ပအိုဝ်းအမျိုးသားတို့ရိုးရာ မီးလုံး (လူးဖဲုင်) ပွဲတော်အကြောင်း
******************************************************************
အမှန်ကတော့ ပအိုဝ်းအခေါ် လူးဖဲုင်ကို မြန်မာလို မီးလုံးလို့အလွယ်တကူ
ခေါ်လိုက်တာပါ..။ လူးဖဲုင်ဆိုတာက ယမ်းစိမ်း မီးသွေး ကန့်အနည်းငယ်
သူ့အလေးချိန်အားလျော် ရောစပ်ပြီး အခေါက်ပေါင်းမြောက်များစွာ
ကျိပ်ထားရတာပါ..။ ဒီယမ်းမျိုးတွေက ကျည်ဆံတွေလည်းလုပ်နိုင်သလို
ကျောက်ခွဲတဲ့နေရာမှာ သုံးတဲ့ယမ်းဘီလူးနဲ့ သိပ်မကွာပါဘူး။
အားအလွန်ပြင်းတာမို့ အလေးချိန်များတဲ့သံပြောင်းကို သူ့အရွယ်အစား
အလိုက် ကောင်းကင်ထက်ဆီသို့အလွယ်တကူသယ်နိုင်တာဖြစ်ပါတယ်။
မီးလုံးက သံပြောင်းနဲ့ယမ်းကို တစ်ဆင့်ချင်းစီ အကြိမ်ပေါင်းများစွာ
ရိုက်ထဲ့ရတာဖြစ်ပါတယ်..။
လူးဖဲုင်ပွဲဆိုတာ ပအိုဝ်းအမျိုးသားတို့ရဲ့ အဓိကရိုးရာပွဲဖြစ်သလို မိုးခေါ်ပွဲ
ကောက်ပဲသီးနှံများ အထွက်ကောင်းဖို့အတွက် ရည်ရွယ်ပြီး နှစ်စဉ်ကဆုန်
နယုန်လတွေမှာကျင်းပလေ့ရှိကြပါတယ်။ အညှာဒေသက မိုးခေါ်ပွဲကတော့
လွန်ဆွဲပွဲပေါ့ဗျာ..။
ပွဲကတော့ ပအိုဝ်းအမျိုးသားတို့ရဲ့အများစုနေထိုင်ကြရာ ရှမ်းပြည်တောင်ပိုင်း
မှာ နေရာတိုင်းလိုလိုမှာ ပွဲချိန်ကျရင်ကျင်းပတတ်ကြပါတယ်..။
၁၉၉၅/၁၉၉၇ စသည့်နှစ်တွေရဲ့ရှေ့ပိုင်းမှာက ရှမ်းပြည်နယ်ရဲ့အကြီးဆုံးရိုး
ရာပွဲလို့ဆိုရလောက်အောင် အကြီးဆုံးမီးလုံးတွေနဲ့ ပွဲချိန်တစ်ပတ်တိတိ
တောင်ကြီးမြို့ရှိ ကရင်မရေထွက်ပန်းခြံမှာ အကြီးအကျယ်ကျင်းပခဲ့တာ
နှစ်နှစ် သုံးနှစ်လောက်ကြည့်ဖူးပါသေးတယ်..။
နောက်ပိုင်းပွဲတွေကို သက်ဆိုင်ရာ အမျိုးသားအဏာပိုင်တွေက ပွဲကျင်းပခွင့်
ပိတ်ပင်ထားတော့ နေရာတိုင်းမှာ ပွဲကျင်းပခွင့်မရတော့..။
ဒါပေမယ့် ပြီးခဲ့သည့်နှစ်နှစ် သုံးနှစ်ကမှ သံဃာတော်များက ဦးဆောင်ပြီး
အမျိုးသားတို့ရဲ့ရိုးရာပွဲကို အသက်ပြန်ဝင်လာခဲ့ပါတယ်။ တောင်ကြီးမြို့
ပွဲမှာတော့ အခုအချိန်ထိ ပြန်ကျင်းပနိုင်ခြင်းမရှိသေးပါဘူး..။
အခုနောက်ပိုင်းပွဲရဲ့အကြီးဆုံးဖြစ်လာတာကတော့ တောင်ကြီးမြို့နယ်
ထဲရှိ ပေါမူကျေးရွာမှာ မီးလုံးအလုံးပေါင်း လေးဆယ်ကျော်ဝန်းကျင်ဖြင့်
ကျင်းပနေတယ်လို့သိရပါတယ်..။
အဲဒီပွဲကိုမြင်ချင် ကြုံချင်ကြတဲ့သူများအနေနဲ့ ပွဲတော်ရာသီဖြစ်တဲ့ ကဆုန်
နယုန်လမှာ ရှမ်းပြည်တောင်ပိုင်းကိုအရောက်လာကြပါလို့ဖိတ်ခေါ်ချင်ပါ
တယ်..။
ဓာတ်ပုံကို အင်းလေးမီဒီယာ ဘလော့ဂ်မှပြန်လည်မျှဝေပါသည်..။
မေတ္တာဖြင့်
တက္ကသိုလ် ခွန်Rကာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။