အချစ်စစ်ရဲ့ ဇာတ်လမ်းတစ်ပုဒ်
-------------------------- -------------------------- ------------
ဒါကတော့ အိန္ဒိယနိုင်ငံ ဂိုအာပြည်နယ် Porvorim မြို့က ချစ်သူနှစ်ဦးရဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်... ကောင်မလေးနာမည်က Sanmita လို့ခေါ်ပါတယ်... သူမရဲ့အဖေဟာ သူမအသက် ၁၃ နှစ်အရွယ်မှာ ဆုံးပါးသွားတဲ့အတွက် သူမအမေဟာ ကြည်နူးခဲ့ရတဲ့အချိန်လေးတွေ ကိုတမ်းတရင်း အမြဲတမ်းအထီးကျန်ဆန်ခဲ့ရပါတ ယ်.... အမေဖြစ်သူရဲ့ ခံစားမှုဝေဒနာကိုမြင်နေရတဲ့ သူမဟာ တစ်စုံတစ်ယောက်ကို ချစ်ဖို့ကို စိုးကြောက်မိသွားတဲ့အထိပါပဲ ... သူမအဖေဟာ ဆေးလိပ်အလွန်အကျွံသောက်လေ့ရှိပြီး ဆေးလိပ်သောက်ခြင်းကြောင့်ပဲ ကင်ဆာရောဂါနဲ့ သေဆုံးခဲ့ရတာဖြစ်ပါတယ်...
ကံကြမ္မာဆိုတာ ဘယ်သူမှကြိုမသိနိုင်ဘူးဆိုတာ အမှန်ပါပဲ... Sanmita ဆိုတဲ့ ချစ်ရမှာကြောက်ပြီး ဆေးလိပ်သောက်သူတွေကိုမုန်းတဲ့ ဒီကောင်မလေးဟာ ဆေးလိပ်ကိုအဆက်မပြတ်သောက်တဲ့  အတန်းဖော်သူငယ်ချင်း Rahul ဆိုတဲ့ ကောင်လေးနဲ့မှ မေတ္တာသက်ဝင်သွားပါတယ်.... သူဆေးလိပ်ဖြတ်ဖို့အတွက် သူမအဖေရဲ့ဇာတ်လမ်းကို နှစ်ယောက်ဆုံဖြစ်တိုင်း သူမပြောပြလေ့ရှိပါတယ်... Rahul ဟာ သူ့သူငယ်ချင်းတွေနဲ့ ဆေးလိပ်သောက်တိုင်း ဒီကိစ္စနဲ့ပတ်သက်ပြီး အမြဲစနောက်ခံနေရတဲ့အတွက် Sanmita ကို ရှောင်စပြုလာတာကို သူမသတိထားမိလာပါတယ်... Sanmita ဟာ သူမချစ်သူကို ပျော်ရွှင်နေတာပဲမြင်ချင်တဲ့ အတွက် သူ့ကိုဆန့်ကျင်ပြီးမပြောတော့ ပါဘူး...
သူမတို့ချစ်သူသက်တမ်း ၃ လလောက်မှာပဲ Rahul ဟာ ဆေးလိပ်ကြောင့်ဖြစ်တဲ့ emphysema ဆိုတဲ့ အဆုတ်ရောဂါခံစားနေရတယ်ဆိုတာ ကို သူမသိခဲ့ရပါတယ်... Rahul ဟာ အတော့်ကိုနာမကျန်းဖြစ်ပြီး ဆေးကုသမှုခံယူရပါတော့တယ်... ၂ နှစ်လောက်ကြာတဲ့အထိ ဆေးရုံတက်နေရပြီး သူ့ကျန်းမာရေးကလည်း ဆရာဝန်တွေက သေဆုံးမယ်လို့ယူဆရတဲ့အထိ အကြိမ်ပေါင်းများစွာ ဆိုးရွားခဲ့ပါတယ်... ဒါပေမဲ့ Sanmita ရဲ့ မေတ္တာတရားဟာ သူ့ကိုအသက်ဆက်ရှင်ဖို့နဲ့ ပြန်လည်ကျန်းမာဖို့လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်... ၂ နှစ် လုံးလုံး သူမဟာ Bambolim ဆေးရုံကြီးမှာ Rahul ဘေးမှာပဲ အဖော်ပြုပြီးနေခဲ့ပါတယ်... သူမဟာ ကောလိပ်ကျောင်းကိုလည်းဆက်မတ က်တော့ပါဘူး... မိဘတွေနဲ့အတိုက်အခံလုပ်ပြီး သူမစုဆောင်းထားတဲ့ ငွေကြေးအားလုံးကိုလည်း သူ့အတွက်အကုန်အကျခံခဲ့ပါတယ် .... ဒီလိုနည်းနဲ့ပဲ အချစ်ရဲ့အဓိပ္ပာယ်ကို သူမဖွင့်ဆိုခဲ့ပါတယ်...
နောက်ဆုံးတော့ Rahul ဟာ ပြန်လည်ကျန်းမာလာပြီး ဆေးလိပ်လည်း ပြတ်သွားပါတယ်... သူဟာ Sanmita နဲ့လက်ထပ်ပြီး အခုအချိန်အထိ အတူတူနေထိုင်နေကြပါတယ်... သူဟာ Sanmita ရဲ့စကားကို အရင်ကတည်းကနားမထောင်ခဲ့မိတဲ့ အတွက် အပြစ်ရှိသလိုအမြဲခံစားရပါတယ်... အခုတော့သူဟာ တွေ့တဲ့သူတိုင်းကို အကြံပြုစကားတွေပြောလေ့ရှိပါ တယ်... " ခင်ဗျားရဲ့ မိတ်ဆွေသူငယ်ချင်းတွေက လုပ်ဖို့ပြောနေတဲ့ အလုပ် အခု ၁၀၀ ကိုလုပ်ပါ... ဒါပေမဲ့ သင့်ချစ်သူက မလုပ်နဲ့လို့ပြောတဲ့ အလုပ် တစ်ခုလေးကိုတော့ မလုပ်ပါနဲ့... "
" သူငယ်ချင်းတို့... ဆေးလိပ်က ကျန်းမာရေးအတွက်မကောင်းဘူးဆိုတာ မင်းတို့ကို ငါပြောမနေပါဘူး... ဘာလို့လဲဆိုတော့ ဆေးလိပ်ဗူးမှာ ဒါကိုရေးထားပြီးသားပဲ... ဒါပေမဲ့ တစ်ခုတော့ငါပြောချင်တယ်ကွာ. .. မင်းတို့အတွက်မင်းတို့ဆေးလိ ပ်စသောက်ခဲ့ကြပြီးပြီ.... အခုမင်းတို့ချစ်တဲ့သူအတွက် ဆေးလိပ်ဖြတ်လိုက်ပါ ဆိုတာပါပဲ... "
အကယ်လို့များ သင့်ရဲ့ချစ်သူ ဒါမှမဟုတ် သင့်ရဲ့မိဘတွေက သင့်ကိုဆေးလိပ်ဖြတ်ဖို့ပြော လာရင် ဒီအချစ်စစ်ဇာတ်လမ်းလေးကို ပြန်သတိရလိုက်ပါ... သင်ဒီကနေ့လုပ်နေတဲ့ အမှားတစ်ခုရဲ့အကျိုးဆက်တွေကို သင့်ကိုချစ်တဲ့သူ... သင်ကချစ်ရတဲ့သူတွေ ခံစားရမှာကို သင်လိုချင်သလားဆိုတဲ့မေးခွန်းကိုလည်း ကိုယ့်ဘာသာပြန်ဖြေကြည့်လိုက်ပါ....
--------------------------
ဒါကတော့ အိန္ဒိယနိုင်ငံ ဂိုအာပြည်နယ် Porvorim မြို့က ချစ်သူနှစ်ဦးရဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်... ကောင်မလေးနာမည်က Sanmita လို့ခေါ်ပါတယ်... သူမရဲ့အဖေဟာ သူမအသက် ၁၃ နှစ်အရွယ်မှာ ဆုံးပါးသွားတဲ့အတွက် သူမအမေဟာ ကြည်နူးခဲ့ရတဲ့အချိန်လေးတွေ
ကံကြမ္မာဆိုတာ ဘယ်သူမှကြိုမသိနိုင်ဘူးဆိုတ
သူမတို့ချစ်သူသက်တမ်း ၃ လလောက်မှာပဲ Rahul ဟာ ဆေးလိပ်ကြောင့်ဖြစ်တဲ့ emphysema ဆိုတဲ့ အဆုတ်ရောဂါခံစားနေရတယ်ဆိုတာ
နောက်ဆုံးတော့ Rahul ဟာ ပြန်လည်ကျန်းမာလာပြီး ဆေးလိပ်လည်း ပြတ်သွားပါတယ်... သူဟာ Sanmita နဲ့လက်ထပ်ပြီး အခုအချိန်အထိ အတူတူနေထိုင်နေကြပါတယ်... သူဟာ Sanmita ရဲ့စကားကို အရင်ကတည်းကနားမထောင်ခဲ့မိတဲ
" သူငယ်ချင်းတို့... ဆေးလိပ်က ကျန်းမာရေးအတွက်မကောင်းဘူးဆ
အကယ်လို့များ သင့်ရဲ့ချစ်သူ ဒါမှမဟုတ် သင့်ရဲ့မိဘတွေက သင့်ကိုဆေးလိပ်ဖြတ်ဖို့ပြော

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။