သစ်ခုတ်သမားပုံပြင်
|| ဒေါက်တာခင်မောင်ညို ||
တစ်နေ့က ကျွန်တော့်ဆီကို ဂျပန်မှ မိတ်ဆွေ ကိုမိုက်ကယ် ဖုန်းဆက်လာသည်။
“ကျွန်တော် ရန်ကုန်ရောက်လာပြီ ဆရာညို”
“ကောင်းတယ်။ ကျွန်တော်တို့ တွေ့ရအောင်လေ။ လက်ဖက်ရည်သောက်ရအောင် စိတ်တိုင်းကျကို ကြွပါလား”
“ညနေဘက် ဆုံရင်ပိုကောင်းမလားလို့ စိုစိုပြည်ပြည်လေးရှိတာပေါ့။ ကျွန်တော် ဂျပန်က ဆာကေးပါလာတယ်”
“ဒါလည်းကောင်းတာပါပဲ”
သူက ဆာကေးပါလာသည်ဆိုသောကြောင့် ကျွန်တော်ပြုံးမိပါသည်။ ဆာကေးဆိုသည်မှာ ဂျပန်တောအရက်ပါပဲ။ ကိုရီးယားတို့ကတော့ သူတို့အရက်ကို ဆိုဂျုဟုခေါ်သည်။
ကျွန်တော်တို့ ဘီလူးကျွန်းတွင် “တော” ဟုခေါ်သည်။ နောက်ပိုင်း တောအရက်တော်တော်များများကို ထွေးညိုဟုခေါ်သည်။ အမှန်တော့ စီးပွားရေးအမြင်အရကြည့်လျှင် ထွေးညိုဟူသောအမည်ကို မြန်မာက မှတ်ပုံတင်ထား သင့်သည်။ နိုင်ငံခြားသားတွေက အရက်နှင့်ပတ်သက်ပြီး အမည်မျိုးစုံပေးတတ်ကြသည်။
ဥပမာ ရုရှားက Vodka ထုတ်သည်။ Vodka သည် အရောင်မရှိ၊ အနံ့မရှိသော အရက်ပြင်းဖြစ်သည်။ အမေရိကန်တို့က ကြက်မြီးပါတီတွင် ရောသုံးသည်။ အင်မတန်ပေါ်ပြူလာ ဖြစ်သည်။ အမေရိကန်က Vodka အမည်ဖြင့် အရက်ထုတ်သည့်အခါ ရုရှားကတားမြစ်လေသည်။
ထို့အတူ Scotch ၀ီစကီကို အခြားနိုင်ငံ Scotch ဟူသောအမည်ကို ယူသုံးခွင့်မရှိပေ။ Scotch ဆိုသည်မှာ စကော့တလန်က လူမျိုးဖြစ်၍ သူတို့လူမျိုးအမည်ကို အရက်မှာ မသုံးဖို့ အချို့ကန့်ကွက်ကြသည်။ သို့သော် အတော်လေးကို နောက်ကျသွားပြီဖြစ်သည်။
ထို့အတူ မေမြို့ပတ်ဝန်းကျင်တွင်ခေါ်သော ဂေါ်ရချိုဆိုသော အရက်အမည်ကို ဂေါ်ရခါး လူမျိုးတွေက မကြိုက်ကြပေ။
“တကယ်ချက်တာက ခင်ဗျားတို့ပြည်မကလာတဲ့ လူတွေချည်းပါပဲ” ဟု ပြောရှာပါသည်။
ဥပမာတစ်ခုပြရလျှင် Angkor ဘီယာဖြစ် သည်။ Angkor Wat သည် ကမ္ဘောဒီးယားက ခမာလူမျိုးတို့ အထွတ်အမြတ်ထားရာ ဘုရားကျောင်းဖြစ်သည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်သည်။ ထိုအမည်ကို နိုင်ငံခြားသားစီးပွားရေးသမားများကယူသုံးကာ Angkor ဘီယာ ဖြစ်လာလေသည်။
Angkor ဟုပြောလျှင် အားလုံးက ဘီယာကိုသာမြင်နေကြသည်။
ဒီအကြောင်းကို တပည့်တွေကိုပြောပြတော့ သူက “ဘာထူးမှာလည်း ဆရာရယ်၊ မန္တလေး လို့ပြောရင် မန္တလေးဘီယာလို့ပဲ မြင်နေကြတယ်မဟုတ်လား” ဟု ပြောရှာပါသည်။
ယနေ့ မြန်မာဟုဆိုလျှင်ပင် မြန်မာဘီယာကိုသာ ပြေးမြင်သူတွေ အများကြီးရှိနေပါသည်။
( ၂ )
ထိုညက ကိုမိုက်ကယ်ကို ရှန်ကလီယာဟိုတယ် အနောက်ဘက်လမ်းရှိ ဆိုင်လေးတစ်ဆိုင်တွင် ချိန်းလိုက်ပါသည်။ ကျွန်တော်သည် အဖော်ရအောင်ဆို၍ ဆရာကိုဘသစ်ကိုပါ ချိန်းလိုက်ပါသည်။ ကိုဘသစ်သည် ဂျပန်တွင် နှစ်အနည်းငယ်နေဖူးသူဖြစ်၍ မိုက်ကယ်နှင့်လည်း ဆုံဖူးပါသည်။
ဒီစကားဝိုင်းကတော့ လက်ဖက်ရည်ဝိုင်းနှင့်မတူပါ။
မိုက်ကယ်ယူလာသော ဆာကေးသုံးပုံ နှစ်ပုံကျိုးသွားသောအခါ အာသွက်လျှာသွက် ဖြစ်ကြသည်။
“ကျွန်တော်သိတဲ့ ပုံပြင်လေးတစ်ပုံရှိတယ်”
ကိုမိုက်ကယ် အစချီလိုက်သည်။
“တစ်ခါက သစ်ခုတ်သမားတစ်ယောက်ဟာ သစ်ပစ်တစ်ပင်ကို သွားခုတ်သတဲ့”
“ဒါဆို အချုပ်ကျမှာ သေချာတယ်”
“ဘာဖြစ်လို့လဲ”
“သစ်တစ်ပင်ခုတ် အချုပ်သုံးနှစ်ဆိုထားတာကိုး”
“မနောက်ပါနဲ့ ကိုဘသစ်ရာ။ သစ်တစ်တောလုံးခုတ်တာတောင် အချုပ်ရှစ်ရက်တည်း ကျတဲ့သူတွေရှိသေးတာပဲ” ဟု ကျွန်တော်က ၀င်ပြောရသည်။ ကိုမိုက်ကယ်က “ဒါပေမဲ့ ဒါကပုံပြင်လေ” ဟု ဆက်ပြောသည်။
“ဒါဆိုလည်း ဆက်ပြီးပြော”
“သူဟာ ကမ်းနားမှာ သစ်ခုတ်ရင်းနဲ့ ပုဆိန်ရေထဲပြုတ်ကျသွားတယ်တဲ့”
“ဒီပုံပြင် ကြားဖူးပြီးသားပါ”
“အကျင့်စာရိတ်္တနဲ့ပတ်သက်ပြီး ဒီလိုပြောကြတယ်လေ”
ကျွန်တော်တို့နှစ်ယောက် ကန့်ကွက်ကြသည်။
“ကြားဖူးပေမယ့် ဆက်ပြောမယ်။ ဒါက ဧရာဝဏ်ဂျာနယ်မှာပါတာ။ သစ်ခုတ်သမားက သူ့ရဲ့ ပုဆိန်ရလိုမှုနဲ့ နတ်တွေကို တိုင်တည်တာပါ။ သူ့ရဲ့ပုဆိန်ဟာ ဘယ်သတ်္တ၀ါကိုမှဘေး မပြုဖူးပါ။ သစ်ပင်ကိုသာ ခုတ်ပါသည်။ ဒီတော့ သူဟာ နတ်တို့ဟာ သူ့ကိုပုဆိန်ပြန်ပေးပါလို့ တိုင်တည်သတဲ့။ ဒီတော့ တောစောင့်နတ်၊ မြေစောင့်နတ်၊ ရေစောင့်နတ် သုံးပါးဟာ မျက်နှာချင်းဆိုင်ထိုင်ပြီး ဆွေးနွေးကြတယ်”
“သုံးပွင့်ဆိုင် ဆွေးနွေးပွဲပေါ့”
“သူတို့ သုံးပါးဟာ ဘယ်တော့မှ မတည့်ကြဘူး။ တောစောင့်နတ်ကလည်း သူ့အပင်တွေ ရေတိုက်စားလို့ ကုန်ပြီပြောတယ်။ မြေစောင့်နတ်ကလည်း သစ်ပင်တွေ မရှိတော့လို့ မြေကြီးတွေကို ရေတိုက်စားသွားတယ်လို့ တောစောင့်နတ်ကိုရော ရေစောင့်နတ်ကိုရော အပြစ်တင်ပြောကြားတယ်။ ရေစောင့်နတ်က ဒါသူ့အပြစ်မဟုတ်ဘူး။ မိုးစောင့်နတ်ကြောင့်ဖြစ်ရလို့ဆိုတော့ မိုးနတ်မင်း ကိုခေါ်ရတာပေါ့။ ဒါကြောင့် လေးပွင့်ဆိုင်ဆွေး နွေးပွဲဖြစ်သွားတယ်။ ဒီအခါ မိုးနတ်သားကလည်း ကမ္ဘာကြီးပူနွေး လို့ဖြစ်တာပဲ။ နောက်ဆုံးကျတော့ သူတို့ဆွေးနွေးပွဲကျေလည်သွားပြီး သစ်ခုတ်သမားကို ပုဆိန်ပြန်ပေးဖို့ ဆုံးဖြတ် လိုက်ကြသတဲ့”
“ကန့်ကွက်တယ်”
“ဘာဖြစ်လို့လဲ။ တညီတညွတ်တည်း ဆုံးဖြတ်တာပဲ”
“ကန့်ကွက်ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲက ဆုံးဖြတ်ချက်ချနိုင်တယ်ဆိုတာ မဖြစ်နိုင်လို့ပါ”
“သူတို့က နတ်တွေကိုး ဆက်ပြောမယ်။ ပထမနတ်တွေဟာ သစ်ခုတ်သမားကို ရွှေပုဆိန်ပေးတယ်။ မယူဘူး။ ငွေပုဆိန်ပေးတယ်။ မယူဘူး။ နောက်ဆုံး သူ့ပုဆိန်အပဲ့လေးကိုပေးတော့မှပဲ ယူတော့တယ်။ နတ်တွေဟာ သဘောကျပြီး ပုဆိန်သုံးခုလုံးကို သစ်ခုတ်သမားကို ပေးလိုက်တယ်”
“ပုံပြင်လေးဟာ ဒီမှာပြီးသွားတယ် မဟုတ်လား”
“မပြီးဘူး”
“ဘာကြောင့်လဲ”
“သစ်ခုတ်သမားကို ရွှေပုဆိန်လည်း ပေးလိုက်တာကြားရော သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်လိုက်တဲ့ လူဆိုးတွေက ဓားနဲ့ဝင်ခုတ်ပြီး ရွှေပုဆိန်ကို လုယူသွားကြတယ်တဲ့”
“ဒါလည်း ဟုတ်တာပဲ။ ဒီရွှေပု့ဆိန်ကို သူတို့ ဘာလုပ်လဲ”
“ရွှေဆိုင်သွားရောင်းတာပေါ့။ ရွှေဆိုင်က ရွှေဟုတ်မဟုတ် စစ်ဆေးတယ်”
“နတ်တွေပေးထားတာပဲ။ ၁၆ ပဲရည် အစစ်နေမှာပေါ့”
“ဟုတ်ပါတယ်။ ဒါပေမဲ့ နတ်တွေက သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ရထားတဲ့လူဆိုးတွေဟာ သူတို့ပေးထားတဲ့ရွှေကို ခိုးယူသွားတာ စိတ်ဆိုးတယ်။ ဒီတော့ ဒီလူဆိုးတွေ ဒုက္ခရောက်အောင် ရွှေအတုဖြစ်အောင် ပြောင်းပေးလိုက်ပါသတဲ့”
“ဒီနေရာမှာ ဇာတ်ရှိန်မြင့်လာပြီ”
“ဒီနေရာမှာ ရွှေဆိုင်ရှင်က ရဲကိုအကြောင်း ကြားလိုက်တော့ ရဲတွေရောက်လာတယ်”
“ရဲဖမ်းတာပေါ့”
“ဖမ်းတော့ဖမ်းပါတယ်။ ထောင်ကလွှတ် လိုက်တဲ့ လူဆိုးကအဖမ်းမခံဘဲ ပြန်ခုတ်လိုက်တော့ ရဲတစ်ယောက်သေဆုံးသွားတယ်”
“အရင်အပတ်က အသုဘချသွားတဲ့ ရဲလား”
“ရဲကိုတောင်သတ်သလား”
ကျွန်တော်တို့နှစ်ယောက် တစ်ယောက်တစ်ပေါက်မေးသည်ကို ကိုမိုက်ကယ်က “သူတို့ လူဆိုးတွေလေ” ဟု ဖြေသည်။ သို့သော် ကိုဘသစ်က “ဒါကထောင်ကလွှတ်ပေးတဲ့ လူဆိုးကိုး၊ သမ္မတကြီးအမိန့်နဲ့ လွှတ်ပေးတာ”
“ကိုဘသစ်၊ ဒီစကားကိုပဲ ထပ်ကာထပ်ကာ ပြောနေတယ်။ ခင်ဗျားမူးနေပြီလား”
“မမူးသေးဘူးဗျ။ မယုံရင် ကျွန်တော်ဒီနေရာမှာ ကျွမ်းထိုးပြမယ်”
“ဟား ...ဟား ...ဟား”
( ၃ )
ကိုမိုက်ကယ်ပြန်သွားတော့ ကိုဘသစ်ကို ကျွန်တော် လိုက်ပို့ပါသည်။ လမ်းတွင် သူ့ကိုပြောသည်။
“ကိုဘသစ် ဘာလို့ မိုက်ကယ်ပြောတာကို ကန့်လန့်တိုက်ပြောရတာလဲ”
“ကန့်လန့်တိုက်တာ မဟုတ်ပါဘူး။ သူ မြန်မာပြည်အကြောင်း သိလာအောင်လို့ပါ”
၂၀၁၀ က သူတို့စောင့်ကြည့်သည်။ ၂၀၁၅ တွင် သူတို့ပြန်လာကြသည်။ ၂၀၁၅ နိုဝင်ဘာလတွင် ရွေးကောက်ပွဲကျင်းပမည်။ အင်မတန် အရေးကြီးသည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သဘောပေါက်သူအများ ရင်ခုန်လှုပ်ရှားနေကြသည်။
အဓိကကတော့ ဒီမိုကရေစီအပြောင်းအလဲကို မျှော်နေကြခြင်းပင်ဖြစ်သည်။ လူငယ်အများသည် အာဏာရှင် အုပ်ချုပ်မှုအနှစ် ၅၀ ကျော်ကို မီခဲ့သည်။ ပြီးတော့ ဒီမိုကရေစီလမ်း ကိုသွားသည်ဟုဆိုသော်လည်း တရားဥပဒေ မစိုးသောဖြစ်ရပ်များကို ဆက်လက်ဆောင်ရွက် ကြသည်။ ပို၍တောင် များလာသည်။ ငါ့လှေငါထိုး ပဲခူးရောက်ရောက် လုပ်ကြသည်။ လှေပေါက်ကြီးဆိုတော့ ပဲခူးလည်း မရောက်နိုင်ကြပါ။ ကျွန်တော်တို့လူငယ် အများအပြား စိတ်ဓာတ်တွေ ပျက်ပြားကုန်တော့သည်။ ဆိုလိုတာက လူငယ်များအစွန်းနှစ်ဖက်ရောက်ကုန်သည်။
တစ်ဖက်အစွန်းကတော့ ငွေ၊ ရာထူး၊ လုပ်ပိုင်ခွင့်၊ အာဏာ ဒါတွေနောက်လိုက်သွားသည်။ လူငယ်အတော်များများသည် ငွေပေးအ၀ယ်ခံရလေဖြစ်သည်။ နောက်တစ်ဖက်က လူငယ်တွေကတော့ သူတို့ဘ၀ကို မုန်းတီးမှုတွေဖြင့် တည်ဆောက်ကြသည်။ အစိုးရသည် အသွင် ပုံစံအမျိုးမျိုးပြောင်းကာ လူတွေကို ချုပ်ချယ်ဖိ နှိပ်ကြတာကို အားလုံးသိနေကြသည်။ ယနေ့ ပုံစံကိုကြည့်ပါ။ သူတို့သည် ပုဆိန်တင်မကပါဘူး။ Chainsaw များဖြင့် သစ်တောများကို ခုတ်ထွင်နေသူများ ဖြစ်နေကြပါသည်။ လတ်တလော နိုင်ငံတကာထောက်ခံမှုအတွက် ရွေးကောက်ပွဲလုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။
ပြောင်းလဲမှုအတွက် များစွာကြိုးစားရပေမည်။
“မိုက်ကယ်တို့လိုလူငယ်တွေဟာ မြန်မာပြည်ပြန်လာပြီး ပြန်လည်ထူထောင်ဖို့ ကြိုးစား ချင်ကြတာမဟုတ်လား”
“ဟုတ်တယ်လေ။ ဒါ ကောင်းတယ်မဟုတ်လား”
“ကောင်းတော့ ကောင်းပါတယ်။ ဒါပေမဲ့ သူတို့ အခြေအနေမှန်ကို သိထားရမယ်။ ပုဆိန်သုံးခုလုံးရရင်တော့ အသတ်ခံရမှာသေချာတယ်။
“ဟုတ်ပါ့မလား”
“တလောကတောင် ကုန်းသီးနဲ့ပစ်သေးတာပဲ”
“ရွှေပုဆိန်၊ ငွေပုဆိန်၊ သံပုဆိန် တဲ့၊ သုံးခုလုံးဟာ တန်ဖိုးရှိတာပဲ”
“မဟုတ်တဲ့သူလက်ထဲ ရောက်သွားလို့ကတော့ ...”
ဒေါက်တာခင်မောင်ညို
The Ladies News Journal ပါ ဆောင်းပါး
|| ဒေါက်တာခင်မောင်ညို ||
တစ်နေ့က ကျွန်တော့်ဆီကို ဂျပန်မှ မိတ်ဆွေ ကိုမိုက်ကယ် ဖုန်းဆက်လာသည်။
“ကျွန်တော် ရန်ကုန်ရောက်လာပြီ ဆရာညို”
“ကောင်းတယ်။ ကျွန်တော်တို့ တွေ့ရအောင်လေ။ လက်ဖက်ရည်သောက်ရအောင် စိတ်တိုင်းကျကို ကြွပါလား”
“ညနေဘက် ဆုံရင်ပိုကောင်းမလားလို့ စိုစိုပြည်ပြည်လေးရှိတာပေါ့
“ဒါလည်းကောင်းတာပါပဲ”
သူက ဆာကေးပါလာသည်ဆိုသောကြောင့် ကျွန်တော်ပြုံးမိပါသည်။ ဆာကေးဆိုသည်မှာ ဂျပန်တောအရက်ပါပဲ။ ကိုရီးယားတို့ကတော့ သူတို့အရက်ကို ဆိုဂျုဟုခေါ်သည်။
ကျွန်တော်တို့ ဘီလူးကျွန်းတွင် “တော” ဟုခေါ်သည်။ နောက်ပိုင်း တောအရက်တော်တော်များများကို
ဥပမာ ရုရှားက Vodka ထုတ်သည်။ Vodka သည် အရောင်မရှိ၊ အနံ့မရှိသော အရက်ပြင်းဖြစ်သည်။ အမေရိကန်တို့က ကြက်မြီးပါတီတွင် ရောသုံးသည်။ အင်မတန်ပေါ်ပြူလာ ဖြစ်သည်။ အမေရိကန်က Vodka အမည်ဖြင့် အရက်ထုတ်သည့်အခါ ရုရှားကတားမြစ်လေသည်။
ထို့အတူ Scotch ၀ီစကီကို အခြားနိုင်ငံ Scotch ဟူသောအမည်ကို ယူသုံးခွင့်မရှိပေ။ Scotch ဆိုသည်မှာ စကော့တလန်က လူမျိုးဖြစ်၍ သူတို့လူမျိုးအမည်ကို အရက်မှာ မသုံးဖို့ အချို့ကန့်ကွက်ကြသည်။ သို့သော် အတော်လေးကို နောက်ကျသွားပြီဖြစ်သည်။
ထို့အတူ မေမြို့ပတ်ဝန်းကျင်တွင်ခေါ်ေ
“တကယ်ချက်တာက ခင်ဗျားတို့ပြည်မကလာတဲ့ လူတွေချည်းပါပဲ” ဟု ပြောရှာပါသည်။
ဥပမာတစ်ခုပြရလျှင် Angkor ဘီယာဖြစ် သည်။ Angkor Wat သည် ကမ္ဘောဒီးယားက ခမာလူမျိုးတို့ အထွတ်အမြတ်ထားရာ ဘုရားကျောင်းဖြစ်သည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်သည်။ ထိုအမည်ကို နိုင်ငံခြားသားစီးပွားရေးသမ
Angkor ဟုပြောလျှင် အားလုံးက ဘီယာကိုသာမြင်နေကြသည်။
ဒီအကြောင်းကို တပည့်တွေကိုပြောပြတော့ သူက “ဘာထူးမှာလည်း ဆရာရယ်၊ မန္တလေး လို့ပြောရင် မန္တလေးဘီယာလို့ပဲ မြင်နေကြတယ်မဟုတ်လား” ဟု ပြောရှာပါသည်။
ယနေ့ မြန်မာဟုဆိုလျှင်ပင် မြန်မာဘီယာကိုသာ ပြေးမြင်သူတွေ အများကြီးရှိနေပါသည်။
( ၂ )
ထိုညက ကိုမိုက်ကယ်ကို ရှန်ကလီယာဟိုတယ် အနောက်ဘက်လမ်းရှိ ဆိုင်လေးတစ်ဆိုင်တွင် ချိန်းလိုက်ပါသည်။ ကျွန်တော်သည် အဖော်ရအောင်ဆို၍ ဆရာကိုဘသစ်ကိုပါ ချိန်းလိုက်ပါသည်။ ကိုဘသစ်သည် ဂျပန်တွင် နှစ်အနည်းငယ်နေဖူးသူဖြစ်၍ မိုက်ကယ်နှင့်လည်း ဆုံဖူးပါသည်။
ဒီစကားဝိုင်းကတော့ လက်ဖက်ရည်ဝိုင်းနှင့်မတူပါ။
မိုက်ကယ်ယူလာသော ဆာကေးသုံးပုံ နှစ်ပုံကျိုးသွားသောအခါ အာသွက်လျှာသွက် ဖြစ်ကြသည်။
“ကျွန်တော်သိတဲ့ ပုံပြင်လေးတစ်ပုံရှိတယ်”
ကိုမိုက်ကယ် အစချီလိုက်သည်။
“တစ်ခါက သစ်ခုတ်သမားတစ်ယောက်ဟာ သစ်ပစ်တစ်ပင်ကို သွားခုတ်သတဲ့”
“ဒါဆို အချုပ်ကျမှာ သေချာတယ်”
“ဘာဖြစ်လို့လဲ”
“သစ်တစ်ပင်ခုတ် အချုပ်သုံးနှစ်ဆိုထားတာကိုး
“မနောက်ပါနဲ့ ကိုဘသစ်ရာ။ သစ်တစ်တောလုံးခုတ်တာတောင် အချုပ်ရှစ်ရက်တည်း ကျတဲ့သူတွေရှိသေးတာပဲ” ဟု ကျွန်တော်က ၀င်ပြောရသည်။ ကိုမိုက်ကယ်က “ဒါပေမဲ့ ဒါကပုံပြင်လေ” ဟု ဆက်ပြောသည်။
“ဒါဆိုလည်း ဆက်ပြီးပြော”
“သူဟာ ကမ်းနားမှာ သစ်ခုတ်ရင်းနဲ့ ပုဆိန်ရေထဲပြုတ်ကျသွားတယ်တဲ
“ဒီပုံပြင် ကြားဖူးပြီးသားပါ”
“အကျင့်စာရိတ်္တနဲ့ပတ်သက်ပြီ
ကျွန်တော်တို့နှစ်ယောက် ကန့်ကွက်ကြသည်။
“ကြားဖူးပေမယ့် ဆက်ပြောမယ်။ ဒါက ဧရာဝဏ်ဂျာနယ်မှာပါတာ။ သစ်ခုတ်သမားက သူ့ရဲ့ ပုဆိန်ရလိုမှုနဲ့ နတ်တွေကို တိုင်တည်တာပါ။ သူ့ရဲ့ပုဆိန်ဟာ ဘယ်သတ်္တ၀ါကိုမှဘေး မပြုဖူးပါ။ သစ်ပင်ကိုသာ ခုတ်ပါသည်။ ဒီတော့ သူဟာ နတ်တို့ဟာ သူ့ကိုပုဆိန်ပြန်ပေးပါလို့ တိုင်တည်သတဲ့။ ဒီတော့ တောစောင့်နတ်၊ မြေစောင့်နတ်၊ ရေစောင့်နတ် သုံးပါးဟာ မျက်နှာချင်းဆိုင်ထိုင်ပြီး
“သုံးပွင့်ဆိုင် ဆွေးနွေးပွဲပေါ့”
“သူတို့ သုံးပါးဟာ ဘယ်တော့မှ မတည့်ကြဘူး။ တောစောင့်နတ်ကလည်း သူ့အပင်တွေ ရေတိုက်စားလို့ ကုန်ပြီပြောတယ်။ မြေစောင့်နတ်ကလည်း သစ်ပင်တွေ မရှိတော့လို့ မြေကြီးတွေကို ရေတိုက်စားသွားတယ်လို့ တောစောင့်နတ်ကိုရော ရေစောင့်နတ်ကိုရော အပြစ်တင်ပြောကြားတယ်။ ရေစောင့်နတ်က ဒါသူ့အပြစ်မဟုတ်ဘူး။ မိုးစောင့်နတ်ကြောင့်ဖြစ်ရလ
“ကန့်ကွက်တယ်”
“ဘာဖြစ်လို့လဲ။ တညီတညွတ်တည်း ဆုံးဖြတ်တာပဲ”
“ကန့်ကွက်ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲက ဆုံးဖြတ်ချက်ချနိုင်တယ်ဆိုတ
“သူတို့က နတ်တွေကိုး ဆက်ပြောမယ်။ ပထမနတ်တွေဟာ သစ်ခုတ်သမားကို ရွှေပုဆိန်ပေးတယ်။ မယူဘူး။ ငွေပုဆိန်ပေးတယ်။ မယူဘူး။ နောက်ဆုံး သူ့ပုဆိန်အပဲ့လေးကိုပေးတော့
“ပုံပြင်လေးဟာ ဒီမှာပြီးသွားတယ် မဟုတ်လား”
“မပြီးဘူး”
“ဘာကြောင့်လဲ”
“သစ်ခုတ်သမားကို ရွှေပုဆိန်လည်း ပေးလိုက်တာကြားရော သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်လိုက်တဲ့ လူဆိုးတွေက ဓားနဲ့ဝင်ခုတ်ပြီး ရွှေပုဆိန်ကို လုယူသွားကြတယ်တဲ့”
“ဒါလည်း ဟုတ်တာပဲ။ ဒီရွှေပု့ဆိန်ကို သူတို့ ဘာလုပ်လဲ”
“ရွှေဆိုင်သွားရောင်းတာပေါ့။
“နတ်တွေပေးထားတာပဲ။ ၁၆ ပဲရည် အစစ်နေမှာပေါ့”
“ဟုတ်ပါတယ်။ ဒါပေမဲ့ နတ်တွေက သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ရထား
“ဒီနေရာမှာ ဇာတ်ရှိန်မြင့်လာပြီ”
“ဒီနေရာမှာ ရွှေဆိုင်ရှင်က ရဲကိုအကြောင်း ကြားလိုက်တော့ ရဲတွေရောက်လာတယ်”
“ရဲဖမ်းတာပေါ့”
“ဖမ်းတော့ဖမ်းပါတယ်။ ထောင်ကလွှတ် လိုက်တဲ့ လူဆိုးကအဖမ်းမခံဘဲ ပြန်ခုတ်လိုက်တော့ ရဲတစ်ယောက်သေဆုံးသွားတယ်”
“အရင်အပတ်က အသုဘချသွားတဲ့ ရဲလား”
“ရဲကိုတောင်သတ်သလား”
ကျွန်တော်တို့နှစ်ယောက် တစ်ယောက်တစ်ပေါက်မေးသည်ကို ကိုမိုက်ကယ်က “သူတို့ လူဆိုးတွေလေ” ဟု ဖြေသည်။ သို့သော် ကိုဘသစ်က “ဒါကထောင်ကလွှတ်ပေးတဲ့ လူဆိုးကိုး၊ သမ္မတကြီးအမိန့်နဲ့ လွှတ်ပေးတာ”
“ကိုဘသစ်၊ ဒီစကားကိုပဲ ထပ်ကာထပ်ကာ ပြောနေတယ်။ ခင်ဗျားမူးနေပြီလား”
“မမူးသေးဘူးဗျ။ မယုံရင် ကျွန်တော်ဒီနေရာမှာ ကျွမ်းထိုးပြမယ်”
“ဟား ...ဟား ...ဟား”
( ၃ )
ကိုမိုက်ကယ်ပြန်သွားတော့ ကိုဘသစ်ကို ကျွန်တော် လိုက်ပို့ပါသည်။ လမ်းတွင် သူ့ကိုပြောသည်။
“ကိုဘသစ် ဘာလို့ မိုက်ကယ်ပြောတာကို ကန့်လန့်တိုက်ပြောရတာလဲ”
“ကန့်လန့်တိုက်တာ မဟုတ်ပါဘူး။ သူ မြန်မာပြည်အကြောင်း သိလာအောင်လို့ပါ”
၂၀၁၀ က သူတို့စောင့်ကြည့်သည်။ ၂၀၁၅ တွင် သူတို့ပြန်လာကြသည်။ ၂၀၁၅ နိုဝင်ဘာလတွင် ရွေးကောက်ပွဲကျင်းပမည်။ အင်မတန် အရေးကြီးသည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သဘောပေါက်သူအများ ရင်ခုန်လှုပ်ရှားနေကြသည်။
အဓိကကတော့ ဒီမိုကရေစီအပြောင်းအလဲကို မျှော်နေကြခြင်းပင်ဖြစ်သည်။
တစ်ဖက်အစွန်းကတော့ ငွေ၊ ရာထူး၊ လုပ်ပိုင်ခွင့်၊ အာဏာ ဒါတွေနောက်လိုက်သွားသည်။ လူငယ်အတော်များများသည် ငွေပေးအ၀ယ်ခံရလေဖြစ်သည်။ နောက်တစ်ဖက်က လူငယ်တွေကတော့ သူတို့ဘ၀ကို မုန်းတီးမှုတွေဖြင့် တည်ဆောက်ကြသည်။ အစိုးရသည် အသွင် ပုံစံအမျိုးမျိုးပြောင်းကာ လူတွေကို ချုပ်ချယ်ဖိ နှိပ်ကြတာကို အားလုံးသိနေကြသည်။ ယနေ့ ပုံစံကိုကြည့်ပါ။ သူတို့သည် ပုဆိန်တင်မကပါဘူး။ Chainsaw များဖြင့် သစ်တောများကို ခုတ်ထွင်နေသူများ ဖြစ်နေကြပါသည်။ လတ်တလော နိုင်ငံတကာထောက်ခံမှုအတွက် ရွေးကောက်ပွဲလုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။
ပြောင်းလဲမှုအတွက် များစွာကြိုးစားရပေမည်။
“မိုက်ကယ်တို့လိုလူငယ်တွေဟာ
“ဟုတ်တယ်လေ။ ဒါ ကောင်းတယ်မဟုတ်လား”
“ကောင်းတော့ ကောင်းပါတယ်။ ဒါပေမဲ့ သူတို့ အခြေအနေမှန်ကို သိထားရမယ်။ ပုဆိန်သုံးခုလုံးရရင်တော့ အသတ်ခံရမှာသေချာတယ်။
“ဟုတ်ပါ့မလား”
“တလောကတောင် ကုန်းသီးနဲ့ပစ်သေးတာပဲ”
“ရွှေပုဆိန်၊ ငွေပုဆိန်၊ သံပုဆိန် တဲ့၊ သုံးခုလုံးဟာ တန်ဖိုးရှိတာပဲ”
“မဟုတ်တဲ့သူလက်ထဲ ရောက်သွားလို့ကတော့ ...”
ဒေါက်တာခင်မောင်ညို
The Ladies News Journal ပါ ဆောင်းပါး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။