Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 16, 2015

ရွေးကောက်ပွဲဆိုင်ရာဝေါဟာရများ -


ရွေးကောက်ပွဲဆိုင်ရာဝေါဟာရများ -
▬▬▬▬▬▬▬▬▬▬
၁။ Absentee ballot - ပျက်ကွက်မဲ

မဲရုံသို့လာရောက် မဲပေးရန် ပျက်ကွက်သောမဲ။ စာတိုက်မှထည့်သောမဲ သို့မဟုတ် ကာယကံရှင်ကိုယ်စား အခြားတစ်ယောက်ယောက်မှ လာထည့်သောမဲမျိုးလည်းဖြစ်နိုင်သည်။

၂။ Agent- ကိုယ်စားလှယ်

ရွေးကောက်ပွဲနှင့်ဆိုင်သော ကိစ္စများတွင် စည်းရုံးလှုံ့ဆော်ခွင့် ရှိသည့် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများအား ကိုယ်စားပြုသည့်သူ။

၃။ Ballot - မဲပေးသည်။

Vote ဟူသော အသုံးအနှုန်းနှင့် အဓိပ္ပါယ်အတူတူပင်ဖြစ်သည်။



၎။ Ballot box - မဲပုံး

မဲပေးသူများ၏ ဆန္ဒမဲများထည့်ရသည့် ချိတ်ပိတ်ထားသောပုံး။

၅။ Ballot paper - မဲပုံစံစာရွက်

မဲဆန္ဒနယ် အသီးသီးမှ ပါဝင်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများပါသော မဲပြား။ ထိုမဲပြားပေါ်တွင် ဆန္ဒမဲပေးသူများက မိမိတို့နှစ်သက်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ် မဲပေးနိုင်သည်။

၆။ Battlebus – မဲဆွယ်ယာဉ်

နိုင်ငံရေးပါတီများမှ သူတို့၏ပါတီခေါင်းဆောင်နင့် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရန် စီးသည့်မော်တော်ယာဉ်။

၇။ Budget - ရန်ပုံငွေ

ဘဏ္ဍာနှစ် တစ်နှစ်အတွင်း နိုင်ငံတော်ဘဏ္ဍာရေးနှင့် ရန်ပုံငွေအဖွဲ့ အကြီးအကဲမှ ချမှတ်ထားသည့် အစိုးရ၏ အခွန်ကောက်ခံမှုနှင့် ရန်ပုံငွေသုံးစွဲမှု။

၈။ By-election - ကြားဖြတ်ရွေးကောက်ပွဲ

အထွေထွေရွေးကောက်ပွဲကြီး နှစ်ခုကြားတွင် ပြုလုပ်သော ရွေးကောက်ပွဲ။ လက်ရှိလွှတ်တော် ကိုယ်စားလှယ်များထဲမှ တစ်ဦးဦး နှုတ်ထွက်/သေဆုံးသည့် အခါတွင်ပြုလုပ်သည်။

၉။ Cabinet - ၀န်ကြီးအဖွဲ့

ထိပ်တန်းအစိုးရအဖွဲ့ဝင် ၀န်ကြီးများစုပေါင်းထားသော အဖွဲ့ဖြစ်သည်။

၁၀။ Candidate - ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း

ရွေးကောက်ခံရန်အတွက် ရွေးကောက်ပွဲဝင်မည့်သူများ။ တစ်ခါတစ်ရံလွှတ်တော်ကို ရပ်ဆိုင်းလိုက်သည့်အခါတွင် လွှတ်တော်ကိုယ်စားလှယ်များမရှိဘဲ၊ ကိုယ်စားလှယ်လောင်းများသာ ရှိတတ်သည်။

၁၁။ Canvassing – မဲဆွယ်စည်းရုံးခြင်း

စည်းရုံးရေးကာလအတွင်းတွင် ပါတီ၏မဲဆွယ်စည်းရုံးခွင့်ရှိသူများမှ ၄င်းတို့ပါတီဝင် ကိုယ်စားလှယ်လောင်းများကို ပြည်သူများက ထောက်ခံဆန္ဒမဲပေးရန် စည်းရုံးလှုံ့ဆော်ခြင်း။

၁၂။ Coalition - ညွှန်ပေါင်း အစိုးရဖွဲ့ခြင်း

ပါတီနှစ်ခု (သို့မဟုတ်) နှစ်ခုထက်ပိုသောပါတီများ စုပေါင်း၍အစိုးရဖွဲ့ခြင်း၊ အင်အားကြီးပါတီတစ်ခုတည်းမှလွှမ်းမိုးချုပ်ကိုင်မှုမရှိခြင်း။ ယူကေတွင် ၂၀၁၀ ရွေးကောက်ပွဲ အပြီး၌ the Conservatives ပါတီနဲ့ Lib Dems ပါတီတို့ ပူးပေါင်း၍ ငါးနှစ်ကြာညွှန့်ပေါင်း အစိုးရဖွဲ့ခဲ့သည်။

၁၃။ Constituency - မဲဆန္ဒနယ်

လွှတ်တော်ကိုယ်စားလှယ် တစ်ဦးစီရွေးကောက်တင်မြှောက်နိုင်ရန်အတွက် ဒေသအလိုက်သတ်မှတ်ထားသော မဲဆန္ဒနယ်။ ယူကေတွင် မဲဆန္ဒနယ်ပေါင်း ၆၅၀ ရှိသည်။

၁၄။ Deposit - အာမခံငွေ

ကိုယ်စားလှယ်လောင်းများနှင့် ၄င်းတို့၏ပါတီများမှ မဲဆွယ်စည်းရုံးနိုင်ရန် ထည့်ဝင်ငွေ။ (ယူကေတွင် အနိုင်ရသောကိုယ်စားလှယ်လောင်းမှ ၅ ရာခိုင်နှုန်းပြန်လည် ပေးဆောင်ရသည်။)

၁၅။ Dissolution of Parliament - လွှတ်တော်ဖျက်သိမ်းခြင်း။

လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရပ်ဆိုင်းလိုက်ခြင်း။

၁၆။ Election expenses - ရွေးကောက်ပွဲ ကုန်ကျစရိတ်

ကိုယ်စားလှယ်လောင်းတွေဟာ သူတို့ရဲ့ လှုံ့ဆော်ရေးကာလတွေမှာ သတ်မှတ်ထားတဲ့ ငွေပမာဏကို သုံးစွဲခွင့်ရှိပါတယ်။ စာရင်းဇယားနဲ့ တိတိကျကျတင်ပြရမှာဖြစ်ပြီး သတ်မှတ်တာထက်ပိုမိုသုံးစွဲခွင့်မရှိပါဘူး။

၁၇။ Electoral register - ရွေးကောက်ပွဲမှတ်ပုံတင်ခြင်

သက်ဆိုင်ရာမဲဆန္ဒနယ်တွင် ရွေးကောက်ခံရန် စာရင်းတင်သွင်းခြင်း၊ မဲစာရင်းဟုလည်းခေါ်သည်။

၁၈။ Exit Poll - မဲရုံဝတွင် ကောက်သောစစ်တမ်း။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ သုတေသနပြုသူများက မဲထည့်ပြီးပြန်လာသူများကို ဘယ်လိုမဲထည့်ခဲ့သလဲ စသဖြင့် မေးမြန်းကာ သုတေသနလုပ်ထားသည့် လူထုသဘောထားစစ်တမ်း။

၁၉။ First past the post - မဲအများဆုံးရသူက အနိုင်ရသောစနစ်

ယူကေ၏ ရွေးကောက်ပွဲစနစ်တွင် ဖော်ပြသော အသုံးအနှုန်းဖြစ်သည်။ သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် မဲအများဆုံးရရှိသော ကိုယ်စားလှယ်လောင်းက အနိုင်ရသော စနစ်ဟု အဓိပ္ပါယ်ရသည်။

၂၀။ General election - အထွေထွေရွေးကောက်ပွဲ

အောက်လွှတ်တော်တွင် ရွေးချယ်ခံရရန်အတွက် ပြိုင်ဆိုင် အရွေးခံခြင်း။

၂၁။ Hung parliament - သရေပွဲဖြစ်သွားသော လွှတ်တော်

ရွေးကောက်ပွဲနောက်ပိုင်းတွင် ပါတီတစ်ခုတည်းက လွှမ်းမိုးအနိုင်ယူထားခြင်းမရှိသော လွှတ်တော်။ အနိုင်ရပါတီကအခြားပါတီတစ်ခုခု (သို့မဟုတ်) ပါတီများနှင့် ညွှန်ပေါင်းအဖွဲ့ ဖွဲ့ထားသော လွှတ်တော်။

၂၂။ Landslide - မဲပြတ်အနိုင်ရခြင်း

မဲဆန္ဒနယ်တွင် ပါတီတစ်ခုမှ မဲအရေအတွက် အများဆုံးဖြင့် အပြတ်အသတ်အနိုင်ရရှိခြင်း။

၂၃။ Majority government – မဲအများစုရ အစိုးရအဖွဲ့

အောက်လွှတ်တော်တွင် မဲစာရင်းတစ်ဝက်ကျော်အနိုင်ရရှိထားသော ပါတီမှဖွဲ့ထားသော အစိုးရအဖွဲ့။

၂၄။ Manifesto – ပါတီ၏မူဝါဒကိုကြေငြာခြင်း

ယေဘူယျအားဖြင့် စည်းရုံးရေးကာလများတွင် ပါတီ၏မူဝါဒ၊ နိုင်ငံရေးသဘောထားများကို ပြည်သူများသိအောင် ပုံနှိပ်ထုတ်ဝေခြင်း။ အစိုးရအဖွဲ့တစ်ခုသည် ၄င်းတို့ချမှတ်ထားသည့် မူဝါဒလမ်းစဉ်များအပေါ် မည်မျှတာဝန်ကျေအောင် လုပ်နိုင်သည်ကိုကြည့်၍ ဆုံးဖြတ်ခြင်းခံရသည်။

၂၅။ Marginal constituencies - အနိုင်အရှုံးကွာဟမှုနည်းသော မဲဆန္ဒနယ်

အနိုင်ရပါတီများကြားတွင် မဲအရေအတွက် ကွားခြားမှုနည်းသော မဲဆန္ဒနယ်။

၂၆။ Minority government – အမတ်နေရာနဲနဲနှင့် ဖွဲ့သော အစိုးရအဖွဲ့
အောက်လွှတ်တော်တွင် အနိုင်ရမဲ အရေအတွက်နဲနဲနှင့် ဖွဲ့ထားသော အစိုးရအဖွဲ့

၂၇။ MP (Member of Parliament) - လွှတ်တော်ကိုယ်စားလှယ်
အထက်လွှတ်တော်နှင့် အောက်လွှတ်တော် မှကိုယ်စားလှယ်များဖြစ်သည်။ ရွေးကောက်ပွဲကျင်းပချိန်တွင် ပါလီမန်ကိုဖျက်သိမ်းပြီး နောက်တစ်ကြိမ် ရွေးကောက်တင်မြှောက်သည်အထိ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမျှ မရှိပေ။

၂၈။ Opinion poll - ပြည်သူ့သဘောထား စစ်တမ်း
အကြောင်းအရာ တစ်ခု(သို့မဟုတ်) တစ်ခုထက်ပိုသော အကြောင်းအရာများအပေါ်တွင် ပြည်သူတွေရဲ့ သဘောထားများကို လေ့လာ၍ စစ်တမ်းကောက်ထားခြင်းဖြစ်သည်။

၂၉။ Opposition - အတိုက်အခံပါတီ
အစိုးရအဖွဲ့ မဟုတ်သော အင်အားအကြီးဆုံးပါတီကို အတိုက်အခံပါတီဟု ဆိုလိုသည်။

၃၀။ Party Election Broadcast (PEB) – ရုပ်သံဌာနများမှ မဲဆွယ်စည်းရုံးခြင်း
ရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာနများမှတဆင့် နိုင်ငံရေးပါတီများမှ သတ်မှတ်ထားသော အချိန်အတွင်းတွင် မဲဆွယ်စည်းရုံးဟောပြောခြင်း

၃၁။ Personation – အယောင်ဆောင်မဲပေးခြင်း
အခြားသူတစ်ယောက်ကဲ့သို့ဟန်ဆောင်မဲပေးခြင်းကို ဆိုလိုသည်။

၃၂။ Poll - မဲပေးခြင်း
မဲပေးခြင်း (vote) သို့မဟုတ် ရွေးကောက်ပွဲ (election) တို့နှင့် အဓိပ္ပါယ်တူသော စကားလုံးဖြစ်သည်။

၃၃။ Polling Clerk - မဲရုံစာရေး
မဲရုံတွင် မဲစာရင်းများကို စစ်ဆေး၍ အတည်ပြုပေးပြီး၊ မဲပေးမည့်သူများကို မဲရုံတွင် စနစ်တကျမဲပေးနိုင်ရန် ကူညီပေးသောသူ။

၃၄။ Polling day – ရွေးကောက်ပွဲ ကျင်းပသောနေ့
Election day နှင့် အတူတူပင်ဖြစ်သည်။

၃၅။ Polling station - မဲရုံ
ပြည်သူများမဲပေးရန် သွားရသည့်နေရာ။

၃၆။ Postal vote – ကြိုတင်မဲ
မဲပေးရမည့်နေတွင် မဲရုံသို့မလာနိုင်သော သူများ၏ တောင်းဆိုချက်အရစာတိုက်မှ ကြိုတင်မဲပေးခြင်း။

၃၇။ Proportional representation (PR) – အချိုးကျ ကိုယ်စားပြုစနစ်
လွှတ်တော်ကိုယ်စားလှယ်အတွက် ပါတီဝင်များကို အချိုးကျမဲပေးရသော စနစ်ဖြစ်သည်။

၃၈။ Presiding officer – မဲရုံအုပ်ချုပ်ရေးမှူး၊ မဲရုံမှူး
မဲရုံတွင် မဲစာရင်းများကို သေချာမှုရှိစေရန် စနစ်တကျစီမံခန့်ခွဲပေးရသောသူ။ မဲပုံးများကို လုံခြုံစွာ ထိမ်းသိမ်းထားရန်နှင့် မဲစာရင်းများရေတွက်မည့်နေရာသို့ လုံခြုံစွာလွဲပြောင်းပေးရန် တာဝန်ယူထားရသူ။

၃၉။ Proxy vote - ကာယကံရှင်ကိုယ်စား အခြားတစ်ယောက်ကထည့်ပေးသောမဲ
မဲရုံသို့ မလာနိုင်သောသူများက လျှောက်ထားတောင်းဆိုသည့်အခါ ထိုသို့မလာနိုင်သောသူများအတွက် အခြားသူများက ကိုယ်စားထည့်ပေးရသောမဲ။

၄၀။ Psephology - ရွေးကောက်ပွဲတွင် မဲပေးမှုပုံစံကို လေ့လာခြင်း
မဲပေးပုံနှင့် မဲပေးသည့် စနစ်ကို လေ့လာသောပုံစံဖြစ်သည်။

၄၁။ Recount – မဲအရေအတွက်ပြန်လည်စီစစ်ခြင်
မဲရုံပိတ်ပြီးနောက် ကိုယ်စားလှယ်လောင်းမှ မဲအရေအတွက်ကို ပြန်လည်စီစစ်ရန် တောင်းဆိုခြင်း။ ကိုယ်စားလှယ်လောင်း ကျေနပ်သည်အထိ မဲအရေအတွက်ကို ထပ်ကာထပ်ကာရေတွက်နိုင်သည်။

၄၂။ Referendum - ပြည်သူ့ဆန္ဒခံယူပွဲ
အကြောင်းအရာတစ်ခုပေါ်တွင် တစ်နိုင်ငံလုံး၏ သဘောတူညီချက်ကို ရယူခြင်း။

၄၃။ Returning officer - မဲအနိုင်အရှုံးကြေငြာသူ အရာရှိ
မဲဆန္ဒနယ် အသီးသီးတွင် ရွေးကောက်ပွဲအတွက် မဲအနိုင်အရှုံးကြေငြာနိုင်ရန် တရားဝင်ခန့်အပ်ထားခြင်း ခံရသောသူ။

၄၄။ Safe seat – အတိုက်အခံပြုလုပ်ရန် လုံလောက်သည့်နေရာ
လုံလောက်သော မဲအရေအတွက်အသာရနိုင်သည့် မဲဆန္ဒနယ်။ အနည်းဆုံး အခြားပါတီများထက် မဲအရေအတွက် ၁၅မှ၂၉ ရာခိုင်နှုန်းနှင့်အထက်ကို ပိုမိုရနိုင်သောနေရာ။

၄၅။ Speaker - လွှတ်တော်ဥက္ကဋ္ဌ
လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဥက္ကဋ္ဌအဖြစ် ရွေးခြယ်ခံထားရသူတစ်ယောက်ဖြစ်ပြီး၊ လွှတ်တော်၏ လုပ်ငန်းလည်ပတ်မှုကို ဦးဆောင်ရသောသူဖြစ်သည်။

၄၆။ Spin – ကိုယ်စားလှယ်လောင်းများကို မဲပေးရန်လှုံ့ဆော်ခြင်း
လူကိုယ်တိုင် (သို့မဟုတ်) မီဒီယာမှတဆင့် မိမိနှစ်သက်သည့်ပါတီကို မဲထည့်ရန် စည်းရုံးသိမ်းသွင်းခြင်း။ ထိုအပြုအမူမျိုးကို Spin doctor ဟုလည်းခေါ်သည်။

၄၇။ Spoil ballots - ပျက်ပယ်မဲများ
မှားယွင်းစွာပေးမိသောမဲစာရွက်၊ မဲရုံအရာရှိမှ မဲပေးသည့်ပုံစံမှားယွင်းမှုကြောင့် ပျက်ပယ်မဲအဖြစ် သတ်မှတ်ထားသည့်မဲ။

၄၈။ Swing - မဲလွှဲ/ ခွဲပေးခြင်း
ပါတီတစ်ခုမှ အခြားပါတီတစ်ခုသို့ အနိုင်ရသည့်မဲကိုလွှဲပေးခြင်း။ တကယ်တမ်းတွင် မဲလွှဲပြောင်းပေးရန်မှာ ရှုတ်ထွေးသောကြောင့် ပါတီနှစ်ခုကြားတွင် ဦးဆောင်မှု အခန်းကဏ္ဍကို ခွဲဝေယူခြင်းဖြစ်သည်။

၄၉။ Tactical voting – ပရိယာယ်ဆင်ထားသောမဲပေးခြင်း
မိမိနှစ်သက်သောပါတီကို မဲမပေးပဲ တခြားပြိုင်ဖက်ပါတီကို ပရိယာယ်ဆင်၍မဲပေးခြင်း။

၅၀။ Teller - မဲစာရင်းနံပါတ်မေးသောသူ
ပါတီ၏ကိုယ်စားလှယ်ဖြစ်ပြီး မဲရုံ၏ရှေ့တွင်စောင့်ကာ မိမိပါတီကို ထောက်ခံမဲပေးမည့်သူများ၏ မဲစာရင်းနံပါတ်ကို မေးမြန်းသောသူဖြစ်သည်။ တရားဝင် ရာထူးအဆင့်သတ်မှတ်ထားခြင်းမဟုတ်ဘဲ မိမိပါတီကို ထောက်ခံမဲပေးမည့်သူများကို သေချာအောင် ကူညီပေးခြင်းဖြစ်သည်။

၅၁။ Turnout -အမှန်တကယ် မဲပေးရမည့် မဲပေးသူအရေအတွက်
မဲဆန္ဒနယ် အသီးသီးတွင် အမှန်တကယ်မဲပေးမည့်သူ ရာခိုင်နှုန်းအရေအတွက် (ကြိုတင်မဲအပါအ၀င်)။

bbc.co.uk မှ Election 2015: Glossary of election terms ကို ကိုးကားဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

မူရင်းဆောင်းပါးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။http://www.myanmar-network.net/

ရွေးကောက်ပွဲနီးလာပြီဖြစ်သည့်အတွက် ရွေးကောက်ပွဲအကြောင်းပြောဆိုရေးသားရာတွင် အထောက်အကူဖြစ်စေရန် ရွေးကောက်ပွဲနှင့် သက်ဆိုင်သော ဝေါဟာရအချို့ကိုဗဟုသုတအဖြစ် ဘာသာပြန်ဖော်ပြပေးလိုက်ပါသည်။

သတိပြုရန်မှာ အောက်ပါအခေါ်အဝေါ်များသည် ယူကေရှိရွေးကောက်ပွဲစနစ်အားအခြေခံ၍ ရေးသားထားသည့်သင်ခန်းစာကို ဘာသာပြန်ဆိုထားခြင်းကြောင့် မြန်မာရွေးကောက်ပွဲစနစ်တွင်သုံးသည့်အခေါ်များဖြင့် အနည်းငယ်ကွဲလွဲနိုင်ပါသည်။


No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။