"စစ်လွန်းဝတီထက်လေးက ကြော်ငြာအများအပြားကို ရိုက်ကူးနေရတာမို့ အမေက ပိုက်ဆံထုပ်ပြန်လိုက်ထမ်း ပေးနေရတဲ့သူ ဖြစ်နေပြီ "
တေးသံရှင်စိုင်းလွှမ်းနဲ့ ထက်ထက်မိုးဦးတို့ရဲ့သမီးလေး စစ်လွန်းဝတီထက်လေးဟာ လက်ရှိမှာတော့ ၄နှစ် ကျော်ဆိုတဲ့ အသက်အ ရွယ်လေးကို ပိုင်ဆိုင်လာတာနဲ့ တစ်ပြိုင်နက် သွက်လက်မှု၊ မှတ်ဥာဏ် ကောင်းမှု၊ ထက်မြက်မှုတွေနဲ့အတူ အနုပညာ ဗီဇလေး က လည်း မွေးကတည်းကပါဝင်လာခဲ့ပါတယ်။ အခုလက်ရှိမှာတော့ စစ်လွန်းဝတီထက်လေးဟာ MISY ကျောင်းမှာ တက်ရောက်ကာ ပညာ စတင်သင်ယူနေပြီဖြစ်ပါတယ်။ ကြော်ငြာမင်းသမီးလေးတစ်ဦးဖြ စ်လာခဲ့တဲ့ စစ်လွန်းဝတီထက် ကလေးဟာခုဆိုရင် ၂ဝ၁၅ ခုနှစ် တစ်နှစ် လုံးအတွက်ပြက္ခဒိန်ရိုက်ကူးမှုတွေနဲ့လည်း ရက်ပြည့်နေခဲ့ပြီး ၂ဝ၁၆ ခုနှစ်အထိပြက္ခဒိန်ရိုက်ပေးရ မယ့်ရက်တွေပြည့်နေပြီဖြစ်ပါ တယ်။
” အခု ၄ နှစ်ကျော်လာတော့ သမီးလေးက အရင်ကထက် ဦးနှောက် မှတ်ဥာဏ်တွေ ပိုကောင်းလာတယ်။ အစ်မနေ့စဉ်ရွတ်တဲ့ ဂုဏ်တော် ၉ ပါးကိုတောင်မှ သူက အလွတ်ရနေပြီ။အစ်မက ဘုရားစာရွတ်ပြီဆိုရင် သူကလည်း ဂုဏ်တော် ၉ ပါးကို လိုက်ရွတ် နေရော။ မှတ်ဥာဏ်တွေ တအားကောင်း ပြီးတော့ ထက်မြက် လာနေတယ်။ တစ်ယောက်က သူ့ကို မေးလိုက်တာ ကိုဘယ် လိုပြန်ဖြေရ မလဲဆို တာကို သူသိနေပြီ။ ပြီးတော့ အစ်မက သူ့ကိုဆုံးမတဲ့ စကားတွေကိုလည်း နားလည်နေပြီ။ နာခံတတ်နေပြီ။ ပြောရရင် သိတတ်စ အ ရွယ်ရောက်နေပြီပေါ့ ” လို့ အကယ်ဒမီထက်ထက်မိုးဦးက စစ်လွန်းဝတီလေးရဲ့ ပြောင်းလဲလာတဲ့ အကြောင်းလေးတွေကို ပြောပြပါတယ်။ ဒါ့အပြင် သူ့မှာအနုပညာ ဗီဇလေးကိုသွားတွေ့ရတာကတော့ သီချင်းဆိုတာကို အမြဲတမ်းပြုလုပ်နေတတ်ပြီး ဒီနေ့ခေတ်နာမည်ကျော် အမျိုး သမီးတေးသံရှင်တွေဖြစ်တဲ့ နီနီခင်ဇော်၊ဝိုင်းစုခိုင်သိန်း၊ပိုပိုစတဲ့တေးသံရှင်များစွာရဲ့သီချင်းတွေကိုလည်း “၏သည်” မရွေး လိုက်ဆိုနေနိုင် တာကို အံ့အားသင့်စွာတွေ့ရတယ်လို့ အကယ်ဒမီထက်ထက်မိုးဦးကဆိုပါတ ယ်။ အခုအချိန်မှာတော့ စစ်လွန်းဝတီ ထက်လေး က ကြော်ငြာအများအပြားကို ရိုက်ကူးနေရတာမို့ အမေကတောင်မှ ပိုက်ဆံထုပ်ပြန်လိုက် ထမ်းပေးနေရတဲ့သူ ဖြစ်နေပြီလို့ အကယ်ဒမီ ထက်ထက်မိုးဦးက(ရယ်ရင်း)ဆိုပါ သေးတယ်။
” အရွယ်ရောက်လာတဲ့ အခါကျရင်တော့ သမီးလေးကို ပညာရေးက အရေးကြီးတယ်ဆိုတာကိုပြောပြမ ယ်။ ပညာရေးကိုလည်း ဦးစားပေးဖို့ ပြောပြမယ်။ အစ်မငယ် ငယ်တုန်းကပညာကို ဆုံးခန်းတိုင်အောင် မသင်ယူခဲ့ရတော့ သမီးလေးကိုတော့ ပညာတတ်ကြီး တစ်ယောက် ဖြစ်စေချင်တယ်။ ကိုယ်ကွယ်လွန်သွားတဲ့အခါလည်း သမီးလေးအတွက်လုံခြုံ စိတ်ချရမယ်။ ကိုယ်က ပညာတတ်ကြီးဖြစ်နေ ရင်ဘယ်တော့မှအောက်မကျတော့ဘူးလေ။ အဲဒါကြောင့် သမီးလေးရဲ့ ပညာရေးကိုတော့ မြင့်သထက်မြင့်အောင်၊ မြင့်သထက် အမြင့် ဆုံးဖြစ်အောင် ပညာရေးအတွက်တွန်းအားပေးနေမှာပါ” လို့အကယ်ဒမီ ထက်ထက်မိုးဦးကပြောပြခဲ့ပါတယ်။
ထက်လူ
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
တေးသံရှင်စိုင်းလွှမ်းနဲ့ ထက်ထက်မိုးဦးတို့ရဲ့သမီးလေး
” အခု ၄ နှစ်ကျော်လာတော့ သမီးလေးက အရင်ကထက် ဦးနှောက် မှတ်ဥာဏ်တွေ ပိုကောင်းလာတယ်။ အစ်မနေ့စဉ်ရွတ်တဲ့ ဂုဏ်တော် ၉ ပါးကိုတောင်မှ သူက အလွတ်ရနေပြီ။အစ်မက ဘုရားစာရွတ်ပြီဆိုရင် သူကလည်း ဂုဏ်တော် ၉ ပါးကို လိုက်ရွတ် နေရော။ မှတ်ဥာဏ်တွေ တအားကောင်း ပြီးတော့ ထက်မြက် လာနေတယ်။ တစ်ယောက်က သူ့ကို မေးလိုက်တာ ကိုဘယ် လိုပြန်ဖြေရ မလဲဆို တာကို သူသိနေပြီ။ ပြီးတော့ အစ်မက သူ့ကိုဆုံးမတဲ့ စကားတွေကိုလည်း နားလည်နေပြီ။ နာခံတတ်နေပြီ။ ပြောရရင် သိတတ်စ အ ရွယ်ရောက်နေပြီပေါ့ ” လို့ အကယ်ဒမီထက်ထက်မိုးဦးက စစ်လွန်းဝတီလေးရဲ့ ပြောင်းလဲလာတဲ့ အကြောင်းလေးတွေကို ပြောပြပါတယ်။ ဒါ့အပြင် သူ့မှာအနုပညာ ဗီဇလေးကိုသွားတွေ့ရတာကတော့ သီချင်းဆိုတာကို အမြဲတမ်းပြုလုပ်နေတတ်ပြီး ဒီနေ့ခေတ်နာမည်ကျော် အမျိုး သမီးတေးသံရှင်တွေဖြစ်တဲ့ နီနီခင်ဇော်၊ဝိုင်းစုခိုင်သ
” အရွယ်ရောက်လာတဲ့ အခါကျရင်တော့ သမီးလေးကို ပညာရေးက အရေးကြီးတယ်ဆိုတာကိုပြောပြမ
ထက်လူ
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။