Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, September 20, 2015

နှုတ်ခမ်းသွင်ပြင်သဏ္ဍန်ကပြောသော မိန်းကလေးများအကြောင်း


နှုတ်ခမ်းသွင်ပြင်သဏ္ဍန်ကပြောသော မိန်းကလေးများအကြောင်း
--------------------------------------------------------------------------
နှုတ်ခမ်းသွင်ပြင်ကို ကြည့်ခြင်းဖြင့် လူတစ်ယောက်၏ သွင်ပြင်လက္ခဏာကို ခန့်မှန်း တွက်ချက်မှု ပြုနိုင်ကြောင်း လေ့လာတွေ့ရှိချက်များက ဆိုပါတယ်။

ပြည့်ဖြိုးသော နှုတ်ခမ်းကို ပိုင်ဆိုင်သူ၊ ကျယ်သော နှုတ်ခမ်း၊ ပါးလျားသော နှုတ်ခမ်း စသဖြင့် ဘယ်လို နှုတ်ခမ်းမျိုးဖြစ်စေ အဓိပ္ပါယ်ကိုယ်စီ ကိန်းအောင်းနေတာကြောင့် နှုတ်ခမ်းကို ကြည့်ပြီး ထိုသူရဲ့ သရုပ်ကို ခန့်မှန်းနိုင်ပါသတဲ့။
-
၁။ ပြည့်ဖြိုးသော နှုတ်ခမ်းပိုင်ရှင်

အိန်ဂျလီနာဂျိုလီတို့ စကားလတ် ဂျွန်ဆင်တို့လိုမျိုး ပြည့်ဖြိုးတင်းရင်းပြီး ညှို့အားပြင်းတဲ့ နှုတ်ခမ်းပိုင်ရှင်များကို ညွှန်းပါတယ်။ သူတို့တတွေဟာ မိမိတို့ ယုံကြည်ချက် ရှိတဲ့အတိုင်း ပြောရဲ၊ လုပ်ရဲကြသူများ ဖြစ်ပါတယ်။

သူတို့က ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်နဲ့ ဘဝကို ခိုင်ခိုင်မာမာ ရပ်တည်လေ့ ရှိကြသူများ ဖြစ်ကြပါသတဲ့။

ပြည့်ဖြိုးသော နှုတ်ခမ်းပိုင်ရှင်များဟာ သူတို့ရဲ့ အချိုးညီညီနဲ့ လှပ ခမ်းနားတဲ့ နှုတ်ခမ်းကြောင့် ဆန့်ကျင်ဘက်တို့ရဲ့ စိတ်ဝင်စားမှုကို အထူးပင် ရရှိတတ်ကြသူများလည်း ဖြစ်ပါတယ်။

ထို့အပြင် ရှုမြင်ရသူအဖို့ ထူးခြားတဲ့သူ၊ ငြင်းရက်စရာ မရှိ စွဲမက် ဖွယ် ကောင်းသူရယ်လို့ သတ်မှတ်ခြင်း ခံရလေ့ ရှိပါသတဲ့။
-
၂။ ကျယ်သော နှုတ်ခမ်းပိုင်ရှင်

ဒီအမျိုးအစား နှုတ်ခမ်းပိုင်ရှင်များကတော့ ဖျတ်လတ်တက်ကြွသူများ ဖြစ်ကြပါ သတဲ့။ Julia Roberts တို့၊ Anne Hathaway တို့လို နှုတ်ခမ်းပိုင်ရှင်များ ဖြစ် ပါတယ်။

သူတို့ဟာ ပေါင်းသင်းဆက်ဆံရေး ကျွမ်းကျင်ကြတဲ့အလျှောက် အပေါင်းအသင်း ဝင်ဆံ့ကြတဲ့ သူများဖြစ်ကြပါသတဲ့။

နောက်ပြီး စိတ်ဝင်စားမှုလည်း အင်မတန် များပြားတတ်ကြလို့ ဆုံးဖြတ်ချက် ချမှတ်ရာမှာ ဝေဝါးတတ်တဲ့ သူများ ဖြစ်တယ်လို့ ဆိုပါတယ်။ ထို့အပြင် စူးစမ်း လိုစိတ် ပြင်းပြတဲ့ သူများ ဖြစ်ကြပါတယ်။

သူတို့တတွေဟာ အကောင်းဆုံးဖြစ်အောင် ကြိုးစားတတ်ကြတဲ့အပြင် ကြိုးစားတဲ့အလျောက် ရရှိလာတဲ့ အသီးအပွင့်များကိုလည်း ခံစားရနိုင်တဲ့ အခွင့်အလမ်းများ ရှိကြပါတယ်။

ပြီးတော့ ပင်ကိုယ်စွမ်းရည် ထက်မြက်ကြသူများဖြစ်ပြီး ကိုယ့်ကံကြမ္မာ ကိုယ်တိုင် ဖန်တီးလိုစိတ် ရှိကြသူများ ဖြစ်ပါသတဲ့။
-
၃။ ဝိုင်းသော နှုတ်ခမ်းပိုင်ရှင်

ကြယ်သီးကဲ့သို့ ဝိုင်းသော နှုတ်ခမ်းကို ပိုင်ဆိုင်ကြသူများက သွားလာစူးစမ်း ရှာဖွေနေရခြင်းကို နှစ်သက်ကြတဲ့ သဘောရှိပါသတဲ့။ Rachel Bilson နဲ့ Drew Barrymore တို့လိုမျိုး နှုတ်ခမ်းပိုင်ရှင်များ ဖြစ်ပါတယ်။

သူတို့က နည်းနည်း ပြောရဆိုရခက်ပြီး လက်ပေါက်ကပ်တဲ့ အမျိုးအစားထဲမှာ ပါဝင်ကြတယ်လို့ ဆိုပါတယ်။ ထို့ပြင် လွတ်လွတ်လပ်လပ် နေထိုင်လိုစိတ် ရှိပြီး အမိန့်ပေးတာကို မနှစ်သက်ကြပါဘူး။ တချို့တွေဆို မျက်နှာများတတ်ကြ သတဲ့လေ။

သူတို့က လူတွေကို အလွယ်တကူ ဆွဲဆောင်နိုင်စွမ်းရှိကြပြီး အမြင်မှာလည်း ရိုးရှင်းပြီး ဆွဲဆောင်မှု တစ်မျိုး၊ ရသတစ်မျိုး ပေးစွမ်းနိုင်ကြတဲ့ သဘောရှိကြ ပါတယ်။ သူတို့ရဲ့ သွက်လက်ချက်ချာပြီး စိတ်ရောကိုယ်ပါ ရွှင်ပျတဲ့ ပုံပန်း သွင်ပြင်ကြောင့်လည်း အများတကာရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင် ကြပါ သတဲ့။
-
၎။ ပါးလျားသော နှုတ်ခမ်းပိုင်ရှင်

နှုတ်ခမ်းပါး ပိုင်ရှင်လေးများကတော့ ဗီဇစိတ်နဲ့ အလိုလိုသိတတ်တဲ့ စိတ် ထက်သန်ကြတယ်လို့ ဆိုပါတယ်။ သူတို့ဟာ ဆတ်ဆတ်ထိမခံတဲ့၊ အပြောအဆိုမခံတဲ့၊ အတင်စီးနည်းနည်းမှ မခံလိုတဲ့ စိတ်နေသဘောထား ရှိတတ်ကြပါသတဲ့။

နောက်ပြီး အသေးစိတ်ကအစ စေ့စပ်သေချာအောင် စိစစ်နိုင်သူများလည်း ဖြစ်ကြပါသတဲ့။ Gwyneth Paltrow နဲ့ Kate Hudson တို့ရဲ့ နှုတ်ခမ်းပါးလေးများကို ပမာပေး ရည်ညွှန်းထားပါတယ်။

နှုတ်ခမ်းပါး ပိုင်ရှင်များက မျက်နှာချိုပါသတဲ့။ သူတို့တတွေရဲ့ ရှက်ပြုံးလေးများ က မြင်ရသူအဖို့ ရင်ထဲမှာ စွဲထင်ကျန်နေရစ်နေလေအောင် ဆွဲဆောင်နိုင်တဲ့ သဘောလည်း ရှိကြပါသတဲ့။
-
၅။ လေးပုံစံကဲ့သို့ ကွေးညွတ်သော နှုတ်ခမ်းပိုင်ရှင်

အသည်းပုံလိုမျိုး၊ လေးကိုင်းလိုမျိုး ကွေးညွတ်တဲ့ နှုတ်ခမ်းပိုင်ရှင်များက လွတ်လပ်တဲ့ သဘောရှိကြသူများ ဖြစ်ပါသတဲ့။ သူတို့ဟာ ခံစားမှုကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟတတ်ကြသူများ၊ ဟန်မဆောင်တတ်သူများ အဖြစ် ဖော်ညွှန်းခံရပါတယ်။

Hayden Panettiere နဲ့ Reese Witherspoon တို့လို နှုတ်ခမ်း ပိုင်ရှင်များ ဖြစ်ကြပါတယ်။ ကွေးညွတ်တဲ့ နှုတ်ခမ်းကို ပိုင်ဆိုင်ကြသူများက အခက်အခဲများကို ကြောက်ရွံ့တတ်သူများ မဟုတ်ဘူးလို့ သိရပါတယ်။ သူတို့ လုပ်နေတဲ့ အလုပ်ကို ကျေနပ်နေတတ်သူများ ဖြစ်ကြပါတယ်။

သူတို့ဟာ သူတို့ ဘာခံစားရတယ်၊ ဘယ်လို ထင်မြင်တယ်ဆိုတဲ့ အရာများကို လူအများရှေ့ ပွင့်ပွင့်လင်းလင်း ချပြ ပြောဆိုတတ်ကြသူများ ဖြစ်ပြီး ကံတရား ကို ယုံစားကြသူများ ဖြစ်ပါသတဲ့။
-
၆။ နိမ့်ဆင်း၍ ကွေးသော နှုတ်ခမ်းပိုင်ရှင်

အဲဒီလို သွင်ပြင်ရှိတဲ့ နှုတ်ခမ်းကို ပိုင်ဆိုင်ကြသူများက တစ်သီးပုဂ္ဂလ နေထိုင် လိုကြပြီး ပဟေဠိဆန်ကြတယ်လို့ ဆိုပါတယ်။ လျှို့ဝှက်တဲ့ သဘောရှိကြသူ များ ဖြစ်ပါတယ်။ Renee Zellweger နဲ့ Natalie Portman တို့ကို ဥပမာ အနေနဲ့ ညွှန်းပါတယ်။

လူအများနဲ့ မတူဘဲ ကွဲပြားတဲ့ သူတို့ရဲ့ နေထိုင်မှု ပုံသဏ္ဍန်ကြောင့် အများရဲ့ အာရုံစူးစိုက်မှုကို ခံရတတ်ပါတယ်။ ဒါပေတဲ့ သူတို့ဟာ တခြားသူများထက် ပိုပြီး ဇဝနဥာဏ်ရွှင်ကြပါသတဲ့။

သူတို့ရဲ့ ဥာဏ်ရည်ထက်မြက်မှုကြောင့် တစ်ခါတစ်ရံ ဆန့်ကျင်ဘက်များကို အလွန်ဆွဲဆောင်စေနိုင်ပြီး တစ်ခါတစ်ရံတော့ ဇီဇာကြောင်လွန်းသော သူ၊ ခွင့်လွှတ်နားလည်ပေးရန် အင်မတန် ခက်ခဲသော လူ့ခွစာများ အဖြစ်သတ်မှတ်ခြင်း ခံရတတ်ပါတယ်။

Credit to yanmar Advertising Group - 2
K.K(ကနောင်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။