Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 14, 2015

စနေထောင့်ပန်းလှုခဲ့တဲ့ LPJ- ကိုသိန်းတန်(မြန်မာပြည်) မြန်မာပြည်သိန်းတန်နှင့်တွေ့ဆုံခြင်း

🎷စနေထောင့်ပန်းလှုခဲ့တဲ့
LPJ- ကိုသိန်းတန်(မြန်မာပြည်)
မြန်မာပြည်သိန်းတန်နှင့်တွေ့ဆုံခြင်း 🎷
••••••••
၁၉၈၈ ခုနှစ် စက်တင်ဘာလကုန်ကတည်းက မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာသွားခဲ့တဲ့ အဆိုတော် မြန်မာပြည်သိန်းတန် နှစ်ပေါင်း ၂၃ နှစ်အတွင်း ပထမဆုံးအကြိမ် အမိမြေကို အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ စီစဉ်မှုနဲ့ ပြန်လည်ရောက်ရှိလာပါတယ်။ အသက်အရွယ်ကြီးရင့်သွားပေမယ့် အသံတော့ မပျက်စီးသေးတဲ့ ၄င်းရဲ့ဖျော်ဖြေပွဲတွေကို ရန်ကုန်နဲ့ မန္တလေးမြို့မှာ အောက်တိုဘာလအတွင်း ကြည့်ရတော့မှာဖြစ်လို့ မြန်မာပရိသတ်နဲ့ ဝေးကွာနေချိန်အတွင်း သိန်းတန်(မြန်မာပြည်)ရဲ့ အပြောင်းအလဲတွေကို မေးမြန်းခဲ့ပါတယ်။

မြန်မာနိုင်ငံကို အနှစ် ၂၀ ကျော်ပြန်မလာဖြစ်တဲ့အပေါ် ပရိသတ်တော်တော်များများ ထင်မြင်ကြသလို ဒီမှာ Black List စာရင်းဝင်တာကြောင့်ဆိုတာ ဟုတ်ပါသလား။
အမေရိကကနေ ဒီကိုကိုယ်ရေးကိုယ်တာကိစ္စကြောင့် မလာဖြစ်တာဖြစ်ပါတယ်။ ဦးအမေရိကန်မှာ အေးအေးဆေးဆေးပဲနေပါတယ်။ သမ္မာအာဇီဝနဲ့ ကောင်းမွန်စွာ လုပ်ကိုင်စားသောက်ပြီးနေပါတယ်။ Black List တွေ ထဲမှာလည်း ဦးမပါဘူးကွယ့်။
ဒါဆို နှစ်ပေါင်းများစွာ ပြန်မလာဘဲနေပြီး ခုချိန်မှ ဘာကြောင့် ပြန်လာဖို့ ဆုံးဖြတ်လိုက်တာပါလဲ။
သြော် သီချင်းတွေဆိုဖို့ပေါ့ကွဲ့။ ပရိသတ်ကြီးကို သီချင်းတွေနဲ့ ကျေးဇူးဆပ်ချင်တယ်။ ဦးကလည်း ခုချိန်ထိ ဆိုနေနိုင်သေးလို့ပါ။ မဆိုနိုင်ဘူးဆိုရင် ပြန်လာဖို့လည်း မလွယ်နိုင်ပါဘူး။ ဒါ ပရိသတ်ကိုလည်း အမှတ်တရ ကျေးဇူးဆပ်တာပါ။ နောက်ပြီး မိခင်ကြီးကလည်း အသက် ၁၀၀ ရှိပြီလေ။ ဦးရဲ့မိခင်ကြီးကို ပူဇော် ကန်တော့ရမှာပေါ့။
အရင်ကရော မြန်မာနိုင်ငံကို ပြန်လာဖို့ ကြိုးစားဖူးပါသလား။
ပြန်လာဖို့ ကြိုးစားခဲ့ဖူးပါတယ။် ဒါပေမဲ့ မအောင်မြင်ပါဘူး။
ဘာကြောင့်မအောင်မြင်ခဲ့တာပါလဲ။
အမေရိကားမှာ ဦးရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေရှိလို့ပါ။ အလုပ်နဲ့ပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာပါ။ အလုပ်နဲ့ သက်ဆိုင်တဲ့အခါကျတော့ ထားခဲ့ဖို့ မဖြစ်တဲ့ဟာလေးတွေပါ။ တခြားဘာအကြောင်းမှ မဟုတ်ပါဘူး။
အခုပြန်လာဖို့ စီစဉ်ချိန် ဘယ်လောက်ကြာခဲ့ပါသလဲ။ ဘယ်လို အခက်အခဲတွေကြုံခဲ့ရပါသလဲ။
အခက်အခဲတော့ ဘာမှမရှိခဲ့ပါဘူးကွယ်။ ဦး ဘာမှလည်း ဒီကို ယူမလာဖြစ်ခဲ့ပါဘူး။
မြန်မာ့မြေပေါ် ခြေချချချင်း ခံစားမိတဲ့ခံစားချက်ကိုပြောပြပါဦး။
မိခင်နဲ့ အင်မတန်ကွဲကွာနေတဲ့ ကလေးတစ်ယောက်ဟာ အဝေးမှာ သူ့ဟာသူ လေလွေင့်နေပြီးမှ မိခင်အိမ်ကို၊ မိခင်ရှိတဲ့ဆီကို ရုတ်တရက် ပြန်ရောက်လာတဲ့အခါကျတော့ မိခင်ရဲ့ရင်ခွင်ထဲကို အတင်းတိုးဝင်ပြီးတော့ ဘယ်ကိုမှမသွားချင်တော့ဘူး။ မိခင်ရဲ့ ရင်ခွင်ထဲမှာပဲ သူဟာ ချွဲပျစ်ပြီး ဖက်တွယ်ပြီး ချစ်နေချင်တဲ့ ခံစားမှုမျိုး ဖြစ်မိပါတယ်။
ဒါဆိုမြန်မာပြည်မှာ ပြန်လည်အခြေချနေထိုင်ဖို့ အစီအစဉ်ရှိပါသလား။
မြန်မာပြည်မှာ ပြန်လည်နေထိုင်ဖို့အစီအစဉ်တော့ လောလောဆယ် မရှိသေးပါဘူး။
ဟိုကို ရောက်လာတဲ့ အနုပညာရှင်တွေနဲ့ရော ဦး အဆက်အသွယ်ရှိပါသလား။ ဥပမာ-အန်တီမာမာအေး၊ မရတနာဦး၊ မမေဆွိတို့လိုပေါ့။
မြန်မာပြည်ကနေ အမေရိကားကိုရောက်လာကြတဲ့ ဂီတအနုပညာရှင်အားလုံးလိုလို ဦးသိန်းတန်တို့ အမြဲလိုလို ဆုံဖြစ်ကြပါတယ်။ ဦးသိန်းတန်အိမ်ကိုလည်း သူတို့လာကြပါတယ်။ အတူတူစားကြ၊ သောက်ကြ၊ ချက်ကြ၊ ပြုတ်ကြ တွေ့ဆုံဖြစ်ပါတယ်။
ဒီဖျော်ဖြေပွဲတွေအတွက် ဦးရဲ့ အနုပညာအကျိုးအမြတ် ဘယ်လောက်ထိရရှိမှာပါလဲ။
အဲဒါကတော့ မသိဘူးကွယ့်။ ဒီဟာနဲ့ပတ်သက်ပြီး အစီအစဉ် အတိအကျ မရှိသေးပါဘူး။ မေတ္တာ စေတနာအပြည့်နဲ့ ပရိသတ်ကို ဖျော်ဖြေဖို့ ရည်ရွယ်ထားပါတယ်။ အနုပညာကြေးအပိုင်းကို ဦးမသိပါဘူး။
မြန်မာပြည်မှာ နေမယ့်တစ်လအတွင်း ဖျော်ဖြေရေးခရီးစဉ်၊ လည်ပတ်ရေးအပြင် တခြား ဘာတွေလုပ်ဖြစ်မှာပါလဲရှင့်။
အချိန်ရရင် ရသလောက်အမေ့ဆီမှာနေဖို့၊ ညီအစ်ကိုမောင် နှမတွေနဲ့တွေ့ဆုံပြီးတော့ ဘာသာရေးစကားလေးတွေ တစ်ဦးနဲ့တစ်ဦး ဖလှယ်ပြီးပြောကြဖို့ စိတ်ကူးထားပါတယ်။
ဒီအတောအတွင်း ဦးရဲ့နေထိုင်ကုန်ကျစရိတ်အားလုံးကို ဦးညီထွဋ်က အစစအရာရာ တာဝန်ယူထားတယ်ဆိုတာရော ဟုတ်ပါသလား။
ဒါမှန်ပါတယ်ကွယ်။
ပလေးဘွိုင်းသန်းနိုင်ဟာ သြစတြေးလျက ပြန်လာတော ပရိသတ်အား၊ ပရိသတ်အသံကို ပြန်လည်မြင်တွေ့နိုင်မယ့် ဂီတ ဖျော်ဖြေပွဲလုပ်ခဲ့ပါတယ်။ ဦးရဲ့ အခုဖျော်ဖြေပွဲအတွက်ရော ဘယ်အချက်တွေအပေါ် ကြို တင်ရင်ခုန်မိပါသလဲ။
ဦးသိန်းတန် ဆိုလိုက်တဲ့ သီချင်းတိုင်း၊ သီချင်းတိုင်း ပရိသတ်ရင်ထဲမှာ ကြိုက်နှစ်သက်နေဖို့ကို တွေးပြီး ရင်အခုန်ဆုံးပါပဲ။ ပရိသတ်အကြားချင်ဆုံး သီချင်းတွေကို ဦးသိန်းတန်ဆိုဖြစ်ဖို့ ကြိုးစားဖို့ရာက ရင်အခုန်ဆုံးပါပဲ။
ဦး အခုအတွေ့ချင်ဆုံးလူတစ်ယောက်ဆိုရင်…။
မိခင်ဖြစ်ပါတယ်။
အခုတွဲဖက်ပြီး သီဆိုဖျော်ဖြေချင်တဲ့ အဆိုတော်ရှိရင် ဘယ်သူပါလဲရှင့်။
တွဲပြီး သီဆိုချင်တဲ့သူကတော့ အကယ်ဒမီချိုပြုံးပေါ့ကွယ်။ ငယ်ငယ်တည်းက ဦးသိန်းတန်ရဲ့ စုံတွဲသီချင်းတွေမှာ သူက မူရင်း အဆိုတော်ဖြစ်ခဲ့တာကိုးကွဲ့။ ဒီ တော့ သူနဲ့ဆိုချင်တာပေါ့ကွယ်။
ဦးအနေနဲ့ ဖြည့်စွက်ပြောချင်တာရှိရင်…။
ပရိသတ်ကြီးကို မေတ္တာပို့ပြီးတော့ နှုတ်ဆက်စကား ပြောချင်တာပါပဲ။ပရိသတ်အားလုံး ကျန်းကျန်းမာမာချမ်းချမ်းသာသာနဲ့ လိုအင်ဆန္ဒ အသီးသီးအောင်မြင်ပြည့်စုံကြပါစေ…။
အမည်ရင်း - သိန်းတန်
မိဘအမည် - ဦးဘသာ၊ ဒေါ်ကြင်နု
မွေးသက္ကရာဇ် - ၈. ၁၂. ၁၉၄၅
ဇာတိ - အင်းဝ
ဂီတလောကသို့ စတင်ဝင်ရောက်သည့်ခုနှစ် - ၁၉၆၉ (ဝန်းကျင်)
ပထမဆုံးသီဆိုသည့်သီချင်း - မနောအလှပန်း မောင့်ချစ်သူ (၁၉၇၁ ဝန်းကျင်)
Credit: အေးသူစံ (7Day News Journal)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။