...... အမေ့ရဲ့ နောက်ဆုံး ခရီး .......
အခြားသူတွေအတွက် အမေကို ဆုံးရှုံးရခြင်းက ဘယ်လိုရှိမယ် မသိပေမယ့် ကျွန်တော့်အတွက် ကမ္ဘာပျက်ခြင်းနဲ့ တူပါတယ်။
နောက်ဆုံးခရီး စတင်ခြင်း….
အဖေက အမေ့မျက်နှာ နောက်ဆုံးအနေနဲ့ လာကြည့်လှည့်ပါတဲ့။
ကျွန်တော် ဘယ်လို ရင်ဆိုင်ရမလဲ “ဆုံးရှုံးပြီ..ဆုံးရှုံးပြီ” ဆိုတဲ့ ရင်ထဲက အချက်ပေးမြည်ဟီးသံဟာ ကျွန်တော့်ရဲ့ နား၊ နှုတ်ခမ်း၊ စိတ်အာရုံ အားလုံးကို ရပ်တန့်စေခဲ့တယ်။
နောက်ဆုံးလို့ ပြောခံခဲ့ရသမျှထဲမှာ ဒီတစ်ခါ နောက်ဆုံး ဖြစ်ခြင်းက အခွင့်အရေး ဘယ်တော့မှ ထပ်မရှိနိုင်တော့တဲ့ နောက်ဆုံး ဆုံတွေ့ရခြင်းပါလား။
အဲဒီ အချိန်ကို ကျွန်တော် တစ်သက် မေ့မရနိုင်ဘူး အမေရယ်..
ဘယ်လောက် ပြင်ဆင်ထားတယ်ပြောပြော အသိစိတ်နဲ့လူ အတူမနေခဲ့ပါဘူး။
နောက်ပြီး တိတ်ဆိတ်နေတဲ့ အိမ်ထဲမှာ နေနိုင်တဲ့ စွမ်းအား မရှိခဲ့ဘူး။
အိမ် ဧည့်ခန်းမှာ ချိတ်ဆွဲထားတဲ့ မိသားစုဓါတ်ပုံကြည့်ရင်း အမေ့ရဲ့ နံနက်ခင်း ဘုရားရှိခိုးသံ၊ အဖေကို ဆူပူအပြစ်ဆိုနေပုံ၊ ကြိုးစားပမ်းစား ချက်ပြုတ်နေတဲ့ မြင်ကွင်း အားလုံးကြောင့် လွမ်းမျက်ရည်ကျရတယ်။ အားလုံးဟာ အရင်က ဘာသိဘာသာ ရှိခဲ့ပေမယ့် အခုဆို အရမ်း မြင်ချင်ကြားချင်လည်း ဘယ်နေရာမှာမှ ရှာမရခဲ့ဘူး။
အမေယူထားတဲ့ အိမ်ထောင့်တာဝန်ကြီး၊ ဇနီးမယားတစ်ယောက်ရဲ့ဝတ္တရား၊ သားသမီးတွေရဲ့ လိုအပ်ချက်ကို နေရာလပ် မရှိ ဖြည့်စွက်နိုင်တဲ့ မေတ္တာ တရား ဘာနဲ့မှ နှိုင်းပြလို့မမှီနိုင်ခဲ့ပါ ဘူး။ အဖေပြောတဲ့ “အမေဟာ အဖေ့အတွက် ဆည်းလည်လေး” ဆိုတာ သိပ်မှန်တာပဲ အမေရယ်။ အသက်မဲ့ သွားတဲ့ အမေ မရှိတဲ့အိမ်မှာ နွေးထွေးမှုလည်း မရှိတော့ပါဘူး။
အမေက လှပတဲ့ကမ္ဘာ၊ မြင့်မြတ်ခြင်းတို့ စုဝေးရာ
#Yangonlife #RM #SocialInterest
# လီလီ
အခြားသူတွေအတွက် အမေကို ဆုံးရှုံးရခြင်းက ဘယ်လိုရှိမယ် မသိပေမယ့် ကျွန်တော့်အတွက် ကမ္ဘာပျက်ခြင်းနဲ့ တူပါတယ်။
နောက်ဆုံးခရီး စတင်ခြင်း….
အဖေက အမေ့မျက်နှာ နောက်ဆုံးအနေနဲ့ လာကြည့်လှည့်ပါတဲ့။
ကျွန်တော် ဘယ်လို ရင်ဆိုင်ရမလဲ “ဆုံးရှုံးပြီ..ဆုံးရှုံးပြီ”
နောက်ဆုံးလို့ ပြောခံခဲ့ရသမျှထဲမှာ ဒီတစ်ခါ နောက်ဆုံး ဖြစ်ခြင်းက အခွင့်အရေး ဘယ်တော့မှ ထပ်မရှိနိုင်တော့တဲ့ နောက်ဆုံး ဆုံတွေ့ရခြင်းပါလား။
အဲဒီ အချိန်ကို ကျွန်တော် တစ်သက် မေ့မရနိုင်ဘူး အမေရယ်..
ဘယ်လောက် ပြင်ဆင်ထားတယ်ပြောပြော အသိစိတ်နဲ့လူ အတူမနေခဲ့ပါဘူး။
နောက်ပြီး တိတ်ဆိတ်နေတဲ့ အိမ်ထဲမှာ နေနိုင်တဲ့ စွမ်းအား မရှိခဲ့ဘူး။
အိမ် ဧည့်ခန်းမှာ ချိတ်ဆွဲထားတဲ့ မိသားစုဓါတ်ပုံကြည့်ရင်း အမေ့ရဲ့ နံနက်ခင်း ဘုရားရှိခိုးသံ၊ အဖေကို ဆူပူအပြစ်ဆိုနေပုံ၊ ကြိုးစားပမ်းစား ချက်ပြုတ်နေတဲ့ မြင်ကွင်း အားလုံးကြောင့် လွမ်းမျက်ရည်ကျရတယ်။ အားလုံးဟာ အရင်က ဘာသိဘာသာ ရှိခဲ့ပေမယ့် အခုဆို အရမ်း မြင်ချင်ကြားချင်လည်း ဘယ်နေရာမှာမှ ရှာမရခဲ့ဘူး။
အမေယူထားတဲ့ အိမ်ထောင့်တာဝန်ကြီး၊ ဇနီးမယားတစ်ယောက်ရဲ့ဝတ္တရား၊
အမေက လှပတဲ့ကမ္ဘာ၊ မြင့်မြတ်ခြင်းတို့ စုဝေးရာ
#Yangonlife #RM #SocialInterest
# လီလီ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။