Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 19, 2015

မေမေလိုက်လို့မရတဲ့ နိုင်ငံခြား ခရီးစဉ်တွေအားလုံးကို လက်မခံဖြစ်ပါဘူးဆိုတဲ့ အိုင်းရင်းဇင်မာမြင့်


၆နှစ်တာဖြတ်သန်းခဲ့တဲ့ ဂီတသက်တမ်းတစ်လျှောက် ယိမ်းလိုက်နဲ့ချစ်လို့ဆိုတဲ့ တစ်ကိုယ်တော်တေးအယ်လ်ဘမ် နှစ်ခုကို ပရိသတ်အားပေးမှုစစ်မှန်စွာဖြင့် ကြိုးစားဖန်တီးနိုင်ခဲ့တဲ့ အိုင်းရင်းဇင်မာမြင့်နဲ့တွေ့ဆုံခိုက်
-အခုလက်ရှိ ဂီတလှုပ်ရှားမှုလေးကိုလဲသိချင်ပါတယ်။
အိုင်းရင်း အခု ဒုတိယ အယ်လ်ဘမ်လေးကို မြူးဇစ်ဗီဒီယိုလေး ရိုက်နေပါတယ်။ ဒုတိယခွေနာမည်လေးကချစ်လို့ပေါ့။ ဒီနှစ်ကုန်မှာ ထွက်နိုင်အောင်တော့ ကြိုးစားနေပါတယ်။ ဒါပေမဲ့လဲ ဒါရိုက်တာတွေ၊ မင်းသားမင်းသမီးတွေအားတဲ့ အချိန်လေးကို စောင့်ရမှာဆိုတော့ ရှေ့တိုးနောက်ဆုတ်လေးတော့ရှိနိုင်ပါတယ်။

-လက်ရှိမှာ ရိုက်ထားတာရော ဘယ်နှစ်ပုဒ်လောက်ပြီးသွားပြီလဲ။
၆ပုဒ်လောက်ပြီးသွားပါပြီ။ ရိုက်ထားတဲ့နေရာတွေကတော့ အိုင်းရင်း သိပ်မမှတ်မိတော့ဘူး။ ခရီးသွားရင်း သီချင်းဆိုရင်း ရိုက်လိုက်တဲ့ နေရာတွေလဲရှိတယ်။ ရန်ကုန်အပြင် နယ်တွေမှာ သွားရိုက်ထားတာတွေလဲပါတယ်။ သရုပ်ဆောင်တွေအနေနဲ့က အိုင်းရင်းအပြင် မအေးမြတ်သူတို့လဲ ပါသေးတယ်။ အခုက ၆ပုဒ်လောက်ပဲပြီးသေးတာဆိုတော့လေ သရုပ်ဆောင်တွေကတော့ အတိအကျပြောလို့မရသေးပါဘူးရှင်။
-လက်ရှိမှာ နယ်ရှိုးတွေရော လက်ခံထားတာရှိဦးမလား။
ဟုတ်ကဲ့။ အိုင်းရင်းက အခုလောလောဆယ် မန္တလေးကပြန်ရောက်တာပါ။ နောက်ရန်ကုန်မှာလဲ ပွဲတွေလက်ခံထားတာရှိပါတယ်။ နောက်ရှေ့လမှာလဲ ပွဲတွေလက်ခံထားတာရှိပါတယ်။
-ယိမ်းလိုက်နဲ့ချစ်လို့ဆိုတဲ့ အခွေ၂ခွေကို အိုင်းရင်းအနေနဲ့ နှိုင်းယှဉ်ပြပါဆိုရင်ရော။
ဆိုနေကျပုံစံမဟုတ်တာတွေက ဒီချစ်လို့ဆိုတဲ့အခွေမှာ ပါပါတယ်ရှင့်။ ပရိသတ်အားပေးမှုကတော့ ၂ခွေလုံးရတယ်။ ဒါပေမဲ့ ပထမအခွေကတော့ စမ်းတ၀ါးဝါးတော့ဖြစ်တယ်။ အသစ်တစ်ယောက်လဲဖြစ်နေတာကိုး။ ကိုယ့်ဟာကိုယ် ပြန်ကြည့်တဲ့အခါမှာ မှားတဲ့အခါလေးတွေလဲရှိတယ်။ ပရိသတ်ကတော့ အရမ်းကြိုက်ကြတယ်လို့ပြောပေမဲ့ အဲ့ဒီအခွေထဲမှာ သီချင်းအေးတာလေးတွေ အရမ်းများသွားတယ်လို့သိလိုက်တဲ့အခါမှာ ဒီချစ်လို့ဆိုတဲ့အခွေကျတော့ ကိုယ်ကြိုက်တာကိုလဲ ထည့်လုပ်ဖြစ်သလို ပရိသတ်ကြိုက်မယ်လို့ထင်တဲ့ပုံစံလေးတွေတော့လုပ်ဖြစ်တယ်။ ဒုတိယအခွေမှာတော့ ပိုပြီးကျေနပ်ပါတယ်။ ပိုပြီးအားရပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ယိမ်းလိုက် အခွေမှာကတည်းက ကိုယ့်ရဲ့အားနည်းချက်ကို နားလည်ပြီး တကယ်အားပေးကြတဲ့ ပရိသတ်တွေ အများကြီးရှိတော့ ပျော်တာပေါ့ရှင်။
-တက်သစ်စ လူငယ်လေးတွေအပေါ် အိုင်းရင်းရဲ့အမြင်လေးကိုလဲ သိချင်ပါတယ်။
အိုင်းရင်းကတော့ ကိုယ့်ဟာကိုယ်ကြိုးစားတယ်။ ကြိုးစားတဲ့အလျောက်လဲ နေရာလေးတစ်နေရာရလာတဲ့အတွက်ကျေနပ်ပါတယ်။ အိုင်းရင်းတို့လဲအသစ်ဘ၀ကတက်လာရတာပဲလေ။ ကြိုးစားတဲ့လူငယ်တိုင်းဘယ်သူပဲဖြစ်ဖြစ် ဒီအနုပညာလောကမှမဟုတ်ပါဘူး။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကြိုးစားတဲ့သူတိုင်းအတွက်အောင်မြင်မှုဆိုတာရှိမှာပါ။ ကြိုးစားတဲ့လူငယ်တိုင်းကိုလဲ လေးစားပါတယ်ရှင့်။
-ပြည်ပခရီးစဉ်တွေရော ၂၀၁၅ ထဲမှာလက်ခံထားတာရှိဦးမလား။
ပြည်ပခရီးစဉ်တွေကအစကလက်ခံထားတယ်။ ဒါပေမဲ့ အခက်အခဲလေးတွေကရှိတယ်။ လက်ခံထားတဲ့နိုင်ငံတွေကလဲ နိုင်ငံကြီးတွေဖြစ်တဲ့ အခါမျိုးမှာ အိုင်းရင်းကလဲ မေမေမပါပဲနဲ့ကပြည်တွင်းတောင် မသွားဖူးဘူးဆိုတော့ ဒီပြည်ပ ခရီးစဉ်မှာလဲ ဒီလိုဟာလေးတွေနဲ့သိပ်အဆင်မပြေတာလေးတွေလဲ ရှိတယ်။ ဒါပေမဲ့ အိုင်းရင်းတခြားနီးစပ်တဲ့နိုင်ငံတွေဆိုရင်တော့လဲ အဆင်ပြေနိုင်မယ် ထင်တယ်။ ပြည်ပကတော့ လောလောဆယ်မှာ မေမေမပါတဲ့ ခရီးစဉ်တွေဆိုရင် အကုန်လုံးကိုငြင်းဆန်ထားတာကြောင့်ပါ။
-ဒီ၆ နှစ်တာဖြတ်သန်းခဲ့တဲ့ တစ်လျှောက်မှာ အတိုက်အခိုက်အချို့ကိုလဲ ကြုံတွေ့ခဲ့ရမှာပဲ။ အဲ့ဒါတွေကိုရော ဘယ်လိုမျိုးကျော်လွှားခဲ့လဲ။
အိုင်းရင်းတို့က အနေလဲအေးတဲ့ အတွက်ကြောင့်မို့လို့ အတိုက်အခိုက်ဆိုတာလဲ သိပ်လဲခေါင်းထဲမှာမထည့်ထားပါဘူး။ နဂိုကတည်းကလဲ သိပ်စိတ်မ၀င်စားတတ်တဲ့ သူထဲမှာပါတဲ့ အတွက်ကြောင့် ကိုယ့်ဟာကိုယ်ကိုယ်လုပ်ချင်တဲ့ အရာတစ်ခုကိုပဲလုပ်နေတတ်တယ်။ ပတ်ဝန်းကျင်နဲ့တောင် တခါတလေကျရင် အဆက်အသွယ်ပြတ်သွားတတ်တာမျိုးဆိုတော့ အတိုက်အခိုက်တွေကို အိုင်းရင်းအနေနဲ့ သိပ်ခေါင်းထဲမထည့်တတ်တာလဲ ကံကောင်းသွားတာပေါ့နော်။ နည်းနည်းလစ်လျူရှုတတ်တဲ့ စိတ်မျိုးများတဲ့ အတွက်ကြောင့် မို့မှတ်တောင်မမှတ်မိပါဘူးရှင်။
-၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့အိုင်းရင်းရဲ့အမြင်လေးနည်းနည်းလောက်ပြောပြပေးပါဦး။
အားလုံးကတော့ ကိုယ်ယုံကြည်ရာတစ်ခုကို လုပ်ကိုင်ကြတဲ့သဘောပါပဲရှင့်။ လာမဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးက အိုင်းရင်းအနေနဲ့ အများကြီးလဲမပြောတတ်ပါဘူး။ အသက်အရွယ်အားဖြင့်လဲ အခုလိုကြီး ကျယ်ခမ်းနားတဲ့အရာတစ်ခုကို မပြောနိုင်ဘူး။ မဆိုနိုင်ဘူး။ အဓိကကတော့ လူတစ်ယောက်ချင်းစီရဲ့ယုံကြည်ရာကို ကိုယ်ကောင်းမယ်လို့ထင်တဲ့အရာကိုမဲပေးကြမှာပေါ့နော်။ ဘယ်သူကကောင်းတယ်။ ဘယ်သူက မကောင်းဘူးဆိုပြီးဝေဖန်နေမဲ့အစား ကိုယ်ယုံကြည်ရာတစ်ခုကိုပဲ ကိုယ့်ရဲ့ခံယူချက်တစ်ခုကိုပဲအကောင်းဆုံး အကောင်အထည်ဖော်သွားဖို့ပဲအရေးကြီးပါတယ်ရှင်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အိုင်းရင်းထက်ကြီးတဲ့လူကြီးတွေက စီစဉ်နေတာဆိုတော့ သူတို့ရဲ့ အဆိုးအကောင်းကို အိုင်းရင်း မဝေဖန်လိုပါဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေ အားလုံးက အိုင်းရင်းရဲ့ အဖိုးအရွယ်လဲ ရှိတယ်။ အသက်အားဖြင့်လဲကြီးတယ်။ သူတို့တွေရဲ့ အဆိုးအကောင်းကိုဝေဖန်နေရင် အိုင်းရင်းတို့လဲငရဲကြီးပါတယ်။ ကိုယ့်ငရဲကိုယ့်ကောင်းချီးနဲ့ ကိုယ်အားလုံးက ရှင်သန်ရမှာပါ။ အဲ့ဒါကြောင့်ကိုယ့်တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်မှန်ကန်ဖို့ကိုပဲ အားလုံးစုလိုက်ရင်တော့ တစ်နိုင်ငံလုံးရဲ့အကောင်းတွေပဲဖြစ်သွားမှာပါရှင့်။
-ဘယ်ပါတီကိုရော မဲပေးဖြစ်မလဲ။
အိုင်းရင်းကလောလောဆယ်မှာတော့ ကိုယ်ပေးမဲ့ပါတီကိုပြောပြဖို့အစီအစဉ်မရှိသေးပါဘူး။ ဒါပေမဲ့လဲသိတဲ့သူတွေလဲသိနေကြပါပြီ။ တချို့ကျတော့လဲ အနုပညာရှင်တွေကပါတီစွဲရှိတယ်ဆိုတဲ့အတွက်ကြောင့် အဓိကကတော့ အနုပညာရှင်မှမဟုတ်ပါဘူး။ အားလုံးကတိုင်းသူပြည်သားတွေဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရင်ထဲမှာရှိတဲ့ယုံကြည်တဲ့အရာကိုပဲလုပ်ဆောင်ကြမှာပါ။ ကိုယ့်ရဲ့ရင်ထဲမှာရှိတဲ့အရာကိုရင်ထဲမှာသိမ်းထားပြီးအဲ့ဒီနေ့ကျတော့မှ အကောင်းဆုံးအကောင်အထည်ဖော်လိုက်တာအမှန်ကန်ဆုံးဖြစ်မယ်လို့ပြောချင်ပါတယ်။
-NLD နဲ့ပတ်သက်တဲ့ သီချင်းလေးကို ဆိုထားတာလဲတွေ့ရပါတယ်။
ဟုတ်ကဲ့။ မငြိမ်းငြိမ်းအိ၊ မချမ်းချမ်း၊ မချစ်သုဝေ၊ မအိမ့်ချစ်၊ကိုလင်းလင်းတို့နဲ့ဆိုထားတာလေးတော့ရှိတယ်။ သီချင်းဆိုတာထက် ကဗျာလေးလိုပါပဲ။
-အိုင်းရင်းရဲ့အချစ်ရေးလေးကိုလဲသိချင်ပါတယ်။
အိုင်းရင်းရဲ့အချစ်ရေးကတော့ပုံမှန်ပါပဲ။ ထွေထွေထူးထူး အများကစိတ်ဝင်စားရလောက်အောင် အခုကတော့ဘယ်သူနဲ့ပါ။ နောက်ခဏနေရင် မဟုတ်တော့ပါဘူးလို့ဖြေရလောက်အောင်တော့ အိုင်းရင်းရဲ့ အချစ်ရေးကစိတ်ဝင်စားစရာကောင်းမယ်လို့မထင်ပါဘူး။
http://www.trend.com.mm/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။