအားထုတ်မှု ။ ဒါကတော့ ကျနော်ရဲ့ ပုဂ္ဂလိက အမြင် ပါ ။ စာသင်တဲ့နေရာမှာ ကလေးတွေရဲ့ ဦးနှောက်ကို
မကန့်သတ်ပါနဲ့ တွေးလေကောင်းလေ ၊မှန်သလောက် အမှတ်ပေးပါ ။မိဘတွေ ဂုဏ်တု ဂုဏ်ပြိုင်လုပ်ချင်တာနဲ့ပဲ ကလေးတွေအပေါ်မှာ မတင်းကျပ်ပါနဲ့ တစ်ယောက်နဲ့တစ်ယောက် တစ်နေရာစီမှာ တော်ကြတာ ချည်းပါပဲ ။ ညံ့တဲ့ကလေးဆိုတာမရှိပါဘူး ။အဓိက ပြောချင်တာကတော့ စားဝတ်နေရေးကြောင့်တော့ ဘယ်တော့မှ ကျောင်းဆရာ ဆရာမ မလုပ်ပါနဲ့ ။တကယ် ပဲ နာသုံးနာ နဲ့ ကျင့်ကြံနိုင်မှ လုပ်ပါ ။ ကလေးဆိုတာ တိုင်းပြည်ရဲ့
အနာဂတ်ပါ ကလေးတစ်ယောက် နစ်နာတိုင်း တိုင်းပြည်လည်း နစ်နာပါတယ် ။
ကျနော့်ရေးခဲ့တဲ့စာဟာ ဆရာဆရာမများကို ရည်ရွယ်ပြောဆိုခြင်းမဟုတ်ပါ
ပြောချင်တာပါ ။ ပြည့်ပြည့်စုံစုံ မရေးသားနိုင်ခဲ့တာတော့ကျနော
ချက်တွေကို ထောက်ပြဝေဖန်ဖို့ ဖိတ်ခေါ်ပါတယ် ။
ရဲမာန်
၁၉.၁၁.၂၀၁၅
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။