Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 5, 2014

ဇော်ဝင်းထွဋ်နှင့်တွေ့ဆုံခြင်း


ဇော်ဝင်းထွဋ်နှင့်တွေ့ဆုံခြင်း

မေး..Emperor Music Band ရဲ့ နှစ်သုံးဆယ်ပြည့်အဖြစ်ကျင်းပမယ့် ဖျော်ဖြေပွဲနဲ့ပတ်သက်တဲ့ အစ်ကို့ရဲ့ခံစားချက်ကို သိချင်ပါတယ်။
ဖြေ..ကြီးကြီးကျယ်ကျယ်ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့က ကိုယ့်ဘဝကိုယ် ဒီရော့ခ်ဂီတအပေါ်မှာ ပေးအပ်ပူဇော်ထားပြီးသားပါ။ ဒါကြောင့် ဒီဂီတကို ရူးသွပ်တဲ့သူ၊ ဒီဂီတကို ကျွန်တော်တို့နဲ့အတူ လိုက်ပါခံစားနိုင်သူတွေအားလုံးကိုလည်း ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကို ပေးအပ်ထားပြီးသား၊ သူတို့ကိုလည်း ကျွန်တော်တို့က ဂုဏ်ပြုထားပြီးသားလို့ ပြောရမှာပါ၊ ဒါကြောင့် ဒီပွဲကလည်း ရော့ခ်ဂီတကို ချစ်ခင်မြတ်နိုးတဲ့ ပရိသတ်တွေကို ပြန်လည်ဂုဏ်ပြုတဲ့ ပွဲတစ်ပွဲအဖြစ် သီဆိုဖျော်ဖြေမှာပါ။ နောက်ပြီး ဘဝမှာသီဆိုခဲ့တဲ့ဖျော်ဖြေပွဲတိုင်းက ဒီပွဲကတော့ ငါ့ရဲ့နောက်ဆုံးပွဲပဲလို့ စိတ်ထားပြီး အကောင်းဆုံးသီဆိုသလို စီးရီးသွင်းရင်လည်း အဲဒီအတိုင်းပဲ။ အခုလည်း အဲဒီစိတ်မျိုးနဲ့ အကောင်းဆုံးသီဆိုသွားမှာပါ။

မေး..ဒီပွဲမှာ သီချင်းပုဒ်ရေ ဘယ်နှပုဒ်လောက်သီဆိုဖို့ စီစဉ်ထားလဲ။
ဖြေ..ပြောရရင်တော့ စီစဉ်ထားတဲ့သီချင်းတွေက အများကြီး။ အပုဒ်တစ်ရာလောက် ရှိတယ်။ အဲဒီအထဲက ဘယ်လောက်ဆိုဖြစ်မလဲဆိုတာတော့ မသိသေးပါဘူး။ အရင် ကျွန်တော့်ရဲ့မွေးနေ့ပွဲတုန်းက မဆိုဖြစ်ခဲ့တဲ့ သီချင်းတွေကိုတော့ ဒီပွဲမှာဦးစားပေးအဖြစ်ဆိုသွားဖို့တော့ စီစဉ်ထားပါတယ်။ ရှေ့မှာဖျော်ဖြေမယ့် ရော့ခ်အဖွဲ့အသစ်တွေကတော့ ကျွန်တော့်သီချင်းတွေကို ပြန်လည်တီးခတ်သီဆိုကြမှာပါ။ အင်ပါယာအဖွဲ့နဲ့ကတော့ ကျွန်တော်နဲ့အတူ ရဲသွင်၊ ရင်ဂိုနဲ့ စည်သူလွင်တို့ ပါဝင်သီဆိုကြမှာပါ။

မေး..ဒီပွဲမှာ ရော့ခ်အဖွဲ့သစ်တွေပါဝင်စေခဲ့တာကရော ဘယ်လိုစိတ်ကူးမျိုးနဲ့ပါလဲ
ဖြေ..မျိုးဆက်သစ်ရော့ခ်ဂီတသမားတွေနဲ့ ရော့ခ်ဂီတအဖွဲ့ ၁၉ဖွဲ့ပါမှာပါ။ အဲဒါတွေကိုတော့ ဒီပွဲကိုစီစဉ်ကျင်းပတဲ့ ဂိုဏ်ချုပ်ကစီစဉ်ခဲ့တာပါ။ ကိုယ့်အနေနဲ့ သူတို့တွေပါမယ်ဆိုတုန်းကတော့ သာမန်ပါပဲ။ ဒါပေမယ့် သူတို့က ကျွန်တော့်သီချင်းတွေကို သူတို့စံနဲ့တီးဆိုကြပြီး ဒီမိုခွေတွေယူလာပြချိန်မှာတော့ သူတို့ဂုဏ်ပြုခံစားသီဆိုတီးခတ်ထားတာတွေအပေါ်မှာ ကျွန်တော့်အနေနဲ့ အရမ်းခံစားလိုက်ရပါတယ်။ နောက်ပိုင်းမှာလည်း ဒီအဖွဲ့တွေထဲကတော်တဲ့သူတွေ၊ အားတဲ့အဖွဲ့တွေခေါ်ပြီး တစ်နှစ်တစ်ခါလောက်တော့ ဒီလိုပွဲမျိုးလုပ်ဖို့ စိတ်ကူးထားတယ်။

မေး..လက်ရှိမှာရော အစ်ကို့ရဲ့စီးရီးသစ်တွေနဲ့ပတ်သက်ပြီး ပြင်ဆင်နေတာတွေရှိရင်လည်း သိချင်ပါတယ်။
ဖြေ..အခုလက်ရှိမှာတော့ လူစီးရီးအတွက် ဒီဗွီဒီရိုက်ကူမှုတွေကိုစပြီး ရိုက်ကူးမှုတွေလုပ်နေပြီ။ နောက်ပြီး ကျွန်တော့်ရဲ့သီချင်းတွေအားလုံးကို အတီးပိုင်းရော အဆိုပိုင်းရော အကုန်ပြန်ပြီးအသံသွင်းနေတယ်။ လောလောဆယ်တော့ မင်းချစ်သူရဲ့သီချင်းအပုဒ်၃၀လောက်သွင်းပြီးသွားပြီ။နောက်ထပ်လည်း ဆောင်းဦးလှိုင်သီချင်းတွေချည်း သီးသန့်၊ သုခမိန်လှိုင်နဲ့ဝင်းမင်းထွေးတို့သီချင်းတွေက သီးသန့်တစ်ခွေထပ်သွင်းဖို့ စီစဉ်ထားတယ်။မြင့်မိုးအောင်ရွှေဂျော်ဂျော်တို့သီချင်းတွေလည်း အသစ်ပြန်ပြီး အတီးအဆိုလုပ်မယ်၊ ခွေတွေအသစ်ပြန်သွင်းတာတွေ လုပ်သွားမှာပါ။ ဒီကြားထဲမှာပဲ စီးရီးအသစ်အတွက်လည်း လုပ်နေပါတယ်။

မေး..သီချင်းဟောင်းတွေပြန်ပြီးစီးရီးလုပ်ဖြစ်နေတဲ့အကြောင်းကိုလည်း သိချင်ပါတယ်
ဖြေ..မူပိုင်ခွင့်အတွက် ထွက်ပေါက်သစ်တစ်ခုအနေနဲ့ လုပ်ပြချင်တာပါ။ လက်ရှိမှာ ဂီတအစည်းအရုံးကလည်း အကောင်းဆုံးဖြစ်အောင်ဖြေရှင်းပေးနေတယ်။ ဒါပေမယ့် အငြင်းပွားစရာတွေ ရှိနေသေးတယ်။ မဖြေရှင်းနိုင်တာတွေရှိတယ်။ နောက်ပိုင်းမှာ ဒီနည်းက အလုပ်ဖြစ်ချင်မှလည်း ဖြစ်မှာလေ။ အခုတော့ ကိုယ့်ရဲ့တေးရေးဆရာ၊ ကိုယ့်တီးဝိုင်း၊ ကိုယ့်စတူဒီယိုနဲ့ဆိုတော့ မူပိုင်ခွင့်ကိစ္စကို သေချာလုပ်သွားနိုင်မယ်။ ဒါကြောင့် ပြန်လုပ်ဖြစ်တာပါ။

မေး..ဒီနေ့ထိအားပေးလာတဲ့ပရိသတ်တွေကို အစ်ကို့အနေနဲ့ပြောချင်တာရှိရင်
ဖြေ..တကယ်တော့ ဒီနေ့ထိလို့ပြောလိုက်ရင်ကို ရင်ထဲမှာ ခံစားရပါတယ်။ ဒီနေ့အထိလို့ပြောဖို့အတွက် နောက်ကိုပြန်ကြည့်လိုက်ရင် နှစ်တွေကမနည်းဘူးလေ။ ကျွန်တော့်အတွက်တော့ ပရိသတ်တွေက စကားလုံးတွေနဲ့ဖော်ပြနိုင်စွမ်းမရှိလောက်အောင်ကို အဓိပ္ပါယ်အများကြီးရှိပါတယ်။

From daily eleven

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။