ကျနော့်နာမည် သန်းထိုက်စိုးပါ။ တက္ကစီမောင်းပါတယ်။ အင်းစိန် စော်ဘွားကြီးကုန်းပန်းခြံမှာ ဂိတ်ထိုးပါတယ်။ အဲဒီရပ်ကွက်မှာပဲ နေထိုင်ပါတယ်။၂၀၁၁ လောက်မှာ နယ်မြို့တစ်ခုမှာ အိမ်ထောင်စကျခြဲ့ပီး ချစ်ဇနီးလေးနဲ့အတူ ရန်ကုန်တက်လာပြီး ကျနော်က ကားမောင်းပါတယ်။
ကျနော်တို့လမ်းထဲက ခပ်ငယ်ငယ်၊ ခပ်လှလှ အမျိုးသမီးတစ်ဦးဟာ ကျနော့်ရှေ့ကို ဖြတ်သွားဖြတ်လာတိုင်း ဖော်ရွှေစွာ ပြုံးပြနှုတ်ဆက်တတ်တယ်။ ကျနော့်အမျိုးသမီးရဲ့အသိ ထင်ပါတယ်။
တစ်ညနေ အဲဒီအမျိုးသမီးလေးက ကျနော်တို့လမ်းထဲကနေထွက်လာပါတယ်။ ကျနော့်ကားဆီကိုပဲ တည့်တည့်ဦးတည်လာပြီး -
" အကိုရေ၊ ကျမ အောင်ဆန်းဈေးမှာ ဆန်အိတ်သွားမယ်မယ်၊ ဈေးက
ရွှေဆိုင်ကိုလည်း ၁၀ မိနစ်လောက် ၀င်မယ်၊ အသွားအပြန် ဘယ်လောက်ကျမလဲ "
အသွား ၂၅၀၀၊ အပြန် ၂၅၀၀ ဆိုတော့ ၅၀၀၀ ပဲကျပါတယ်။
ဟုတ်ကဲ့ပါ။ ဆန်အိတ်လည်း တင်မယ်၊ စောင့်လည်းစောင့်ပေးရမယ်ဆို တော့ ကျမ ၆၀၀၀ ပေးလိုက်ပါမယ်ရှင်။
ဒီလိုနဲ့ သွားကြပါတယ်။ လမ်းမှာလည်း ဟိုအကြောင်း၊ ဒီအကြောင်း စသဖြင့် စကားလက်ဆုံ ပြောဖြစ်ကြပါတယ်။ အမျိုးသမီးလေးက မြို့သူဆိုပေမယ့်
ဖော်ရွှေတယ်၊ စကားလည်း ခင်ခင်မင်မင် ပြောတတ်တယ်။
အောင်ဆန်းဈေးက နာမည်ကြီး " ကျော်" ဆန်ဆိုင်ရှေ့မှာ ကားရပ်ပြီး သူက ဆန်ဝယ်တယ်။ ကျနော်က ဂျာနယ်ဖတ်ပြီး ကားပေါ်ထိုင်စောင့်တယ်။ ဆိုင်က အလုပ်သမားတွေ ဆန်အိတ် ၂ အိတ် ကားပေါ်တင်တယ်။ အမျိုးသမီးက အစ်ကိုရေ ကျမ ဈေးမှာ ရွှေဝယ်ဖို့ ခဏသွားမယ်၊ ဆန်ဝယ်လိုက်လို့ ငွေနည်းနည်း လိုနေလို့ ၄ သောင်းလောက် ခဏချေးပေးပါ၊ အိမ်ရောက်ရင် ချက်ချင်းပြန်ပေးပါမယ့်ဆိုလို့ ပေးလိုက်ပါတယ်။
ဈေးထဲဝင်သွားပြီး ၁၀ မိနစ်လည်း ပေါ်မလာ၊ ၁၅ မိနစ်လည်း ပေါ်မလာ၊ မိနစ် ၂၀ လောက်ကြာသွားတော့ ဆိုင်ကမန်နေဂျာတွေရော အလုပ်သမားတွေက ကျနော့်ကို ၀ိုင်းကြည့်နေကြတယ်။ ကျနော်လည်း မသင်္ကာတာနဲ့ ငါ့မျက်နှာဘာဖြစ်တာလည်း ဆိုပြီး မှန်ကြည့်တယ်။ အကျီင်္တွေကို ကြည့်တယ်။ ဘာများပေကျံနေသလဲပေါ့။ ညီလေးတို့ ဘာဖြစ်လို့ ကျနော့်ကို မျက်စိဒေါက်ထောက်ကြည့်နေကြတာလဲဆိုတော့ အစ်ကို့အမျိုးသမီးက ဆန်အိတ်ဖိုးကို အကိုရှင်းပေးလိမ့်မယ်ဆိုပြီး ပြောသွားလို့ ကျနော်တို့ စောင့်နေတာပါ၊ ဘောက်ချာဖြတ်ပေးမလို့ပါအကို ။
ဟမ် ဘယ်လိုဘယ်လို၊ ပြန်ပြောစမ်းပါဦး။
ဆိုင်မန်နေဂျာ၊ အလုပ်သမား၊ ဆိုင်ရှင်တို့နဲ့ စကားပြောလိုက်တော့ ဟိုဟာမ လူလိမ်ဆိုတာ သဘောပေါက်သွားပါပြီ။ လက်စတတ်တော့ ငါ့မိန်းမရဲ့သူငယ်ချင်းလို့ ထင်သွားအောင် ငါ့ရှေ့ဖြတ်လျှောက်တိုင်း ပြုံးပြပြီး လမ်းထဲ ၀င်ပြသွားတာကိုး။ သွားပြီ။ ငါ့ပိုက်ဆံကတော့ ဆုံးပြီ။ တော်သေးတယ် ဆိုင်ရှင်က ကျနော်တို့ ဧရာဝတီတိုင်းထဲက မြို့အတူတူ
ဖြစ်နေလို့။ ဆိုင်ရှင်ကလည်း နားလည်ပေးလို့ ဆန်အိတ်ကို ကားပေါ်ကနေ ပြန်ချပေးလိုက်တယ်။
" လူတစ်ယောက်ဟာ ပုံမှန်ထက်ပိုပြီး သဘောကောင်းနေပြီဆိုရင် သတိသာ ထားပေတော့ " ဆိုတဲ့ ရှေးလူတွေပြောခဲ့စကား တယ်မှန်နေပေါ့လား။ တစ်လမ်းလုံး စကားပြောလာတာ လက်စတတ်တော့ ငါ့ဆီက ပိုက်ဆံဘယ်လောက်ပါလာတယ်ဆိုတာကို သေချာအောင် စကားနှိုက်နေတာကိုး။ တော်သေးတယ် ရှေ့ခုံမှာ မထိုင်ခိုင်းပဲ နောက်ခုံကနေ လိုက်လာလို့။ တို့ဆေးသာ အတို့ခံရရင် ခုလောက်ဆို ဆွဲကြိုး၊ လက်စွပ်တွေကလည်း ပါသွားမှာ ကျိန်းသေပဲ။ အော် မိန်းမလည်သိန်းကြွယ်နဲ့ လာတွေ့နေပါပေါ့လား။
_________
အဲဒါပဲအကိုရေ။ ကျနော်တို့တက္ကစီသမားတွေလည်း လူပေါင်းစုံနဲ့ နေ့စဉ် ထိတွေ့ဆက်ဆံနေရတော့ အန္တရာယ်အမျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါက တက္ကစီစမောင်းခဲ့တုန်းက ကျနော်ကိုယ်တိုင် တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေထဲက တစ်ခုပဲ ရှိပါသေးတယ်။ ဒီလို ကိုယ်တွေ့ဖြစ်ရပ်တွေကို နောက်ထပ်ကြုံရင်
ပြောပြချင်ပါသေးတယ်။ နောက်လူတွေလည်း အလိမ်မခံရအောင်ပေါ။ အကို့စာတွေကို လူဖတ်များတော့ ဖတ်မိသူတိုင်း သတိထားနိုင်ကြဖို့ မျှဝေပေးစေချင်ပါတယ်။
__________
လှည်းတန်းမှ ရန်ကင်းသို့သွားစဉ် တက္ကစီကားပေါ်မှာ သူ့အတွေ့အကြုံကို စိတ်ပါလက်ပါ ပြောပြခဲ့တဲ့ ကိုသန်းထိုက်စိုး၏ ပြောပြချက်ကို သူကိုယ်တိုင်ခွင့်ပြုချက်ဖြ င့် ဒီလို လိမ်နည်းတစ်ခုကို လူတွေ အလိမ်မခံရအောင်
ပြန်လည်ရေးသားမျှဝေပေးလိုက် ရခြင်း ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း အလိမ်အညာခံရခြင်းမှ ကင်းဝေးနိုင်ကြပါစေ။
စောနွဲ့ နေဆိုင်(ပူတာအို)
ကျန်းမာရေးသတင်းများ
ကျနော်တို့လမ်းထဲက ခပ်ငယ်ငယ်၊ ခပ်လှလှ အမျိုးသမီးတစ်ဦးဟာ ကျနော့်ရှေ့ကို ဖြတ်သွားဖြတ်လာတိုင်း ဖော်ရွှေစွာ ပြုံးပြနှုတ်ဆက်တတ်တယ်။ ကျနော့်အမျိုးသမီးရဲ့အသိ ထင်ပါတယ်။
တစ်ညနေ အဲဒီအမျိုးသမီးလေးက ကျနော်တို့လမ်းထဲကနေထွက်လာပ
" အကိုရေ၊ ကျမ အောင်ဆန်းဈေးမှာ ဆန်အိတ်သွားမယ်မယ်၊ ဈေးက
ရွှေဆိုင်ကိုလည်း ၁၀ မိနစ်လောက် ၀င်မယ်၊ အသွားအပြန် ဘယ်လောက်ကျမလဲ "
အသွား ၂၅၀၀၊ အပြန် ၂၅၀၀ ဆိုတော့ ၅၀၀၀ ပဲကျပါတယ်။
ဟုတ်ကဲ့ပါ။ ဆန်အိတ်လည်း တင်မယ်၊ စောင့်လည်းစောင့်ပေးရမယ်ဆို
ဒီလိုနဲ့ သွားကြပါတယ်။ လမ်းမှာလည်း ဟိုအကြောင်း၊ ဒီအကြောင်း စသဖြင့် စကားလက်ဆုံ ပြောဖြစ်ကြပါတယ်။ အမျိုးသမီးလေးက မြို့သူဆိုပေမယ့်
ဖော်ရွှေတယ်၊ စကားလည်း ခင်ခင်မင်မင် ပြောတတ်တယ်။
အောင်ဆန်းဈေးက နာမည်ကြီး " ကျော်" ဆန်ဆိုင်ရှေ့မှာ ကားရပ်ပြီး သူက ဆန်ဝယ်တယ်။ ကျနော်က ဂျာနယ်ဖတ်ပြီး ကားပေါ်ထိုင်စောင့်တယ်။ ဆိုင်က အလုပ်သမားတွေ ဆန်အိတ် ၂ အိတ် ကားပေါ်တင်တယ်။ အမျိုးသမီးက အစ်ကိုရေ ကျမ ဈေးမှာ ရွှေဝယ်ဖို့ ခဏသွားမယ်၊ ဆန်ဝယ်လိုက်လို့ ငွေနည်းနည်း လိုနေလို့ ၄ သောင်းလောက် ခဏချေးပေးပါ၊ အိမ်ရောက်ရင် ချက်ချင်းပြန်ပေးပါမယ့်ဆိုလ
ဈေးထဲဝင်သွားပြီး ၁၀ မိနစ်လည်း ပေါ်မလာ၊ ၁၅ မိနစ်လည်း ပေါ်မလာ၊ မိနစ် ၂၀ လောက်ကြာသွားတော့ ဆိုင်ကမန်နေဂျာတွေရော အလုပ်သမားတွေက ကျနော့်ကို ၀ိုင်းကြည့်နေကြတယ်။ ကျနော်လည်း မသင်္ကာတာနဲ့ ငါ့မျက်နှာဘာဖြစ်တာလည်း ဆိုပြီး မှန်ကြည့်တယ်။ အကျီင်္တွေကို ကြည့်တယ်။ ဘာများပေကျံနေသလဲပေါ့။ ညီလေးတို့ ဘာဖြစ်လို့ ကျနော့်ကို မျက်စိဒေါက်ထောက်ကြည့်နေကြတ
ဟမ် ဘယ်လိုဘယ်လို၊ ပြန်ပြောစမ်းပါဦး။
ဆိုင်မန်နေဂျာ၊ အလုပ်သမား၊ ဆိုင်ရှင်တို့နဲ့ စကားပြောလိုက်တော့ ဟိုဟာမ လူလိမ်ဆိုတာ သဘောပေါက်သွားပါပြီ။ လက်စတတ်တော့ ငါ့မိန်းမရဲ့သူငယ်ချင်းလို့
ဖြစ်နေလို့။ ဆိုင်ရှင်ကလည်း နားလည်ပေးလို့ ဆန်အိတ်ကို ကားပေါ်ကနေ ပြန်ချပေးလိုက်တယ်။
" လူတစ်ယောက်ဟာ ပုံမှန်ထက်ပိုပြီး သဘောကောင်းနေပြီဆိုရင် သတိသာ ထားပေတော့ " ဆိုတဲ့ ရှေးလူတွေပြောခဲ့စကား တယ်မှန်နေပေါ့လား။ တစ်လမ်းလုံး စကားပြောလာတာ လက်စတတ်တော့ ငါ့ဆီက ပိုက်ဆံဘယ်လောက်ပါလာတယ်ဆိုတ
_________
အဲဒါပဲအကိုရေ။ ကျနော်တို့တက္ကစီသမားတွေလည်း
ပြောပြချင်ပါသေးတယ်။ နောက်လူတွေလည်း အလိမ်မခံရအောင်ပေါ။ အကို့စာတွေကို လူဖတ်များတော့ ဖတ်မိသူတိုင်း သတိထားနိုင်ကြဖို့ မျှဝေပေးစေချင်ပါတယ်။
__________
လှည်းတန်းမှ ရန်ကင်းသို့သွားစဉ် တက္ကစီကားပေါ်မှာ သူ့အတွေ့အကြုံကို စိတ်ပါလက်ပါ ပြောပြခဲ့တဲ့ ကိုသန်းထိုက်စိုး၏ ပြောပြချက်ကို သူကိုယ်တိုင်ခွင့်ပြုချက်ဖြ
ပြန်လည်ရေးသားမျှဝေပေးလိုက်
စောနွဲ့ နေဆိုင်(ပူတာအို)
ကျန်းမာရေးသတင်းများ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။