ဟောင်ကောင်မှာ ဖတ်ဖြစ်ခဲ့တဲ့ အဖြစ်ပျက်ပုံပြင်လေး -
ခရစ်ယာန်တက္ကသိုလ်ကျောင်းသူေ လး ဒိုင်ယာနာတစ်ယောက်ဟာ နွေရာသီကျောင်းပိတ်ရက်အတွင်း အိမ်မှာရှိနေခဲ့ပါတယ်။ တညနေမှာတော့ သူမသူငယ်ချင်းတစ်ယောက်ဆီ အလည်အပတ်သွားရာမှ အိမ်ပြန်နောက်ကျခဲ့ပါတယ်။ သူမတစ်ယောက်တည်းသာ လျှောက်လာရင်းလျှောက်လာရင်း လူသူအသွားအလာအလွန်ပါးသော လမ်းကျဉ်းကလေးအရောက်တွင် သူမဟာ ဘုရားသခင်ထံမှာ အန္တာရယ်ကင်းဖို့ ဆုတောင်းခဲ့ပါတော့တယ်။ လမ်းကျဉ်းလေးထဲ၌ လူစိမ်းတယောက်ဟာ သူမအားစိုက်ကြည့်လျက် သူမကိုယ်ပင် စောင့်နေသည့်အလား ရပ်နေတာကို တွေ့လိုက်ရတယ်။ သူမလည်း ဘုရားသခင်ထံမှာ အကာအကွယ်ပေးဖို့ ထပ်ဆုတောင်းမိပြန်တော့တာပေါ့ ။ ဘုရားသခင်ထံမှာ အကာအကွယ်ပေးဖို့ ဆုတောင်းပြီးသည်နှင့် သူမစိတ်ထဲမှာ ဘေး၌ တစ်စုံတယောက်ရှိနေသလို ခံစားရပြီး လုံခြုံမှု့ရှိတယ်လို့ ခံစားလိုက်ရသည်နှင့် စိတ်သက်သာမှု့ရခဲ့ပါတော့တယ်။ သူမဟာ ဖြောင့်ဖြောင့်တန်းတန်းဆက်ေ လျှာက်လာခဲ့ပြီး ထိုလူစိမ်းကိုလည်း ဖြတ်ကျော်ကာ အိမ်သို့ ချောချောမောမောရောက်ခဲ့ပါတယ်။
နောက်တနေ့တွင် သတင်းစာတစ်စောင်၌ ထိုလမ်းကျဉ်းကလေးတွင် အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံလိုက်ရသည်ကို ဖတ်မိလိုက်ပါတယ်။ ထိုဖြစ်စဉ်မှာ ထိုလမ်းကျဉ်းကလေးသို့ သူမဖြတ်သန်းလာခဲ့ပြီး ၂၅ မိနစ်အလွန်မှာ ဖြစ်ပျက်ခဲ့ပါသည်။ ဒီတော့ သူမလည်း ထိုလူစိမ်းကို ကောင်းကောင်းမှတ်မိသဖြင့် ရဲစခန်းသို့အကြောင်းကြားတို င်ချက် ဖွင့်ခဲ့ပါသည်။ ထိုလူစိမ်းလည်းဖမ်းမိခဲ့ပြါ ပီ။ ထိုနောက် ရဲများက ထိုလူစိမ်းအား စစ်ဆေးမေးမြန်းသော မေးခွန်းတစ်ခုမှာ- ဘာကြောင့် ဒီအမျိုးသမီးကို မုဒိမ်းမကျင့်ခဲ့သလဲဟု မေးသောအခါ ထိုလူစိမ်း၏အဖြေသည်- ထိုအမျိုးသမီးဟာ တစ်ယောက်တည်းလျှောက်လာတာမဟု တ်ဘဲ သူမဘေးမှာ အရပ်အမောင်းကောင်းကောင်း လူနှစ်ယောက်ပါ လျှောက်လာနေလို့ပါတဲ့။
ဒေါမီနီကန်ကိုရင်
ခရစ်ယာန်တက္ကသိုလ်ကျောင်းသူေ
နောက်တနေ့တွင် သတင်းစာတစ်စောင်၌ ထိုလမ်းကျဉ်းကလေးတွင် အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံလိုက်ရသည်ကို
ဒေါမီနီကန်ကိုရင်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။