Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, September 3, 2015

မိန်းကလေးတိုင်း ဒီစာလေးကို အချိန်ခဏလေးပေးပြီး ဖတ်ပေးပါ.. please.. စိတ်ခွန်အားတွေ တကယ် တိုးတက်လာမှာ အသေအချာပဲ.. အရမ်းကို တန်ဖိုးရှိလို့ပါ

မိန်းကလေးတိုင်း ဒီစာလေးကို အချိန်ခဏလေးပေးပြီး ဖတ်ပေးပါ.. please.. စိတ်ခွန်အားတွေ တကယ် တိုးတက်လာမှာ အသေအချာပဲ.. အရမ်းကို တန်ဖိုးရှိလို့ပါ.. Strong Mind..
■အချိန်ကြာလာတာနဲ့အမျှ စုံတွဲတွေကြားဖြစ်တဲ့ ပြသနာရဲ့ ၉၀%က မိန်းမတွေရဲ့စိတ်ထဲ ဘာမျှော်လင့်လဲဆိုတာ ယောကျာ်းတွေ နားမလည်လို့ပါ..
■ဒီပြသနာရဲ့ အကြောင်းရင်းကိုပြောရမယ်ဆိုရင် ဟိုး..ချစ်စ ခင်စအချိန်ကိုပြန်သွားရမှာပဲ.. ယောကျာ်းတွေဟာ သဘာဝကြီးက ဖန်ဆင်းထားတဲ့ Alpha Male ဖြစ်တာကြောင့် စိုးမိုးချုပ်ကိုင်လိုစိတ် ရှိကြတယ်..
■ချစ်သူရည်းစား စဖြစ်ပြီဆိုရင် သူတို့ မိန်းကလေးကို စိတ်ပူ၍သော်၎င်း သူတို့အတ္တကြောင့်သော်၎င်း ယောကျာ်းလေး သူငယ်ချင်း မပေါင်းရဘူး ဘော်ဒါတွေနဲ့ အပြင်မသွားရဘူး သူမပါရင် Showပွဲ မသွားရဘူး Clubမတက်ရဘူး စသဖြင့် ချုပ်ထိန်းတတ်ကြတယ်..

■မိန်းကလေးတွေ အနေနဲ့ ကြတော့လည်း တစ်ခါတစ်လေမှာ ချစ်သူက မထိန်းချုပ်ရင်တောင် အရင်လိုမဟုတ်ဘဲ ယောကျာ်းလေး အပေါင်းအသင်းတွေရှောင်တာ "ကို/မောင် မပါလို့ သူငယ်ချင်းတွေ ခေါ်တာမလိုက်သွားဘူး..ကို/မောင်နဲ့ပဲ ဖုန်းပြော Chatting ထိုင်တော့မယ်..အပြင်သွားရင် စကားပြောဖို့ အချိန်တွေလျော့တယ်" စသည်ဖြင့် သူတို့ချစ်တာပြဖို့ လိမ်မာပြ ကြင်နာပြတတ်ကြတယ်..
■ပထမအစမှာတော့ ချစ်သူနဲ့ တစ်ဘဝဆိုတော့ ပျော်နေတတ်ကြတာပါပဲ.. ဒါပေမယ့် မိန်းကလေးတွေ မသိတဲ့ အချက်တစ်ချက်က ယောကျာ်းတစ်ယောက်ဟာ ဘယ်လောက်ပဲ ကိုယ့်ကို ချစ်သည်..ကြင်နာသည်...သစ္စာရှိသည်.. ဘယ်လောက်ပဲ သူ့အချိန်တွေ အကုန်လုံး ကိုယ်နဲ့ပဲရှိပါသည်.. ဆိုပါစေ.. သူတို့ ယောကျာ်းလေး ဘော်ဒါတွေချည်းပဲ Hang Out တဲ့ အချိန်ဆိုတာ ရှိပါတယ်..Gamer တွေဆိုလည်း Gameဆိုင်မှာ ဘော်ဒါတွေနဲ့ အချိန်ဖြုန်းတာပေါ့.. အားကစားသမားတွေဆိုလည်း ဘောလုံးကန်တာ ရေကူးတာ စသဖြင့် သူတို့ယောကျာ်းတွေချည်းပဲ ဆုံတဲ့ အချိန်ဆိုတာ ဘယ်လောက်ပဲ ကိုယ့်ကို ဘဝကြီး ပုံအပ်ပြီး ပေးထားပါစေ..အဲလို အချိန်လေးတွေ နဲနဲတော့ သူတို့မှာရှိတယ် ..
■အဲဒီ့အခါကြတော့ ဘာဖြစ်လာသလဲဆိုတော့ ယောကျာ်းတစ်ယောက်ဟာ ဘယ်လောက်ပဲ သူ့လွတ်လပ်ခွင့်တွေ ဆုံးရှုံးတယ်ပြောဦး..သူတို့မှာ စကားပြောဖော် ရယ်မောဖော် အချိန်ဖြုန်းဖော် ဘော်ဒါလက်တစ်ဆုပ်စာတော့ ရှိသေးတယ်..
ချစ်သူအလိုကျ ဘယ်မှ အပြင်မသွား.. social media ပေါ်ကလွဲ အပြင်မှာ တကယ့် အပေါင်းအသင်းမရှိ.. တခြားစိတ်ပျော်ရွှင်စရာရယ်လို့ ဘာမှမရှိတဲ့ မိန်းကလေးတွေ ခမျာမှာတော့ တစ်ဆထက်တစ်ဆ ဒီယောကျာ်းတစ်ယောက်ထဲ အပေါ်ကိုပဲ စိတ်တွေအကုန် ပုံအပ်ပြီး နှစ်ထားတတ်ကြတယ်.. ဒီယောကျာ်းဆီကပဲ မျှော်လင့်လာတတ်ကြတယ်.. စိတ်ညစ်စရာ မှန်သမျှလဲ ဒီယောကျာ်းကိုပဲ ရင်ဖွင့်တိုင်ပင်လာတတ်ကြတယ်.. အဲဒါအပြင် အိမ်တွင်းအောင်းနေတော့ ခေတ်ရေစီးကြောင်းအမှီမလိုက်နိုင်...Fashionကမကျ.. ကြာလေ..ကြာလေ.. လူတောမတိုးဖြစ်လာ.. နောက်ဆုံး.. ကိုယ့်ကိုယ်ကို ယုံကြည်မှုပါ တဖြေးဖြေး ပျောက်ဆုံးလာတတ်ကြတယ်..
■အဲဒီအခါမှာ ပြသနာက စတော့တာပါပဲ... ယောကျာ်းကလွဲ ကျန်တာ ဘာမှမသိတော့.. ကိုယ့်ပျော်ရွှင်မှုတွေအကုန် ယောကျာ်းဆီကပဲ မျှော်လင့်လာတဲ့အခါ.. ဝမ်းနည်းစရာတွေကို ဒီယောကျာ်းကိုပဲ ပြောလာရတဲ့အခါ... ဒီလူတစ်ယောက်ဆီကပဲ လိုချင်တာတွေ အများကြီးဖြစ်သွားတယ်...
■တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုတောင် အလိုမကျတဲ့ လောကကြီးမှာ လူတစ်ယောက်ထဲက ကိုယ့်ကိုယ်ဖြည့်ဆည်းပေးနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ..
■ဆိုပါစို့.... ကိုယ်နဲ့တွေ့နေကြရက်ရှိမယ်.. တစ်ရက်မှာ သူက ကိစ္စတစ်ခုခု ရှိ၍သော်လည်းကောင်း တစ်ခြားအကြောင်းပြချက် တစ်ခုခုကြောင့် သော်လည်းကောင်း ကိုယ့်ကို အချိန်မပေးနိုင် ကိုယ့်ဆီမလာနိုင်တဲ့အခါ ... ကိုယ့်စိတ်မှာ အလိုမကျတော့ဘူး..
■ယောကျာ်းလေးဘက်ကကြည့်ပြန်ရင်လည်း ဟုတ်ပါတယ်.. တစ်ခါတစ်လေတော့လဲ အလုပ်ကိစ္စကြောင့်ပဲဖြစ်ဖြစ် အချိန်မပေးနိုင်တာမျိုး ရှိဦးမှာပဲလေ.. မိန်းကလေးဘက်ကကြည့်ပြန်တော့လည်း သူ့ခမျာ ပျော်စရာ အချိန်ဆိုလို့ ချစ်သူနဲ့ တွေ့တဲ့ အချိန်ကလေးပဲ ရှိတာ.. ချစ်သူက ပေါ်မလာဘူးဆိုတာနဲ့ သူ့မှာ တခြားပျော်စရာ အချိန်ဖြုန်းစရာ အစားထိုးစရာရယ်လို့ မရှိတော့တာ လိုတာထက်ပိုပြီးတော့ စိတ်ထိခိုက်ဝမ်းနည်း ရတာပေါ့.. အဲလိုနဲ့ပဲ စိတ်အလိုမကျ အဖုအထစ်တွေဖြစ် စကားထဲမှာ ရန်ငြိုးပါ စကားတွေများကြ.. ပြသနာ တက်ကြနဲ့ အက်ကြောင်းတွေ ထပ်လာရတာပဲ..
■အမှန်တကယ်ဆို ဒီမိန်းကလေးမှာ အရင်လိုပဲ သူငယ်ချင်း အပေါင်းအသင်းတွေ ရှိဦးမယ် ဆိုပါစို့..
ကိုယ့်ကို ပျော်ရွှင်စေနိုင်တဲ့ သူငယ်ချင်းဆိုတာ တစ်ယောက်ရှိမယ်..
အကြံပေးနိုင်မယ့် သူငယ်ချင်းဆိုတာ တစ်ယောက်ရှိမယ်..
အားကိုးရမယ့် သူငယ်ချင်းဆိုတာ တစ်ယောက်ရှိမယ်..
အချိန်ဖြုန်ပေးနိုင်မယ့် သူငယ်ချင်းဆိုတာ တစ်ယောက်ရှိမယ်.. အဲလို ကိုယ်လိုအပ်တာ နဲနဲစီ တစ်ယောက်ချင်းစီက ရနိုင်မယ်ဆိုရင် ယူရတဲ့ ကိုယ့်အတွက်လဲ ပြည့်စုံသလို.. ပေးရတဲ့ သူငယ်ချင်းအတွက်လည်း မပင်ပန်းတော့ဘူးပေါ့..
■ဒီလို ချစ်သူက အချိန်မပေးနိုင်တဲ့အခါမျိုးတွေမှာ တစ်ယောက်ထဲ စိတ်ထိခိုက် ဒေါသဖြစ်နေမယ့်အစား အချိန်ဖြုန်းပေးနိုင်မယ့် သူငယ်ချင်းနဲ့ မုန့်သွားစားတာပဲဖြစ်ဖြစ် Shoppingထွက်တာပဲ ဖြစ်ဖြစ် တစ်ခုခုလုပ်နေလိုက်ရင် စိတ်သက်သာရာ ရမယ်လေ...
■နောက်တစ်ခုက ယောကျာ်းလေးတွေရဲ့ ဦးနှောက်တည်ဆောက်မှုအရ သူတို့က ဆုံးဖြတ်ချပ်ချရာမှာ မြန်တယ်.. ပြတ်သားတယ်.. ဒါပေမယ့် တစ်ခုထဲအပေါ်ပဲ အာရုံစိုက်နိုင်တယ် .. ဒါကြောင့် မိန်းကလေးတွေ အနေနဲ့ သိထားသင့်တာက ကိုယ်နဲ့ ဘယ်လောက်ပဲ ရန်ဖြစ်ထားပါစေ.. သူ့ဘော်ဒါတွေနဲ့ Hang Out လုပ်နေတဲ့ အချိန်မှာ ကိုယ်နဲ့ ရန်ဖြစ်ထားတဲ့ စိတ်ညစ်စရာတွေကို လုံးဝအရှင်းကြီး မဟုတ်ရင်တောင်မှ တော်တော်လေးမေ့နေမှာဖြစ်တယ် .. ဘော်ဒါတွေနဲ့ လမ်းခွဲပြီး အိမ်ပြန်ရောက်မှသာ သတိရချင် ရနေမှာ..
■မိန်းကလေးတွေ ဦးနှောက်ကြတော့ multi tasking ရတယ် .. မိန်းမတွေက ဟင်းချက်ရင်း ဖုန်းပြောနိုင်တယ်.. သဘောတစ်ခုက အလုပ်နှစ်ခုကို တစ်ပြိုင်ထဲ တွေးနိုင် လုပ်နိုင်တယ်.. ဒါကြောင့် သူငယ်ချင်းနဲ့ ပျော်နေရင်တောင် ချစ်သူနဲ့ ရန်ဖြစ်ထားတာကို တစိမ့်စိမ့်တွေးမိနေဦးမှာပဲ...
■ဘဝမှာ သူတစ်ယာက်ထဲဆိုတဲ့ အခြေအနေ ဖြစ်သွားပြီဆိုရင် ပြန်အဖတ်ဆယ်မယ် ဆိုရင်တောင်မှ မိန်းကလေးအနေနဲ့ တစိမ့်စိမ့်တွေးမိနေတဲ့ ဒုက္ခတွေကို ကြိတ်ခံရမှာ.. နောက်ပြီး အဲ့လို အချိန်ကျမှ ကိုယ့်သူငယ်ချင်းတွေနဲ့ အပြင်သွားမယ်ဆိုရင် ချစ်သူဆီက " နင်... ဘာလို့သွားတာလဲ" "စောက်ရွဲ့တိုက်တာလား" စတဲ့ ရန်စကားတွေ ကြားရ.. ဖြေရှင်းရ.. ဖြစ်နိုင်တာမို့ အရမ်းပင်ပန်းပါတယ်.. ကံဆိုးရင် လုံးဝ ပြန်အဖတ်ဆယ် မရတာမျိုးတောင် ဖြစ်နိုင်ပါတယ်.. ဒါကြောင့်မို့ အဲ့ဒီ့ အခြေအနေ အဖြစ်မခံတာ အကောင်ဆုံးပါပဲ...
■ခု.. ဒီစာကို ဖတ်နေချိန် ငါ ဒီလို အခြေအနေပါလားလို့ တွေးမိရင် အရင်ဆုံး ပြောချင်တာက စိတ်လျှော့လိုက်ပါ.. ကိုယ် မျှော်လင့်တာတွေ သိပ်များနေတယ် ဆိုတာ သတိရပါ.. ကိုယ်လည်း စိတ်သက်သာအောင် ပြသနာတွေလည်း ရှက်သွားအောင် ဖြေရှင်းနိုင်တဲ့ အကောင်းဆုံးနည်းကတော့..
■Get A Life Without Him....!!

■ကိုယ်မျှော်လင့်သလို ဖြစ်မလာဘူး... သူ့ဘက်က တမင် နိုင်လို့ရမှန်းသိလို့ မလုပ်ပေးတာလဲ ဖြစ်ချင်ဖြစ်မယ်.. ကိစ္စရှိလို့လဲ ဖြစ်ချင်ဖြစ်မယ်.. ဘာကြောင့်ပဲဖြစ်ဖြစ်.. ရွဲ့စောင်းပြောနေရင် ပြသနာဖြစ်မယ်.. ပြသနာဖြစ်ရင် ကိုယ်ပဲ စိတ်ဆင်းရဲရလိမ့်မယ်.. ဒါကြောင့် လွှတ်ပေးလိုက်ပါ... ထားလိုက်ပါတော့... သူ့သဘောနဲ့သူ လုပ်ချင်ရာ လုပ်ပါစေ..
■သူငယ်ချင်းတွေကို ပြန်ဆက်သွယ်ပါ.. ဖြစ်နိုင်ရင် ယောကျာ်းလေး မိန်းကလေး အားလုံးကို ပြန်ဆက်သွယ်ပါ.. တကယ်လို့ ချစ်သူနဲ့ အန္တရာယ်များနိုင်တယ်ဆိုရင် မိန်းကလေးတွေကို စ ဆက်သွယ်ပါ.. စကားပြောပါ.. တစ်ရက်တွေ့ရအောင် ချိန်းပါ..
■ကိုယ့်ကိုယ်ကို အလှဆုံးဖြစ်အောင် ပြင်ဆင်ပါ.. "Know that YOU are BEAUTIFUL..." သူ အသိအမှတ် မပြုလည်း သူ မပြောလည်း ငါဟာ ငယ်ရွယ် နုပျို လှပနေသေးတယ် ဆိုတာ သတိထားကြည့်ပါ.. ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြန်မွေးမြူပါ...
■သူငယ်ချင်းတွေနဲ့ အပြင်ထွက် လျှောက်သွားပါ... Lunch,Dinner,Shopping,Clubbing as much fan as possible... သူနဲ့ ပြသနာ မတတ်နိုင်လောက်သရွေ့ သွားပါ.. ပျော်ပါ.. သူနဲ့ ပျော်ရတာလို အပျော်ချင်း မတူပေမယ့် သူငယ်ချင်းတွေနဲ အချိန်ဖြုန်းရတာလည်း ပျော်စရာတချို့နဲ့ စိတ်ကျေနပ်မှုတချို့ ရှိတယ် ဆိုတာ သတိထားကြည့်ပါ.. ကောင်လေးတချို့ ကိုယ့်ကို ရှိုးသွားတယ်ဆိုတာ သတိထားကြည့်ပါ.. ဒီအချိန်ကြရင် လွတ်လွတ်လပ်လပ်ပြုံးပါ.. "Know That You're still wanted by guys..!!"
ဒီလိုပြောလို့ ဖောက်ပြန်ဖို့ အသစ်ထားဖို့.. ဇယားတွေ ထားဖို့ ပြောတာ မဟုတ်ဘူးနော် ...
■■ ""ဘယ်တော့မှ သစ္စာဖောက်ဖို့ မစဉ်းစားရဘူး... ကိုယ် ပျော်ရွှင်ဖို့ ကိုယ့်ဘဝသာယာဖို့ ယောကျာ်းတစ်ယောက်ရှိမှ ဖြစ်တာ မဟုတ်ဘူး. .. ခုချိန်ဟာ ဒီယောကျာ်းတစ်ယောက် မရှိလဲ ငါဟာငါပဲ ဆိုတဲ့ Confidence ကို ပြန်ရှာနေတာ...! သူ့ကို ရွဲ့ဖို့ .. အစားထို့ဖို့ အသစ်တစ်ယောက် ရှာနေတာ မဟုတ်ဘူး.... "" ■■■■■
■ဒီလို အချိန်မှာ ကိုယ့်ကို ကုစားနေတာ မသိဘဲ သူ့ကို ရွဲ့နေတယ် ထင်ပြီး သူ့ဘက်က တန်ပြန်တိုက်ခိုက်လာတာတွေ ရှိလာတယ်.. မိန်းကလေးတွေကို စကားပြောတာမျိုး.. စကားတွေမှာ ခနဲ့ လာတာမျိုးတွေပေါ့.. ဖြစ်နိုင်ရင် ဘာမှ ဖြေရှင်းမနေပါနဲ့... ဘာမှလည်း တုံ့ပြန်မနေပါနဲ့... ငါ ဘယ်တော့မှ သစ္စာမဖောက်ဘူးဆိုတဲ့ ကတိတစ်ခုသာ ပေးပြီးနေလိုက်ပါ.. အချိန်တန်ရင် သူ့ကိုရွဲ့နေတာ မဟုတ်ဘဲ.. ကိုယ့်နာကျင်မှုအတွက် ကုစားနေမှန်း သူသဘောပေါက်လာပါလိမ့်မယ်...
■ဖြစ်နိုင်ရင် သူ့ဆီက ဘာမှ မမျှော်လင့်ပါနဲ့.. သူပေးနိုင်ရင် ယူလိုက်ပါ.. သူမပေးနိုင်ရင် မေ့ပစ်လိုက်ပါ... သူငယ်ချင်းတွေ ပေးတဲ့ အပျော်နဲ့ အစားထိုးလိုက်ပါ... သူ့ကြောင့် ပျော်ရတာကို မမှီဘူးဆိုပေမယ့် ဒီလိုပဲ ရောင့်ရဲတင်းတိမ်လိုက်ပါ...
■ဒီလိုမျိုးနေတာ အချိန်ကြာလာတာနဲ့အမျှ ကိုယ်လည်း ကိုယ့်ဘဝနဲ့ကိုယ် ပျော်တတ်လာမယ်.. သူ့ကိုလဲ မျှော်လင့်တောင်းဆိုစရာတွေ မရှိတော့တဲ့အတွက် ရန်ဖြစ်တာတွေ ပြသနာတတ်တာတွေ နည်းသွားလိမ့်မယ်... ဒါဆို သူရော ကိုယ်ရော.. နှစ်ဦးနှစ်ဖက် အဆင်ပြေလာပါလိမ့်မယ်...
■နောက်အကျိုးဆက်တစ်ခုက Human Psychology အရ လူတွေဟာ သူတို့ရှိမှဖြစ်တယ် သူတို့ကို ခင်မင်တွယ်တာမှီခိုနေတယ်ဆိုတာ သိရင် တန်ဖိုး မထားတတ်ကြပါဘူး... ပိုပြီး ရင့်သီးမောက်စွာ ဆက်ဆံတတ်ကြတယ်.. ဒါ..... လူ့သဘာဝပါ....
■ဒါကြောင့်.. ကိုယ်ဟာ ယုံကြည်မှုအပြည့်ရှိပြီး သူမရှိလည်း ဘာမှမဖြစ်.. ကိုယ့်ကိုယ်ကို ပျော်အောင်ထားတဲ့ ရင့်ကျက်တဲ့ မိန်းမတစ်ယောက်ဆိုတာ သူသိလာတာနဲ့ အမျှ ကိုယ့်အပေါ်ကို ပိုတန်ဖိုးထား ဆက်ဆံတတ်လာပါလိမ့်မယ် ....
■ဒါကြောင့်... မိန်းကလေးတွေ ကျေးဇူးပြုပြီး သူမပါတဲ့ ဘဝတစ်ခုရှိအောင် ကြိုးစားလိုက်ပါ.. မိန်းကလေးအားလုံး အတွက်ပေါ့.... တကယ်လို့ ကံကောင်းထောက်မစွာ ကိုယ်ဟာ ပြန်အဖတ်ဆယ်ရတဲ့ အခြေအနေမဟုတ်ဘူးဆိုရင် ကျေးဇူးပြုပြီး သတိထားပေးပါ... မိမိကိုယ်ကို ပိတ်လှောင်ပြတာဟာ သူတို့ကို ချစ်တာနဲ့ ဘာမှမဆိုင်ပါဘူးလို့.... ဒါကြောင့်... အဲလို လုပ်မယ့် စိတ်ကူးတွေကို ပြောင်းပစ်လိုက်ပါ... သူ့ကို တကယ်ချစ်ရင် အနာဂတ်မှာ မျှော်လင့်ချက်များတဲ့ အတွက် ပြသနာ တက်မလာအောင် ကိုယ့်ဘဝလေးကို အပျက်စီး မခံပါနဲ့လို့........
Girls... Please.... Please Get a Life withOut Him....!""
ဒီ စာလေးကို ကျန်တဲ့ မိန်းကလေးတွေ ဖတ်ပြီး စိတ်ဓာတ် ခွန်အားရအောင် Share ပေးရင် ကုသိုလ်ရပါတယ်... အပန်းလည်း မကြီးပါဘူး..နော်..???
YaWai's SC နဲ့Photo တွေ ကိုတွေ့ပြီး စိတ်ညစ်တာတွေ လျော့ပြီး အားတွေရှိလာတယ်...
... Original Writer ကို အရမ်း ကျေးဇူးလဲတင်... လေးစားမိပါတယ်..
အဆင်မပြေလို့...အကြာကြီးလက်ညောင်းခံ typing ရိုက်ပြီး Post ပြန်တင်တာ... heeee...xD
! Remonah Yu !
Credit: Thura Aung (Nay pyauk)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။