ဘယ်လိုရွေးချယ်မလဲ
ဆရာသုတ
JOB seekers Journal Vol.3, No.28
ဧက ၂၀-၃၀ လောက်ရှိတဲ့နေကြာခင်းထဲမှာ အချိန်တစ်နာရီ အတွင်း အကြီးဆုံးနဲ့ အလှဆုံးနေကြာပန်း ကို ရွေးချယ်ခူးယူခဲ့ရမယ် ဆိုပါတော့။ တစ်ယောက်နဲ့တစ်ယောက် အကြီးဆုံးနဲ့အလှဆုံးနေကြာပန်း ရအောင် ရွေးချယ်ပုံနည်းလမ်းတွေ မတူညီကြတာ ကိုတွေ့ရပါတယ်။ အချို့က ပထမပိုင်း မိနစ်၃၀လောက် အတွင်းမှာပဲ နေကြာပန်းတွေကိုခပ်ဖြေးဖြေး သေသေချာချာလျှောက်ကြည့်တယ်။ သဘောကျတဲ့ နေကြာပန်းတွေကိုလည်း အချိန်အများကြီးယူ နေရာမှတ်သားထားပြီး ကျန်တဲ့မိနစ်၃၀မှာ အဲဒီတွေ့ပြီးသမျှနေကြာပန်းတွေထဲက အကြီးဆုံး အလှဆုံး သဘောအကျဆုံးကို ပြန်ရှာပြီးခူးယူတယ်။ အချို့ကတော့ နေကြာတစ်ခင်းလုံးမှာ မကြည့်လိုက် ရတဲ့နေကြာပန်း တတ်နိုင်သလောက် နည်းအောင် နေရာတွေ ဘာတွေ မှတ်သားမနေဘဲ အမြန်လှည့်ပတ် ကြည့်တယ်။
နေကြာပန်းခင်းထဲက ပြန်တက်လာဖို့အချိန်နီးတော့ တွေ့ခဲ့သမျှ နေကြာပန်းတွေထဲက အကြီးဆုံး၊ အလှဆုံးနဲ့သဘောအကျဆုံး မဟုတ်ဘူးလို့ သိနေပေမဲ့ အကြီးဆုံး၊ အလှဆုံးနဲ့ သဘောအကျဆုံး ကို ပြန်ရှာလို့လည်း မတွေ့နိုင်တော့တာမို့ နီးစပ်ရာ သင့်တင့်တဲ့ နေကြာပန်း တစ်ပွင့်ကိုပဲ ခူးပြီးပြန်လာတယ်။ အချို့ကတော့ နေကြာခင်းထဲဆင်းလိုက်တာနဲ့ တွေ့သမျှနေကြာပန်းတွေကို ကြီးတယ်၊ လှတယ်ပဲထင်ပြီး အတော် များများကို အရမ်းပဲသဘောကျနေတာမို့ အချိန် တစ်နာရီတောင် မပြည့်ပါဘူး။ မိနစ်ပိုင်း အတွင်း နေကြာပန်းခူး ပြီးပြန်လာတော့ တာပဲ။
ဘ၀မှာအရေးကြီးတဲ့ရွေးချယ်စရာတွေနဲ့ ကြုံတွေ့တဲ့အခါ အဲဒီလို မတူညီတဲ့ချဉ်းကပ်ပုံတွေကို သန်ရာသန်ရာအသုံးပြုတတ်ကြပါတယ်။ တကယ်တော့ လက်တွေ့ဘ၀မှာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ အခြားကိုယ်နဲ့တန်းတူတွေ၊ သက်တူရွယ်တူတွေလည်း ရှိနေတာမို့ နေကြာ ပန်းခင်းထဲမှာ ပန်းတွေတင် အများကြီးမဟုတ်ဘဲ ခူးမယ့်သူတွေလည်း အများကြီးပဲလို့ စဉ်းစားရမှာဖြစ်ပါတယ်။ ဆိုလိုတာက ပထမနည်းလမ်း ကိုသုံးပြီး မိနစ် ၃၀ လောက်ရှိမှ ကိုယ်မှတ်သား ထားတဲ့ နေကြာပန်းဆီကို ပြန်သွားတဲ့အခါ အခြားသူက လက်ဦးသွားနှင့်တာတွေဖြစ်နိုင်ပါတယ်။
အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါ အချို့ကနံပါတ် ၁ နည်းလမ်း အတိုင်း အသက်အရွယ်တစ်ခုမတိုင်ခင်အထိ ဘယ်လောက်သဘော ကျတဲ့သူကို တွေ့သည်ဖြစ်စေ၊ ဒီထက်သဘောကျတဲ့သူကို တွေ့ဦးမလား ဆိုပြီး ယတိပြတ်မရွေးချယ်သေးဘဲစဉ်းစားနေသေးတယ်။ အသက်အရွယ် တစ်ခု ဥပမာအသက် ၃၀-၃၅နှစ်လောက် ရောက်လာတဲ့အခါကျတော့မှ အရင်စဉ်းစားထားတဲ့ထဲကဖြစ်စေ၊ နောက်မှတွေ့လာတဲ့သူ တစ်ယောက် ယောက်ကိုဖြစ်စေ သဘောအကျဆုံးပဲ လို့ဆုံးဖြတ်ပြီး ရွေးချယ်လေ့ ရှိတယ်။ အချို့ကျပြန်တော့လည်း ဒီတစ်သက် အိမ်ထောင်မပြုတော့ ပါဘူးဆိုပြီး အလုပ်ထဲမှာတစ်ချိန်လုံးနှစ်မြှုပ်လုပ်ကိုင်ခဲ့ပြီး အသက် ၅၀-၆၀ကျမှ နှစ်သက်တဲ့သူတွေ့လို့ အိမ်ထောင်ပြုကြပါတယ်။ တစ်ချို့ ကျတော့လည်း အရွယ်ရောက်တာနဲ့ ဖူးစာရှင်တွေ့ပြီး၊ လုံးဝသေချာတယ်၊ ဦးနှောက်နဲ့စဉ်းစားတာ မဟုတ်ဘဲ နှလုံးသားနဲ့ ရွေးချယ်ပါတယ်ဆိုပြီး အဆောတလျင် အိမ်ထောင်ပြုကြပါတယ်။
အလုပ်အကိုင်ရွေးချယ်ရာမှာလည်း နေကြာခင်းထဲဆင်းတဲ့ ဥပမာကို ထည့်သွင်းစဉ်းစားနိုင်မှာဖြစ်ပါတယ်။ အတော်များများ အလုပ် တွေက ဒီနေ့အလုပ်ဝင်ပြီး မနက်ဖြန်ထိပ်ဆုံး ကိုရောက်နိုင်တာမျိုး မဟုတ်ပါဘူး။ ဘယ်လောက်ပဲလုပ်ရည်ကိုင်ရည်နဲ့ ပင်ကိုဉာဏ် ထက်မြက်တဲ့သူဖြစ်စေ အလုပ်ထဲမှာ အတွေ့အကြုံရယူ ဖို့လိုတယ်။
အပြန်အလှန်အကူအညီပေးဖူးပြီး ယုံကြည်စိတ်ချမှုရှိတဲ့ အဆက်အသွယ်တွေ၊ ကွန်ရက်တွေလိုတယ်။ သက်ဆိုင်ရာအသိုက်အ၀န်းထဲကလူတွေနဲ့ တစ်ကြိမ်မကအကြိမ်များစွာ အလုပ်သဘော ဆက်ဆံဖူးပြီး ဒီအလုပ်အကိုင်ကို လုပ်တဲ့သူလို့အများက သိရှိ အသိအမှတ်ပြုရှုမြင် ခံရဖို့လိုတယ်။ ဒါတွေအားလုံး ပြည့်ပြည့်စုံစုံ ဖြစ်လာအောင် ၅နှစ်-၁၀နှစ်-၁၅နှစ်-အနှစ်-၂၀ စသည်ဖြင့် အချိန်ယူရတတ် ပါတယ်။ ဒါကြောင့် လူလတ်ပိုင်း၊ လူကြီးပိုင်းအရွယ်မှာ ရည်မှန်းထားတဲ့ လုပ်ငန်းတွေကို အောင်အောင်မြင်မြင်လုပ်ကိုင်နိုင်ဖို့ ဒါမှမဟုတ်ကြီးမားတဲ့ ရာထူးတာဝန်တွေကို ထမ်းဆောင်နိုင်ပြီး အောင်မြင်တဲ့သူဖြစ်လာဖို့ဆိုရင် နေကြာခင်းထဲမှာ တစ်နာရီအတွင်းအကြီးဆုံး၊ အလှဆုံးနေကြာပန်း တစ်ပွင့်ကို ရွေးသလိုလူငယ်ဘ၀ပြောင်း လွယ်ပြင်လွယ် လုပ်နိုင်စွမ်း၊ လေ့လာ သင်ယူနိုင်စွမ်းနဲ့ အပင်ပန်းခံနိုင်စွမ်းတွေ အမြင့်မားဆုံးအချိန် သုံးလေးငါးနှစ်အတွင်းမှာ ကိုယ်နဲ့အသင့်တော်ဆုံး၊ မိမိ သူတစ်ပါးနှစ်ခုစလုံး အတွက် အကျိုးကျေးဇူးအဖြစ်ဆုံးနဲ့ကိုယ်တိုင်လည်းအနှစ်သက်ဆုံးဖြစ် မယ့်အလုပ်ကို ရွေးချယ်ပြီး တစ်စိုက်မတ်မတ် လုပ်နိုင်ရမှာဖြစ်ပါတယ်။ အလုပ်ပြောင်းတာမကောင်းဘူးလို့ တစ်ထစ်ချမပြောနိုင်ပေမဲ့ သဘော သဘာဝလုံးဝကွာခြားတဲ့ အလုပ်တစ်ခုခုကိုပြောင်းလုပ်တိုင်းအရင် အလုပ်က အဆက်အသွယ်တွေ၊ ကွန်ရက်တွေ၊ ဒီအလုပ်ကိုလုပ်တဲ့သူလို့ အများက သိရှိ၊ အသိအမှတ်ပြု၊ ရှုမြင်ခံရတာတွေကို ထားရစ်ခဲ့ရပြီး လုပ်ငန်းခွင် အသစ်၊ အသိုက်အ၀န်းအသစ်မှာ အလားတူဖြစ်လာဖို့ တစ်ခါထပ်ပြီး အချိန်ယူ တည်ဆောက် ရမှာဖြစ်ပါတယ်။
နေကြာခင်းဥပမာကို ပြန်ကောက်ရရင်နေကြာခင်းထဲဆင်းဆင်းချင်း အနှစ်သက်ဆုံး နေကြာပန်းတစ်ပွင့်ဖြစ်စေ၊အများအပြားဖြစ်စေ တွေ့နေလို့ ချက်ချင်းပဲရွေးလိုက်ချင်သူတွေအနေနဲ့ အဲဒီလိုရွေး ချယ်တဲ့အခါမှာ နေကြာခင်း အကျယ်ကြီးထဲလျှောက် ကြည့်ရင် နောက်ထပ် ဒီထက် နှစ်သက် ဖွယ်ကောင်း တဲ့ နေကြာပန်းတွေတွေ့နိုင်သေး တယ် ဆိုတာကို သတိပြုပြီးသိလျက်နဲ့ရွေးချယ်ဖို့ဖြစ်ပါတယ်။ တစ်နာရီပြည့် ခါနီးအထိ မရွေးချယ်နိုင်သူတွေအနေနဲ့ အဓိက လုပ်ရမှာက နေကြာပန်း တွေကို လျှောက်ကြည့်ပြီး အစီရင်ခံစာတင်ဖို့မဟုတ်ဘဲ အနှစ်သက်ဆုံး နေကြာ ပန်းတစ်ပွင့်ကို ရွေးချယ်ဖို့သာဖြစ်တယ် ဆိုတာအဓိက နဲ့သာမည ကွဲပြားစေ ဖို့ဖြစ်ပါတယ်။ တတိယအမျိုးအစားဖြစ်တဲ့ သတ်မှတ်ချိန်အတွင်း သေသေ ချာချာနှိုင်းယှဉ်လေ့လာ ချင့်ချိန်ပြီးမှ ရွေးချယ်မယ့်သူတွေအနေနဲ့ ကိုယ်ဖြစ် ချင်တိုင်းလည်းအမြဲတစေမဖြစ်တတ်တဲ့လောကကြီးမှာသူတစ်ပါးလက်ဦး သွားတာလည်းရှိနိုင်တယ်လို့အစကတည်းက လက်ခံထား ရမှာဖြစ်ပါ တယ်။
ဆရာသုတ
ဆရာသုတ
JOB seekers Journal Vol.3, No.28
ဧက ၂၀-၃၀ လောက်ရှိတဲ့နေကြာခင်းထဲမှာ အချိန်တစ်နာရီ အတွင်း အကြီးဆုံးနဲ့ အလှဆုံးနေကြာပန်း ကို ရွေးချယ်ခူးယူခဲ့ရမယ် ဆိုပါတော့။ တစ်ယောက်နဲ့တစ်ယောက် အကြီးဆုံးနဲ့အလှဆုံးနေကြာပန
နေကြာပန်းခင်းထဲက ပြန်တက်လာဖို့အချိန်နီးတော့
ဘ၀မှာအရေးကြီးတဲ့ရွေးချယ်စရ
အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါ
အလုပ်အကိုင်ရွေးချယ်ရာမှာလည
အပြန်အလှန်အကူအညီပေးဖူးပြီး
နေကြာခင်းဥပမာကို ပြန်ကောက်ရရင်နေကြာခင်းထဲဆင
ဆရာသုတ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။