Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 23, 2015

ဒေါ်အောင်ဆန်းစုကြည် ရဲ့ စိတ်နေစိတ်ထားက ငြိမ်းချမ်းရေးနိုဘယ်ဆုနဲ့ ထိုက်တန် ပါတယ်


... ဒေါ်အောင်ဆန်းစုကြည် ရဲ့ စိတ်နေစိတ်ထားက ငြိမ်းချမ်းရေးနိုဘယ်ဆုနဲ့ ထိုက်တန် ပါတယ်
အရမ်းကြိုက်လွန်းလို့ video ဖိုင်ကို နားထောင်ပြီး
ပြန်ရေးထားတာပါ

မေး-
စစ်တပ်က ဗမာ့တပ်မတော်ရဲ့
မကောင်းတဲ့ လုပ်ရပ်တွေအပေါ်
အန်တီ ရေငုံနှုတ်ပိတ်နေတယ်ဆိုတာ
မှန်ပါသလား

ဖြေ-
အန်တီပြောမယ်နော် ၂၀၁၀
မတိုင်ခင်တုန်းက အဲ့ဒီအချိန်တုန်းက န၀တ နအဖ အစိုးရ မတရားလုပ်တဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ ပြောဆိုခဲ့တာ အန်တီတို့ပါတီကလွဲလို့
ဘယ်ပါတီ ပြည်တွင်းမှာရှိခဲ့လို့လဲ
နောက်ပြီးတော့လည်း အဲ့ဒီတုန်းက
နအဖအစိုးရအနေနဲ့ မတရားသဖြင့်
လုပ်နေတယ်ဆိုပြီးတော့ အစိုးရကိုတရားစွဲခဲ့တာ
အန်တီတို့ပါတီအပြင် ဘယ်ပါတီရှိခဲ့လို့လဲ

အန်တီက ယုံကြည်ချက်တစ်ခုရှိတယ် အဲ့ဒါဘာလည်းဆိုတော့ ကိုယ်က
နည်းနည်းအားကြီးလာတဲ့အခါမှာ သူများကို
ဖိထောင်းချင်တဲ့ စိတ်ဓာတ်မျိုး လုံးဝမထားရဘူး

အန်တီတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
စထူထောင်ကတည်းက
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက်
ထူထောင်မယ်ဆိုပြီးတော့ ပြောခဲ့တယ်
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို
အမြဲဦးတည်ခဲ့တယ်
အခုလည်းဦးတည်နေတယ်
အဲ့တော့ ကျမတို့က စစ်တပ်နဲ့ ပြည်သူကြားမှာ
ပြန်ပြီးတော့ ပြေလည်စေချင်တယ်

အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတာ
အချို့က ဘယ်လိုထင်လဲမသိဘူး
ကျမတို့ တိုင်းရင်းသားအချင်းချင်းလောက်
လုံလောက်တယ်လို့ပဲထင်တယ်
အဲ့ဒါလည်း မဟုတ်ဘူး
တိုင်းရင်းသားအချင်းချင်းလည်းရင်ကြားစေ့ရေးတွေလုပ်ရမယ်
တပ်နဲ့ပြည်သူကြားထဲမှာလည်း
ရင်ကြားစေ့ရေးတွေလုပ်ရမယ်
မတူညီတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကြားမှာလည်း ရင်ကြားစေ့ရေးတွေလုပ်ရမယ်
အမျိုးသားရင်ကြားစေ့ရေးဆိုတ
အင်မတန်မှ ကျယ်ပြန့်ပါတယ်

(ကျမတို့ဟာ ဘာလို့ တစ်ယောက်နဲ့တစ်ယောက်ကို ရှုံ့ချစေချင်တာလဲ
ကျမတို့ ဘယ်သူ့ကို မရှုံ့ချလို့
ဘယ်အဖွဲ့ကို မရှုံ့ချလို့ ဆိုပြီး
ဝေဖန်တာရှိသေးတယ်
ဒီတော့ ကျမက ဒီလိုမေးချင်တယ်
ရှုံ့ချခြင်းအားဖြင့် ဘာအကျိုးအမြတ်ရှိမလဲဆိုတာ ကျမကို ရှင်းရှင်းလင်းလင်း
လက်ခံနိုင်လောက်အောင်ပြောနိုင်ရင်
ကျမရှုံ့ချ မယ်
ကျမတို့ ဒီလိုရှုံ့ချခြင်းဟာ
ကျမတို့အချင်းချင်းပိုပြီးကွဲပြားစေတယ်
ပိုပြီးစိတ်ဝမ်းကွဲစေတယ်လို့ ကျမမြင်တယ် )

ကျမတို့ဟာ ခွင့်လွှတ်နိုင်ရမယ်နော်
ကျမ မကြာခဏပြောဖူးပါတယ်
ဇာတ်လမ်းတစ်ခုထဲမှာ ပြောခဲ့တာပဲ
နာမည်တော့မေ့သွားပြီ
လူတစ်ယောက်က မေးတယ်
ခင်ဗျားဆိုရင် ဒီကိစ္စမျိုးကို ခွင့်လွှတ်နိုင်မလားဆိုတာ သူ့အဖြေကို သဘောကျလွန်းလို့ ကျမမှတ်ထားတာ
အဖြေ တော့မှတ်မိတယ်
ဇာတ်လမ်းနာမည်တော့ မေ့သွားပြီ
(ရယ်မောလျက်)

အဖြေက ဘယ်လိုလဲဆိုတော့
ကျတော်ဟာ ဘယ်လောက်များကောင်းလို့
ဘယ်လောက်များမြင့်မြတ်လို့ ဟိုလူဒီလူကို
ခွင့်မလွှတ်ဘူးလို့ ပြောနိုင်တဲ့သူမို့လို့လဲတဲ
နောက်တစ်ဖက်က ကြည့်မယ်ဆိုရင်
ကျတော်က ဘယ်လောက်များသြဇာရှိလို့
ဘယ်လောက်များမြင့်မားနေလို့
ဟိုလူ့ကိုခွင့်လွှတ်တယ် ဒီလူ့ကို ခွင့်လွှတ်တယ် ပြောပိုင်ခွင့်ရှိလို့လဲတဲ့
ရိုးရိုးလေးပဲ
လူတိုင်းလူတိုင်းဟာ အခြားသူတစ်ယောက်ကို
ခွင့်လွှတ်တယ်လည်းပြောပိုင်ခွင့်ရှိလောက်အောင်
ခွင့်မလွှတ်ဘူးလို့လည်းပြောပိုင်ခွင့်ရှိလောက်အောင် မမြင့်ကြပါဘူး
ကျမတို့ဟာ အားလုံးအတူတူပါဘဲ

ခွင့်မလွှတ်ဘူး ခွင့်လွှတ်တယ် ဒီလိုစကားမျိုးတွေ ကျမမစဉ်းစားချင်ဘူး
အချင်းချင်းဘယ်လောက်အဆင်ပြေအောင်
လုပ်နိုင်မလဲဆိုတာပဲ ကျမစဉ်းစားချင်တယ်

ကျမ မကြိုက်တာတွေရှိတာပေါ့
ကျမက ရဟန္တာမှ မဟုတ်တာ
ကျမ မကြိုက်တာတွေရှိတယ်
ကျမ မလိုလားတာတွေရှိတယ်
ကျမ သဘောထားတွေနဲ့မတိုက်ဆိုင်တာတွေရှိတယ်
ကျမ မကြိုက်တဲ့သူတွေလည်းရှိတယ်
ကျမ သိပ်ကြည့်မရတဲ့သူတွေလည်းရှိတယ်
(ရယ်မောလျက်)

ဒါပေမဲ့
အဲ့ဒါကြောင့်တော့ ကျမတို့ရဲ့ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်အောင် ကျမ မလုပ်ချင်ဘူး
ဒီတော့ ဟိုလူ့ကို အဆိုးပြောဖို့ ဒီလူ့ကို အဆိုးပြောဖို့ တစ်ယောက်နဲ့တစ်ယောက် မတိုက်တွန်းကြပါနဲ့
ကျမတို့ကြားထဲမှာ ဖြစ်နေတဲ့ အမုန်းပွားမှုတွေ
မကျေနပ်မှုတွေ တစ်ယောက်နဲ့တစ်ယောက်
အမြင်စောင်းမှုတွေ ဘယ်လိုပြေလည်သွားအောင် လုပ်ပေးမလဲဆိုတာ စဉ်းစားကြပါလို့
ကျမတိုက်တွန်းချင်ပါတယ် ......
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။