Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 19, 2015

English ဘာသာစကားကို မိမိဘာသာ လေ့လာလိုသူများ အတွက်


 English ဘာသာစကားကို မိမိဘာသာ လေ့လာလိုသူများ အတွက်
================================

အွန်လိုင်းကနေ လှမ်းမေးတဲ့ လူတွေများတယ် ။
သင်တန်း ဆင်းသွားတဲ့ တပည့်တွေ မေးတာများတယ် ။
< တကယ်က သူတို့ကို သင်တန်း စဖွင့်တဲ့ ၂ ရက်မှာ
အဲဒါတွေ သေချာ အချိန်ယူ ရှင်းပြပြီးသားကို မေ့သွားကြပြီး ပြန် ပြန်မေးကြတာ >
ဒါကြောင့် အကျိုးရှိမယ် ထင်လို့ ဒီစာလေး ရေးပေးလိုက်ပါတယ် ။
ကိုက်သော် ယူ ပါဗျာ ။


English ဘာသာစကားကို
Self-study လုပ်ချင်သူတွေ အနေနဲ့ Cambridge ကထုတ်တဲ့
Interchange Series ကို လေ့လာသင့်ပါ တယ် ။
Communication skill ( Listening / Speaking ) ကို အဓိက ထားတဲ့ သင်ရိုး မို့လို့ပါ ။ ။
Reading & Writing လည်း ပါပေမယ့် အတော်လေး မှိန်ထားတယ် ။



Interchange Series က ၄ အုပ်ရှိတယ် ။
Intro , 1 , 2 , 3 ဆိုပြီးထွက်တာ ။
ဈေးကွက်ထဲမှာလည်း လွယ်လွယ် ဝယ်လို့ရတယ် ။
Listening လေ့ကျင့်ဖို့ အခွေလည်း ဝယ်လို့ ရတယ် ။
( အဆင်မပြေရင် Memory Stick ယူပြီး သင်တန်းမှာ လာတောင်းလို့ရပါတယ် )

Interchange 1 ဝယ်ပြီး စလေ့လာ လို့ရတယ် ။
ပြီးရင် Interchange 2, 3 အဆင့်ဆင့် သွားပေါ့ ။
( Interchange - Intro က တော့ English အရမ်းကို အားနည်းတဲ့လူတွေပဲ လုပ်သင့်တာပါ ။ )


စာကြောင်းတွေကို ရှေ့နောက် မစီတတ်တာ
( စာလုံးတစ်လုံးဆီရဲ့အဓိပ္ပါယ်ပြန်တာနဲ့ sentence အပြည့်ကျပုံမဖော်တတ်တော့တာ )
ဟာ များသောအားဖြင့် Grammar နဲ့ ဆိုင်တယ် ။
စာကြောင်း ဖွဲ့စည်းပုံတွေကို နားမလည်တာပေါ့ ။
စီတော့စီတတ်တယ် ။ အရမ်း နှေးနေတယ်ဆိုတာမျိုးကတော့ လေ့ကျင့်မှု များများ လုပ်ပေးရမှာပါပဲ ။

Grammar အရမ်းအားနည်းနေတယ် ဆိုရင်
"Grammar in Use" ဆိုတဲ့ Cambridge က Series ကိုလည်း တွဲပြီး လေ့လာသင့်တယ် ။
Essential ( Elementary ) , Intermediate , Advanced ဆိုပြီး ၃ အုပ် ထွက်တယ် ။
Essential ( Elementary ) ကို အရင် ကျေညက်အောင်လေ့လာပါ ။
ပြီးရင် Intermediate ကို ဖြေးဖြေးချင်း လုပ်သွားပါ ။
Advanced ကတော့ သိပ်မလိုသေးပါဘူး။
Intermediate လောက်ကို တကယ်ကျေညက်ရင်တောင်
စကားပြောအတွက် အတော်လေး ကောင်းနေပြီ ။


နောက် တစ်ခုက လုံးကောက် အနက် ယူလို့ မရတဲ့
တွဲ သုံးရတဲ့ expression တွေ မသိတာတွေလည်း ရှိတတ်တယ် ။
vocabulary တွေ / expression တွေ များများ ထပ်လေ့လာဖို့ လိုတာပေါ့ ။

ဒီအတွက်လည်း "Vocabulary in Use" ဆိုတဲ့ စာအုပ်ရှိတယ် ။
1. Elementary 2. Pre-intermediate & Intermediate
3. Upper-intermediate 4. Advanced ၄ အုပ် ထွက်တယ် ။
အနည်းဆုံး 1. Elementary 2. Pre-intermediate & Intermediate ကို
သေချာကျေညက်အောင် လေ့လာထားသင့်တယ် ။

ကျန်တာတွေ ရံပြီး လေ့လာလို့လည်း ရတယ် ။
ဒါပေမယ့် သတိထားရမှာ တစ်ခုက " ရံ တာ များ ရင် ယောင် တတ်တယ် "
( ဟို ယောင်ယောင် ဒီ ယောင်ယောင် ဖြစ်သွားတာကိုပြောတာ )
ကျန်တဲ့ E to E ရှင်းပြတဲ့ စာအုပ်ကောင်းတွေလည်း အများကြီးရှိပေမယ့်
အခုနက သင်ရိုးတွေက Self-study လေ့လာဖို့ အတော်လေးကို အဆင်ပြေလို့ညွှန်းပေးတာပါ ။

မြန်မာ ပြန် စာအုပ်တွေ သိပ်အားမကိုးစေချင်ဘူး ။
( အခြေခံ သိပ်အားနည်းရင်တော့ လည်း ကိုင်ချင် ကိုင်ပေါ့ )


ပြီးရင်တော့ ကိုယ့်ရဲ့ Career English ကိုသွားလို့ ရပြီ ။
Accounting ဆိုလည်း English for Accounting ပေါ့
Engineering ဆိုလည်း English for Engineering ပေါ့ ...

အပေါ်က ဟာတွေ ( Interchange , Grammar/Vocab in Use ) ကို
တကယ်ကျေညက်အောင် လုပ်ခဲ့မယ်ဆိုရင်
Communication Skill အခြေခံ/ အတန်အသင့် ကတော့ ရနေမှာပါ ။
English to English ရှင်းပြတဲ့ စာအုပ်တွေနဲ့ လေ့လာသွားနိုင်ဖို့ ပြင်ဆင်ပြီးသားလည်း ဖြစ်သွားမယ် ။

ဒါတွေ မရဘဲ Career English ကို တန်းသွားလည်း ရပေမယ့် ပို ပင်ပန်းမယ် ။
အခြေမခိုင် ဖြစ်မယ်ပေါ့ ။
တစ်ချိန်လုံး ဆရာ မှီနေရတာမျိုး ဖြစ်တယ်တယ် ။


ဒါတွေ ပြီးဖို့ တစ်နေ့ကို အချိန် ၂ နာရီ ပေးပြီး သေချာလုပ်မယ်ဆိုရင်
၁ နှစ်နီးပါးလောက်တော့ ကြာနိုင်တယ် ။
စာတွေကို သိရုံသက်သက် ဆိုတာမျိုး မဟုတ်ဘဲ
သိသလောက်ကို သေချာ ပြန်သုံးနိုင်ဖို့ ရည်ရွယ်ပြီးလေ့လာပါ ။

တစ်နေ့ ၂ နာရီ နဲ့ ၁ နှစ်ဆိုတာလောက်ကို ကြာလှချည်လို့ တွေးမနေနဲ့ ။
ဒီ ၁ နှစ် လောက်လေး သေချာ လုပ်လိုက်ရင်
ဘဝ တစ်ဆစ်ချိုး ပြောင်းနိုင်တယ် ။
အတိုင်းအတာတစ်ခု အထိ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာမယ် ။
လမ်းတွေ ပွင့်သွားမယ် ။

( တစ်နေ့ ၂ နာရီ မလုပ်နိုင်ရင်လည်း ကိုယ် လုပ်နိုင်သလောက် သတ်သတ်မှတ်မှတ် လုပ်ပေါ့ ။
ထိတွေ့မှု မပြတ်သွားဖို့ / လုပ်ရင်း ကိုယ့်ကိုယ်ကို ကျေနပ်နေဖို့ က ပိုပြီး အရေးကြီးပါတယ် ။
ကျွန်တော် ပြောနေကျလိုပဲ ကိုယ် ဝါသနာပါတာနဲ့ English Learning ကိုတွဲလုပ်နိုင်အောင် ကြိုးစားပါ ။ )

စာလည်း ရှည်သွားပြီ ထင်တယ် ။
တကယ်တိုးတက်ချင်ရင် လုပ်ဖြစ်အောင် လုပ်ဖို့ပဲ အဓိက လိုတယ် ။


အခက်အခဲ ရှိရင် ကျွန်တော့်ကို (https://www.facebook.com/kozin.zae )
ဒါမှ မဟုတ် ကိုယ်နဲ့ နီးစပ်ရာ ဆရာ တစ်ယောက်ယောက်ကို လှမ်းမေးလို့ ရပါတယ် ။


( တကယ် လုပ်ကြည့်ပြီး တကယ် အခက်အခဲရှိမှ လှမ်းမေးပါ ။
ဆရာတွေရဲ့ အချိန် ကို တန်ဖိုးထား ပေးပါ ။
ဒီခေတ်မှာ တကယ်တော်တဲ့ စာသင်နေတဲ့ ဆရာတွေ
ဘယ်သူမှ အားနေလေ့မရှိပါဘူး ။
အများစုက အချိန်လုပြီး ကူညီပေးနေရတာပါ ။
ဒီတော့ ဒါကို မေးခွန်းမေး / အကူအညီ တောင်းတဲ့ လူတစ်ယောက်အနေနဲ့ တန်ဖိုးထားသင့်ပါတယ် ။

စကားလုံး တစ်လုံး မသိတာလောက်ကို ဆရာတွေ ကို လှမ်းမမေးပါနဲ့ ။
English to Myanmar / Myanmar to English Dictionary လေး ဝယ်ထားပြီးတော့
အရင် အားစိုက် ရှာကြည့်ပါ ။
ပြီးမှ မရှင်းရင် မေးပေါ့ ။

အခု အွန်လိုင်းမှာ စာရေးနေကြတဲ့ ဆရာတွေချင်း ရင်ဖွင့်ဖြစ်ရင်
အဲ့ အကြောင်း ပြောဖြစ်ကြလွန်းလို့ အမုန်းခံ ပြောပြတာပါ ။
ကြီးကျယ်တာ မဟုတ်ပါဘူး ။
ကြီးကျယ် စရာရှိတယ် လို့လည်း ကိုယ့်ကိုယ်ကို တစ်ခါမှ မခံယူဖူးပါဘူး ။ )

ဖတ်မိတဲ့လူတွေ အကျိုး တစ်စုံတစ်ရာ ရှိမယ်ဆို ကျေနပ်ပါပြီ ။

" ပန်းတိုင် တွေ့၍ တွေ့သော ပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေဗျာ "

လေးစားလျှက်
ကိုဇင်ဇေ


ဆရာ ကိုဇင်ဇေ #ActiveEnglish မှ သင်ကြားသော သင်ခန်းစာများကို
ဖုန်းမှ တဆင့် လွယ်ကူ အဆင်ပြေစွာ ဖတ်ရှုနိုင်ရန် နှင့်
သိမ်းထားပြီး ( အွန်လိုင်း မသုံးချိန်မှာတောင် ) ထပ် တလဲလဲ လေ့လာနိုင်စေရန်အတွက်
Active English Andriod Application ( Updated Version ) ကို
အောက်ပါ လင့်မှာ အခမဲ့ Download ချပြီး ရယူနိုင်ပါပြီ ခင်ဗျ ။

http://www.mediafire.com/download/dwjob6dp65ara4c/

•••
( #ActiveEnglish စကားပြော သင်တန်း ဦးစီး တည်ထောင် သင်ကြားသူ
#MyanmarDream လူငယ် ကိုယ်ရည် ကိုယ်သွေး တိုးတက်ရေး မဂ္ဂဇင်း ကို ( အခမဲ့ ) စီစဉ်ထုတ်ဝေသူ )

တစ်နည်းအားဖြင့် ..... " ကြယ်ငါး ကောက်နေသူ "

.
.
.
.
.

ဆက်စပ် သော စာများ ဖတ်ရှု လေ့လာရန်

 " English ဘာသာစကား လေ့လာနေပေမယ့်
မတိုးတက်ဘူး " ဆိုရင် ဘာလုပ်ရမလဲ ... ?
https://www.facebook.com/mmenglishlearning/photos/pb.214852862013050.-2207520000.1427274258./431040293727638/

 English ဘာသာစကား လေ့လာရာမှာ သတိထားရမယ့် အချက်တွေ
https://www.facebook.com/mmenglishlearning/photos/pb.214852862013050.-2207520000.1427274258./416493398515661/

 English Listening Skill ဘယ်လို လေ့ကျင့်မလဲ ?
https://www.facebook.com/mmenglishlearning/photos/pb.214852862013050.-2207520000.1427274323./402746673223667/

 English ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ် "
https://www.facebook.com/mmenglishlearning/photos/pb.214852862013050.-2207520000.1427274258./417443905087277/

==========

#ActiveEnglish သင်တန်း တက်ရောက်ရန် စိတ်ဝင်စားသူများ အတွက်
အချိန် ဇယား ပါ တစ်ခါတည်း တင်ပေးလိုက်ပါတယ်ဗျာ ။ smile emoticon

 September လ အတွင်း ဖွင့်လှစ်မည့် တန်းခွဲများ

14.9.15 > Mon, Tue , Wed, Thu > 7:00 to 8:30 AM > (2) Months > 45,000 ks

14.9.15 > Mon, Tue , Wed, Thu > 9:00 to 11:00 AM > (6) Weeks > 45,000 ks

21.9.15 > Mon, Tue , Wed, Thu > 5:30 to 6:30 PM > (3) Months > 45,000 ks

21. 9. 15 > Mon, Tue , Wed, Thu > 6:30 to 8:00 PM > (2) Months > 45,000 ks

13.9.15 > Sat , Sun > 10:00 to 12:00 Noon > (3) Months > 45,000 ks

19.9.15 > Sat , Sun > 2:00 to 4:00 PM > (3) Months > 45,000 ks

------------------------------------

 October လ အတွင်း ဖွင့်လှစ်မည့် တန်းခွဲများ

12.10.15 > Mon, Tue , Wed, Thu > 7:00 to 8:30 AM > (2) Months > 45,000 ks

12.10.15 > Mon, Tue , Wed, Thu > 9:00 to 11:00 AM > (6) Weeks > 45,000 ks

18.10.15 > Sat , Sun > 7:00 to 8:30 AM > (3) Months > 45,000 ks

31.10.15 > Sat , Sun > 2:00 to 4:00 PM > (3) Months > 45,000 ks

31.10.15 > Sat , Sun > 4:00 to 6:00 PM > (3) Months > 45,000 ks

24.10.15 > Sat , Sun > 6:30 to 8:00 PM > (3) Months > 45,000 ks

---------------------------------------------------------------

ပုံမှန် အတန်းချိန်များ

Active English မှာ ပုံမှန်အားဖြင့် တန်းခွဲ အချိန် ၉ မျိုး ခွဲပေးထားပါတယ် ။


တင်္နလာ ကနေ ကြာသပတေး နေ့ တွေမှာ အချိန် ၄ ချိန် ရှိပါတယ် ။
Level တစ်ခု အတွက် သင်တန်းကာလ ၂ လ ကြာမြင့်ပါတယ် ။
1. 7:00 - 8:30 AM
2. 9:00 - 10:30 AM
3. 5:30 - 6:30 PM
4. 6:30-8:00 PM


စနေ / တနင်္ဂနွေ နေ့တွေမှာ အချိန် ၅ ချိန် ရှိပါတယ် ။
Level တစ်ခု အတွက် သင်တန်းကာလ ၃ လ ကြာမြင့်ပါတယ် ။
5. 7:00 - 8:30 AM
6. 10:00 to 12:00 Noon
7. 2:00 - 4:00 PM
8. 4:00-6:00 PM
9. 6:30-8:00 PM

တန်းခွဲ တစ်ခုပြီးမှ တစ်ခု ဖွင့်တာမို့လို့
အနီးဆုံးဖွင့်မယ့် တန်းခွဲစာရင်းမှာ
မပါသေးတဲ့ အချိန်တွေ ကို တက်ချင်ရင်
နောက် ၁ လ လောက် စောင့်လိုက်ရင်
တန်းခွဲသစ် အနေနဲ့ ပြန်ဖွင့်တဲ့အခါ တက်လို့ ရနိုင်တာမျိုး ရှိနိုင်ပါတယ် ။
( တန်းခွဲ ဟောင်းမှာ သင်တန်းသားသစ် လက်မခံလို့ပါ ။ )

တန်းခွဲ တစ်ခု မှာ လူဦးရေ ၁၆ - ၁၈ ယောက်ပဲ လက်ခံပြီး
ထိထိရောက်ရောက် သင်ကြားပေးမှာမို့လို့
ကြိုတင် လာရောက် အပ်နှံ ပေးဖို့ လိုပါတယ်ဗျာ ။
( ကိုဇင်ဇေ )

www.facebook.com/MmEnglishLearning
<<< သင်တန်း Page မှာ သင်ခန်းစာ အချို့ ကြိုတင် လေ့လာလို့ ရပါတယ် ။

ဆက်သွယ်ရန် : 09 4311 5202 / 09 2522 74890 / 09 25000 5174
သင်တန်းလိပ်စာ : < အမှတ် (၂၉-A) ၊ မြေညီထပ် ၊ ၁၆၇ လမ်း ( သို့ ) ရာပြည့်ဈေးလမ်း ၊
တာမွေကြီး - ခ - ရပ်ကွက် ၊ တာမွေ အဝိုင်းထိပ် မှတ်တိုင် အနီး ၊ တာမွေ မြို့နယ် ၊ ရန်ကုန်မြို့

------------------------------------------------

သင်တန်းသားများ အဆင်ပြေစေဖို့ ၁၀၀% အာမခံပေးတဲ့
Active English (Interactive English Classes)
=============================

English ဘာသာ စကားကို ရင်းနှီးတက်ကြွစွာ အပြန်အလှန်
ဆွေးနွေးအကြံပေးသည့် ပုံစံဖြင့် သင်ကြားပေးနေပါပြီ ...

"English ဘာသာစကား ဟာ သင့်အတွက် အရံအတားမဟုတ်ဘဲ
နင်းတက်သွားရမယ့် လှေကား ဖြစ်စေရပါမယ် ..."

အခြေခံ မကောင်းခဲ့၍ English ဘာသာစကားကို ကြောက်နေသူများ
၂ လ မှ ၆ လ အတွင်း မိမိကိုယ် မိမိ ယုံကြည်စွာ ပြောဆိုရေးသားနိုင်ရန်
သင်ကြားပေးနေပါပြီ ...

“မိမိနှင့်ကိုက်ညီသည့် သင်ကြားပုံ ဟုတ်မဟုတ်
သေချာ လာရောက်ဆွေးနွေးနိုင်သည် ။

သင်ကြားမှူ ပုံစံနဲ့ မိမိရဲ့ တိုးတက်မှူ အပေါ် စိတ်တိုင်းကျ ကျေနပ်မှူ မရှိရင်
တစ်ပတ် အတွင်း သင်တန်းကြေး (၁၀၀) ရာခိုင်နှုန်း ပြန်အမ်းပေးသွားပါ့မယ် ။
- ကျွန်တော် သင်တန်းသားတွေကို ကိုယ်ချင်းစာလို့ ဒီ အစီအစဉ်ကို ထည့်ပေးတာပါ ။
စာတတ် ၊ စာတော်တိုင်းလည်း စာမသင်တတ်ပါဘူး ။
စာသင်တတ်တိုင်းလည်း ကိုယ်နဲ့ကိုက်မယ်လို့ သေချာပေါက် မပြောနိုင်ပါဘူး ။
ဒီတော့ သင်တန်းရဲ့ ဟန်နဲ့ မကိုက်ရင် မြန်မြန် တခြား ကိုယ်နဲ့ပိုအဆင်ပြေတဲ့ ဆရာရှာနိုင်ဖို့
ဒီအစီအစဉ်ကို ထည့်ပေးထားတာပါ ။

- တန်းခွဲ တစ်ခုမှာ လူဦးရေ (၁၆ - ၁၈ )ယောက် အထိပဲ လက်ခံပါတယ် ။
- အသစ် ဝင်လာတဲ့ ကျောင်းသားတွေကို အဟောင်းတွေနဲ့ ရောသင်တာမျိုး
ကျွန်တော်တို့ သင်တန်းမှာ လုံးဝမရှိပါဘူး ။

- သင်တန်းကြေးကတော့ Level တစ်ခု ၄ သောင်းခွဲ ကျပ် ဖြစ်ပြီး
Level ၃ ခု အဓိက ထား ဖွင့်လှစ်ပေးထားပါတယ် ...

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။