Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 18, 2015

ရင်ထဲက မျက်ရည်မကျတတ်တဲ့သစ်ပင်


ရင်ထဲက မျက်ရည်မကျတတ်တဲ့သစ်ပင်
-----------------------------------------------
၁၉၈ဝခုနှစ် ဒီဇင်ဘာလမှာ သူ့ကို အမေရိကန်နိုင်ငံ နယူးယောက် Staten Islandမှာ မွေးဖွားခဲ့တယ်။ သူဟာ အပြာရောင်လဲ့လဲ့မျက်လုံးကို ပိုင်ဆိုင်ထားတဲ့ ကလေးငယ်တစ်ဦးဖြစ်တယ်။ လူ့လောကထဲရောက်လာတာနဲ့ ဝမ်းနည်းနာကျင်တဲ့ဘဝတစ်ခုက သူ့ကိုစောင့်ဆိုင်းနေတယ်ဆိုတာကို သူမသိခဲ့ပါဘူး။ ကလေးဘဝထဲက သူ့မှတ်ဉာဏ်ထဲမှာ ဖခင်ရဲ့ပြုံးရယ်တဲ့မျက်နှာကို သူမမြင်ဖူးခ
ဲ့ဘူး။ သူသာ အမှားလေးတစ်ခုလုပ်ခဲ့မိရင် ဒါမှမဟုတ် ဖခင်စိတ်ကောင်းမဝင်တဲ့အချိန်နဲ့တိုးရင် သူအရိုက်ခံရလေ့ရှိခဲ့တယ်။

တစ်ခါက အသက်(၅)နှစ်အရွယ်တာရှိသေးတဲ့သူ အိမ်သော့ယူဖို့မေ့သွားခဲ့တယ်။ ကျောင်းကအပြန် အိမ်ရောက်တာနဲ့ ဖခင်ဟာ သူ့ကို တံခါးဖွင့်မပေးခဲ့ဘူး။ အေးစက်စက်နှင်းတောထဲမှာ မောပန်းတဲ့အထိ အော်ငိုရုံသာ သူတတ်နိုင်ခဲ့တယ်။ မိုးလင်းခါနီးမှ အေးစက်တောင့်တင်းနေတဲ့ သူ့ခန္ဓာကိုယ်ကို ဖခင်က အိမ်ထဲဆွဲသွင်းခဲ့တယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ အဲဒီညအတွေ့အကြုံက သူရဲ့ငယ်ရွယ်တဲ့စိတ်ဝိညာဉ်ထဲမှာ အရိပ်ဆိုးပမာတွယ်ငြိခဲ့တယ်။

တစ်နေ့မှာ သူအရိုက်ခံခဲ့ရပြန်တယ်။ သူဟာငိုယိုပြီး အိမ်အနီးနားက တောင်ကုန်းတစ်ခုပေါ်ဆီပြေးတက်ပြီး ချောက်ထဲခုန်ချဖို့ စိတ်ကူးခဲ့တယ်။ အဲဒီမှာ နွေးထွေးတဲ့လက်တစ်စုံက သူ့ကိုတားဆီးခဲ့တယ်။ သူက ကြင်နာတတ်တဲ့ အဘွားပဲဖြစ်တယ်။ အဘွားရဲ့ရင်ခွင်ထဲ သူတိုးဝင်ငိုကြွေးခဲ့ပါတယ်။

အဘွားက သူ့နောက်နားက သစ်ပင်ကိုလက်ညိုးထိုးပြီး “ဒီသစ်ပင်က နှစ်ပေါင်း၁ဝဝရှိပြီဖြစ်တဲ့ သစ်ပင်အိုကြီးတစ်ပင်ပါ။ ဒီသစ်ပင်ဟာ မိုးကြိုးဒဏ်ကိုလည်း ခံခဲ့ဖူးတယ်၊ လေပြင်းဒဏ်ကိုလည်း ခံခဲ့ဖူးတယ်။ တောမီးလောင်ဒဏ်ကိုလည်း ရက်ရက်စက်စက်ခံခဲ့ဖူးတယ်။ တောမီးကြောင့် သူ့အကိုင်းအခက်တွေ အလောင်ခံခဲ့ရပြီး သစ်ဂတုံးပင်ဖြစ်ခဲ့ဖူးတယ်။ လူတွေက ဒီသစ်ပင်ကြီးသေပြီလို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် သိပ်မကြာဘူး… သစ်ပင်က သစ်ရွက်သစ်ဖူးတွေနဲ့ ပြန်စိမ်းစိုလာပြန်တယ်။ စိမ်းစိုတဲ့အကိုင်းအခက်တွေနဲ့ လေထုကြားမှာ ဘယ်ညာယိမ်းနွဲ့ပြီး တေးသီကျူးနေပြန်တယ်။ သမီး ကြည့်စမ်း .. အခုချိန်မှာ နေရောင်ခြည်ရဲ့ပက်ဖြန်းမှုကို သူအစွမ်းကုန်ခံယူနေတယ်။ အဘွားတို့အားလုံး ဒီသစ်ပင်ကို မော်ကြည့်နေကြရတယ်” လို့ပြောတယ်။

အဘွားပြောတဲ့စကားကို သူနားလည်တစ်ဝက်၊ နားမလည်တစ်ဝက်နဲ့ ခေါင်းညိတ်ခဲ့မိပြီး အဘွားနောက် အိမ်ပြန်လိုက်ခဲ့ပါတယ်။ နောက်တစ်နေ့မှာ အဘွားက သူ့အတွက် သီချင်းတိတ်ခွေဟောင်းတချို့ ဝယ်လာပေးခဲ့တယ်။ သီချင်းတွေနားထောင်ကြည့်ရင်း သီချင်းတွေကြားထဲ သူနစ်မျောခဲ့မိတယ်။

သိပ်မကြာပါဘူး… သူဟာ သူ့အနုပညာပါရမီကို လှစ်ဟနိုင်ခဲ့တယ်။ ၈နှစ်အရွယ်ကစ အဆိုပြိုင်ပွဲတွေကို သူပါဝင်ခဲ့တယ်။ ၁၄နှစ်အရွယ်မှာ The Mickey Mouse Club မှာ သူဟာ အသံဆွဲဆောင်မှုအား အကောင်းဆုံးမိန်းကလေးဖြစ်ခဲ့တယ်။ ၁၉၉၈ခုနှစ်မှာ ဒစ်စနီကုမ္ပဏီကရိုက်ကူးတဲ့ “Mulan” ကာတွန်းရုပ်ရှင်ကားမှာ ဇာတ်ဝင်သီချင်းသီဆိုမယ့် အသင့်တော်ဆုံးမိန်းကလေးကို ရှာမရဖြစ်နေချိန်မှာ သူဟာ သူသီဆိုခွင့်ရဖို့ သတ္တိရှိရှိစာရင်းပေးခဲ့တယ်။ ၁၈နှစ်အရွယ် ဒီမိန်းကလေးရဲ့ အသံမြင့် “E key”ကို ထုတ်လုပ်သူ အရမ်းသဘောကျခဲ့တယ်။ အဲဒီနောက် ဇာတ်ဝင်တေးသီချင်းကို သူဆိုခွင့်ရခဲ့ပါတယ်။ ဒီသီချင်းဟာ ထုတ်လွင့်လိုက်တာနဲ့ တစ်ပြိုင်နက် အကျော်ကြားဆုံးသီချင်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။ အသံမြင့်ကိုပိုင်ဆိုင်ထားတဲ့သူလည်း နာမည်ကျော်ခဲ့ပါတယ်။

ဘဝက အမြဲတမ်းတော့ သာယာဖြောင့်ဖြူးနေမှာ မဟုတ်ပါဘူး။ သူနာမည်ရလာခဲ့ပေမယ့် ချစ်သူရဲ့သစ္စာဖောက်ခြင်းကို သူခံခဲ့ရတယ်။ သီချင်းစာသားအဆိုမှားလို့ ပရိတ်သတ်တွေရဲ့ ကဲ့ရဲ့လှောင်ပြောင်တာကို သူခံခဲ့ရတယ်။ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့တိုင်း အံကြိတ်ပြီး သူဖြတ်ကျော်နိုင်ခဲ့တယ်။ Grammy ဆုကို ၄ကြိမ်မြှောက် သူဆွတ်ခူးနိုင်ခဲ့တယ်။ သူပထမဦးဆုံး ပါဝင်ရိုက်ကူးတဲ့ “burlesque” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားက ဒေါ်လာသိန်း(၉ဝဝ)ဝင်ငွေစံချိန်ချိုးခဲ့တယ်။ Golden Globes ဆုကို သုံးကြိမ်တိုင်တိုင် သူဇကာတင်စာရင်းဝင်ခဲ့ပါတယ်။ သူကတော့ အမေရိကန်နာမည်ကျော်အဆိုတော် Christina Aguilera ပဲဖြစ်ပါတယ်။

ဘဝအတွေ့အကြုံကြမ်းတမ်းခဲ့တဲ့ ဒီမိန်းကလေးဟာ ပရိတ်သတ်ရဲ့လက်ခုပ်သံ၊ အားပေးသံတွေကြားမှာ ပြုံးရယ်ရင်း “အဘွားပြောခဲ့ဖူးသလိုပေါ့… လေပြင်းမုန်တိုင်းတွေကို ရှောင်လွဲလို့မရခဲ့ရင် မျက်ရည်မကျတတ်တဲ့ သစ်ပင်တစ်ပင်လုပ်ပြီး လေပြင်းကြားမှာသီချင်းဆိုမယ်”လို့ အမြဲပြောတတ်ခဲ့ပါတယ်။

-----
မူရင်းလင့် -- http://www.85nian.net/zuowensucai/32517.html

https://en.wikipedia.org/wiki/Christina_Aguilera

နိုင်းနိုင်းစနေ (Sept. 18.2015)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။