ခြင်္သေ့ဟောက်လို့ခွေးအူတာလား ၊ ခွေးအူလို့ ခြင်္သေ့ဟောက်တာလား
ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း မင်းပြုတော့ ဟိမဝန္တာတောမှာ ခြင်္သေ့တွေ နေကြသတဲ့။ ခြင်္သေ့ဆိုတော့ သိကြတဲ့အတိုင်း တောသုံးထောင်ကို
အစိုးရတော်မူသောဆိုတဲ့ ဘွဲ့ကို အလိုလိုရထားသူတွေပေါ့။
ကြီးနိုင်ငယ်ညှဉ်းဝါဒ ကိုင်စွဲထားတဲ့ တောဥပဒေသအရ ခြင်္သေ့တွေက ခွန်အားနဲ့ အနိုင်ကျင့်တယ်။ အသံနဲ့ အနိုင်ကျင့်တယ်။ ရက်စက် ကြမ်းကြုတ်မှုနဲ့ အနိုင်ကျင့်တယ်။ ဒါကြောင့် တောသုံးထောင်ရဲ့ ဧကရာဇ်ဘွဲ့ကို အလိုလို ရသွားကြတယ်။
ခြင်္သေ့တွေ ကျက်စားနေထိုင်တဲ့ ဂူအနီးမှာ ခြင်္သေ့တွေရဲ့ စားသောက်လို့ကျန်တဲ့ အရိုးအရင်းလေးတွေကို ကိုက်ဝါးပြီး မှီခိုနေရတဲ့ ခွေးတစ်အုပ်လည်းရှိတယ်။ ခွေးတွေအတွက်ကတော့ ခြင်္သေ့တွေဟာ မဟာ ကရုဏာရှင်ကြီးတွေပေါ့။ သူတို့ရှိလို့ အရိုးကိုက်နေကြရတာမဟုတ်လား။
ခြင်္သေ့တွေဟာ မိုးရွာရင် အပြင်ထွက်လေ့မရှိဘူး။ ဂူထဲမှာပဲနေပြီး ပျော်ရွှင်မြူးတူးတတ်ကြတယ်။ ခြင်္သေ့ထုံးစံ အတိုင်း မိတ်လိုက်ကြ၊
မာန်ဖီကြ၊ စိတ်ထဲပေါ့ပါးလာရင် ဟိန်းဟောက်ကြတယ်။ ထူးခြားတာက ခြင်္သေ့တွေ ဟောက်တိုင်း ဂူအပြင်မှာ မှီခိုနေတဲ့ ခွေးတွေက လိုက်အူ
ကြတာပဲ။
ခြင်္သေ့ကဟောက်၊ ခွေးတွေကအူ၊ တောလုံး ဆူညံနေလေ့ရှိတယ်။
တစ်နေ့တော့ ခြင်္သေ့အကြီးအကဲက “ငါတို့ဟောက်လိုက်ရင် ဘာဖြစ်လို့ ခွေးတွေလိုက်အူတာလဲ” လို့ အချင်းချင်း မေးကြတယ်။
“ငါတို့ဟောက်သံနောက်မှာ အူသံတွေကပ်ပါလာတာ ခြင်္သေ့ သိက္ခာ
ကျတယ်။ ဒါကြောင့် ခွေးတွေကို သူတို့ ဟောက်ရင် လိုက်မအူနဲ့” လို့
သွားပြီး သတိပေးကြတယ်။
ဟောက်သံနဲ့ အူသံဆိုတာ တွဲလုံးတွေပဲ။ ခွေးတွေက ကြောက်တော့ လိုက်မအူဘူး။ ဟောက်သံချည်း သက်သက် ထွက်လာတိုင်း ခွေးတွေက ကြောက်လို့ငြိမ်ပြီးနေတာကို ခြင်္သေ့တွေ အရမ်းသဘောတွေ့သွားကြ တယ်။
ဒါပေမဲ့ ခွေးပဲ မအူဘဲ နေနိုင်တာမှမဟုတ်တာ။ ခွေးသဘာဝ အူချိန်မှာ အူကြတယ်။ ခွေးအူသံကြားတော့ ခြင်္သေ့ တွေ အလိုလိုမရိုးမရွဖြစ်လာတယ်။
ခွေးအူရင် ခြင်္သေ့က လိုက်ဟောက်လိုက်ရမှ ကျေနပ်သွားတယ်။ သူတို့ မသူတော်ချင်း ပေါင်းသင်းနေထိုင်ကြတာ ကြာမှဘဲ။
ဒါကြောင့် ခွေးအူလို့ ခြင်္သေ့ဟောက်တာလား၊ ခြင်္သေ့ဟောက်လို့ ခွေးအူတာလား မကွဲပြားတော့ဘူး။ တောထဲမှာ တော့ ဟောက်သံနောက်မှာ အူသံကပ်ပါလာမယ်၊ အူသံနောက်မှာ ဟောက်သံကလည်း ကပ်ပါလာနိုင်တယ်လို့ သိထားကြတယ်။
သူတို့အူချိန် ဟောက်ချိန်ဟာ တဏှာထ၊ မာန်ကြွချိန်လို့သတ်မှတ်ပြီး တောသတ္တဝါအပေါင်းဟာ တောထဲမှာ ပျော်ရွှင်စွာ သွားလာစားသောက်နေထိုင်ကြပါတ ယ်။
(ငါးရာငါးဆယ်နိပါတ်တော်လာ ဒဒ္ဒရဇာတ်ကို မှီငြမ်းပါတယ်)
Credit to Tin Nyunt
K.K(ကနောင်)
ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း မင်းပြုတော့ ဟိမဝန္တာတောမှာ ခြင်္သေ့တွေ နေကြသတဲ့။ ခြင်္သေ့ဆိုတော့ သိကြတဲ့အတိုင်း တောသုံးထောင်ကို
အစိုးရတော်မူသောဆိုတဲ့ ဘွဲ့ကို အလိုလိုရထားသူတွေပေါ့။
ကြီးနိုင်ငယ်ညှဉ်းဝါဒ ကိုင်စွဲထားတဲ့ တောဥပဒေသအရ ခြင်္သေ့တွေက ခွန်အားနဲ့ အနိုင်ကျင့်တယ်။ အသံနဲ့ အနိုင်ကျင့်တယ်။ ရက်စက် ကြမ်းကြုတ်မှုနဲ့ အနိုင်ကျင့်တယ်။ ဒါကြောင့် တောသုံးထောင်ရဲ့ ဧကရာဇ်ဘွဲ့ကို အလိုလို ရသွားကြတယ်။
ခြင်္သေ့တွေ ကျက်စားနေထိုင်တဲ့ ဂူအနီးမှာ ခြင်္သေ့တွေရဲ့ စားသောက်လို့ကျန်တဲ့ အရိုးအရင်းလေးတွေကို ကိုက်ဝါးပြီး မှီခိုနေရတဲ့ ခွေးတစ်အုပ်လည်းရှိတယ်။ ခွေးတွေအတွက်ကတော့ ခြင်္သေ့တွေဟာ မဟာ ကရုဏာရှင်ကြီးတွေပေါ့။ သူတို့ရှိလို့ အရိုးကိုက်နေကြရတာမဟုတ်လား။
ခြင်္သေ့တွေဟာ မိုးရွာရင် အပြင်ထွက်လေ့မရှိဘူး။ ဂူထဲမှာပဲနေပြီး ပျော်ရွှင်မြူးတူးတတ်ကြတယ်။ ခြင်္သေ့ထုံးစံ အတိုင်း မိတ်လိုက်ကြ၊
မာန်ဖီကြ၊ စိတ်ထဲပေါ့ပါးလာရင် ဟိန်းဟောက်ကြတယ်။ ထူးခြားတာက ခြင်္သေ့တွေ ဟောက်တိုင်း ဂူအပြင်မှာ မှီခိုနေတဲ့ ခွေးတွေက လိုက်အူ
ကြတာပဲ။
ခြင်္သေ့ကဟောက်၊ ခွေးတွေကအူ၊ တောလုံး ဆူညံနေလေ့ရှိတယ်။
တစ်နေ့တော့ ခြင်္သေ့အကြီးအကဲက “ငါတို့ဟောက်လိုက်ရင် ဘာဖြစ်လို့ ခွေးတွေလိုက်အူတာလဲ” လို့ အချင်းချင်း မေးကြတယ်။
“ငါတို့ဟောက်သံနောက်မှာ အူသံတွေကပ်ပါလာတာ ခြင်္သေ့ သိက္ခာ
ကျတယ်။ ဒါကြောင့် ခွေးတွေကို သူတို့ ဟောက်ရင် လိုက်မအူနဲ့” လို့
သွားပြီး သတိပေးကြတယ်။
ဟောက်သံနဲ့ အူသံဆိုတာ တွဲလုံးတွေပဲ။ ခွေးတွေက ကြောက်တော့ လိုက်မအူဘူး။ ဟောက်သံချည်း သက်သက် ထွက်လာတိုင်း ခွေးတွေက ကြောက်လို့ငြိမ်ပြီးနေတာကို
ဒါပေမဲ့ ခွေးပဲ မအူဘဲ နေနိုင်တာမှမဟုတ်တာ။ ခွေးသဘာဝ အူချိန်မှာ အူကြတယ်။ ခွေးအူသံကြားတော့ ခြင်္သေ့ တွေ အလိုလိုမရိုးမရွဖြစ်လာတယ်။
ခွေးအူရင် ခြင်္သေ့က လိုက်ဟောက်လိုက်ရမှ ကျေနပ်သွားတယ်။ သူတို့ မသူတော်ချင်း ပေါင်းသင်းနေထိုင်ကြတာ ကြာမှဘဲ။
ဒါကြောင့် ခွေးအူလို့ ခြင်္သေ့ဟောက်တာလား၊ ခြင်္သေ့ဟောက်လို့ ခွေးအူတာလား မကွဲပြားတော့ဘူး။ တောထဲမှာ တော့ ဟောက်သံနောက်မှာ အူသံကပ်ပါလာမယ်၊ အူသံနောက်မှာ ဟောက်သံကလည်း ကပ်ပါလာနိုင်တယ်လို့ သိထားကြတယ်။
သူတို့အူချိန် ဟောက်ချိန်ဟာ တဏှာထ၊ မာန်ကြွချိန်လို့သတ်မှတ်ပြီ
(ငါးရာငါးဆယ်နိပါတ်တော်လာ ဒဒ္ဒရဇာတ်ကို မှီငြမ်းပါတယ်)
Credit to Tin Nyunt
K.K(ကနောင်)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။