Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 14, 2015

တီတီ ရဲ့ HERO ………… 💖 ကော်နီ

တီတီ ရဲ့ HERO …………
💖 ကော်နီ 💝
💕💕💕💕💕💕💕💕💕
••• Biography & Interview •••
မြန်မာ့ ဂီတလောကမှာ ဆယ်စုနှစ် များစွာကြာအောင် အောင်မြင်မှုကို ထိန်းသိမ်းနိုင်တဲ့ အဆိုရှင်များက လက်ချိုး ရေတွက်လို့ ရပါတယ်။ အဲဒီ အထဲမှာ မှ ဆယ်စုနှစ် သုံးစု နီးပါးတိုင် အောင်မြင်မှုကို ထိန်းသိမ်းနိုင်သူ ကော်နီ နဲ့ ခဏ တာတွေ့ဆုံခိုက်မှာ သူမရဲ့ ဂီတ နဲ့ ဘဝ အမှတ်တရ များကို အနည်းငယ်ပြန် ပြောင်းပြော ဆိုဖြစ် ခဲ့ကြ ပါတယ်။
•••ဂီတအနုပညာသမားဖြစ်တဲ့အပြင်
ဆံပင်ညှပ်ဆရာလည်းဖြစ်တဲ့ ကော်နီ •••

၆နှစ်အရွယ် ကတည်းက အနုပညာကို စိတ်ဝင်စားတာ။ ၉နှစ် လောက်မှာဆို သီချင်းကောင်း ကောင်းဆိုတတ်ပြီ။ ၉နှစ်သမီး အရွယ် မှာ ကျောင်းကပွဲတွေ ဆို အနုပညာ အလုပ်နဲ့ အလုပ် များနေပြီ။ မကော် မေမေက အလှပြင်ဆိုင် ဖွင့်ထားတော့ ငယ်ငယ်ကတည်းက ဆံပင်ညှပ် တတ်တာ။ မေမေ့ကို ကူညီရင်း နဲ့ ဒီပညာပါ တတ်လာ တယ်။ ငယ်ငယ်က ကျူရှင်တွေ၊ ဘာတွေ လည်း မရှိခဲ့တော့ ကျောင်းမှာပဲ စာသင်၊ စာတတ်လာပြီး အိမ်ရောက်ရင် မေမေ့ကို ဝိုင်းကူတယ်။ ကျောင်း စာတစ်ဖက်နဲ့ မေမေ့ ကို ကူရင်း ပြိုင်ပွဲတွေရှိရင် အနုပညာပိုးက မသေးတော့ ဝင်ပြိုင်ဖြစ်တယ်။ မကော် အတန်းကြီး လာတော့ အနုပညာတစ်ဖက် နဲ့ဆိုတော့ စာဘက်မှာ အား နည်းသွား တယ်။ နယူးအေ့စ်မှာ ပင်တိုင် အဆိုတော်ဝင် ပြိုင်တုန်းက ၉တန်း ပဲ ရှိသေးတယ်။ ၁ဝ တန်း ကျောင်းသူဘဝ မှာ တော် တော် အောင်မြင်နေပြီ။ တာဇံ အခွေ ထွက် တဲ့အချိန်မှာ ပညာ ရေးကိုဘက် လုံးဝ လက်လွှတ် လိုက် ပြီး မကော် ချစ် တဲ့ ဂီတ အနုပညာ ဘက်ကို ရွေးချယ်ပြီး ခုချိန်ထိဂီတနဲ့ပဲ အသက် ဆက်နေပါတယ်။ တက္ကသိုလ် မတက်ခဲ့ရတဲ့ အတွက် အမှတ်တရ တွေ မကော်မှာ မရှိပေမယ့် ငယ်ဘဝ ကျောင်းသူ ဘဝမှာတော့ ကျောင်း အမှတ်တရတွေ ရှိပါတယ်။ ဒါက ကော်နီရဲ့ ငယ်ဘဝဖြတ် သန်းမှုပါ။
•• ကော်နီရဲ့အောင်မြင်မှုအစလျှို့ဝှက်ချက် ••
မကော် ဒီလိုအောင်မြင်အောင် အဓိက ကတော့ မကော်ရဲ့ လက်ဦး ဆရာ မေမေ နဲ့ ဆရာ သုခမိန်လှိုင်ပါ ပဲ။ မကော် ဘယ်လို သီချင်းနဲ့ လိုက်ဖက်လဲ ဆိုတာလည်း ဆရာက သိတယ်။ ဆရာ့ စကားဆိုလည်း အမြဲ လိုက်နာတယ်။ ဒါကြောင့် မကော် အောင်မြင်တာပါ။ မကော်ကို ဟာမို နီပညာ နဲ့ ပတ်သက်လို့ သင်ပေးတယ် ဆိုရင် မခင်မြတ်မွန်၊ သူက ဟာမိုနီ တအားတော်တယ်။ မကော် တစ်ကိုယ်တော် အခွေနဲ့ အောင်မြင်ပြီး ၄၊ ၅နှစ် နေမှ မန္တလေး ဦးနေဝင်းက စပြီး “စင်ပေါ်မှ သီချင်းများ” အတွဲခွေ ပေါ်လာတာ။ အတွဲခွေတွေ ပေါ် လာပေမယ့် မကော် တော်ရုံတန်ရုံ မဆိုဘူး။ ကိုယ့် ဆရာသမားလည်း မကြိုက်ဘူး။ ခွင့်မပြုဘူးလေ။ ကော် နီအောင်မြင်မှု ပိုင်ဆိုင်တယ် ဆိုတာ ကော်နီဟာ ဆရာသမားကို ရိုသေ တယ်။ ဘုရား၊ တရားကိုလည်း မမေ့ ဘူး။ ကြိုးလည်း ကြိုးစားခဲ့တယ်။ ဒါကြောင့်ပါ။ လျှို့ဝှက်ချက်တော့ မရှိ ပါဘူး။
📰တိပ်ခွေခေတ်ကော်နီနဲ့ ဗီစီဒီခေတ် ကော်နီ ဘာကွာခြားသလဲ
🎼 မကော် ပထမတိပ်ခွေပေါက် တုန်းကဆို ယုံတောင် မယုံနိုင်ဘူး။ ရောင်းလိုက်ရတာ အံ့မခန်းပါပဲ။ ပထမခွေ ပေါက်ပြီးတာနဲ့ နောက်တစ် ခွေ ဆက်လုပ်တော့ လည်း ပေါက် တာ ပဲ။ သောင်း၊ သိန်းချီရောင်းရတယ်။ ထူးခြားတာက မကော် ရော့ခ်ဘက် စပြောင်း လုပ်တော့လည်း ပရိသတ် က ကျမသွားဘူး။ ဒါပေမဲ့ အခု ဗီစီဒီ ခေတ် လည်းရောက်ရော အခွေထုတ် ရတာ မရဲတရဲ ဖြစ်နေတယ်။ တိပ်ခွေ ခေတ်ကဆို ဒီလို မတိုးတက်ပေမယ့် အောင်မြင်မှု ဘဝက တအားကြောက် စရာ ကောင်းတယ်။ တိပ်ခွေ တစ်ခွေ ပေါက်ပြီဆို အိမ်ဆောက်၊ ကားစီးလို့ ရတယ်။ အခုခေတ် မှာတော့ ဒါမျိုး မရတော့ဘူး။ ခေတ်က တိုးတက်လာ ပေမယ့် အဆိုးအကောင်း ဆိုတာ ဒွန် တွဲနေ တာပဲလေ။ တိပ်ခွေခေတ်က အံမခန်း အားပေးမှုမျိုး ခု ဗီစီဒီခေတ် မှာသာ ရှိမယ်ဆိုရင် ဘယ်လောက် ကောင်းမလဲ။ ခိုးကူးတွေကြောင့် မလုပ်ရဲကြ တာပါ။ ခိုးကူးတွေ တအား မြန်တာကိုး။
📰အနုပညာမောင်နှမများနဲ့ အမှတ်တရ
🎼မကော်တို့ ငယ်ငယ်တုန်းက စည်းလုံးတယ် ဆိုတာ အခုနဲ့ တခြားစီ ပါပဲ။ နယ်ရှိုး ဆိုပြီဟေ့ ဆိုရင် အဖွဲ့ လိုက်က မောင်နှမလို၊ မိသားစုလို အုပ်စုလိုက် အဖွဲ့လိုက် ခရီး ထွက်ကြ တာ။ အရင်က ဟိုတယ်တွေ ဘာတွေ သိပ်မရှိတော့ ကိုယ့်အိပ်ရာကိုယ် သယ်တဲ့ခေတ်ပေါ့။ အဲဒီလိုဆိုရင် မကော်က စောင် ဆိုရင်၊ ဟေမာလို့ ခြင်ထောင်၊ မီမီက ခေါင်းအုံး အဲဒီ မျိုးသွားကြတာ။ ယောက်ျားလေးတွေ ဆိုလည်း မိန်းကလေးတွေကို အမြဲ ဦးစားပေးကြတယ်။ အထုပ်တွေ ဝိုင်း သယ်ပေးတာက အစပေါ့။ တကယ့် မောင်နှတွေလိုပဲနေကြတာ။
📰အပျိုကြီးဖြစ်ရတဲ့အကြောင်း
🎼မကော်ကို မေမေက ရည်းစား၊ ချစ်သူ ထားခိုင်းတယ်။ အသက် တွေကြီး လာရင် တူ၊ တူမတွေက အားမကိုးရ ဘူးတဲ့။ မရတာလား၊ ရှာ ပေးရ မလား မေးကြ တယ်။ ရှာပေးစရာကို မလိုတာ။ အစကတည်းက ယောက်ျားမယူ ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဟိုးငယ်ငယ် ကလေးအရွယ် ကတည်းက ချမှတ် ထားတာ။ အသက်တွေ ကြီးလာ ရင် သီလရှင် ဝတ်မယ် ယောက်ျားမယူဘူး လို့ ပါးစပ်က ပြောရင်းကနေ တကယ် ဖြစ်သွားတယ်။
📰ရှေ့ဆက်သွားမယ့်အနုပညာခရီး
📰မကော် တစ်ကိုယ်တော်ခွေ လုပ် ထားတာ ၂နှစ်ရှိပြီ။ မပြီးသေးဘူး။ ဒီမိုးတွင်းမှာ ဗီစီဒီ ပြီးအောင် လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအခွေ က တော်တော် ကြာနေပြီ။ ခေါင်းစဉ်က အစ မကော်သေသေချာချာ လုပ်မလားလို့။ ပြီးတော့ မကော် လိုက်ဖ်ရှိုး လုပ် ဖို့ရှိတယ်။ အခွေ ထွက်ပြီးရင် လိုက်ဖ် ရှိုး လုပ်ဖြစ် မှာပါ။
📰" ပျော်ရွှင်မှုကို ဖန်တီးပေးတဲ့အရာ "
🎼အစ်မက ၁၆ နှစ်သမီးကတည်းက အဆို တော် ဖြစ်နေတာလေ။ ၈ နှစ်သမီး ကတည်းက သီချင်းတွေစဆိုနေပြီ။ အစ်မကို ပျော်စေနိုင်တာက ဂီတပဲလို့ ထင်ပါတယ်။
📰"သည်းမခံပေးနိုင်တဲ့ လုပ်ရပ်"
🎼အသက်ကြီးလာတော့ သည်းမခံနိုင်တာတွေ ပိုများလာတယ်(ရယ်လျက်)။ အစ်မကို ညာတဲ့ ကိစ္စတွေကို သည်းမခံနိုင်ဘူး။ တော်တော်များ များကို သည်းခံနိုင်တယ် လို့တော့ အစ်မထင်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်မလုပ်နေတဲ့ အလုပ်ကအနုပညာအလုပ်ဆိုတော့ သည်းမခံနိုင် လို့ ဘယ်ရမလဲ။ တချို့ ပရိသတ်တွေဆို အရမ်းရစ်တယ်။ မျက်ရည်ပေါက်
ကျအောင် ရစ်လည်း ခံရတာပဲလေ။ အများအားဖြင့်တော့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကလူတွေနဲ့ ကိုယ်အမြဲဆက်ဆံနေရတဲ့ လူတွေကညာရင်
သည်းမခံနိုင်ဘူး။
📰"ဘဝရဲ့နောက်ဆုံးအချိန်အထိမဖြစ်မနေ ' လုပ်သွားမယ်ဆိုတဲ့ ကိစ္စ"
🎼ဒါကတော့ ဘုရား၊ တရားကိစ္စတွေပါ။ ဒီ ထက်အသက်ကြီးလာရင် အနုပညာအလုပ် မလုပ်ဘူးလားဆိုတော့ လုပ်ချင်တာပေါ့။ ဒါပေမဲ့ အချိန်အခါနဲ့ အရွယ်ဆိုတာက ရှိသေးတယ်လေ။ အသက်ကြီးလာရင်တော့ အစ်မမဖြစ်မနေလုပ် သွားမှာက ဘုရား၊တရားအလုပ်ပါပဲ။ အခုလက်ရှိ မှာလည်း ဘာသာရေးနဲ့ ပတ်သက်ပြီး နေ့တိုင်း လုပ်နေတာတွေရှိပါတယ်။
📰"ဘဝမှာ အသက်ရှင်နေရတာ ဘာအတွက်လဲ"
🎼အစ်မမိသားစုအတွက်လို့ ထင်ပါတယ်။ လူဆိုတာ ကိုယ့်ရဲ့ဘဝကို ကိုယ်ရွေးချယ်တာလေ။ အစ်မအခုထိ အသက်ရှင်ရပ်တည်နေတာတော့ အစ်မအမေနဲ့ နောင်တစ်ချိ န်မှာ အလုပ်တွေအား ရင် ဘာသာရေးအလုပ်တွေ လုပ်ဖို့ပါ။
📰"နိစ္စဓူဝအလုပ်တွေထဲမှာနေ့တိုင်းလုပ်ဖြစ်နေတဲ့ကိစ္စ"
🎼နေ့တိုင်းလုပ်ဖြစ်တာကတော့ ဘုရားရှိခိုး တယ်။ ခွေးတွေ၊ ကြောင်တွေ ရဲ့ကိစ္စတွေနဲ့ လုံး ပန်းနေဖြစ်တယ်။ လမ်းဘေးခွေးလေးတွေကို အစာကျွေး တယ်။ သတ္တဝါလေးတွေကို လမ်းမှာ တွေ့ရင်တောင် တတ်နိုင် သလောက်လေး လုပ် ပေး ဖြစ်တယ်။ music နဲ့ပတ်သက်ရင်တော့ ငယ်ငယ် တုန်းက မိုးလင်းတာနဲ့ သီချင်းနားထောင် ဖြစ် တယ်။ အသက်ကြီးလာတော့ ဝန်တွေ ပိုလာ တယ်။ ငယ်ငယ်တုန်းက သီချင်းဆိုတဲ့ အလုပ် တစ်ခုပဲ ရှိတယ်။ ကိုယ်ရဲ့အမေနဲ့ မိသားစုက နောက်ကနေပံ့ပိုးပေးခဲ့တယ်။ (အခုကျတော့ အစ်မက အိမ်မှာ အငယ်ဆုံး ဆိုတော့ အရင်တုန်း က အကြီးတွေ လုပ်ထားတဲ့ အလုပ်တွေကကို ပြန်လုပ်ပေးရတဲ့ အချိန်ဖြစ် သွားတော့ အရင်တုန်း ကလို မိုးလင်းရင် music က အဓိက မဟုတ် တော့ ဘူး။ Family နဲ့အပြင် ဗာဟီရတွေက ပိုများ လာတယ်။ နေ့တိုင်း လုပ် ဖြစ်နေ တဲ့အထဲမှာ အစ်မက မသွားချင်ရင်လည်း လူမှုရေးအရ သွား ရတာတွေ များလာတယ်။ အသက်ကြီး လာတော့ ဝန်ဆောင်မှုပေးရတာတွေ များလာတာပေါ့ နော်။
🎸🎸🎸🎸🎸🎸🎸
••• Before 30 Dreams •••
ကိုကိုချစ်ရေ …. ကိုကိုချစ်ရေ … ဆိုတဲ့သီချင်း ဒီအသက်အရွယ်မှာ မဆိုချင်တော့ပေမယ့် ပရိသတ်က ဒီသီ ချင်းမှမဆိုရင် မဆင်းရဘူးလို့ အမိန့်တွေပေးနေလို့ အနှစ် ၃ဝစာအိပ်မက်ကို အားပါးတရမက်တော့ မယ့်
ကော်နီက လာမယ့် ၂၃ရက်နေ့မှာကျင်းပမယ့် ဖျော်ဖြေပွဲ ကိုကိုချစ်သီချင်း ဆိုဦးမှာပါ။ ကော်နီရဲ့ အနှစ် ၃ဝခရီး ဘယ်လိုဖြတ်သန်းကြမလဲ။
ပရိသတ်ကို ပေးထားတဲ့ကတိ မဖျက်ကြပါနဲ့၊ ကတိဖျက်ရင် ဘုရားရိုက်မယ်လို့ ဆိုလာတဲ့ အဆိုတော် ကော် နီက ပရိသတ်ဆိုတာ သူတို့ရဲ့ကိုယ်ပိုင်ငွေကို အနုပညာရှင်တွေကိုချစ်လို့ ပေးတာဖြစ်တာကြောင့် အနုပ ညာကို ခုတုံးလုပ်တာတွေ မဖြစ်စေချင်ဘူးလို့ ဒီကနေ့ လူငယ်တွေကို ပြောပါတယ်။ အောင်မြင်ချင်တဲ့ စိတ်တစ်ခုတည်းနဲ့သာ ကြိုးစားရင် အောင်မြင်မှာဖြစ်ပြီး ပေါ်ပင်ဖြစ်ချင်တဲ့စိတ်နဲ့တော့ စင်ပေါ်တက်မလာစေ ချင်ဘူးလို့ ကမာရွတ်မီဒီယာကို သီးသန့်ပြောဆိုခဲ့ပါတယ်။
ကိုကိုချစ်သီချင်းကို ဒီကနေ့အထိ ပရိသတ်တွေ အသည်းစွဲနေတာကြောင့် သူ့အပေါ်ထားတဲ့ ပရိသတ်ရဲ့ချစ် ခင်မှု၊ သူက ပရိသတ်အပေါ်ထားတဲ့ ရိုသေမှုကြောင့်ပါလို့ ကော်နီကဆိုပါတယ်။ ဂီတသက်တမ်း အနှစ် ၃ဝအတွင်း ကော်နီကိုမှတ်မိနေသေးတဲ့ ပရိသတ်အတွက် မလုပ်တာကြာတဲ့ ဖျော်ဖြေပွဲမှာ တာဇံအယ်လ် ဘမ်ထွက်ကတည်းက ဆရာလို့ပြောလို့ရတဲ့ တေးရေးသုခမိန်လှိုင်ပေးတဲ့ 30 Dreams Connie ခေါင်းစဉ် ကို ပေးထားတယ်လို့ ပြောပါတယ်။
ကော်နီရဲ့ 30 Dreams Connie ဖျော်ဖြေပွဲကို အမျိုးသားဇာတ်ရုံမှာ ကျင်းပမှာဖြစ်ပြီးအဆိုတော် ဇော်ဝင်းရှိန်၊ချစ်ကောင်း၊ ဟေမာနေဝင်း၊ ထွန်းအိန္ဒြာဗိုလ်၊ စည်သူလွင်၊ ခင်မြတ်မွန်၊ ချောစုခင်၊ ဖိုးကာ၊ ဆုန်သင်းပါရ်၊ Rဇာနည်နဲ့ Idiots တို့ ပါဝင်သီဆိုကြမှာပါ။ ကော်နီရဲ့လက်တွဲဖော် New Waveအဖွဲ့နဲ့အတူ The Trees အဖွဲ့တို့က တီးခတ်မှာဖြစ်ပါတယ်။
ကော်နီရဲ့ပွဲမှာ ကိုယ်တိုင်လည်းသီချင်းဝင်ဆိုပြီး နောက်ခံ ဟာမိုနီကိုလည်း ကူညီပေးမယ့် အဆိုတော် ခင်မြတ်မွန်က အခု ကော်နီရဲ့ပွဲဟာ တွေ့နေကျစတိတ်ရှိုးတွေနဲ့မတူဘဲ အရင်ခေတ်က အနုပညာရှင်တွေရဲ့ တင်ဆက်မှုတွေကို ကြည့်ရတာ အရမ်းထိုက်တန်တာမို့ တန်ဖိုးရှိမှာပါလို့ ဆိုပါတယ်။ တစ်ချိန်က အောင်မြင် ခဲ့သူတွေအများဆုံးပါတဲ့ ဖျော်ဖြေပွဲမို့ ပရိသတ်နောင်တမရစေရဘူးလို့ မှတ်ချက်ပေးပါတယ်။
🎸🎸🎸🎸🎸🎸🎸🎸🎸
••• After 30 Dreams •••
ဂီတသက်တမ်း အနှစ် ၃ဝ တင်းတင်းပြည့်ခဲ့ပေမယ့် အခုအချိန်ထိ လူငယ်တစ်ယောက်လို ဖျတ်လတ်တက် ကြွနေဆဲ၊ သီချင်းတွေကို မာန်ပါပါနဲ့ သီဆိုနိုင်ဆဲ အဆိုတော်ကော်နီတစ်ယောက် အတွင်းကြေ၊ အမိန့်တွေပေးတာ မကျေနပ်ဘူး အပါအဝင် သူအောင်မြင်ကျော်ကြားတဲ့သီချင်း၎ပုဒ်နဲ့သူ့ရဲ့ဂီတဖျော်ဖြေပွဲကို ဇန်န ဝါရီ ၂၃မှာစတင်ဖွင့်လှစ်လိုက်ပါတယ်။
30 Dreams Connie ဂီတဖျော်ဖြေပွဲမှာတော့ အဆိုတော် ဟေမာနေဝင်း၊ ချစ်ကောင်း၊ ခင်မြတ်မွန်၊ ထွန်း အိန္ဒြာဗိုလ်၊ ဇော်ဝင်းရှိန်၊ နီနီခင်ဇော်၊ ဘိုဘို၊ စည်သူလွင်၊ ဖိုးကာ၊ R ဇာနည်၊ချောစုခင်၊ဆုန်သင်းပါရ် စတဲ့အဆိုတော်တွေကလည်းကော်နီရဲ့ဂီတသက်တမ်း နှစ် ၃ဝပြည့်အတွက် ဂုဏ်ပြုသီဆိုပေးခဲ့ကြပါတယ်။
ပထမစီစဉ်တုန်းက သီချင်း ၄၅ပုဒ်လောက်ဆိုဖို့ မှန်းထားပေမယ့် ကူညီသီဆိုပေးမယ့် အဆိုတော်တွေကများ လို့ အပုဒ် ၃ဝလောက် ဆိုမှာပါလို့ ကော်နီက ပြောပါတယ်။ မကြည့်လိုက်ရတဲ့ ပရိသတ်တွေကို အရမ်းအား နာပြီး သူချစ်တဲ့ ပရိသတ်တွေအတွက် Free Show တစ်ပွဲလုပ်နိုင်အောင်လည်း ကြိုးစားဦးမယ်လို့ ဆိုပါ တယ်။ မအိုသေးရင်တော့ 40 Dreams Connie ပွဲကို ဆက်လုပ်ကြတာပေါ့လို့ ပြောပါတယ်။အမျိုးသားဇာတ်ရုံအပြည့် ပရိသတ်တွေ ရာပေါင်းများစွာ အားပေးခဲ့တဲ့ ဒီပွဲမှာတော့ ကော်နီရယ်လို့ တစ်နိုင်ငံ လုံး သိသွားအောင် အောင်မြင်ကျော်ကြားခဲ့တဲ့ တာဇံသီချင်းကို Performance တွေနဲ့ အထူးတင်ဆက်ခဲ့သ လို ကတိပေးထားတဲ့အတိုင်း ကိုကိုချစ်သီချင်းကိုဆိုပြီး နှုတ်ဆက်ဖျော်ဖြေခဲ့ပါတယ်။ကော်နီနဲ့တွဲဆိုရမယ့် သီချင်းအတွက် ရင်တွေခုန်နေတယ်လို့ ပြောလာတဲ့ အဆိုတော် ဆုန်သင်းပါရ်က ပွဲမစ ခင်ကတည်းက ပရိသတ်တွေအများကြီးရောက်နေသလို ကော်နီဟာ တကယ်ဝမ်းစာပြည့်တဲ့အဆိုတော်မို့ ပရိသတ်က နေရာပေးထားတယ်ဆိုတာ သိသာတယ်လို့ ပြောပြပါတယ်။
~~~~~~~~~~
ဒီpostလေးဟာ Internet ပေါ်က မကော် ရဲ့
အကြောင်းရာပေါင်းစုံနဲ့တီတီမှတ်သားထားသောအချက်လက်တွေနဲ့ ပေါင်းစပ်ဖော်ပြထားတာမို့ Credit မပေးနိုင်တာကို နားလည်ပေးကြပါရန်။
တီတီတာတာ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။