Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 18, 2015

ကျွန်တော် တို့ လုံးဝ အဆင်မပြေပါဘူး ခင်ဗျာ *


********** ကျွန်တော် တို့ လုံးဝ အဆင်မပြေပါဘူး ခင်ဗျာ ***********
.
ကားကြပ်မှု ကြောင့် ဖြစ်ပေါ်လာနေတဲ့ လူ တွေရဲ့ အချိန် ကုန်ဆုံးမှုတွေ ........... မတိကျမှုတွေကြောင့် ဖြစ်ပေါ်လာရတဲ့ အချိန်လေလွင့် မှု တွေကို ဆက်တိုက်ကြားနေရပါတယ် ....... အားလုံးလည်း ကိုယ်တိုင် ခံစားနေကြရပါတယ် ...........
.
ကျွန်တော် အယူအဆက .......... ဆေးမှီးတို ဂုံးကျော် တံတားတွေက ပြည်သူတွေ ရဲ့ တကယ့် သွားလာရေးအဆင်ပြေမှုကို မဖြည့်ဆည်းပေးနိုင်ဘူးလို့ဘဲ သုံးသပ်ချင်ပါတယ် ............ ဘာကြောင့်လဲဆိုတော့ ဟိုနေရာ ကြပ်တာ နေတာ နောက်တစ်နေရာရွှေ့လိုက်တာကိုး ဒီလိုမျိုးနဲ့ကတော့ မလွယ်ပါဘူး .......... ဘာမှလည်း မထူးလာနိုင်ပါဘူး ......
.
ဒါတွေကို ကျွန်တော်လို သာမန်ပြည်သူတစ်ယောက်ထက် နိုင်ငံတကာကို အခေါက်ခေါက်အခါခါ သွားနေနိုင်တဲ့ အစိုးရမင်းများနှင့်တကွ ............ ဋ္ဌာနဆိုင်ရာ အသီးသီးကခေါင်းဆာင် ပိုင်းတွေက ပိုပြီး သိမြင်မယ် ဆိုတာ သံသယ ရှိစရာ မလိုပါဘူး ........... သိကြမှာပါ ...... သို့ပါသော်လည်း ....... ဘာလို့ ဒီလိုလုပ်ဖို့ခက်နေလဲ ဆိုတာ ကျွန်တော် ဥာဏ်မမှီပါဘူး
.
ကျွန်တော်မှာ အပ်ရတော့မယ့် ကားစုတ်ကလေး တစ်စင်းရှိပါတယ် ........... လက်ရှိလည်း စီးပါတယ် ဘင် အမျိုးအစား အဟောင်းကလေးပါ ကျွန်တော် ဒါကို စီးရတာ အဆင်မပြေပါဘူး ............
.
သို့ပါသော်လည်း ကျွန်တော် ဘက်စ် ကားစီးရမှာ ကြောက်ပါတယ် ............ အတင်းဝင် အတင်းမောင်း လုယက် တင် ပိုးစိုး ပက်စက် မှောက်နေတာ နေ့တိုင်းမို့လို့ပါ 18.9.2015 မနက် ကသတင်းတစ်ခုမှာတောင် လှိုင်သာယာမှာ လိုင်းကားပေါ်က အဆင်း ခြေထောက်ကားကြိတ် ခံရတာမျိုးဆိုတာ အမြဲတမ်း ကြားနေရတဲ့ မရိုးနိုင်သော သံစဉ်လေးတွေပါ........ ဒါဆို တချို့က ပြောမယ် Taxi ခေါ်ပေါ့တဲ့ ............. ခေါ်တယ်လေ သူတို့ကလည်း ကောင်းကောင်းမောင်းလို့လား ............ 17.9.2015 .......... နေ့မနက်က ကားကအပြင်ဆိုင်ပို့ထားချိန် ရန်ကင်းစင်တာကနေ .............. မြေနီကုန်းကို ကားလေး ဋ္ဌားသွားပါတယ် ကားကြပ်လို့တဲ့ 3 ထောင်တောင်းပါတယ် ................ဒီလို တောင်းချင်သလို တောင်းနေတာ မိုးရွာလို့ ညနေမို့လို့ ........... အဲ့ဒီဘက်က လူပြတ်လို့ စုံနေတာမို့ မပြောတော့ပါဘူးဗျာ ........... တောင်းသလောက်ပေးပါတယ် ပြောချင်တာက .............. အဲ့လူ ပိုးစိုးပက်စက် မောင်းပါတယ် ဘယ်လောက်မောင်းသလဲဆိုလျှင် ဟိုကျော် ဒီခွ စည်းမရှိ ကမ်းမရှိမောင်းတဲ့ အပြင် မောင်းတဲ့ Speed က တော်တော်များပါတယ် နောက်မှာထိုင်နေတဲ့ ကျွန်တော် တို့ ဖင်ထိုင်ခုံ နဲ့ ဖင်နဲ့တောင် ထိချိန် နည်းလောက်အောင် လက်စွမ်းပြ မောင်းတာပါ .............. ငါ့ကား ငါဘယ်လိုမောင်းမောင်း မင်းတို့ စီးချင်မှ စီးဆိုတဲ့ ပုံစံမျိုးတွေပါ ......... မကောင်းတဲ့လူ 1 သောင်းလောက်မှာ ကောင်းတဲ့လူ 10 ယောက်လောက်ကိုတော့ ခဏဖယ်ထားပါ .............. ဒါကလည်း ရှောင်မရတဲ့ ဒုက္ခပါဘဲ
....................
.
အဲ နောက်ဆုံး သွားလာရေးစနစ် တစ်ခုဖြစ်တဲ့ ကျွန်တော်တို့ရဲ့ အားကိုးရာ အစိုးရရဲ့ မီးရထား စနစ် ဆိုတာကလည်း တွင်တွင် ကျယ်ကျယ် ထိထိရောက်သုံးဖို့က တကယ့်တော့ သိပ်မလွယ်ပါဘူး ဘူတာတွေက နည်းပါသလို အတိအကျ ............ အချိန်မှန်း သွားလာ နိုင်ဖို့ လုံးဝမလွယ် ဖူးဆိုတာ .......... ကျောင်းသားဘ၀ ဒဂုံတက္ကသိုလ် ကို ကျောင်းတက်ခဲ့ကတည်းက ကောင်းကောင်းသိပါတယ် .............
.
ဒါကြောင့် ပွင့်ပွင့် လင်းလင်း ပြောရရင် ကျွန်တော်တို့ မှာ သက်တောင်သက်သာ သွားလာ လှုပ်ရှားရုန်းကန်ဖို့ အများပြည်သူ သွားလာရေးစနစ် အားကိုးရာ မဲ့ပါတယ် ............ ဒါကြောင့် အစုတ်ကလေးသာ တက်နိုင်တဲ့ ကျွန်တော် က ကားစုတ်ကလေးနဲ့ လမ်းပေါ်တက်မောင်းခဲ့ရသလို ကျန်လူတွေကလည်း သူတို့ တက်နိုင်တဲ့ အမောင့်လေးတွေနဲ့ လမ်းပေါ်တက်ခဲ့တာမို့ ကားလမ်းချဲ့လဲ ဘယ်တော့မှ ကားမချောင်နိုင်တော့ပါဘူး
.
တနေ့က တက္ကသိုလ်ရိပ်သာလမ်းကိုဖြတ်မောင်းတာ ညနေ 4 နာရီ နိုင်ငံခြား ဘာသာ တက္ကသိုလ် ရှေ့ကနေ ........... ကမ္ဘာအေးမီးပွိုင့်ရောက်ဖို့ 1 နာရီကျော် ကြာပါတယ် .........အဲ့ဒီကနေ့ 6 မှတ်တိုင်လောက်ဘဲ ဝေးတော့တဲ့ အိမ်ရောက်ဖို့ကို နောက်ထပ် ကားကြပ်လို့ 45 မိနစ်နီးပါးကြာပါတယ် ..........
.
အဲ့ဒီ တန်းစီနေချိန် အားနေတဲ့ 1 နာရီ 45 မိနစ်လောက်မှာ ခေါင်းထဲ အတွေးတစ်ခု ၀င်လာတယ် ကျွန်တော် ကတော့ လူငယ်ပိုင်းဆိုတော့ တွေးတာ ပြည့်စုံချင်မှလည်းပြည့်စုံနိုင်ပါမယ် .......... ကားတွေ ဘာကြောင့် ကျပ်သလဲ လူတိုင်း မဖြစ်မနေ ထုတ်စီးနေရလို့ ကြပ်ပါတယ် ........... ကားတစ်စင်းကို လူတစ်ယောက် အကြောင်းအရာ တစ်ခုနဲ့ သွားနေကြတာပါ ......... သွားမယ့် အရပ်တူတဲ့လူ 100 လောက် အတူ သက်တောင့်သက်သာ သွားနိုင်ရင် ....... ဒီကား ကြပ်တာ ခံပြီး ဘယ်သူ ကားတန်းစီပါ့မလဲ အစီးတစ်ရာလည်း လမ်းပေါ်က ပျောက်သွားမယ် အသုံးပြုစရာ မလိုတော့ဘူးလေ အိမ်ရှေ့ထိ မရောက်နိုင်ရင်တောင် သွားလာရေး မြန်ဆန်တာက မယှဉ် နိုင်ပါဘူး......... ကျွန်တော် သိပ်လိုချင်မိတယ်ဗျာ ............ MRT လို့ ခေါ်တဲ့ အိမ်နီးချင်း နိုင်ငံတွေ မှာ သုံးနေတဲ့ အများ သုံး Mono Rail စနစ်လေး သူများနိုင်ငံမှာ အများသုံးတဲ့ မြို့ပတ်ရထားစနစ်ပေါ့ဗျာ ........ သူတို့ဆီမှာ သုံးတာ ဟောင်းဆွေးလို့ လွတ်တောင် ပြစ်နေပါပြီ ......... အများကြီး မတောင့်တပါဘူးဗျာ မြို့ထဲကနေ 8 မိုင်လောက်ဆီဘဲ ထိုးလိုက်စမ်းပါ အောင်မလေး ဂျောင်းဂျောင်းပြေးစနစ်ကြီး ဖြစ်သွားမယ် .........
.
တနိုင်တပိုင် ကားသွင်းတာတွေ ဘာတွေ သွားလာရေးအဆင်ပြေဖို့ သွင်းပါတယ် ဆိုတာတွေ ခဏ ခေါက်ထားလိုက်ပါဦးဗျာ ............... ကားတွေများလာတာ လူထုကို ခေတ္တ သွားလာရေး အဆင်ပြေစေပေမယ့် သူလည်း ............ ဆေးမီးတို လေးပါဘဲဗျာ .......... ရေရှည်မှာတော့ ...... အများပြည်သူ သွားလာရေး စနစ်ကောင်းမှသာ ဖြစ်မှာပါ ...... ကားတွေများလာသလို တင်သွင်းတဲ့ ကားတွေဆီကနေ ကောက်ခံထားတဲ့ အခွန်မျိုးစုံကလည်း မနည်းပါဘူး ခင်ဗျာ ....... အစိုးရပိုင်း ဆိုင်ရာက မဟုတ်လို့ ကျွန်တော့်မှာ ကိန်းဂဏန်း အတိအကျ မရှိ ပေမယ့် .......... လမ်းပေါ်ကနေ ပေးဆပ်ထားတဲ့ အခွန်တွေကို ........... အများပြည်သူ သွားလာရေးစနစ်ကို ပြင်ဆင်သွားမယ်ဆိုရင် တော်တော် အဆင်ပြေမယ်ထင်ပါတယ် ........
.
မဟာရန်ကုန်ဟာ မြန်မာ ပြည်ရဲ့ သာမာန် မြို့ ပုံစံ မဟုတ်ပါဘူး Mega City ပါ ဒီလို တိုင်းရင်းသားလူမျိုး ပေါင်းစုံ အသက်မွေးဝမ်းကြောင်း ပြုနေရတဲ့ အတွက် ......... သယ်ယူပို့ဆောင်ရေး စနစ်ကို လိုင်းကားလေး ၄၀၀၀ နဲ့ တခြား Taxi ပို့ဆောင်ရေးတွေ ကော ....... လက်ရှိ ရထားစနစ်ကပါ ......... ရေရှည် ထိန်းထားဖို့ မလွယ်ဘူး ဆိုတာ တဖြည်းဖြည်း ထင်သာ မြင်သာ ရှိလာနေပါပြီ ........... နိုင်ငံရဲ့ စီးပွားရေး မြို့တော် ကြီး သာယာဝပြောအောင် ကူညီကြပါ ......... တာဝန်ယူ စောင့်ရှောက်ကြပါ ........... နိုင်ငံတော် ရဲ့ တိုင်းရင်သားပေါင်းစုံ အသက်မွေးဝမ်းကြောင်းရာ နေရာ ပညာသင်ကြားရာနေရာ တိုင်းဒေသကြီး တစ်ခုလုံး လှုပ်လှုပ် လှုပ် လှုပ် နဲ့ နေထိုင် လုပ်ကိုင်စားသောက် သွားလာရတာ အဆင်မပြေဘူးဆိုရင် နောင်လာမယ် ခေတ်မှီ ဖွံဖြိုး တိုးတက် ဖို့ အတွက် အတားအဆီး ဖြစ်နေတာမို့ ရေရှည် စီမံကိန်းများဆွဲပြီး အခု စတင်လုပ်ဆောင် ဖို့ လိုနေပြီ ဆိုတဲ့ အကြောင်းလေး ဥာဏ်မှီ သလောက် အကြံ ပြု တင်ပြ ပါရစေ .................
.
အခုလည်း ကြားနေရပါတယ် ဘာတဲ့ နိုင်ငံတော်ကချမှတ်တဲ့ .................လမ်း စည်းကမ်း တွေ ............ မလိုက်နာနိုင်လို့ ........ ဒါဏ်ကြေးများလို့ ကားမဆွဲဘူးဆိုလို့ ကျောင်းသားနဲ့ ပြည်သူ တွေသွားရလာရ ဒုက္ခရောက်ကုန်တယ် ဆိုတာပါ ............ ဒါတွေကလည်း ကျွန်တော် မျော်လင့်တဲ့ အိမ်မက် MRT လေး ရောက်လာရင် အလိုလို အဆင်ပြေသွားပါလိမ့်မယ် မျှော်လင့်မိပါတယ် ........... တစ်ခုတော့ လိုပါတယ် ............. တချို့လည်း ပြောတာ ကြားမိတယ် အစိုးရ ကတာဝန်ယူ ပြီးပို့ဆောင်ရေးလုပ်သင့်တယ်ပေါ့ ဒါလည်းမှန်ပါတယ် သာမန်ပြည်သူ ပြည်သား မနိုင်တဲ့ လုပ်ငန်းစီမံကိန်းဖော် ဆောင်မှုမှာ အစိုးရက ဦးဆောင်မှသာ ဖြစ်နိုင်မှာပေါ့ ...........
.
အဲ့ဒီအပြင် စည်းကမ်းထိန်းသိမ်းသူ ......... စည်းကမ်းမဲ့ ကားမောင်းနှင်သူ .......... စည်းကမ်းမဲ့ လမ်းဘေးဈေးသည် ........... စည်းကမ်းမဲ့ လမ်းသွားလာသူ ပြည်သူတွေ .......... လမ်းအသုံးပြုသူ အားလုံးကို စနစ်ကျမှုဆိုတာ ဘယ်လို ...........စည်းကမ်းမရှိလို့ ထိခိုက်သွားရင် ...... နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဘယ်လိုခံစားရမယ်ဆိုတာ ......... ချင့်ချိန် နိုင်ဖို့ ...........
.
ဦးနှောက် ကို လုံးဝ အသုံးမချဘဲ လမ်းပေါ်မှာ သွားလာနေတဲ့ လူတိုင်း အတွက် မြင့်မားတဲ့ ပညာရေးစနစ် တစ်ခု ကသာ အရာအားလုံးသော အကြောင်းတို့ရဲ့ အဓိက အကြောင်းအရင်း ဖြစ်သွားမယ်ထင်တယ် ......... ပညာရေးဆိုတာနဲ့ ကျန်တာတွေ ကို ဆက်မိသွားမှာမို့ ဒီလောက်ဘဲ ထားလိုက်ပါတော့မယ်ဗျာ ..........
.
တိုက်ဆိုင်လို့ ဋ္ဌားစီးမိတဲ့ ကျွန်တော် .............. ဦးနှောက် ဆင်ခြင်ဥာဏ် မဲ့ ရမ်းကားမောင်းနှင်နေတဲ့ ယာဉ်မောင်း သူနောက်မှာ ထိုင်စီးကာ................. သူ ......... ဦးနှောက် မဲ့သလို ကျွန်တော် အသက် မမဲ့သွားပါစေနဲ့လို့ .......... ဆုတောင်းရင်း .............
.
သမ္မတကြီးနဲ့ တာဝန် ရှိ လူကြီးမင်းတို့ခင်ဗျား ............ ကျွန်တော် တို့ ရဲ့ သာမန်ပြည်သူ ဘ၀တွေကို ပြစ်မထားပါနဲ့
.
********* ကျွန်တော် တို့ လုံးဝ လုံးဝ အဆင်မပြေပါဘူး ခင်ဗျာ *********** လို့ အော် ဟစ်တိုင်တည်ရင်း
.
သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းကားပါစေ ၊ ချစ်ချင်း စေတနာ မေတ္တာ များစွာဖြင့်
James Ygn ( 18.9.2015 )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။