Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 21, 2015

သပြေသီးနှင့် ကျန်းမာရေး


ဆေးဖက်ဝင်တဲ့ သပြေသီးမှည့်လေးများ
-----
သပြေသီးနှင့် ကျန်းမာရေး

(၁) သပြေသီးမှည့်ထဲရှိ သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ Anthocyanin ဓာတ်တို့က ရင် သားကင်ဆာ မဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့အပြင်၊ ရင်သားကင်ဆာ ဝေဒနာသည်များ စားသုံးပေး ခြင်းဖြင့် ကင်ဆာဆဲလ်များ ဆက်လက်မပြန့်ပွားနိုင်အောင်သပြေသီးမှည့်တွေက ဟန့်တားပေးနိုင် ကြောင်း ၂၀၀၇ ခုနှစ်က အိန္ဒိယနိုင်ငံ၏ Journal of Physiology and Pharmacology (ခေါ်) ဆေး ပညာဂျာနယ်မှာ အကျယ်တဝင့် ရေးသားဖော်ပြထားပါတယ်။ ဒါတင်မကသေးပါဘူး။ ၂၀၀၉ ခုနှစ်က အမေရိကန်ပြည်ထောင်စုရှိ University of Rhode Island (ခေါ်) ဆေးဝါးတက္ကသိုလ်မှာ သပြေသီး မှည့်တွေကို ဓာတ်ခွဲစမ်းသပ်ခဲ့ရာ၊ ရင်သားကင်ဆာဖြစ်မလာအောင် ထိထိရောက်ရောက်ကာကွယ်ပေး နိုင်တယ်လို့ အဖြေထွက်ရှိခဲ့ပါတယ်။

(၂) ၂၀၀၉ ခုနှစ်က အိန္ဒိယနိုင်ငံမှာ သပြေသီးမှည့်ဖြင့် ကြွက်များကိုဆေးသုတေသနပြုခဲ့ရာ၊ သွေး ထဲရှိဂလူးကို့စ်ပမာဏကို ကျစေရုံမျှမက၊ အစာအိမ်အက်ဆစ် အထွက်များခြင်းတို့ကိုပါ ကာကွယ်ပေး နိုင်တယ်လို့ အိန္ဒိယဆေးဂျာနယ်များမှာ မှတ်တမ်းတင်ဖော်ပြထားပါတယ်။

(၃) အစာမကျေ ရင်ပြည့်ခြင်းအတွက် သပြေသီးကို ဆားအနည်းငယ်တို့၍ စားပေးပါ။

(၄) သပြေသီးမှည့်များဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်နေတဲ့ အင်ဆူလင်ထုတ်ပေးနိုင် သော ပန်ကရိယကိုအားကောင်းစေပါတယ်။ အဲဒီလိုပန်ကရိယကို ကျန်းမာစေနိုင်တာကြောင့် ဆီးချို ရောဂါဝေဒနာသည်များ သပြေသီးမှည့်ကို မကြာခဏ စားသုံးပေးသင့်ပါတယ်။

(၅) လိပ်ခေါင်း သွေးယိုစီးသူများအနေဖြင့် နံနက်စောစော သပြေသီးမှည့်ကို ပျားရည်ဖြင့် စားပေး ခြင်းဖြင့် လွန်စွာဆေးစွမ်းထက်စေပါတယ်။

(၆) သပြေသီးထဲရှိ အင်ဇိုင်းဓာတ်များက အသည်းကိုကျန်းမာစေပြီး အသည်းကြီးခြင်းမှလည်း ကာ ကွယ်ပေးပါတယ်။

(၇) ဦးရေပြားနှင့် အရေပြားယားနာမှိုစွဲခြင်းတို့အတွက် သပြေသီးသတ္တုရည်ကို ယုံကြည်စိတ်ချစွာ လိမ်းပေးပါ။

(၈) သပြေသီးရဲ့ သဘာဝချိုအေးဓာတ်က လည်ချောင်းနာခြင်းကို သက်သာပျောက်ကင်းစေပါ တယ်။

(၉) ဝမ်းဗိုက်အတွင်းထဲသို့ မတော်တဆ ဆံပင်၊ ဆံစများနဲ့ သံမှုံ၊ သံစများ ဝင်သွားတဲ့အခါ သပြေ သီးစားပေးခြင်းဖြင့် ၎င်းတို့ကို သူ့အလိုလို ကျေပျက်သွားစေကြောင်း မြန်မာ့ဆေးကျမ်းများမှာ ညွှန်းဆို ထားပါတယ်။

(၁၀) သပြေသီးမှည့်သတ္တုရည်ကို အဝတ်ဖြင့်စစ်၍ ပုလင်းတွင်ထည့်ပြီး ငါးရက်ခန့်ကြာတဲ့အခါမှာ အချဉ်ပေါက်လာပါတယ်။ ၎င်းကို သပြေသီးပုန်းရည်ကို လေထိုးလေအောင့်၊ သရက်ရွက်ကြီးခြင်းနှင့် ကာလဝမ်းရောဂါတို့အတွက် သောက်သုံးပေးနိုင်ပါတယ်။

(၁၁) သပြေသီးမှည့် ငါးလုံးကိုနံနက်တိုင်း ၁၅ ရက်တိတိ စားပေးရင်း၊ သပြေပင်စည်အခေါက်မှုန့် တစ်ကျပ်သားကို နေ့စဉ်ရေအေးဖြင့် သောက်ပေးပါ။ အဲဒီလိုအသီးရော၊ ပင်စည်အခေါက်မှုန့်တို့ကိုပါ နေ့စဉ်တွဲစားပေးခြင်းဖြင့် ဆီးချိုရောဂါကို အမြစ်ပြတ်ပျောက်ကင်းစေနိုင်ပါတယ်။

သပြေသီးအစေ့နှင့် ကျန်းမာရေး (သပြေသီးအစေ့က အတန်ငယ်ချိုဖန်သော အရသာရှိပါတယ်။)

သပြေတစ်ပင်လုံး၏ ဆေးဖက်အဝင်ဆုံး အစိတ်အပိုင်းဟာ သပြေသီးအစေ့ဖြစ်ကြောင်း မြန်မာ့ဆေး ကျမ်းများတွင်သာမက၊ အရှေ့တောင်အာရှဆေးကျမ်းများနှင့် နိုင်ငံတကာသိပ္ပံဆေးသုတေသီများက အကြံပြုထားကြပါတယ်။ ဒါကြောင့် သပြေသီးစားတဲ့အခါတိုင်း အစေ့ကိုပါ ဝါးစားသင့်ပါတယ်။

(၁) ဝမ်းပျက်၊ ဝမ်းသွားခြင်း၊ မီးယပ်ဝမ်း၊ သွေးဝမ်းစတဲ့ ဝမ်းရောဂါအမျိုးမျိုးအတွက် သပြေသီးအ စေ့၊ သရက်စေ့၊ ကြစုသီးတို့ကို ဆတူရောလှော်၍ အမှုန့်ကြိတ်ချေကာ တစ်နေ့နှစ်ကြိမ်သောက်ပေးပါ။

(၂) သွေးဝမ်းသွားခြင်းအတွက် သပြေသီးအစေ့ ခြောက်မှုန့်နှင့် သကြားဆတူရော၍ တစ်နေ့နှစ် ကြိမ်သောက်ပေးပါ။

(၃) အရေပြားပေါ်ရှိ ထိခိုက်ဒဏ်ရာများနှင့် ခွဲစိပ်နာများတော်တော်နှင့် မကျက်ပါက သပြေသီးအ စေ့ကို ရေဖြင့်ကြိတ်၍လိမ်းပေးပါ။

(၄) သပြေသီးအစေ့ခြောက်ကို အမှုန့်ပြုကာ၊ ရေကျက်အေးဖြင့် နေ့စဉ်သောက်ပေးခြင်းဖြင့် ဆီးချို ရောဂါကို ဒိဌပျောက်ကင်းစေပါတယ်။ ဒါ့ပြင်ဆီးချိုကြောင့် အာခံတွင်းခြောက်၍ ရေငတ်ခြင်းမှလည်း သက်သာလာစေပါတယ်။

(၅) သပြေစေ့ခြောက်မှုန့်ကို တစ်နေ့နှစ်ကြိမ်ကျ နှစ်ဂရမ်စီသောက်ပေးခြင်းဖြင့် ကိုလက်စထရောနဲ့ အဆီများကိုကျစေပါတယ်။ နိုင်ငံတကာဆေးသုတေသီများကလည်း သပြေသီးစေ့ဟာ ကိုလက်စထ ရောကျစေတဲ့ အခြားပဋိဇီဝဆေးများနှင့်အပြိုင် အစွမ်းထက်မြက်လှကြောင်း အကြံပြုထားကြပါတယ်။

(၆) ဆီးလွန်ရောဂါ၊ အစာအိမ်အက်ဆစ်စိမ့်ထွက်လွန်၍ အစာအိမ်လမ်းကြောင်း ပြည်တည်နာများ အတွက် သပြေသီးအစေ့ခြောက်မှုန့်ကို တရုတ်တိုင်းရင်းဆေးများမှာ အသုံးပြုလေ့ရှိပါတယ်။

သပြေပင်အရွက်နှင့် ကျန်းမာရေး (သပြေရွက်၏ အရသာဓာတ်က အေးမြစေပါတယ်။)

(၁) အပူကြောင့်ဖြစ်သော လျှာနဲ့လည်ချောင်းကွဲခြင်းတို့အတွက် သပြေရွက်နုလတ်လတ်ဆတ် ဆတ်ကို ရေနှင့်ရောကြိတ်ပြီး အာခံတွင်းထဲ ငုံထားပေးပါ။

(၂) မြင်းသရိုက်နာများအတွက် သပြေရွက်နုသတ္တုရည်ကို နွားနို့ရော၍ခုနှစ်ရက်ဆက်တိုက် သောက်သုံးပေးပါ။

(၃) ကင်းကိုက်ခံရတဲ့အခါ သပြေရွက်သတ္တုရည်လိမ်းပေးခြင်းဖြင့် ကင်းဆိပ်ကျစေပါတယ်။

(၄) မှတ်၊ ခြင်များကိုက်ခြင်းမှ ကြိုတင်ကာကွယ်တဲ့အနေဖြင့် သပြေရွက်ကိုကြိတ်ခြေ၍ ရလာတဲ့ သတ္တုရည်ကို ခြေ၊ လက်များမှာ လိမ်းကျံပေးပါ။

(၅) အိန္ဒိယနိုင်ငံ ဆေးကျမ်းများမှာ အသည်းအားဆေးအဖြစ် သပြေရွက်ပြုတ်ရည်ကို တိုက်ကျွေး လေ့ရှိပါတယ်။

သပြေပင်စည်အခေါက်နှင့် ကျန်းမာရေး (သပြေခေါက်အရသာက ဖန်ချိုသည့်အတွက် နှုတ်မြိန်စေပါ တယ်။)

(၁) ဆီးချိုရောဂါသည်များအတွက် ပင်စည်အတွင်းသားခေါက်ကို မီးမြှိုက်ပြာချ၍ နံနက်၊ နေ့၊ ည အစာစားပြီးတိုင်း ရေဖြင့်သောက်ပါ။

(၂) သပြေခေါက်ကိုပြုတ်၍ ငုံဆေးအဖြစ် ငုံပေးခြင်းဖြင့် ခံတွင်းထဲရှိ အပူဖု၊ အပူနာများ ပျောက် ကင်းကာ သွားများပါခိုင်မာလာပါလိမ့်မယ်။

(၃) အပူလွန်၍ ဖောက်ပြန်ခြင်းနှင့် မီးယပ်ဖြူဆင်းခြင်းတို့အတွက် သပြေခေါက်ကို သုံးခွက်နှစ်ခွက် တင်ကျို၍ ထောပတ်၊ ပျားရည်၊ သကြားရောကာ တစ်နေ့နှစ်ကြိမ်သောက်ပါ။

(၄) သပြေခေါက်ကို နွားနို့နှင့်ရောပြုတ်၍ တစ်နေ့နှစ်ကြိမ်သောက်ပြီးတိုင်း ထောပတ်စားပါ။ သည်း ခြေဖောက်ပြန်သော ရောဂါအတွက် အကောင်းဆုံးဆေး ဖြစ်ပါတယ်။ျ

သတိပြုရန်

(က) သပြေသီးမှည့်ကို ကြိုက်တိုင်းအလွန်အကျွံ မစားပါနှင့်ချွဲသလိပ်ထ၍ လေချုပ်စေပါတယ်။

(ခ) ကိုယ်ဝန်ဆောင်သည်များ မစားသင့်ပါဘူး။ ဓာတ်မတည့်၍ ကိုယ်ဝန်ပျက်ကျစေတတ်လို့ပါ။

(ဂ) သပြေသီးစားပြီး အီလည်လည်ခံစားရတဲ့အခါ၊ ချင်းစားပေးပါ။

(ဃ) အမှည့်လွန်အသီးများ စားမိပါက အစာအိမ်အချဉ်ပေါက် စေတတ်ပါတယ်။ အချဉ်ပေါက်တဲ့ အခါ၊ ဇီယာမှုန့်ကို ဆားပုပ်နှင့် ရောလှော်၍သောက်ပေးပါ။

(င) သပြေသီးနှင့် ပီလောပီနံတို့ကို တွဲမစားသင့်ပါဘူး အဆိပ်ဖြစ်စေပါတယ်။

(စ) မကြာခဏ အစာမကြေ ဝမ်းကြောတင်းသူများအဖို့ သပြေရွက်နှင့် (လုံးဝ) မတည့်ပါဘူး။

ကြေးမုံသတင်းစာ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။