ကလေးငယ်နဲ့ထမင်း မစားတဲ့ပြဿနာ
....................................................
ကလေးတွေဟာ ၆လနဲ့၁နှစ်ကြားမှာ တစ်ခါ ,၁နှစ်နဲ့၂နှစ်ကြားမှာတစ်ခါ ထမင်းမစားတဲ့ပြဿနာလေးတွေရှိကြတယ် တစ်ချို့ကလေးတွေက ထမင်းမြင်တာနဲ့ ထွက်ပြေးတယ် ။တစ်ချို့ကလေးတွေက လျှာပေါ်တင်လိုက်တာနဲ့ထွေးပစ်တယ်။နောက်ကလေးတစ်မျိုးကအကြာကြီးဝါးပြီးတော့မှမမျိုချဘဲထွေးထုတ်တယ် ဘယ်လိုနည်းနဲ့ပဲထွေးထွေး ထမင်းမဝင်တာကတော့ မဝင်တာပဲ ။ထမင်းမဝင်တော့ ကိုယ်အလေးချိန်တွေလျော့သွားပြီး ကိုယ်ခံအားမကောင်းချင်တဲ့အပြင် ထမင်းပုံမှန်စားတဲ့ ကလေးတွေလို ဥာဏ်ရည် ဥာဏ်သွေး သွက်လက်လှုပ်ရှား ဖွံ့ ဖြိုးမှု နှေးကွေးသွားတတ်ပါတယ် ။အဲလိုမဖြစ်အောင် ကလေးရဲ ဗိုက်ထဲမှာ ပုံမှန်အစာလေးရှိနေဖို့ အာဟာရလည်းမပြတ်သွားစေဖို့ ၆လမှ ၂နှစ်ကြား ကလေးတွေကို အားရှိစေမယ် အသီးအရွက်နဲ့ သားငါးလေးတွေကို ပြုတ်ပြီး Blander နဲ့ ကြိတ်ကျွေးရပါတယ် ။

ကျွန်မကတော့ သားကို ဆန်ကိုကြက်သားနဲ့ပြုတ် အားလူး ဥနီ ကန်စွန်းဥ ကြက်ဥပါပြုတ်ထည့်ပြီး blander နဲ့ ကြိတ်ကျွေးပါတယ် ။အဲလိုလုပ်ကျွေးတာ ၃လရှိပါပြီ weight မကျတဲ့အပြင် ကလေးကို ပြည့်ဝစေပါတယ်။အခု အဲဒါလေးနဲ့ အဆင်ပြေနေလို့ ကျွန်မလိုပဲစိတ်ညစ်နေမယ့် မေမေတွေကို မျှဝေပေးလိုက်ပါတယ်နော် အလုပ်ရှုပ်ပေမယ့် ကိုယ်ကလေးကမှထမင်းမစားတော့ ပင်ပန်းခံပြီး ၁လုတ်ဝင်ဝင် ၂ လုတ်ဝင်ဝင် ကျွေးရတာပေါ့နော်။
နောက်တစ်ခုက အဲလိုလုပ်ကျွေးတာတောင်မစားတဲ့ကလေးတွေကျတော့ blander နဲ့ကျဲကျဲလေးဖျော်ပြီး milk shake သောက်တဲ့ ပိုက်လုံးအကြီးနဲ့ ကလေးကိုစုပ်သောက်ခိုင်းပါ ။သူတို့စိတ်ထဲမှာ အအေးသောက်ရတဲ့စိတ်ခံစားမှုနဲ့သောက်ရင်း တစ်ဖြေးဖြေး ထမင်းစားလာပါလိမ့်မယ် ။အခုတလော အဲလိုကျွေးနည်းလေးနဲ့အဆင်ပြေနေလို့ ကျန်တဲ့မေမေတွေလည်း အဆင်ပြေအောင်လို့ပြောပြပေးလိုက်ပါတယ်နော်
credit>>>A MoM
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။