Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 12, 2015

လွှမ်းမိုးသလောက် - အန္တရာယ်ကြီးသည့် ဒေါ်လာ ခင်မောင်ညို(ဘောဂဗေဒ)

လွှမ်းမိုးသလောက် - အန္တရာယ်ကြီးသည့် ဒေါ်လာ
ခင်မောင်ညို(ဘောဂဗေဒ)
အမေရိကန်နိုင်ငံ၏ စီးပွားရေးအင်အားကြီးမားမှု ယုတ်လျော့လာသည်နှင့်အမျှ ဒေါ်လာ၏ အခြေခံကျ အရေးပါမှုသည်လည်း မတည်မငြိမ် ဖြစ်လာပုံရသည်။
အကယ်၍သာ ဗိုလ်ကျစိုးမိုးမှုသည် တစ်ခုခုအတွက် ကောင်းသည်ဟုဆိုလျှင် သူတို့လွှမ်းမိုးရာ လောကကို တည်ငြိမ်မှုရှိအောင် လုပ်ဆောင်နိုင်ခြင်းပင် ဖြစ်သည်။ နှစ်ပေါင်း ၇၀ ခန့် ဒေါ်လာသည် ဘဏ္ဍာရေးနှင့် ငွေကြေးစနစ်တွင် ဒေါ်လာသည် အင်အားကြီးံ ဖြစ်လျက်ရှိသည်။
တရုတ်ယွမ်ငွေ အင်အားကြီးမားလာသည်ဟု ပြောဆိုကြသော်လည်း၊ ဒေါ်လာ၏ အခြေခံကျမှုကို စိန်ခေါ်နိုင်ခြင်း မရှိသေးပေ။ ဒေါ်လာသည် ပေးချေမှုများအတွက်သော်လည်းကောင်း၊ တန်ဖိုးကို ထိန်းသိမ်းပေးသောအရာအဖြစ် လည်းကောင်း၊ သီးသန့်ငွေသားအဖြစ်လည်းကောင်း ဆောင်ရွက်နေရာတွင် အခြားမည်သည့် ငွေကြေးကမျှ ပုခုံးချင်းမယှဉ်နိုင်။ သို့သော်လည်း ဒေါ်လာ၏ အုပ်စိုးမှုသည် အခြေမခိုင်၊ မိမိအားကိုးအားထားပြုနေသော စနစ်ကလည်း မတည်ငြိမ်။ ပိုဆိုးသည်မှာ ဒေါ်လာကို အစားထိုးရန် ရည်ရွယ်လာကြသော အခြားငွေကြေးများကလည်း အားနည်းချက်တွေ ရှိနေသည်။ ပိုမိုလုံခြုံစိတ်ချရသော စနစ်တစ်ခုသို့ အသွင်ကူးပြောင်းရန်အရေးမှာ အတော်ပင် ခက်ခဲလှသည်။
ဆယ်စုနှစ်ပေါင်းများစွာ၊ အမေရိကန်နိုင်ငံ၏ စီးပွားရေးအရ အင်အားကြီးမားမှုကြောင့် ဒေါ်လာ၏ ကြီးစိုးမှုကို တရားဝင်အောင် လုပ်ပေးလိုက်သလို ဖြစ်ခဲ့သည်။ သို့သော် အမေရိကန်တို့၏ စီးပွားရေးအင်အားနှင့် ဘဏ္ဍာရေးအင်အားတို့၏ ကြား၊ ဧရာမခြားနားမှုကြီးက ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာ့ဂျီဒီပီ၏ ၂၃%၊ ကုန်သွယ်ရေး၏ ၁၂% ကို လွှမ်းမိုးထားသည်။ သို့သော် ကမ္ဘာ့ထွက်ကုန်၏ ၆၀%၊ လူဦးရေ ၆၀% တို့သည် ၎င်းတို့၏ ငွေကြေးကို ဒေါ်လာနှင့် ချိတ်ဆက်ထားသော သို့မဟုတ် ဒေါ်လာအပြောင်းအလဲလုပ်လျှင် ပြောင်းလဲသလို လိုက်၍ပြောင်းလဲသော ဒေသများတွင် နေထိုင်ကြသည်။ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်လုပ်ငန်းများသည် ၁၉၉၉ ခုနှစ်က ၃၉% ပါဝင်ခဲ့ကြသော်လည်း၊ ယခုအခါ ၂၄% သို့ ကျဆင်းလာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း အမေရိကန် ဘဏ္ဍာရေးဈေးကွက် ဝေါလ်စထရိက ကမ္ဘာ့ဈေးကွက်များကို အပြောင်းအလဲဖြစ်အောင် ယခင်ကထက် စွမ်းဆောင်နိုင်သည်ကို တွေ့ရသည်။ အမေရိကန် ငွေကြေးမန်နေဂျာများသည် လွန်ခဲ့သော ဆယ်နှစ်က ကမ္ဘာ့ပိုင်ဆိုင်မှုများ၏ ၄၄% ကိုသာ စီမံခန့်ခွဲရာမှ ယခုအခါ ၅၅% အထိ ကိုင်တွယ်လာကြသည်ကို တွေ့ရသည်။
အမေရိကန်နိုင်ငံ စီးပွားရေးအင်အား ဆုတ်ယုတ်လာသလောက် ဘဏ္ဍာရေးအင်အား ကြီးမားလာခြင်းသည် ဒေါ်လာကို လက်ခံကျင့်သုံးသော နိုင်ငံများနှင့် အခြားနိုင်ငံများကိုပါ ပြဿနာများ ဖြစ်ပေါ်စေသည်။ ဒေါ်လာလွှမ်းမိုးမှုကြောင့် ရရှိခံစားရသော အကျိုးကျေးဇူးတွေထက်၊ ထိခိုက်နစ်နာမှုတွေက ပို၍ များစပြုလာခြင်းကြောင့် ထိုသို့ ပြဿနာများ ပေါ်ပေါက်ရခြင်း ဖြစ်သည်။
ပထမအချက်အနေဖြင့် နိုင်ငံများသည် အတက်အကျကြမ်းသည့်ဒဏ်ကို ခံနေကြရသည်။ ယခင်လများက အမေရိကန်နိုင်ငံတွင် အတိုးနှုန်း အနည်းငယ်မျှ အပြောင်းအလဲဖြစ်သည်ကိုပင် ထွန်းသစ်စနိုင်ငံများမှ အရင်းအနှီးတွေ ပြေးထွက်သွားကြကာ ငွေတန်ဖိုးတွေကျဆင်း၊ ရှယ်ယာဈေးတွေထိုးကျ ဖြစ်ကုန်သည်။ ဗဟိုဘဏ်၏ ဆုံးဖြတ်ချက်က ဒေါ်လာနှင့် တန်ဖိုးသင့်ထားသော ပြည်ပချေးငွေများ၊ အပ်ငွေများ ဒေါ်လာ(၉)ထရီလီယံဖိုးမျှ ထိခိုက်သည်။ အချို့နိုင်ငံများက ၎င်းတို့၏ ငွေကြေးကို ဒေါ်လာနှင့် ချိတ်ဆက်ထားရာ ၎င်းနိုင်ငံများ၏ ဗဟိုဘဏ်များကလည်း အမေရိကန်ဗဟိုဘဏ်၏ လုပ်ရပ်ကို တုံ့ပြန်ပြောင်းလဲရသည်။ အင်ဒိုနီးရှား၊ မလေးရှား၊ မက္ကဆီကို၊ တောင်အာဖရိကနှင့် တူရကီတို့ ကဲ့သို့သော နိုင်ငံများတွင် နိုင်ငံခြားသားတွေက အစိုးရ ထုတ်ဝေရောင်းချသော ချေးငွေစာချုပ်များ၏ ၂၀% မှ ၅၀% အထိ ၀ယ်ယူထားကြရာ၊ အမေရိကန်အတိုးနှုန်း အနည်းငယ် တက်လိုက်သည်နှင့် လက်ထဲကိုင်မထားတော့ဘဲ စွန့်ခွာထွက်ပြေးကြသည်။
ယခင်က အရင်းအနှီးတွေ အပြင်ပြန်ထွက်သွား၍ ထိခိုက်နစ်နာသော်လည်း တစ်ဘက်တွင် သွင်းကုန်အတွက် ဒေါ်လာငွေလိုအပ်ချက် များလာခြင်းကြောင့် သက်သာရာရသည်။ အမေရိကန် ဗဟိုဘဏ်ကို အတိုးနှုန်းမြှင့်တင်ရန် လှုံ့ဆော်လိုက်သလို ဖြစ်သွားသည်။ သို့သော် လွန်ခဲ့သော ဆယ်နှစ်အတွင်း အမေရိကန်တို့သည် ကမ္ဘာ့သွင်းကုန်၏ ၁၆% မှ ၁၃% သို့ လျော့ကျတင်သွင်းခဲ့သည်ကို တွေ့ရသည်။ ၁၉၉၄ ခုနှစ်တွင် အမေရိကန်နိုင်ငံသည် နိုင်ငံ (၄၄)နိုင်ငံအတွက် အကြီးမားဆုံး ပို့ကုန်ဈေးကွက် ဖြစ်ခဲ့သော်လည်း၊ ယခုအခါ (၃၂)နိုင်ငံအတွက်သာ အကြီးမားဆုံးသောဈေးကွက် ဖြစ်လာခဲ့သည်။ အမေရိကန်က ပေးလိုက်၊ ကမ္ဘာက လှုပ်ပါသွားလိုက်သော စနစ်သည် တည်ငြိမ်မှုမရှိ။
ဒုတိယပြဿနာမှာ ပြင်ပရောက် ဒေါ်လာစနစ်သည် အကြပ်အတည်းတစ်စုံတစ်ရာနှင့် တွေ့ပြီဆိုလျှင် တားဆီးဟန့်တားပေးမည့်အရာ၊ တစ်ခုမျှမရှိခြင်း ဖြစ်သည်။ ၂၀၀၈-၂၀၀၉ တွင် ဗဟိုဘဏ်က မလုပ်ချင်လုပ်ချင်ဖြင့် နောက်ဆုံးငွေချေးသူ တာဝန်ကိုယူကာ နိုင်ငံခြားဘဏ်များနှင့် ဗဟိုဘဏ်များကို ဒေါ်လာ(၁)ထရီလီယံ ထုတ်ပေးခဲ့သည်။ အနာဂတ်တွင် အကယ်၍ အကြပ်အတည်းဖြစ်ပေါ်ခဲ့လျှင် ထိုမျှနှင့် လုံလောက်မည်မဟုတ်။ အမေရိကန်နိုင်ငံ၏ အပြင်ရောက် ဒေါ်လာလောကသည် ၂၀၀၇ ခုနှစ်ထက် နှစ်ဆကြီးနေသည်။ ၂၀၂၀ တွင် အမေရိကန် ပြည်တွင်း ဘဏ်လောကနှင့် ပုခုံးချင်းယှဉ်နိုင်မည်။ ၂၀၀၈-၂၀၀၉ ကတည်းက အမေရိကန် လွှတ်တော်အနေဖြင့် ဗဟိုဘဏ်၏ အရေးပေါ်ထုတ်ချေးသည့် အစီအစဉ်များကို သိပ်သဘောမကျပေ။ အကယ်၍ နောက်ထပ် အကြပ်အတည်း တစ်စုံတစ်ရာဖြစ်လျှင် ဗဟိုဘဏ်က အရေးပေါ်ချေးငွေတွေ ထုတ်ပေးပါက စည်းမျဉ်းစည်းကမ်း ချမှတ်တားဆီးခံရခြင်း၊ လွှတ်တော်၏ ဆန့်ကျင်ကန့်ကွက်ခြင်းတို့နှင့် ကြုံတွေ့ရနိုင်သည်။ နိုင်ငံများအနေဖြင့် မိမိတို့၏ ဘဏ္ဍာရေးစနစ်ကို အမေရိကန်တို့၏ ကမောက်ကမနိုင်ငံရေးနှင့် ကြာကြာချိတ်ဆက်ထားလိုကြမည် မဟုတ်ပေ။
တတိယပြဿနာမှာ အမေရိကန်တို့က ၎င်းတို့၏ ဘဏ္ဍာရေးအင်အားကို နိုင်ငံရေး လက်နက်တစ်ခုအဖြစ် ပိုမိုအသုံးပြုလာခြင်း ဖြစ်သည်။ မူဝါဒချမှတ်သူတွေ၊ ရှေ့နေတွေက ဘဏ်တွေ၊ ဘောလုံးအရာရှိတွေကိုသာမက ရုရှနှင့် အီရန်တို့ရှိ အစိုးရများအပေါ် ထိန်းချုပ်ရန်အတွက်ပါ ဒေါ်လာဖြင့် ငွေပေးချေသည့် စနစ်ကို အသုံးချလာကြခြင်း ဖြစ်သည်။ ထို့ကြောင့် ပြိုင်ဘက်နိုင်ငံများ အနေဖြင့် အမေရိကန် နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲ၏ ဒဏ်ကို ခံနေကြရသည်။
အမေရိကန်တွေကတော့ ဘာကြောင့် အရေးတကြီး ဖြစ်နေကြကြောင်း၊ သဘောပေါက်ပုံမရ။ တကယ်တော့ အမေရိကန်သည် မည်သည့်နိုင်ငံကိုမျှ ၎င်းတို့၏ ငွေကြေးနှင့် ဒေါ်လာကို ချိတ်ဆက်ရန် ဖိအားပေးခြင်း၊ နိုင်ငံခြား စီးပွားရေးလုပ်ငန်းများက ဒေါ်လာဖြင့် တန်ဖိုးသင့်ထားသော ချေးငွေစာချုပ်များ ထုတ်ရောင်းရန် အားပေးခြင်းတို့ ပြုလုပ်ခဲ့ခြင်း မရှိပါ။ သို့သော် ဒေါ်လာ၏ အရွယ်အစား ကြီးမားလာခြင်းသည် အမေရိကန်တို့အပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိသည်။ အတိုးနှုန်း သက်သက်သာသာဖြင့် ချေးငွေ ရယူနိုင်ရုံမျှသာမကသော အကျိုးခံစားခွင့်တွေ ရှိသည်။ သီးသန့်ငွေသား၏ ပိုင်ရှင်အဖြစ် ဂုဏ်မောက်ခွင့်နှင့်အတူ ပေးဆပ်ရသော စရိတ်စခတွေ ရှိသည်။ ဒေါ်လာရှားပါးမှု အကြပ်အတည်း ကြုံတွေ့သည့်အခါ၊ အမေရိကန် ဗဟိုဘဏ်က နောက်ဆုံးငွေချေးသည့်အဖြစ် ဆောင်ရွက်ခြင်းမပြုလျှင် တွေ့ကြုံရမည့် ပြည်ပတွင် ပြိုကွဲမှုသည် အမေရိကန်နိုင်ငံ၏ စီးပွားရေးကိုလည်း ရိုက်ခတ်မည်သာ ဖြစ်သည်။
အကြပ်အတည်းနှင့် တွေ့ကြုံရခြင်း မရှိသည့်တိုင် ဒေါ်လာ၏ လွှမ်းမိုးမှုသည် အမေရိကန် မူဝါဒချမှတ်သူများအတွက် ရွေးရခက်သော အကြပ်အတည်းနှင့် တွေ့ကြုံစေရနိုင်သည်။ အကယ်၍သာ နိုင်ငံခြားသားတွေက ဒေါ်လာတွေ ဆက်စုနေကြမည်ဆိုလျှင် ၎င်းတို့သည် အမေရိကန်ငွေတိုက်စာချုပ် ဈေးကွက်ကို ၂၀၃၀ တွင် လွှမ်းမိုးမည်။ နိုင်ငံခြားသားတွေ ယုံကြည်စိတ်ချရသော ဒေါ်လာဖြင့် တန်ဖိုးသတ်ထားသည့် အက်ဆက်တွေ၊ ပိုင်ဆိုင်မှုတွေကို ပိုမိုရယူလိုကြခြင်းကို ကျေနပ်အောင် ဆောင်ရွက်မည်ဆိုလျှင် အမေရိကန် ငွေတိုက်စာချုပ်တွေကို ထပ်မံထုတ်ဝေရမည်။ အမေရိကန် ငွေတိုက်စာချုပ်တွေ ထပ်မံထုတ်ဝေခြင်းသည် အမေရိကန်တို့၏ မူလရှိပြီး ကြွေးပေါ်တွင် အကြွေး ထပ်ဆင့်လိုက်ရာ ရောက်သည်။ သို့မဟုတ် အခြားသော အက်ဆက်တွေကို နိုင်ငံခြားသားတွေက လိုက်လံဝယ်ယူရမည်ဆိုလျှင် ၂၀၀၀ ပြည့်လွန်နှစ်များက အပေါင်ခံဈေးကွက် စန်းပွင့်ရာမှ ပေါက်ကွဲသွားသည့် အဖြစ်မျိုးကို ဦးတည်ရာရောက်မည်။
အကောင်းဆုံးကတော့၊ အမေရိကန်တို့ အနေဖြင့် ၎င်းတို့ထမ်းပိုးနေရသော ၀န်ထုပ်ဝန်ပိုးကို အခြားနိုင်ငံများနှင့် မျှဝေထမ်းဆောင်ခြင်းပင် ဖြစ်သည်။ သို့သော် အမေရိကန်ဒေါ်လာ၏ ဗိုလ်ကျစိုးမိုးမှု မတည်မငြိမ်ဖြစ်နေလျှင်၊ သူ့ကို ဆက်ခံမည့် အခြားငွေကြေးများအတွက်လည်း အဆင်မပြေလှပေ။ ၁၉၂၀-၄၅ ကာလတွင် ဘဏ္ဍာရေး အင်အားကြီးနိုင်ငံအဖြစ် ဗြိတိန်နိုင်ငံက တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်မှ အမေရိကန်ကို လက်ဆင့်ကမ်းခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ဗြိတိန်နှင့် အမေရိကန်တို့သည် မဟာမိတ်များ ဖြစ်နေခဲ့ကြခြင်းကြောင့် အလွှဲအပြောင်းလုပ်ရာတွင် ချောချောမွေ့မွေ့ ရှိခဲ့ကြသည်။ ထိုအချိန်တွင် အမေရိကန်နှင့် ဗြိတိန်တို့၏ စီးပွားရေး ရှင်သန်ကောင်းမွန်နေခြင်း၊ နိုင်ငံရေးအရ စုစည်းညီညွှတ်မှုရှိခြင်း၊ တရားဥပဒေ စိုးမိုးမှုရှိခြင်းဟူသော အခင်းအကျင်းကောင်းများကလည်း ရှိနေပြီးဖြစ်သည်။
လက်ရှိ အခြေအနေမှာ တစ်မျိုးဖြစ်နေသည်။ ယူရိုငွေ၏ အခြေအနေမှာ ဘာဖြစ်မည်မသိ။ ယူရိုနယ်ပယ်က အပြည့်အ၀ ဘဏ်လုပ်ငန်းတွေပါ ပူးပေါင်းမည်ဟု သဘောတူကြလျှင် စုပေါင်းပြီး ချေးငွေစာချုပ်တွေ ထုတ်ဝေကြမည်ဆိုလျှင် ယူရိုအပေါ် သံသယတွေ ပျောက်ကွယ်နိုင်မည်။
တရုတ်အစိုးရက ရှစ်လမ်းသွားလမ်းမကြီးကဲ့သို့ နိုင်ငံခြားဗဟိုဘဏ်များနှင့် ငွေကြေးအပြန်အလှန် ဖလှယ်နိုင်သော ကွန်ယက်ကြီး တစ်ခုကို တည်ထောင်ခဲ့သော်လည်း၊ လက်တွေ့တွင် ထိုစနစ်ကို မည်သူမျှ အသုံးမပြုကြ။ တရုတ်က မိမိ၏ ဘဏ္ဍာရေးဈေးကွက်ကို ဖွင့်မပေးသေးသမျှ ကာလပတ်လုံး ယွမ်ငွေသည် ကမ္ဘာသုံးငွေကြေး မဖြစ်နိုင်သေးပေ။ ဥပဒေစိုးမိုးမှု မရှိသေးသမျှ ရင်းနှီးမြှုပ်နှံသူတွေက ယွမ်ငွေကို အမှန်တကယ် ယုံကြည်စိတ်ချရသော ငွေကြေးအဖြစ် ရှုမြင်ကြဦးမည်မဟုတ်။
အထက်ပါအချက်များကို ကြည့်လျှင် ဒေါ်လာငွေကို အားကိုးအားထား ပြုနေရသည့်အမျှ၊ ကမ္ဘာ့ငွေကြေးနှင့် ဘဏ္ဍာရေးစနစ်သည် မြန်မြန်ဆန်ဆန်၊ ချောချောမွေ့မွေ့ ပြောင်းလဲသွားနိုင်သည့် အခြေအနေ မရှိသေးကြောင်း တွေ့ရသည်။ အမေရိကန်တွေ ပိုမိုတာဝန်ထမ်းဆောင်နိုင်သည့် ကိစ္စတွေတော့ ရှိသည်။ ဥပမာ- အခြားသော ဗဟိုဘဏ်များနှင့် အရေးအကြောင်းကြုံလျှင် ငွေကြေးရယူလဲလှယ် သုံးစွဲနိုင်သည့် စနစ်ကို ကြီးသည်ထက်ကြီးမားအောင် တည်ဆောက်နိုင်သည်။ ပို၍ဖြစ်နိုင်သော အလားအလာတစ်ခုမှာ အခြားနိုင်ငံများက အမေရိကန်ဗဟိုဘဏ်၏ လှုပ်ရှားမှုကြောင့် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှုမရှိစေရန် အရင်းအနှီး စီးဝင်စီးထွက်မှုကို ထိန်းချုပ်နိုင်သည်။
ဒေါ်လာငွေသည် ပြိုင်ဘက်မရှိသော်လည်း ချိတ်ဆက်ထားသော စနစ်က ယိုင်နေပြီ။
(The Economist, Oct 3rd 2015)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။