••• စင်္ကာပူနိုင်ငံက ထူးထူးဆန်းဆန်း ဥပဒေ •••
စင်္ကာပူနိုင်ငံမှာ ရွေးကောက်ပွဲ နှစ်ခုရှိပါတယ်။ တစ်ခုက မကြာခင်ရက်ပိုင်းလေးကမှ ပြီးဆုံးသွားခဲ့သော ၂၀၁၅ အထွေထွေရွေးကောက်ပွဲဖြစ်ပြီး နောက်တစ်ခုက ၂၀၁၆ ခုနှစ်တွင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲ တို့ပဲဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲနှစ်ခုစလုံးကို ပြည်သူမှ တိုက်ရိုက်ရွေးချယ် တင်မြှောက်ကြပါတယ်။
"အသက် ၂၁ ပြည့်ပြီးသူ စင်္ကာပူနိုင်ငံသားတိုင်း စင်္ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲနှင့် သမ္မတရွေးကောက်ပွဲများကို ဆန္ဒမဲ မပေးမနေရ" ဟု စင်္ကာပူနိုင်ငံ ရွေးကောက်ပွဲဌာနမှ ပြဋ္ဌာန်း သတ်မှတ်ထားပါသည်။
ဆန္ဒမဲ မပေးခဲ့လျှင်ဘာဖြစ်သွားနိုင်သလဲ? သိပ်စိတ်ဝင်စားစရာကောင်းလှပါတယ်။
ထောင်ဒဏ်တော့ မကျပါဘူးတဲ့။ သို့သော် မိမိအမည်ကို ရွေးကောက်ပွဲ ဆန္ဒမဲပေးနိုင်သော နိုင်ငံသားစာရင်းထဲမှ ဖယ်ထုတ်လိုက်မည်ဖြစ်ပြီး နောင်လာမည့် ရွေးကောက်ပွဲများတွင် ဘယ်တော့မှ မဲပေးခွင့် ရရှိတော့မည်မဟုတ်ပါတဲ့။
အဲဒီလို ဖယ်ထုတ်ခံလိုက်ရတာဟာ ဒီတစ်သက်မှာ သင်ဟာ ဘယ်တော့မှ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက်အရွေးချယ်ခံလို့လဲ မရတော့ပါဘူးတဲ့။
အကြောင်းအမျိုးအမျိုးကြောင့် မဲမပေးဖြစ်ခဲ့၍ မိမိနာမည်ကိုလည်း ပယ်ဖျက် မခံချင်ဘူးဆိုလျှင်တော့ စင်္ကာပူအစိုးရ ရွေးကောက်ပွဲဌာနရဲ့  ၀က်ဆိုဒ်မှာ log in ၀င်ပြီး အချိန်မှီ ဖြေရှင်းချက်ပေးရပါမယ်တဲ့။ ပြီးရင်တော့ APPLICATION FOR RESTORATION OF NAME TO THE REGISTERS OF ELECTORS (FORM A) ကို ဖြည့်ပြီး အသနားခံစာ တင်ရပါမယ်တဲ့။ ခိုင်လုံသော အောက်ပါ အခြေအနေများကြောင့် ဆန္ဒမဲ မပေးဖြစ်ခဲ့တာပါ ဆိုလျှင်တော့ ရွေးကောက်ပွဲဌာနမှ ပြန်လည် စဉ်းစားလက်ခံပေးမှာ ဖြစ်ပါတယ်တဲ့။
ရွေးကောက်ပွဲ ကျင်းပချိန်တွင်..
၁။ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေခြင်း (စီးပွားရေးကိစ္စဖြင့်နိုင်ငံရပ်ခြားခရီးသွားခြင်းအပါအ၀ င်)
၂။ နိုင်ငံရပ်ခြားတွင် ပညာသင်ယူနေခြင်း
၃။ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေသော (သို့) ပညာသင်ယူနေသော မိမိ၏ ခင်ပွန်း (သို့) ဇနီးနှင့် အတူရှိနေခြင်း
၎။ နိုင်ငံရပ်ခြား အပန်းဖြေခရီးထွက်ခြင်း နှင့်
၅။ ဖျားနာခြင်း (သို့) ကလေးမွေးဖွားခြင်း စသည့် အခြေအနေများဖြစ်ပါတယ်။
တကယ်လို့ သင့်ရဲ့ အကြောင်းပြချက်တွေက မခိုင်လုံခဲ့လျှင်တော့ ဒဏ်ကြေးငွေ စင်္ကာပူဒေါ်လာ ၅၀ ပေးဆောင်ပြီးမှ မိမိနာမည်ကို ပြန်လည် ထည့်သွင်းဖော်ပြခံရမှာ ဖြစ်ပါတယ်။
အဲဒီတော့ တစ်ကြိမ် တစ်ခါလောက် မဲမပေးလိုက်တာနဲ့ ဘယ်လောက်တောင် တာသွားသလဲဆိုတာ စင်္ကာပူနိုင်ငံသားတွေ အသိပါ။ ဒါကြောင့် မည်သည့်ပါတီမှ မဲမထည့်ချင်လျှင်တောင် မဲရုံကိုသွားပြီး မိမိမှတ်ပုံတင်ကဒ်ပြ၊ ဆန္ဒမဲထုတ်ယူပြီး ပယ်မဲဖြစ်အောင်ပြုလုပ်ပြီး မဲထည့်ကြပါသတဲ့။
Ref: Elections Department Singapore
စလုံး Page
(စင်္ကာပူနှင့် ပတ်သက်သော အကြောင်းအရာများ စုစည်းတင်ပြမှု)
www.facebook.com/ SaloneCollection
စင်္ကာပူနိုင်ငံမှာ ရွေးကောက်ပွဲ နှစ်ခုရှိပါတယ်။ တစ်ခုက မကြာခင်ရက်ပိုင်းလေးကမှ ပြီးဆုံးသွားခဲ့သော ၂၀၁၅ အထွေထွေရွေးကောက်ပွဲဖြစ်ပြီ
"အသက် ၂၁ ပြည့်ပြီးသူ စင်္ကာပူနိုင်ငံသားတိုင်း စင်္ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲနှင့် သမ္မတရွေးကောက်ပွဲများကို ဆန္ဒမဲ မပေးမနေရ" ဟု စင်္ကာပူနိုင်ငံ ရွေးကောက်ပွဲဌာနမှ ပြဋ္ဌာန်း သတ်မှတ်ထားပါသည်။
ဆန္ဒမဲ မပေးခဲ့လျှင်ဘာဖြစ်သွားနိုင
ထောင်ဒဏ်တော့ မကျပါဘူးတဲ့။ သို့သော် မိမိအမည်ကို ရွေးကောက်ပွဲ ဆန္ဒမဲပေးနိုင်သော နိုင်ငံသားစာရင်းထဲမှ ဖယ်ထုတ်လိုက်မည်ဖြစ်ပြီး နောင်လာမည့် ရွေးကောက်ပွဲများတွင် ဘယ်တော့မှ မဲပေးခွင့် ရရှိတော့မည်မဟုတ်ပါတဲ့။
အဲဒီလို ဖယ်ထုတ်ခံလိုက်ရတာဟာ ဒီတစ်သက်မှာ သင်ဟာ ဘယ်တော့မှ လွှတ်တော်ကိုယ်စားလှယ်လောင်း
အကြောင်းအမျိုးအမျိုးကြောင့
ရွေးကောက်ပွဲ ကျင်းပချိန်တွင်..
၁။ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေခြင်း (စီးပွားရေးကိစ္စဖြင့်နိုင်င
၂။ နိုင်ငံရပ်ခြားတွင် ပညာသင်ယူနေခြင်း
၃။ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေသော (သို့) ပညာသင်ယူနေသော မိမိ၏ ခင်ပွန်း (သို့) ဇနီးနှင့် အတူရှိနေခြင်း
၎။ နိုင်ငံရပ်ခြား အပန်းဖြေခရီးထွက်ခြင်း နှင့်
၅။ ဖျားနာခြင်း (သို့) ကလေးမွေးဖွားခြင်း စသည့် အခြေအနေများဖြစ်ပါတယ်။
တကယ်လို့ သင့်ရဲ့ အကြောင်းပြချက်တွေက မခိုင်လုံခဲ့လျှင်တော့ ဒဏ်ကြေးငွေ စင်္ကာပူဒေါ်လာ ၅၀ ပေးဆောင်ပြီးမှ မိမိနာမည်ကို ပြန်လည် ထည့်သွင်းဖော်ပြခံရမှာ ဖြစ်ပါတယ်။
အဲဒီတော့ တစ်ကြိမ် တစ်ခါလောက် မဲမပေးလိုက်တာနဲ့ ဘယ်လောက်တောင် တာသွားသလဲဆိုတာ စင်္ကာပူနိုင်ငံသားတွေ အသိပါ။ ဒါကြောင့် မည်သည့်ပါတီမှ မဲမထည့်ချင်လျှင်တောင် မဲရုံကိုသွားပြီး မိမိမှတ်ပုံတင်ကဒ်ပြ၊ ဆန္ဒမဲထုတ်ယူပြီး ပယ်မဲဖြစ်အောင်ပြုလုပ်ပြီး မဲထည့်ကြပါသတဲ့။
Ref: Elections Department Singapore
စလုံး Page
(စင်္ကာပူနှင့် ပတ်သက်သော အကြောင်းအရာများ စုစည်းတင်ပြမှု)
www.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။