Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။
✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩
8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်
Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်
Monday, September 21, 2015
ရောခ့်ဂီတအပိုင်းအစများ
ရောခ့်ဂီတအပိုင်းအစများ
…………………………………………………
ဟဲဗီးမက်တယ်လ် ဘီလူးကြီးများ
ပန့်ရောခ့် ဂေါ့လ်ဖားသားများ ရဲ့ အစဦးပိုင်း (၁၉၇၀,၁၉၈၀)
ရောခ့်ဂီတရဲ့ အဓိကဂျင်နရေးရှင်း များစတင်ရုပ်လုံး ပေါ်လာခဲ့ပြီဖြစ်သလို မက်တယ်လ် ဂီတရဲ့ အကြမ်းဆုံး မျိုးစိတ်များ ပေါ်ထွက်လာဖို့ အစပျိုးခဲ့တဲ့ အချိန်ဖြစ်တဲ့ အပြင် အပြောင်းအလဲပေါင်းများစွာနဲ့ တစ်ခြား ဂီတပုံစံတွေဟာလည်း စတင်လာခဲ့ပြီပဲ ဖြစ်ပါတယ် (blue,Jazz,pop,disco,folk နဲ့ ရစ်သမ်အင်ဘလူးစ် စတဲ့ ပုံစံများဟာလည်း ရောခ့် ဂီတနဲ့ပေါင်းစပ်လာခဲ့ကြပြီး blue rock,pop rock, jazz နဲ့ပေါင်းစပ်ခြင်းစသဖြစ် ပေါ်ထွက်လာနေခဲ့တယ်။ တစ်ချိန်ထဲမှာပဲ ရောခ့်ဂီတရဲ့ ချန်ထားလို့မရသလို အရေးပါလွန်းတဲ့ punk ရောခ့်ဂီတ ဟာလည်း ပိုမို ပြည့်စုံရုပ်လုံးပေါ်လာခဲ့ပါတယ်။
ဟဲဗီးမက္တယ္ဘီးလူးႀကီးမ် ား
………………………………………………………
1968 လောက်မှာ တစ်ချိန်တည်း လိုလို စတင်ဖွဲ့စည်းခဲ့ကြတဲ့ Led Zeppelin, Black Sabbath, Deep Purple တို့ဟာ ဟဲဗီးမက်တယ်လ် ဂီတရဲ့ အစောဦးပိုင်းအကျ ဆုံးဆိုရင် ငြင်းဆန်ဖို့တော့ ခက်ခဲမှာပါ အကြောင်းကတော့ Band of Joy ဝိုင်းက high pitched နဲ့ soft ပုံစံတွေကို အလှုပ်အခတ်လေး တွေနဲ့ ဆိုတတ်တဲ့ အဆိုတော် Plant နဲ့ yardbirds ကထွက်လာတဲ့ ဘလူးစ် လွှမ်းမိုးမှုရှိတဲ့ ဂစ်တာသမား page တို့ ရဲ့ Led Zeppelin ရဲ့ဖန်တီးမှုတွေဟာ အခုချိန်ထိ ပုံပြင်ဆန် နေတုန်းပဲဖြစ်ပါတယ်။ ဒီလိုပဲ ထိတ်လန့်ခြောက်ခြားဖွယ် စူးရှအက်ကွဲနေတဲ့ အသံတွေနဲ့ ဆိုတတ်တဲ့ Ozzy ရယ် ထူထဲလေးလံ သိပ်သည်းလွန်းတဲ့ ဂစ်တာ riffs တွေရယ် တိကျသေသပ်လွန်းတဲ့ ဂစ်တာဆိုလိုတွေ ဖန်တီး တတ်တဲ့ Tony Lommi တို့ရဲ့ Black Sabbath တို့ဟာလည်း လက်ရှိ Doom မက်တယ်လ်, Death Doom တွေရဲ့ ခေါင်းကိုင်များပဲဖြစ်ပါတယ်။ ဒါဆိုရင် Deep Purple ကရော ဒီလူကြီးတွေရဲ့ အစောပိုင်း တွေဟာ ပရိုဂရက်စစ် ဘက်ကိုရောက်ခဲ့တယ်ဆိုရင် တောင် သူတို့ဟာ ဒီနေ့ ဟဲဗီးရောခ့် နဲ့ မော်ဒန် ဟဒ်ရောခ့် ပုံစံတွေရဲ့ အစဦးပိုင်းကို ပုံဖော်ပေးခဲ့ကြသူ များပဲဖြစ်ပါတယ်။ ဘလူးစ်စီး ဖြစ်လွန်းတဲ့ Ian Gillan ကြီးရဲ့အသံ လျှင်မြန်သေသပ်လွန်းတဲ့ ဂစ်တာ ဆိုလို တွေ ပြင်းထန်လှပသေသပ်တဲ့ ဂစ်တာ riffs တွေကို တီးလေ့ရှိတဲ့ Blackmore နဲ့ ထူးခြားတဲ့ KB သံတွေ ဟာ လက်ရှိမျိုးဆက်အတွက် လေ့ကျင့်ရေးကျောင်း ကြီးဖြစ်နေခဲ့တာပဲဖြစ်ပါတယ်
Judas တို့ဟာ သူတို့နဲ့သိပ်မကွာခဲ့ပါဘူးအနည်းငယ် နောက်ကျ ခဲ့တာက မက်တယ်လ် ဂေါ့လ်လို့ ပြောကြ သလို အံသြဖွယ်ရာ အမြင့်ဆုံးအသံတွေကို ပီပြင်သေသပ်လွန်းစွာ ဆိုပြထားခဲ့တဲ့ Rob Halford ဝင်ရောက်လာတဲ့ ၁၉၇၂ နောက်ပိုင်းတွေမှ စတင်ခဲ့ ကြလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် Judas တို့ဟာ မက်တယ်လ် ဂီတရဲ့ အပြင်းထန်ဆုံးမျိုးစိတ် တွေပေါ် မှာ သြဇာလွှမ်းမိုးမှုအရှိဆုံးလို့တောင်ပြောရမှာဖြစ်ပါ တယ်။ သူတို့နဲ့အတူ UFO (၁၉၆၉), Aerosmith (၁၉၇၀), AC/DC (၁၉၇၃), Scorpions (၁၉၆၉), Nazareth (၁၉၆၈), Rainbow (၁၉၇၅), Whitesnake (၁၉၇၈) စသဖြစ် မက်တယ်လ် ဂီတရဲ့ ဘီလူးကြီးတွေ, New Wave Of British Heavy Metal (NWOBHM) နဲ့အတူ ၇၀ အစောပိုင်းတွေမှာ ပေါ်ထွက်လာခဲ့တဲ့ Iron Maiden,Motorhead, Saxon,Def Leppard, Raven, Diamond Head, Venom တို့ဟာလည်း တစ်ချိန်ထဲမှာ ပေါ်ထွက်လာခဲ့ကြသလို ၈၀ နောက်ပိုင်း glam မက်တယ်လ်, thrash နဲ့ Extreme မက်တယ်လ် တွေအတွက် ရှေ့ဦးပိုင်း ပုံဖေါ်ခဲ့ကြ သူများ ဖြစ်ခဲ့သလို အထူးသဖြစ် Venom တို့ရဲ့ Welcome to Hell နဲ့ Black Metal အယ်ဘမ် တွေဟာ အခုချိန်ရဲ့ (အခုခတ်စကား ပလတ်ကျွတ် နေတုန်း) Extreme မက်တယ်လ် တွေပေါ်မှာ လွှမ်းမိုး လွန်းခဲ့ သလို သူတို့ရဲ့ ဒုတိယ အယ်ဘမ် နံမည် Black Metal ကိုတော့ တိုက်ရိုက်ကို ယူထားခဲ့တာဖြစ် ပါတယ်။ တစ်ချိန်တည်း လိုလို Punk ရောခ့် ဝိုင်းတွေ ပေါ်ထွက်လာခဲ့တာဟာလည်း ရောခ့်ဂီတ အတွက် ပိုမို ပြင်းထန်လာစေခဲ့တယ် ဆိုတာ လက်ရှိ ရောခ့်ဂီတ မြင်ကွင်းကို ကြည့်ရင် သိနိုင်မှာဖြစ်ပါတယ်။
Punk Rock ဂေါ့လ်ဖားသားများ
…………………………………………………
၇၀ အလယ်ပိုင်းလောက်မှာ Punk ရောခ့်ဂီတရဲ့ ခေါင်းကိုင်တွေဖြစ်တဲ့ The Ramones, Sex Pistols Television, The Clash, The Damned, UK Sub တို့ဟာ ပေါ်ထွကိလာခဲ့သလို Joy Division နဲ့
အမျိုးသမီး အဆိုတော် Patti Smith တို့ရဲ့ ပွဲဦးထွက် ခွေတွေဖြစ်တဲ့ Unkow Pleasures (၁၉၇၉), Horses တို့ဟာ ပန့်ရောခ့်, အော်တာ နဲ့ ၉၀ နောက်ပိုင်း ဂရန့် တွေရဲ့ ပုံစံတွေကို ကျိန်သေမြင်ရမှာဖြစ်ပါတယ်။ Ramones တို့ဟာလည်း ဘောင်းဘီနွမ်းနွမ်းဒူးပြဲတွေ ရယ် လည်သာဂျက်ကင်တွေနဲ့ တစ်ချိန်က ရောခ့်အင်ရိုး ပုံစံတွေနဲ့ MC5 တို့ Stoogies တို့ရဲ့ Proto punk ပုံစံတွေကို ဟဒ်ရောခ့်အမာ ပုံစံတွေနဲ့ ပေါင်းစပ်ပြီး Punk ရောခ့်ဂီတကို ပိုမိုတောက်ပ လာစေခဲ့သလို သူတို့ရဲ့ ၇၀ ဝန်းကျင်အယ်ဘမ်တွေ ဟာ အခုလက်ရှိ punk ရောခ့်တွေနဲ့ အသံပိုင်းသာ ကွာခြားတဲ့ ပုံစံဖြစ်နေမှာဖြစ်ပါတယ်။ The Clash တို့ကတော့ အဲဒီအချိန်က ပန့် ဝိုင်းတွေထဲမှာ ပေါင်းစပ် မှုအများဆုံးဖြစ်ခဲ့ပြီး အစောပိုင်းထဲက funk.reggae,rockbilly ပုံစံတွေကိုပေါင်းစပ်ထားခဲ့ သလို ၈၀ နောက်ပိုင်းမှာ rap တွေကိုပါ ယူသုံးခဲ့ဖူး ပါတယ်။ SexPistols ကတော့ တရားဝင် အယ်ဘမ် တစ်ချပ်ထဲဆိုပေမယ့် ရောခ့်ဂီတရဲ့ အရေးပါတဲ့ အယ်ဘမ် ဖြစ်လွန်းနေခဲ့ပါတယ်။
၈၀' ၉၀' ရဲ့ glam မက်တယ်လ် တွေပေါ်မှာသြဇာ ရှိလွန်းခဲတဲ့ glam rock တွေနဲ့ glam punk ပုံစံတွေရဲ့ အစဦးပိုင်းပုံဖော်ခဲ့သူများဟာလည်း အဲဒီအချိန်မှာ စတင်ခဲ့ကြပြန်ပါတယ်။ New York Dolls နဲ့ အဆိုတော် JonnyThunder, T.Rex နဲ့ အဆိုတော် Marc Bolan, David Bowie, Lou Reed, Alice Cooper, Roxy Music စသူတို့ဟာလည်း မိန်းမပုံစံ နဲ့မိပ်ကပ်တွေ ခပ်တောက်တောက်ဝတ်စားဆင်ယင်ပုံတွေနဲ့ နောက်မျိုးဆက်တွေအတွက် အုတ်မြစ်ချ ပေးခဲ့ပါတယ်။ New York Dolls ဟာ G'nR, Kiss, Sex Pistols,Ramones တို့အုပြင် တစ်ခြား glam နဲ့ punk ရောခ့်ဝိုင်းတွေပေါ်မှာ သြဇာကြီးလွန်းခဲ့သူ ဖြစ်ပါတယ်။ သူတို့နဲ့ T.Rex တို့ရဲ့ သီချင်းတွေကို ဂန်းစ် တိုက သူတို့ရဲ့ The Spaghetti Incident အယ်ဘမ်ထဲမှာ ပြန်ဆိုထားခဲ့သလို အယ်ဘမ် အဖုံးမှာ ပါ တစ်လေးတစ်စား ရေးသားဖော်ပြပေးခဲ့ပါတယ်။ သူတို့တွေဟာ ၈၀ ၉၀ ရဲ့ glam မက်တယ်လ် နဲ့ Punk ရောခ့် တွေရဲ့ ဦးဆောင်သူများဖြစ်ခဲ့ကြပါတယ်။
post ကအရမ်းရှည်နေမှာဆိုးတာကြောင့် နောက် ရောခ့်အပိုင်းအစများ ၈၀' ၉၀' မှာ ထပ်မံရေးသွားပါ မယ်။ ဒါဟာ ရောခ့်သမိုင်းကို ဖော်ပြပေးနေတာ မဟုတ်တာပါ ရောခ့်ဂီတရဲ့ ဆက်စပ်မှုတွေဆီ ကိုသွားနေတာဖြစ်ပါတယ်။ စကော်ပီယံများရဲ့ ဘော်ဒါများအတွက် Ramones တို့ရဲ့ Road to Ruin (1978) အယ်ဘမ် လေးနဲ့ နှမျောဖို့ကောင်း တဲ့ ရောခ့်စတား တစ်ယောက်ဖြစ်တဲ့ glam တွေရဲ့ အဓိက ဦးဆောင်လူ Marc Bolan ရဲ့ T.Rex တီးဝိုင်းရဲ့ အကောင်းဆုံးတွေစုစည်းထားတဲ့
Marc Bolan & T.Rex - Golden Hits အယ်ဘမ် လင့်တွေအောက်မှာ ချပေးထားပါတယ်။
…\m/ထွဋ်\m/…
ခင်သောမင်သောစကော်ပီယံများ ……………………
DL : http://www.mediafire.com/download/qsqsvqqi8ys7ql5/RAM78.rar
DL : http://www.mediafire.com/download/kqqn65noa81e353/CD_1.rar
DL : http://www.mediafire.com/download/g4buboi53ivvvgj/CD_2.rar
**p.s. The stuffs we share on this page are not owned by us. Just for review. Please buy original CDs and support the artists if you love their creation & inspiration. Thanks! **
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။