ကိုယ်တော်က စားခါနီးထမင်းလုပ်ပုတ်ချတာကိုး|
|| ဓမ္မဂင်္ဂါ ||
ဘကြီးဘုန်းကြီးနှင့် ငယ်စဉ်က စာသင်ဘက် မိတ်ဆွေအရင်းအချာ မဘသဦးဆောင်ဆရာတော်က သတိတရဖုန်းဆက်သည်။
သူက ဘကြီးဘုန်းကြီးကို မဘသမျိုးစောင့်ဥပဒေပွဲကြီးများ ချိမ့်ချိမ့်သဲ ကျင်းပနေသည့်အကြောင်းနှင့် ရန်ကုန်ပွဲတွင် လူတစ်သိန်းတက်ရောက်မည်ဟု ခန့်မှန်းထားကြောင်း တက်ကြွစွာ ပြောပြနေသည်။ ထိုမိတ်ဆွေရဟန်းတော်ကို တကယ်ရို့းရိုးသားသားအလုပ်လုပ်နေသူ ဟု ဘကြီးဘုန်းကြီးသိထား မြင်ထားနေ၏။
သူ့အား ဘကြီးဘုန်းကြီးက မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍လည်း မည်သို့မှ မှတ်ချက်မပေးခဲ့ပေ..။ သို့သော် သူ့လုပ်ရပ်များနှင့် ပတ်သက်၍ သဘောတူသည်များရှိသလို သဘောထားကွဲလွဲသည်များလည်း ရှိကြောင်း ရှင်းပြရပါသည်။ ဖေ့စ်ဘွတ်ခ်ပရိုဖိုင်းကဲ့ သို့ပင် ကြိုက်သည့်ပရိုဖိုင်ကို လိုက်ခ်နှိပ်ပြီး မကြိုက်လျင်မူ ဆိတ်ဆိတ်သာ နေမည်ဖြစ်ကြောင်း
လျှောက်ထားရပါသည်။
ဖုန်းဆက်နေရင်းမှ မျိုးစောင့်ဥပဒေကြီးပေါ်ပေါက်လာသည့်အတွက် ပျော်လှကြောင်း၊ အမျိုးဘာသာသာသနာအတွက် စိတ်အေးစရာဥပဒေကြီးကို လက်မှတ်ရေးထိုးပေးသည့် သမ္မတကြီးနှင့် လွှတ်တော်အမတ်များကို ကျေးဇူးတင်ကြောင်း ဆက်ပြောပါသည်။
“ ဒါပေမယ့် ငါတို့ကို အစိုးရလက်ကိုင်ဒုတ်ဆြို ပီး ပြောနေကြတာကွာ..။ ငါတို့မှာ အစိုးရဆီက တစ်ပြားတစ်ချပ်မှ မရပါဘူးကွာ....အဲဒါတောင် ငါတို့က အစိုးရလော်ဘီ ဘာညာအပြောခံနေရတယ်..။”
“ ကိုယ်တော်တို့ က ပြည်သူတွေ စားခါနီး ထမင်းလုပ်ကို ပုတ်ချသလို ဖြစ်သွားတာကိုး”
“ဘယ်လိုတုန်းဟ”
“ ဒီလို နောင်တော်ကြီးရ အရှင်ဘုရားတို့ရဲ့ မျိုးစောင့်ဥပဒေဆိုတာ စတင်ကတည်းက တပည့်တော်လည်း စောင့်ကြည့်ခဲ့တယ်..။ နိုင်ငံရေးအကြပ်အတည်းတစ်ခု ဖြစ်စေတော့မယ်လို့လည်း ချက်ချင်းနားလည်ခဲ့တယ်..။ မျိုးစောင့်ဥပဒေဟာ အမျိုးဘာသာသာသနာကြွေးကြော်သံတွေနဲ့ မို့ ထောက်ခံတဲ့သူတွေ ရှိမယ်ဆိုတာလည်း သံသယမဖြစ်ခဲ့ဘူး..။
တပည့်တော်တောင် မျိုးစောင့်ဥပဒေမတိုင်မီ ထမင်းစောင့်ဥပဒေလည်း လုပ်ပါဦးဆိုပြီး စတေးတပ်စ်မိသေးတယ်..။
တပည့်တော်တို့ နိုင်ငံပြည်သူတွေဟာ အာဏာရှင်စနစ်ဆိုးအောက်မှာ ထမင်းငတ်သေတဲ့ မသာမရှိဘူးလို့ ငြင်းနိုင်ပေမယ့် ဟင်းငတ်ပြီး အာဟာရချို့တဲ့တဲ့ လူတွေ တစ်နေ့တစ်ခြားများများလာတယ် ..။ ဒါဟာ နိုင်ငံရေးစနစ်ကြောင့်လို့ 
လူတိုင်းက မြင်နေကြတယ်..။ အဲဒီတော့ ၂၀၁၅ ရွေးကောက်ပွဲကို မျှော်ကြတယ်..။ အစိုးရအပြောင်းအလဲ တကယ်ဖြစ်တော့မယ်လို့လည်း ယုံကြည်ကြတယ်..။
ဘာဖြစ်လို့ ပြောနိုင်သလဲ ဆိုရင် ရွေးကောက်ပွဲမတိုင်မီမှာ မဲဆွယ်စည်းရုံးရေးကာလရှိတယ်..။ လက်ရှိအစိုးရနဲ့ ပါတီက ဘယ်လို မဲဆွယ်မလဲ..။ သူတို့မှာ ပြည်သူ့အကျိုးလိုလားခြင်း ဆောင်ရွက်ခြင်းဆိုတဲ့ ကောင်းမွန်တဲ့ အတိတ်မရှိခဲ့ဘူး..။
အတိတ်မရှိမှတော့ (သူတို့ကိုယ်တိုင်က အမှန်တကယ် ပြောင်းလဲချင်သည့်တိုင်) သူတို့ပြောတဲ့ အနာဂတ်ကို ပြည်သူတွေ မယုံကြတော့ဘူး။ ယုံကြည်ဖို့ ခက်တဲ့ သာဓကတွေက ရှိခဲ့ပြီးပြီကိုး။
ပြိုင်ဘက်ဖြစ်တဲ့ ပါတီကတော့ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ခဲ့တဲ့ အတိတ်ရှိခဲ့တယ်..။ ပညာဥာဏ်ကြီးပြီး အနစ်နာခံဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ရှိခြင်းဆိုတဲ့ ပစ္စုပ္ဗန်နဲ့လည်းပြည့်စုံတယ်..။ နိုင်ငံကို ကောင်းမွန်တဲ့ အရွေ့ဆီ ရောက်အောင် ပို့ဆောင်ပေးမယ်လို့ ယုံကြည်ရတဲ့ အနာဂတ်ကိုလည်း ချပြနိုင်တယ်..။
အင်အားကောင်းတဲ့ နိုင်ငံတကာမိတ်ဆွေတွေလည်း ရှိနေခဲ့တယ်..။ မိတ်ဆွေချို့တဲ့ခြင်းဟာ အရာရာချို့တဲ့ခြင်းဆိုတာ နှစ်ပေါင်းများစွာ ခါးသည်းတဲ့ အတွေ့အကြုံအရ သိခဲ့ကြပြီ။
ဆိုရရင် အတိတ် အနာဂတ် ပစ္စုပ္ဗန်ရှိတဲ့ ပါတီကြီးလို့ ပြည်သူတွေက မြင်နေကြတယ်..။
အဲဒီတော့ လက်ရှိအစိုးရမှာ အတိတ်လည်း မရှိ၊ အနာဂတ်လည်း မရှိတော့ ပစ္စုပ္ဗန်တစ်ခုတည်းကိုပဲ အားကိုးရတော့မယ်..။ အရှင်ဘုရားတို့ရဲ့ မျိုါ်စောင့်ဥပဒေဟာ သူတို့ရဲ့ ပစ္စုပ္ဗန်ပဲ..။အရှင်ဘုရားတို့က အမျိုးဘာသာသာသနာချစ်စိတ်အရိုးခံနဲ့ ဒီမျိုးစောင့်ဥပဒေပေါ်ပေါက်လာဖို့ အားထုတ်ခဲ့ကြတယ်..။ လွှတ်တော်ထဲမှာ တင်သွင်းတယ်..။ မဲခွဲဆုံးဖြတ်တဲ့အခါ လက်ရှိအာဏာရပါတီက မဲအများဆုံးပေးတယ်။ လက်ရှိအာဏာရပါတီရဲ့ သမ္မတက လက်မှတ်ထိုးတယ်..။ အဲဒီမှာ အရှင်ဘုရားတို့က အောင်ပွဲခံကျင်းပတယ်..။
အရှင်ဘုရားတို့က အစိုးရလော်ဘီ လက်ကိုင်ဒုတ်မဟုတ်ဘူး ဆိုတာ (စေတနာအရ) မှန်ကောင်းမှန်ပေမယ့် အရှင်ဘုရားတို့ရဲ့ ဟောပြောချက်တွေထဲမှာ
မျိုးစောင့်ဥပဒေကို ထောက်ခံတဲ့ လက်မှတ်ထိုးပေးတဲ့ သူတွေသာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးသူဖြစ်ကြောင်း ထည့်သွင်းဟောကြတယ်..။ လက်ရှိအစိုးရကို အလိုလိုထောက်ခံမဲဆွယ်ပေးသ လိုဖြစ်လာတယ်..။
တပည့်တော်ကတော့ နိုင်ငံရေးပါရဂူ၊ဥပဒေပါရဂူ မဟုတ်တဲ့ အတွက် မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးနိုင်ပေမယ့် လက်ရှိအာဏာရပါတီအတွက်တော့ ပစ္စုပ္ဗုန်ထွက်ပေါက်တစ်ခုဖြ စ်သွားတာအမှန်ပဲ...။ ထမင်းအငတ်ထားခဲ့တဲ့ အစိုးရကို အားကောင်းအောင်လုပ်ပေးသလို ဖြစ်သွားတာမို့ ထမင်းဟင်း ၀၀ လင်လင် စားရတော့မယ်..။ လူနေမှုဘ၀မြင့်မားတော့မယ် လို့ သေချာပေါက်တွေးပြီး ပျော်နေကြတဲ့ ပြည်သူတွေရဲ့ စားခါနီးထမင်းလုပ်ကို ပုတ်ချလိုက်သလို ဖြစ်သွားစေတာမို့........။
အဲဒီပြည်သူတွေကသာ အစိုးရဖိနှိပ်တဲ့ကြားထဲက ချွေးနှဲစာလေးတွေနဲ့ သာသနာကို အမှန်တကယ်စောင့်လျှောက်ခဲ့တာမဟုတ်လားဘုရား. .။
The Ladies News Journal
|| ဓမ္မဂင်္ဂါ ||
ဘကြီးဘုန်းကြီးနှင့် ငယ်စဉ်က စာသင်ဘက် မိတ်ဆွေအရင်းအချာ မဘသဦးဆောင်ဆရာတော်က သတိတရဖုန်းဆက်သည်။
သူက ဘကြီးဘုန်းကြီးကို မဘသမျိုးစောင့်ဥပဒေပွဲကြီးမ
သူ့အား ဘကြီးဘုန်းကြီးက မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍လည်း မည်သို့မှ မှတ်ချက်မပေးခဲ့ပေ..။ သို့သော် သူ့လုပ်ရပ်များနှင့် ပတ်သက်၍ သဘောတူသည်များရှိသလို သဘောထားကွဲလွဲသည်များလည်း ရှိကြောင်း ရှင်းပြရပါသည်။ ဖေ့စ်ဘွတ်ခ်ပရိုဖိုင်းကဲ့
လျှောက်ထားရပါသည်။
ဖုန်းဆက်နေရင်းမှ မျိုးစောင့်ဥပဒေကြီးပေါ်ပေါက
“ ဒါပေမယ့် ငါတို့ကို အစိုးရလက်ကိုင်ဒုတ်ဆြို
“ ကိုယ်တော်တို့ က ပြည်သူတွေ စားခါနီး ထမင်းလုပ်ကို ပုတ်ချသလို ဖြစ်သွားတာကိုး”
“ဘယ်လိုတုန်းဟ”
“ ဒီလို နောင်တော်ကြီးရ အရှင်ဘုရားတို့ရဲ့ မျိုးစောင့်ဥပဒေဆိုတာ စတင်ကတည်းက တပည့်တော်လည်း စောင့်ကြည့်ခဲ့တယ်..။ နိုင်ငံရေးအကြပ်အတည်းတစ်ခု
တပည့်တော်တောင် မျိုးစောင့်ဥပဒေမတိုင်မီ ထမင်းစောင့်ဥပဒေလည်း လုပ်ပါဦးဆိုပြီး စတေးတပ်စ်မိသေးတယ်..။
တပည့်တော်တို့ နိုင်ငံပြည်သူတွေဟာ အာဏာရှင်စနစ်ဆိုးအောက်မှာ ထမင်းငတ်သေတဲ့ မသာမရှိဘူးလို့ ငြင်းနိုင်ပေမယ့် ဟင်းငတ်ပြီး အာဟာရချို့တဲ့တဲ့ လူတွေ တစ်နေ့တစ်ခြားများများလာတယ်
လူတိုင်းက မြင်နေကြတယ်..။ အဲဒီတော့ ၂၀၁၅ ရွေးကောက်ပွဲကို မျှော်ကြတယ်..။ အစိုးရအပြောင်းအလဲ တကယ်ဖြစ်တော့မယ်လို့လည်း ယုံကြည်ကြတယ်..။
ဘာဖြစ်လို့ ပြောနိုင်သလဲ ဆိုရင် ရွေးကောက်ပွဲမတိုင်မီမှာ မဲဆွယ်စည်းရုံးရေးကာလရှိတယ
အတိတ်မရှိမှတော့ (သူတို့ကိုယ်တိုင်က အမှန်တကယ် ပြောင်းလဲချင်သည့်တိုင်) သူတို့ပြောတဲ့ အနာဂတ်ကို ပြည်သူတွေ မယုံကြတော့ဘူး။ ယုံကြည်ဖို့ ခက်တဲ့ သာဓကတွေက ရှိခဲ့ပြီးပြီကိုး။
ပြိုင်ဘက်ဖြစ်တဲ့ ပါတီကတော့ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ခဲ့တဲ့ အတိတ်ရှိခဲ့တယ်..။ ပညာဥာဏ်ကြီးပြီး အနစ်နာခံဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ရှိခြင်းဆိုတဲ့
အင်အားကောင်းတဲ့ နိုင်ငံတကာမိတ်ဆွေတွေလည်း ရှိနေခဲ့တယ်..။ မိတ်ဆွေချို့တဲ့ခြင်းဟာ အရာရာချို့တဲ့ခြင်းဆိုတာ နှစ်ပေါင်းများစွာ ခါးသည်းတဲ့ အတွေ့အကြုံအရ သိခဲ့ကြပြီ။
ဆိုရရင် အတိတ် အနာဂတ် ပစ္စုပ္ဗန်ရှိတဲ့ ပါတီကြီးလို့ ပြည်သူတွေက မြင်နေကြတယ်..။
အဲဒီတော့ လက်ရှိအစိုးရမှာ အတိတ်လည်း မရှိ၊ အနာဂတ်လည်း မရှိတော့ ပစ္စုပ္ဗန်တစ်ခုတည်းကိုပဲ အားကိုးရတော့မယ်..။ အရှင်ဘုရားတို့ရဲ့ မျိုါ်စောင့်ဥပဒေဟာ သူတို့ရဲ့ ပစ္စုပ္ဗန်ပဲ..။အရှင်ဘုရားတိ
အရှင်ဘုရားတို့က အစိုးရလော်ဘီ လက်ကိုင်ဒုတ်မဟုတ်ဘူး ဆိုတာ (စေတနာအရ) မှန်ကောင်းမှန်ပေမယ့် အရှင်ဘုရားတို့ရဲ့ ဟောပြောချက်တွေထဲမှာ
မျိုးစောင့်ဥပဒေကို ထောက်ခံတဲ့ လက်မှတ်ထိုးပေးတဲ့ သူတွေသာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးသူဖြစ်ကြောင်း
တပည့်တော်ကတော့ နိုင်ငံရေးပါရဂူ၊ဥပဒေပါရဂူ
အဲဒီပြည်သူတွေကသာ အစိုးရဖိနှိပ်တဲ့ကြားထဲက ချွေးနှဲစာလေးတွေနဲ့ သာသနာကို အမှန်တကယ်စောင့်လျှောက်ခဲ့တာမဟုတ်လားဘုရား.
The Ladies News Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။