ဘဝမှာ ယုံကြည်ချက်ပြည့်ပြည့်ဖြင့် ပျော်ရွှင်ခြင်း ၂၀ ချက်
လူတိုင်း စိတ်ချမ်းသာချင်ကြသည်။ ပျော်ရွှင်ချင်ကြသည်။ ပျော်ရွှင်မှုသာ ရမယ်ဆို ဘာပဲ ပေးရ ပေးရ
ပေးနိုင်ပါရဲ့ဟု ပြောဖူးကြသူချည်း။ သိုပေမယ့်လဲ လူတို့သည် ပျော်ရွှင်မှု ပျက်ပြားစရာ အမူအကျင့်များကို
လုပ်မိနေကြဆဲ ဖြစ်သည်။ ဒီတော့ စိတ်ထဲမှာ တကယ်လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်ချင်ရင် မပျော်ရွှင်စေသည့်
အမူအကျင့်များကို နေ့တိုင်း နဲနဲစီ နှုတ်ဆက်ဖို့ လိုနေပါပြီ။
မပျော်ရွှင်စေသည့် အမူအကျင့်များကို နှုတ်ဆက်ဖို့ အောက်ပါအချက်များကို
ပြင်ဆင်လိုက်ပါ။
၁။ မရသေးတာတွေအတွက် တဗျစ်တောက်တောက် လုပ်မနေပါနဲ့။ လက်ရှိလုပ်စရာ ရှိတာများကို
အကောင်းဆုံး လုပ်ကိုင်ပြီး ရလာမည့်တနေ့ကို ယုံကြည်စွာ စောင့်နေလိုက်ပါ။
နေ့ရက်တိုင်းမှာ အကောင်းဆုံး လုပ်ဆောင်နေခြင်းက သင့်အနာဂတ်တောက်ပဖို့
သဲလွန်စတွေပါပဲ။
၂။ တကိုယ်တည်းမနေပါနဲ့။ ချစ်သူ (သို့) ခင်သူတွေနဲ့ မိမိခံစားချက်ကို ရင်ဖွင့်ပါ။
၃။ ကိုယ့်ကိုကိုယ် တချိန်လုံးသူများတွေနဲ့ လိုက်မနှိုင်းယှဉ်ပါနဲ့ ။ထိုသို့ လုပ်ပါက
မိမိစိတ်တွင် အတ္တသာ နေရာယူနေပါလိမ့်မည်။ တခါတလေ မိမိကိုယ်တိုင် ကိုယ့်အစွမ်းအစကို
ခြေရာမကောက်တတ်မိသလို ဖြစ်တတ်ပါတယ်။
၎။ လူအမြင်ကတ်လောက်အောင် ဝေဖန်ပြောဆိုတာမျိုး ရှောင်ပါ။ အကြောင်းက မည်သူမျှ
ပြည့်စုံတယ် မရှိသောကြောင့် သူများအားနည်းချက်ကို အားမနာပ ပြောဆိုခြင်းက
ကိုယ့်အရည်အချင်းကို မီးရှို့ဖျက်ဆီးနေခြင်းနဲ့ တူပါတယ်။
၅။ အတိတ်က ဝမ်းနည်းစရာများနှင့်သာ မိမိစိတ်ကို လုံးထွေးရစ်ပတ်မထားပါနှင့်။
မိမိကိုယ်ကို ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။ မိမိကို နာကျင်စေခဲ့သည့် သူများကိုလည်း
ခွင့်လွှတ်ပေးပြီး မိမိ၏ စိတ်ကို မျှတချမ်းသာစွာ နေပါ။
၆။ နေရာတကာ အသိအမှတ်ပြု အလေးပေးခံချင်စိတ်ကို ဖျောက်ပါ။ ထိုစိတ်ရှိနေသမျှ
စိတ်ချမ်းသာမှု ပြည့်ပြည့်ဝဝ ရမည်မဟုတ်ပါ။ ကိုယ့်ကိုကိုယ် မြင့်မြတ်သူအဖြစ်
အမြဲတွေးပြီး သူတပါးအား ကိုယ့်ရင်ထဲတွင် နေရာပေးပါ။
၇။ ကိုယ်မအောင်မြင်တာ သူများကြောင့်လို့ လိုက်အပြစ်မတင်ပါနဲ့။
ကိုယ်ဟာ ကိုယ့်ဘဝ ကိုယ့်ဇတ်ဆရာပါ။ တကယ်လိုအပ်နေတာက
မိမိရဲ့ ဇွဲသတ္တိသာ ဖြစ်ပါသည်။
၈။ အမှားလုပ်မိတိုင်း မိမိကိုယ်ကို အပြစ်တင်စိတ်ပျက်ခြင်းဖြင့် အချိန်မကုန်ပါစေနှင့်။
Your mistake is the best teacher ဖြစ်ပါသည်။
၉။ မကောင်းသည့် အကျင့်ဆိုး အလေ့ဆိုးများဖြင့် ကိုယ့်ဘဝကို အချိန်မကုန်ပါစေနှင့်။
ကောင်းတဲ့အကျင့်များကို တဖြေးဖြေးမွေးမြူပါ။
၁၀။ ကိုယ့်ဘဝကို ဖေ့ဘွတ် ဂိမ်း တီဗီချည်းနဲ့ အချိန်မကုန်ပါစေနှင့်။
မိမိဘဝအတွက် အဓိပ္ပာယ်ဖြစ်စေမည့် အလုပ်ကို အချိန်ပိုပေးပါ။
၁၁။ သူများပါးစပ်မှာ ကိုယ့်ဘဝမဖြစ်ပါစေနှင့်။ ကိုယ်ပိုင်စတိုင် ကိုယ်ပိုင်ဟန်ဖြင့်သာ နေပါ။
၁၂။ အလောတကြီး မလုပ်ပါနဲ့။ ဘဝကတိုသလို နေ့တွေလတွေနှစ်တွေက စားနေသောကြောင့်
အချိန်တိုင်း ပီပြင်အောင် လုပ်နိုင်ဖို့သာ အဓိကပါ။
၁၃။ တချိန်လုံး စိုးရိမ်ပူပန်နေတာမျိုး မဖြစ်ပါစေနှင့်။ တခါတလေ လူတွေက အပိုသောကတွေကို
ယူတတ်သလို မလိုအပ်ပဲ စိုးရိမ်နေတာမျိုး ဖြစ်တတ်ပါသည်။
၁၄။ လူတိုင်းကို လိုက်ထိန်းချုပ်ဖို့ မကြိုးစားပါနှင့်။ လူတိုင်း တန်ဖိုးကိုယ်စီနှင့် လွတ်လပ်ခွင့်
ရှိတယ်ဆိုတာ သိထားပါ။ Personal Space အမြဲထားပါ။
၁၅။ ကိုယ်သိကိုယ်တတ်သည် ဆိုသည့်စိတ်ကြီးကို ဖျောက်ပါ။ လူတိုင်းတမျိုးစီ စွမ်းကြသည်။
၁၆။ သူများ အထင်ကြီးအောင် တမင်တကာ မလုပ်ပါနှင့်။ ကိုယ့်ပုံစံအတိုင်း ကောင်းမွန်လွတ်လပ်စွာ နေပါ။
၁၇။ ကိုယ့်ကို အဆိုးမြင်တတ်သည့် လူတွေနှင့် ဝေးဝေးနေပါ။
ကိုယ့်ကို အကောင်းမြင် အပြုဆောင်တတ်သည့် လူနှင့်သာ ဆက်ဆံပေါင်းသင်းပါ။
၁၈။ သူများပြောတိုင်း အားနာပြီး ခေါင်းမညိတ်ပါနှင့်။ ကိုယ့်ကိုကိုယ် အမြဲသိထားပါ။
ကိုယ်မလုပ်နိုင်တဲ့ အရာဆိုတာ ဘယ်လိုအရာမျိုးလဲဟူ၍။
၁၉။ ထိပ်ဆုံးဖြစ်ချင်စိတ်ဖြင့် မပြိုင်ဆိုင်ပါနင့်။ မိမိစိတ်ကိုသာ ထိပ်တန်းရောက်အောင် ထားပါ။
၂၀။ ဘဝရဲ့ အသစ်အသစ်သော ခြေလှမ်းများကို စမ်းသပ်ဖို့ ပထမဆုံးခြေလှမ်းကို မကြောက်ပါနှင့်။
ရတီ နတ်ပန်းချီ အင်္သေချေ

၈။ အမှားလုပ်မိတိုင်း မိမိကိုယ်ကို အပြစ်တင်စိတ်ပျက်ခြင်းဖြင့်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။