ရှင့်ကို …
* * * * * *
ရှင့်ကို သိပ်ချစ်လို့ ဆုံးရှုံးရမှာကြောက်တဲ့ စိတ်လေးနဲ့  သဝန်တွေတိုခဲ့ဖူးတယ်
ရှင့်ကို အရမ်းလွမ်းလို့  တွေ့ ချင်မိတဲ့ စိတ်လေးနဲ့  ရှင် မအားမှန်း သိလည်း စိတ်တွေကောက်ပြခဲ့ဖူးတယ်
ရှင် ချော့တာကို ခံချင်လို့  စိတ်ကောက်ချင်ယောင်လည်း ဆောင်ခဲ့ဖူးတယ်
ရှင် ကြိုက်တတ်တဲ့ အရာတွေ ကိုလည်း မသိချင်ယောင် ဆောင်ပြီး လမ်းကြုံသလိုနဲ့  တကူးတက ဝယ်လာပေးခဲ့ဖူးတယ်
ရှင် မကြိုက်တဲ့ အရာတွေကိုလည်း ရှင်မသိအောင် တိတ်တိတ်လေး သတိထားပြီး ကြိုးစားပြင်ပေးခဲ့ဖူးတယ်
ရှင့်နားမှာ တခြားသူတွေရှိနေရင် အလိုလိုနေရင်း ဒေါသတွေထွက်လာပြီး ပြဿနာတတ်တဲ့ အထိ ရစ်ခဲ့ဖူးတယ်
ရှင့်ကို အသေးစိတ်ဂရုစိုက်တတ်ပေမယ့် မရင့်ကျက်သေးတဲ့ က လေးတစ်ယောက်လို ဆိုးနွဲ့ ခဲ့ဖူးတယ်
ရှင်နဲ့ ရန်ဖြစ်တိုင်း အရင်လို ငါ့ကို မချစ်တော့ဘူး ဆိုပြီး ကလေးအတွေး တွေးပြီး ထင်ခဲ့ဖူးတယ်
တကယ်ဆို ~ ရှင်သိသင့်တယ်
ကျွန်မတို့ မိန်းမသားတွေက
တစ်ခါတစ်ခါမှာ လူကြီးတစ်ယာက်လို
ရင့်ကျက်သွားနိုင်သလို
တစ်ခါတစ်ခါမှာ ကလေးတစ်ယောက်လိုလည်း
ကိစ္စသေးသေးလေးတွေက အစ
အရမ်း feel ဖြစ်ပြီး ခံစားလွယ်ကြတယ်ဆိုတာကို ပေါ့
ချစ်သူရယ်
^~La Min Lay~^

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။