သတင်းထောက်တစ် ယောက်အတွက် စိတ်လှုပ်ရှားရသည့်အချိန်ကို ဖြေပါဟုဆိုလျှင် သတင်းဖြစ်ပွားရာဒေသသို့ ကိုယ်တိုင်ကွင်းဆင်းသတင်းသွားယူရသည့်အချိန်ဟု ဖြေရမည်ဖြစ်သည်။ ပုံမှန်မြို့ပေါ်တွင် လုပ်ရိုးလုပ်စဉ်ဖြစ်ရိုးဖြစ်စဉ် သတင်းတွေကိုလိုက်ရတာ ငြီးငွေ့လာသည့်အခါ၊ အယ်ဒီတာက နယ်မြေဒေသတစ်ခုသို့ သတင်းလိုက်ရန်တာဝန်ပေးလိုက်သည့်အခါတွင်တော့ ထိုသတင်းထောက်ခုန်ပေါက်မတတ်ပျော်ရွှင်ရပါတော့သည်။
ကျွန်တော်တို့လို ဆိုင်ကယ်စီးခွင့်ရသည့်ဒေသမှ သတင်းထောက်တွေအဖို့ ရန်ကုန်အခြေစိုက်သတင်းထောက်တွေလို အငှားယာဉ်စောင့်စီးရန်မလို။ ခရီးတစ်ခုသွားမည်ဆိုပါက မနက်စောစောကိုယ်သွားလိုသည့်အချိန် ကမန်းကတန်းထမျက်နှာသစ်ကာ ဆိုင်ကယ်ပေါ်တက်ခွ သော့ကလေးထိုးပြီး လိုရာခရီးသို့သွားလို့ရသည်။ ဆိုင်ကယ်စီးသည့် လမ်းတစ်လျှောက်သီချင်း နားထောင်တတ်လျှင် နားကြပ်ကလေးဖြင့် ခပ်တိုးတိုးဖွင့်ကာ ဘေးပတ်ဝန်းကျင်အလှအပတွေကို ခံစားရင်း ခရီးထွက်လို့ရသည်။ ဒါတွေက ရန်ကုန်မှာ မရနိုင်သည့် နယ်သတင်းထောကများ၏ ဖီလင်။
သို့သော်သွားရသည့်နေရာတွေက မြို့ကြီးပြကြီးမဟုတ်။ တောတွေ၊ တောင်တွေ၊ လူခြေပြတ်တဲ့ လမ်းတွေ၊ တစ်ကိုယ်တော်ရွက်လွှင့်လေ့ရှိသည့် သတင်းထောက်တွေဆိုလျှင် ကိုယ့်လုံခြုံရေးအတွက် ကိုယ့်ကိုယ်ကိုယ်သာ တာဝန်ယူရသည်။
နယ်တွေမှာက ဆိုင်ကယ်ရိုက်လုသည့်ဖြစ်စဉ်မျိုးတွေလည်း မကြာခဏဖြစ်ပွားတတ်တာကြောင့် အ တော်လေး သတိထားရသည်။
နယ်ဆင်းရသည့်အတွေ့ အကြုံများအနက် လွန်ခဲ့သော သုံးနှစ်ခန့်က ဧရာဝတီမြစ်ရိုးတစ် လျှောက် ကမ်းပါးပြိုသည့်ဒေသ များသို့ သတင်းသွားယူရသည့် အချိန်ကို သတိရမိသည်။ ထုံးစံ အတိုင်း ဆိုင်ကယ်တစ်စီးဖြင့် မန္တ လေးမြို့မှ မြောက်ဘက်ကို ထွက် ကာ စဥ့်ကူးနယ်ဘက်သို့ သွား သည်။ ကမ်းပါးပြိုသည့်ကျေးရွာ တွေက မြစ်အတွင်း ကျွန်းပေါ် ရွာ တွေပါလေ့ရှိတာကြောင့် မော်တော်တွေဖြင့်ပါ ဆက်ကူးရ သည်။ စိုက်ခင်းတွေထဲ ဆိုင်ကယ်ဖြတ် မောင်းရသည်။ ကမ်းပါးပြိုသည့် ကျေးရွာတွေက ဒေသခံတွေကို တွေ့ဆုံအင်တာဗျူးပြီးတော့ ည နေငါးနာရီထိုးပြီ။ နေရောင်က ဧရာဝတီမြစ်ပြင်ပေါ် မှိုင်းညို့ညို့ ဖြင့် ရဲရဲတောက်နေသည်။ မကြာ မီနေ၀င်တော့မည်။ ဒေသခံတွေ ကတော့ လာရာလမ်းအတိုင်း ပြန် ဖို့ အဆင်မပြေတော့တာကြောင့် ရွာမှာ ညအိပ်ဖို့ပြောသည်။ သို့ သော်ဂျာနယ်အတွက် သတင်းအချိန်မီတင်ရမည်မို့ အိပ်၍ မဖြစ်။ ထို့ ကြောင့်ဒေသခံတွေက အကြံ ပေးသည်။ စက်လှေဖြင့် စစ်ကိုင်း တိုင်းဘက်ခြမ်းကူးကာ ခရိုင်ချင်း ဆက်လမ်းမှတစ်ဆင့် စစ်ကိုင်းမြို့ဘက်ပြန်ဖို့။
ထိုအကြံပေးချက်အတိုင်း ဆိုင်ကယ်ကို စက်လှေပေါ်တင်၊ ဧရာဝတီမြစ်ပြင်ကိုဖြတ်ကာ ကူး သည်။ စစ်ကိုင်းတိုင်းဘက်ခြမ်း ရောက်တော့ လုံးဝမှောင်သွားပြီ။
ခရိုင်ချင်း ဆက်လမ်းဆို သည်က အခြားလမ်းတွေလို မ ဟုတ်။ လူနေအိမ်ခြေတွေနဲ့ အ တော်လေးကွာဝေးသည်။ လမ်း နှစ်ဘက်မှာ လယ်ကွင်းတွေ၊တော တွေသာရှိသည်။ လမ်းပေါ်မှာ ကျွန်တော့်ဆိုင်ကယ် တစ်စီး တည်း။ တိတ်ဆိတ်နေသည့် လမ်းမပေါ် ဆိုင်ကယ်အင်ဂျင်သံက ခြောက်ကပ်စွာ ထွက်ပေါ်နေ သည်။ တဖြည်းဖြည်းအမှောင်က ကြီးစိုးလာလေသည်။
လမ်းတစ်နေရာရောက် တော့ နောက်u ဆိုင်ကယ်တစ်စီး ထွက်ပေါ်လာသည်။ ဆိုင်ကယ် ပေါ်မှာ လူသုံးဦးပါသည်။ ဒါနှင့် အဖော်ရအောင် ထိုဆိုင်ကယ် နောက်ကပ်လိုက်သည်။ ထိုဆိုင် ကယ်ကလည်း သူ့နောက်က ဆိုင် ကယ်တစ်စီးကပ်လိုက်လာတာ ကြောင့် စိုးရိမ်သည်လားမသိ။ အမြန်မောင်းလေသည်။ ကျွန် တော်ကလည်း သူတို့မောင်းသ လောက် လိုက်မောင်းကာ ခရိုင် ချင်းဆက်လမ်းပေါ် ဆိုင်ကယ်နှစ် စီးပြေးတမ်းလိုက်တမ်းကစားနေ ရသလား ထင်ရသည်။
ထိုညက လကွယ်ညလား မသိ။ အရပ်လေးမျက်နှာမှောင် မည်းနေသည်။ ကြယ်ကလေး အချို့တောင် လင်းဖော်မရ။ ခရိုင် ပတ်လမ်းကလည်း ဆိုးလွန်းလှ သည်။ တစ်နေရာရောက်တော့ ဓာတ်မီးအလင်းရောင်တစ်ခု လမ်းပေါ်မှာ လှုပ်ခါပြနေသည်ကို တွေ့ရသည်။ ကျွန်တော်တို့ ဆိုင်ကယ် တွေကို တားနေတာဖြစ်သည်။ ရှေ့က မောင်းနေသည့်ဆိုင်ကယ် က လုံးဝရပ်မပေး။ ကျွန်တော်က ဘာကြောင်သွားသည်မသိ။ ရပ် ပေးလိုက်မိသည်။ လူလတ်ပိုင်း အရွယ် အမျိုးသားနှစ်ယောက် ဆိုင်ကယ်တစ်စီးနှင့်အတူ ရပ်နေ တာတွေ့လိုက်ရသည်။
ထိုလူနှစ်ယောက်က ဆိုင် ကယ်ဆီပြတ်သွားလို့ ကူညီပေး ရန် ပြောသည်။ ကျွန်တော့်ဆိုင် ကယ်မှာ ဆီပါပေမယ့် စုပ်ထုတ် ဖို့ ပိုက်ကမပါ။ ထို့ကြောင့် သူ တို့နှစ်ဦးထဲက တစ်ဦးအား ကျွန် တော့်ဆိုင်ကယ်ဖြင့် တင်ခေါ်ပြီး ဆီသွားဝယ်ကြသည်။ ခရိုင်ပတ် လမ်းပေါ် ဆိုင်တွေနည်းတာ ကြောင့် တော်တော်ဝေးဝေးကြီး သွားလိုက်ရသည်။
ဆီဝယ်ပြီး ရပ်ထားသည့် ဆိုင်ကယ်နေရာ ပြန်သွားကြ သည်။ ကူညီပေးသည့်အတွက် ကျေးဇူးတင်ကြောင်းပြောသည်။ သူတို့က ထိုအနီးအနားက ရွာတစ်ရွာမှာ နေထိုင်ကြောင်း ပြောပြ သည်။ နောက်ဆက်ပြောသည့် သူတို့စကားတွေကြောင့် ကျွန် တော်အတော်လေး ခေါင်းနားပန်း ကြီးသွားရသည်။ အိမ်ပြန်ခရီး ဆက်သွားဖို့တောင် အတော်လေး ထိတ်လန့်လာရသည်။ သူတို့ပြော သည်က ဒီလမ်းကို နောက်တစ် ယောက်တည်း မသွားဖို့၊ နောက် ပြီး ကူညီမည်ဆိုပါက အခြေအ နေကိုကြည့်ကာ ကူညီရန် သတိ ပေးသည်။
ဆိုင်ကယ်ဆက်မောင်းခဲ့ပြီး မကြာမီ ကျွန်တော်နှင့် လမ်း ကြောင်းတူ ဆိုင်ကယ်တစ်စီး နောက်က လိုက်လာသည်ကို တွေ့ရသည်။ ထိုသို့သွားနေရင်း စကား ပြောကြည့်တော့ စစ်ကိုင်းမြို့မှ ရှိန်းမကားနယ်ဘက် လိုက်ပို့သည့် ဆိုင်ကယ်ကယ်ရီသမားတစ်ဦး ဖြစ်နေသည်။ အသွားတုန်းက ကျွန်တော့်ကို တွေ့လိုက်မိသည့် အကြောင်း၊ တစ်ချိန်က ဒီလမ်း တွင် ဆိုင်ကယ်ကို ရိုက်လုတတ် သည့် ဖြစ်စဉ်မျိုး ဖြစ်ပွားဖူးကြောင်း၊ တရားခံ မိသွားခဲ့သော် လည်း ဒီလမ်းကို တစ်ယောက် တည်းသွားရန် မသင့်တော် ကြောင်း ပြောပြရင်း မြို့ထဲ အထိ စောင့်ခေါ်ပေးခဲ့လေသည်။
လူအန္တရာယ်အပြင် တိရ စ္ဆာန်အန္တရာယ်တွေကလည်း ကြုံ ဖူးသေးသည်။ လွန်ခဲ့သော တစ် နှစ်လောက်က ရွှေဘိုမှာ ဆည်ရေ ကျိုးပြီး ရေကြီးတော့ သတင်းသွားယူသည့်အခါ အပြန်လမ်းက ထုံးစံအတိုင်း မှောင်သွားသည်။ မှောင်တာထက် ဆိုးသည်က လမ်းမကြီးပေါ် ရေကြီး၍ မြွေတွေတက် လာတာဖြစ်သည်။ ဆိုင်ကယ်မီး ရောင်ရှေ့မှ လျှောလျှောလျှော လျှောဖြင့် မြွေတွေက လမ်းဟို ဘက်၊ ဒီဘက်ကူးသည်။ တက် ကြိတ်မိမှာစိုးလို့ ဆိုင်ကယ်ကို ဘရိတ်ခဏခဏအုပ်ရသည်။ တက်မကြိတ်မိဘဲ ဆိုင်ကယ်ပေါ် ရစ်ပတ်ပါလာမှာလည်း ကြောက် ရသည်။ ဒေသခံတစ်ဦးတွေ့တော့ မေးကြည့်သည်အခါ ဆားတောင် ဟိုဘက်ဆိုလျှင်တော့ မြွေတွေ မတက်တော့ပါဟု ဆိုသည်။ နောက်ဆုံးကြောက်ကြောက်လန့် လန့်ဖြင့်ပင် ဆိုင်ကယ်ကို ဆက် မောင်းရင်း ခရီးဆက်ရသည်။ မြွေကို ခပ်ဝေးဝေးက မြင်လျှင် ဆိုင်ကယ်ကို အရှိန်လျှော့နိုင်ပေ မယ့် အနီးကပ်မှမြင်ရလျှင်တော့ မတတ်နိုင်တော့။ ခြေထောက် နှစ်ဖက်လုံး ဘေးကို မြှောက်ပြီး မြွေခါးပေါ် ဖြတ်ကြိတ်ရတော့ သည်။
ရန္တပိုရွာဘက်က ပြန်လာ တုန်းကတော့ ဖုန်တွေအလုံးလိုက် ရှိနေသည့် ဆီမီးခုံ-မြို့သာလမ်း ပေါ်တွင် ဆိုင်ကယ်အက်ဆီးဒင့် ဖြစ်သည့် မိသားစု တစ်စုနှင့် ကြုံခဲ့ရဖူးသည်။ စီမံကိန်းရှိသဖြင့် လမ်း တွေဖောက်ဆဲမို့ မြေသားခပ်ပွပွ တွေထဲ၊ ကြားထဲ ဆိုင်ကယ်တွေ လဲရင်း ပါလာသည့် အမျိုးသမီး ကြီးတစ်ဦးမှာ ဆိုင်ကယ်ပေါ်က ပြုတ်ကျတာဖြစ်သည်။ ဦးခေါင်း မှာက သွေးတွေ စိမ့်ထွက်နေ သည်။ ဆံပင်တွေက သွေးတွေစို ရွှဲနေသည်။ ယောက်ျားသုံး၊လေး ယောက်ပါသော်လည်း လူသွား လူလာပြတ်သည့် လမ်းပေါ်မို့ တွေ့သည့် ကျွန်တော့်ဆိုင်ကယ် ကို အကူအညီတောင်းတာဖြစ် သည်။ အမျိုးသမီးကြီးမှာလည်း သတိကမရတော့။ ကျွန်တော် ကားပြေးငှားသော်လည်း အဆင် မပြေ။ နောက်ဆုံးလာသည့် လဲမှို့ တင်သည့် ကားကြီးတစ်စီးကို လှမ်းတားတော့ ရပ်ပေးကာ မြို့ သာဆေးရုံပြေးခဲ့ရပါသည်။
သတင်းလိုက်ရင်း ကြုံ့တွေ့ ခဲ့ရသည့်ဖြစ်စဉ်တွေက ထိုမျှမက ပါ။ ကျွန်တော်တင်မက သတင်း ထောက်တော်တော်များများ ရင် ခုန်စရာအတွေ့အကြုံတွေ ကိုယ်စီရှိဖူးကြမည်ကလည်း အမှန် ပင်ဖြစ်သည်။ သို့သော် သတင်းထောက်တိုင်း အမြဲတမ်း နယ်ဆင်းခွင့်ရနေသည်တော့မဟုတ်။ ကိုယ့်သတင်းစာမှာ ကဏ္ဍစုံပါတာဆိုတော့ မြို့ကြီးတွေမှာ ဖြစ်နေတဲ့သတင်းတွေနောက် ကောက်ကောက်ပါအောင် လိုက်နေရတာတွေလည်း ရှိပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဆိုင်ကယ်တစ်စီးဖြင့် သတင်းလိုက်ခဲ့ရသည့် အတွေ့အကြုံတွေက ကျွန်တော့်အတွက်တော့ ငွေပေးဝယ်၍မရသည့် စိတ်လှုပ်ရှားစရာ အတွေ့အကြုံတွေဖြစ်သည်။ ကျွန်တော်တို့လို စီးတော်ယာဉ် ဆိုင်ကယ်ကိုယ်စီဖြင့် သတင်းတွေလိုက်ခွင့်ရသည့် သတင်းထောက်တွေအဖို့ စိတ်လှုပ်ရှားရင်ခုန်စရာ အတွေ့အကြုံတွေက စောင့်ကြိုနေကြလေဦးမည်။
7daydaily
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။