ဖြစ်ချင်တာလေးတွေ … ဖြစ်ခွင်ရပါစေ …
========================
ဒီရက်ပိုင်းမှာ ညဘက်တွေ ရုပ်ရှင်လေးတွေ ကြည့်ဖြစ်တယ် … အဲဒီအထဲကမှ အန္ဒိယဇာတ်ကား လေး ကြာတော့ ကြပါပြီ … 3 Idiots ဇာတ်ကားထဲက ရန်ချိုလုပ်တဲ့ အမာခန်း ရဲ့ ဇာတ်ကားတစ်ကားပါပဲ … Taare Zameen Par ဆိုတဲ့ ဇာတ်ကားလေးပါ၊ မိဘတွေ … ဆရာတွေရဲ့ ကလေးတွေ အပေါ်မှာ ထားရှိတဲ့ သဘောထားကို ကွက်ကွက်ကွင်းကွင်း ပြနိုင်ပါတယ်။
ကျွန်တော်တို့ မိဘတွေကလည်း သားသမီးတွေရဲ့ ဘဝကို ကောင်းစေချင်တဲ့ စေတနာရော … အခြင်းခြင်းပြိုင်ချင်တာရော … ရောထွေးပြီးတော့ သားသမီးတွေကို ပြိုင်မြင်းတွေ လို အတင်းမောင်းကြပါတယ် …၊ ထို့အတူ ဆရာတွေကလည်း တပည့်တွေကို တော်စေ … တတ်စေချင်တာရော …. ကိုယ့်ရဲ့ Brand ၊ ကျောင်းရဲ့ Image ကို တက်စေချင်တာရော အားလုံးရော ပြီး ကလေးတွေကို မောင်းကျပြန်ပါတယ် … ။
တကယ်တော့ လူတစ်ယောက်မှာ သူရဲ့ talent နဲ့ သူရဲ့ ဝါသနာ ပါလာပြီးသားပါ …အဲဒါကို သူ့ဗီဇနဲ့ သူဖြစ်ချင်တဲ့ အတိုင်း ဆက်ပြီးသာ တွန်းပို့လိုက်မယ်ဆိုရင် သက်ဆိုင်ရာ ကဏ္ဍ အလိုက် ထွန်းတောက်လာ ကြမှာပါ …
အခုတော့ အဲဒီလို မဟုတ်တဲ့အတွက် ဖြစ်ချင်တာ … လုပ်ချင်တာနဲ့ … မိဘတွေရဲ့ ဆန္ဒ၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု၊ ခေတ်စနစ်ရဲ့ အခြေအနေ တွေကြားထဲမှာ ဘာကို ဦးစားပေးလို့ ပေးရမှန်း မသိတော့တာက လူငယ်တွေ ဦးတည်ချက်မဲ့စေတဲ့ … ပန်းတိုင်ပျောက်စေတဲ့ အကြောင်းရင်း တစ်ခု ဖြစ်နေပါတယ် … ။
ဆိုကြပါစို့ .. ဆယ်တန်းအောင် … ဘွဲ့ရပြီးရင် … ဘဝရဲ့ တိုးတက်ရာ တိုးတက်ကြောင်း အတွက် ရန်ကုန်မြို့ကြီးဆီကို နယ်အသီးသီးက တက်လာကြပါတယ် … ဒီရောက်တော့ သင်တန်းတွေ တက်ရင်း ပညာတွေဆက်သင်ရင်း … အသိပညာဗဟုသုတ တွေရှာဖွေကြရင်း … မြို့ပြဘဝမှာ မျောနေတဲ့သူတွေလည်း ရှိသလို … ရည်မှန်းချက် .. ရည်ရွယ်ချက် ရှိပေမယ့် လမ်းကြောင်း ရှာတုန်း … ဒါမှမဟုတ် လမ်းကြောင်းပေါ်စလျှောက်တုန်း သူတွေလည်း ရှိပါတယ်…။
ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ဇာတိမြေကို အလည်အပတ် ပြန်ကြတဲ့အခါ … ပတ်ဝန်းကျင်က သူတွေက ရန်ကုန်မှာ ဘာတွေလုပ်နေတယ် ဆိုတာထက် … အိမ်ကို ပိုက်ဆံ ဘယ်လောက် ပါလာလဲ … တစ်လ ဘယ်လောက်ပို့လဲ … sky net တပ်ပေးလား … ဆိုလာ တပ်ပေးလား ဆိုတာ ကိုပဲ ကြည့်တတ်ကြပါတယ် …
လူငယ်တွေဟာ အဲဒါနဲ့ပဲ လုပ်ချင်တဲ့လမ်းကို ဆက်လျှောက်ရမလား … လတ်တလော ငွေရလွယ် … ဆူလွယ် … နပ်လွယ် တာပဲ လုပ်ရမလား … အဲလိုနဲ့ ရရာ အလုပ်တစ်ခုလုပ် ရှေ့က စာစုတွေမှာလည်း ရေးခဲ့ပါပြီ … လက်နက်မစုံဘဲ … တိုက်ပွဲဝင်ကြပါတော့တယ် … ။ တကယ်တော့ တိုးတက်အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ဆိုရင် ငယ်ငယ်လေးကတည်းက မိဘ၊ ဆရာ၊ ကျောင်းသား (၃) ဖက်လုံး နားလည်မှုရှိဖို့လိုပါတယ် … ။ မိဘတွေ ဆရာတွေက ကိုယ်လိုချင်တာကို အတင်းဇွတ် ပုံသွင်းတာထက် ကလေးရဲ့ အားနည်းချက်၊ အားသာချက် ကို မြင်အောင် လေ့လာပြီး အားနည်းချက်ကို ပြုစု အားသာချက်ကို ပျိုးထောင်ရမှာပါ … ။
အဲဒီလိုမဟုတ်ဘဲ ကိုယ်ဖြစ်ချင်တဲ့အတိုင်း အတင်းဇွတ်လုပ်ခိုင်း၊ သူများတွေနဲ့ အတင်းပြိုင် … ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတဲ့အခါ ဆူပူကြိမ်းမောင်း ပြစ်တင်လိုက်တာဟာ ကလေးအတွက် တိုးတက်မှု ဖြစ်မလာဘဲ စိတ်ကို ကျဉ်းကျပ်သထက် ကျဉ်းကျပ်လာစေပါတယ် … ။ အဲဒီအထဲက ကိုယ်စွမ်းကိုယ်စ ထုတ်ပြီး ဖောက်ထွက်လာတဲ့ သူက ရှိတော့ရှိတယ် နည်းပါတယ်။ မိဘတွေကသာ လက်ခံတတ်မယ် ကလေးတွေကို ကိုယ့်စိတ်ကို ကိုယ်မြင်အောင် ငယ်ငယ်လေး ကတည်းကသာ လေ့ကျင့်ပေးထားမယ် … ဆိုရင် လမ်းပျောက်နေတဲ့ မျောနေတဲ့ ဖြစ်ချင်ရာ ဖြစ်ကွာ ဆိုတဲ့ … သူမျိုးတွေ နည်းလာပါလိမ့်မယ် … ။
နှစ်စပိုင်းက လှည်းကူးမှာ ရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတစ်ခုမှာ ပရဟိတ အဖွဲ့တစ်ခုက လုပ်တဲ့ အလှူမှာ ကလေးတွေကို စိတ်ဓါတ်ပိုင်းဆိုင်ရာ ဟောပြောဖို့ ဖိတ်လို့ သွားပြောခဲ့ပါတယ် … ။ အဲဒီကလေးတွေက စည်းကမ်းရှိကြပါတယ် … ဒါပေမယ့် စိတ်မကောင်းစရာ တစ်ခုက သူတို့အားလုံး ပုံစံခွက်တစ်ခုတည်းမှာ ဝင်နေတယ် … ဟောပြောပွဲက နေ့ခင်းဆိုတော့ တစ်ချို့ကလေးတွေက အိပ်ငိုက်တာမျိုး ရှိပါတယ် … ဆရာမတွေက အတင်းနိုးပါတယ် … ကျွန်တော်က မနိုးခိုင်းပါဘူး … ဆရာမကိုကြောက်လို့ မငိုက်အောင်နေလည်း သူက အိပ်ချင်နေတော့ ပိုပင်ပန်းပါတယ် … ပြီးတော့ ကျွန်တော်က ကလေးတွေကို ဆော့တာနဲ့ စာကျက်တာ ဘာက ပိုပျော်ဖို့ကောင်းလဲ … ဘာကို ကြိုက်လဲ လို့မေးတဲ့အခါ အားလုံးက တစ်ညီ တစ်ညွတ်တည်း စာကျက်မယ် ပဲ ဖြေကြပါတယ် … အမှတ်တမဲ့ ကြည့်လိုက်ရင် အရမ်း လိမ္မာတဲ့ ကလေးလေး တွေပါ … ဒါပေမယ့် တစ်ခုတော့ လွဲနေပါတယ် ဒီလောက်အများကြီးမှာ မဆော့ချင်တဲ့ ကလေး တစ်ယောက်မှ မပါဘူးဆိုတာက သူတို့ရဲ့ ရင်ထဲကစကားကို တစ်ခုခုက လွှမ်းမိုးထားတာပါ … ။
ပြောရရင်တော့ အရှည်ကြီးပါ … မိဘတွေ .. ဆရာတွေ အုပ်ထိန်းသူတွေကို ကလေးသူငယ် စိတ်ပညာကို အတိုင်းအတာ တစ်ခုတော့ နားလည်စေချင်ပါတယ် … ကလေးတွေကို ဖြစ်ချင်တာလေးတွေ ဖြစ်ခွင့်ရဖို့ ငယ်ငယ်လေးကတည်းက နားလည်ပေးကြ စေချင်ပါတယ် … ငယ်ငယ်တုန်းက မပျိုးထောင်ဖြစ်ခဲ့ရင်တောင် အရွယ်ရောက်လာတဲ့အခါ မိဘ နဲ့ သားသမီးကြား နားလည်မှုတွေ ရှိကြစေချင်ပါတယ် …
လူငယ်တွေအနေနဲ့လည်း တကယ်ဖြစ်ချင်တာ ရှိရင် မိဘနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး ကိုယ်လုပ်မယ့် အစီအစဉ် ဖြစ်လာနိုင်တဲ့ လမ်းကြောင်း တွေကို သေသေချာချာ ရှင်းပြပြီး မဆုတ်မနစ် ကြိုးစားကြစေချင်ပါတယ် …
အရှေ့မှာ ပြောခဲ့တဲ့ ဇာတ်ကားထဲက စကားတစ်ခွန်းနဲ့ ဒီစာစုကို အဆုံးသတ်ပါရစေ …
Every Child is Special ….
ဟုတ်ပါတယ် လူတိုင်းမှာ ထူးခြားတဲ့ အရည်အသွေး … အားသာချက် တစ်ခုစီတော့ ရှိကြပါတယ် … အားသာချက်ကို မြှင့်တင်ပေးပြီး ဖြစ်ချင်တာကို ဖြစ်ခွင့်ရပြီး အောင်မြင်တဲ့ ဘဝ ကိုယ်စီကို ပိုင်ဆိုင် နိုင်ကြပါစေ …
အောင်ကိုဦး (UMK)
Be the Best !
========================
ဒီရက်ပိုင်းမှာ ညဘက်တွေ ရုပ်ရှင်လေးတွေ ကြည့်ဖြစ်တယ် … အဲဒီအထဲကမှ အန္ဒိယဇာတ်ကား လေး ကြာတော့ ကြပါပြီ … 3 Idiots ဇာတ်ကားထဲက ရန်ချိုလုပ်တဲ့ အမာခန်း ရဲ့ ဇာတ်ကားတစ်ကားပါပဲ … Taare Zameen Par ဆိုတဲ့ ဇာတ်ကားလေးပါ၊ မိဘတွေ … ဆရာတွေရဲ့ ကလေးတွေ အပေါ်မှာ ထားရှိတဲ့ သဘောထားကို ကွက်ကွက်ကွင်းကွင်း ပြနိုင်ပါတယ်။
ကျွန်တော်တို့ မိဘတွေကလည်း သားသမီးတွေရဲ့ ဘဝကို ကောင်းစေချင်တဲ့ စေတနာရော … အခြင်းခြင်းပြိုင်ချင်တာရော
တကယ်တော့ လူတစ်ယောက်မှာ သူရဲ့ talent နဲ့ သူရဲ့ ဝါသနာ ပါလာပြီးသားပါ …အဲဒါကို သူ့ဗီဇနဲ့ သူဖြစ်ချင်တဲ့ အတိုင်း ဆက်ပြီးသာ တွန်းပို့လိုက်မယ်ဆိုရင် သက်ဆိုင်ရာ ကဏ္ဍ အလိုက် ထွန်းတောက်လာ ကြမှာပါ …
အခုတော့ အဲဒီလို မဟုတ်တဲ့အတွက် ဖြစ်ချင်တာ … လုပ်ချင်တာနဲ့ … မိဘတွေရဲ့ ဆန္ဒ၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု၊ ခေတ်စနစ်ရဲ့ အခြေအနေ တွေကြားထဲမှာ ဘာကို ဦးစားပေးလို့ ပေးရမှန်း မသိတော့တာက လူငယ်တွေ ဦးတည်ချက်မဲ့စေတဲ့ … ပန်းတိုင်ပျောက်စေတဲ့ အကြောင်းရင်း တစ်ခု ဖြစ်နေပါတယ် … ။
ဆိုကြပါစို့ .. ဆယ်တန်းအောင် … ဘွဲ့ရပြီးရင် … ဘဝရဲ့ တိုးတက်ရာ တိုးတက်ကြောင်း အတွက် ရန်ကုန်မြို့ကြီးဆီကို နယ်အသီးသီးက တက်လာကြပါတယ် … ဒီရောက်တော့ သင်တန်းတွေ တက်ရင်း ပညာတွေဆက်သင်ရင်း … အသိပညာဗဟုသုတ တွေရှာဖွေကြရင်း … မြို့ပြဘဝမှာ မျောနေတဲ့သူတွေလည်း ရှိသလို … ရည်မှန်းချက် .. ရည်ရွယ်ချက် ရှိပေမယ့် လမ်းကြောင်း ရှာတုန်း … ဒါမှမဟုတ် လမ်းကြောင်းပေါ်စလျှောက်တုန်
ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ဇာတိမြေကို အလည်အပတ် ပြန်ကြတဲ့အခါ … ပတ်ဝန်းကျင်က သူတွေက ရန်ကုန်မှာ ဘာတွေလုပ်နေတယ် ဆိုတာထက် … အိမ်ကို ပိုက်ဆံ ဘယ်လောက် ပါလာလဲ … တစ်လ ဘယ်လောက်ပို့လဲ … sky net တပ်ပေးလား … ဆိုလာ တပ်ပေးလား ဆိုတာ ကိုပဲ ကြည့်တတ်ကြပါတယ် …
လူငယ်တွေဟာ အဲဒါနဲ့ပဲ လုပ်ချင်တဲ့လမ်းကို ဆက်လျှောက်ရမလား … လတ်တလော ငွေရလွယ် … ဆူလွယ် … နပ်လွယ် တာပဲ လုပ်ရမလား … အဲလိုနဲ့ ရရာ အလုပ်တစ်ခုလုပ် ရှေ့က စာစုတွေမှာလည်း ရေးခဲ့ပါပြီ … လက်နက်မစုံဘဲ … တိုက်ပွဲဝင်ကြပါတော့တယ် … ။ တကယ်တော့ တိုးတက်အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ဆိုရင် ငယ်ငယ်လေးကတည်းက မိဘ၊ ဆရာ၊ ကျောင်းသား (၃) ဖက်လုံး နားလည်မှုရှိဖို့လိုပါတယ် … ။ မိဘတွေ ဆရာတွေက ကိုယ်လိုချင်တာကို အတင်းဇွတ် ပုံသွင်းတာထက် ကလေးရဲ့ အားနည်းချက်၊ အားသာချက် ကို မြင်အောင် လေ့လာပြီး အားနည်းချက်ကို ပြုစု အားသာချက်ကို ပျိုးထောင်ရမှာပါ … ။
အဲဒီလိုမဟုတ်ဘဲ ကိုယ်ဖြစ်ချင်တဲ့အတိုင်း အတင်းဇွတ်လုပ်ခိုင်း၊ သူများတွေနဲ့ အတင်းပြိုင် … ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတဲ့အခါ ဆူပူကြိမ်းမောင်း ပြစ်တင်လိုက်တာဟာ ကလေးအတွက် တိုးတက်မှု ဖြစ်မလာဘဲ စိတ်ကို ကျဉ်းကျပ်သထက် ကျဉ်းကျပ်လာစေပါတယ် … ။ အဲဒီအထဲက ကိုယ်စွမ်းကိုယ်စ ထုတ်ပြီး ဖောက်ထွက်လာတဲ့ သူက ရှိတော့ရှိတယ် နည်းပါတယ်။ မိဘတွေကသာ လက်ခံတတ်မယ် ကလေးတွေကို ကိုယ့်စိတ်ကို ကိုယ်မြင်အောင် ငယ်ငယ်လေး ကတည်းကသာ လေ့ကျင့်ပေးထားမယ် … ဆိုရင် လမ်းပျောက်နေတဲ့ မျောနေတဲ့ ဖြစ်ချင်ရာ ဖြစ်ကွာ ဆိုတဲ့ … သူမျိုးတွေ နည်းလာပါလိမ့်မယ် … ။
နှစ်စပိုင်းက လှည်းကူးမှာ ရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတစ်ခုမှာ ပရဟိတ အဖွဲ့တစ်ခုက လုပ်တဲ့ အလှူမှာ ကလေးတွေကို စိတ်ဓါတ်ပိုင်းဆိုင်ရာ ဟောပြောဖို့ ဖိတ်လို့ သွားပြောခဲ့ပါတယ် … ။ အဲဒီကလေးတွေက စည်းကမ်းရှိကြပါတယ် … ဒါပေမယ့် စိတ်မကောင်းစရာ တစ်ခုက သူတို့အားလုံး ပုံစံခွက်တစ်ခုတည်းမှာ ဝင်နေတယ် … ဟောပြောပွဲက နေ့ခင်းဆိုတော့ တစ်ချို့ကလေးတွေက အိပ်ငိုက်တာမျိုး ရှိပါတယ် … ဆရာမတွေက အတင်းနိုးပါတယ် … ကျွန်တော်က မနိုးခိုင်းပါဘူး … ဆရာမကိုကြောက်လို့ မငိုက်အောင်နေလည်း သူက အိပ်ချင်နေတော့ ပိုပင်ပန်းပါတယ် … ပြီးတော့ ကျွန်တော်က ကလေးတွေကို ဆော့တာနဲ့ စာကျက်တာ ဘာက ပိုပျော်ဖို့ကောင်းလဲ … ဘာကို ကြိုက်လဲ လို့မေးတဲ့အခါ အားလုံးက တစ်ညီ တစ်ညွတ်တည်း စာကျက်မယ် ပဲ ဖြေကြပါတယ် … အမှတ်တမဲ့ ကြည့်လိုက်ရင် အရမ်း လိမ္မာတဲ့ ကလေးလေး တွေပါ … ဒါပေမယ့် တစ်ခုတော့ လွဲနေပါတယ် ဒီလောက်အများကြီးမှာ မဆော့ချင်တဲ့ ကလေး တစ်ယောက်မှ မပါဘူးဆိုတာက သူတို့ရဲ့ ရင်ထဲကစကားကို တစ်ခုခုက လွှမ်းမိုးထားတာပါ … ။
ပြောရရင်တော့ အရှည်ကြီးပါ … မိဘတွေ .. ဆရာတွေ အုပ်ထိန်းသူတွေကို ကလေးသူငယ် စိတ်ပညာကို အတိုင်းအတာ တစ်ခုတော့ နားလည်စေချင်ပါတယ် … ကလေးတွေကို ဖြစ်ချင်တာလေးတွေ ဖြစ်ခွင့်ရဖို့ ငယ်ငယ်လေးကတည်းက နားလည်ပေးကြ စေချင်ပါတယ် … ငယ်ငယ်တုန်းက မပျိုးထောင်ဖြစ်ခဲ့ရင်တောင်
လူငယ်တွေအနေနဲ့လည်း တကယ်ဖြစ်ချင်တာ ရှိရင် မိဘနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး ကိုယ်လုပ်မယ့် အစီအစဉ် ဖြစ်လာနိုင်တဲ့ လမ်းကြောင်း တွေကို သေသေချာချာ ရှင်းပြပြီး မဆုတ်မနစ် ကြိုးစားကြစေချင်ပါတယ် …
အရှေ့မှာ ပြောခဲ့တဲ့ ဇာတ်ကားထဲက စကားတစ်ခွန်းနဲ့ ဒီစာစုကို အဆုံးသတ်ပါရစေ …
Every Child is Special ….
ဟုတ်ပါတယ် လူတိုင်းမှာ ထူးခြားတဲ့ အရည်အသွေး … အားသာချက် တစ်ခုစီတော့ ရှိကြပါတယ် … အားသာချက်ကို မြှင့်တင်ပေးပြီး ဖြစ်ချင်တာကို ဖြစ်ခွင့်ရပြီး အောင်မြင်တဲ့ ဘဝ ကိုယ်စီကို ပိုင်ဆိုင် နိုင်ကြပါစေ …
အောင်ကိုဦး (UMK)
Be the Best !

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။