အမျိုးသားလွှတ်တော်မှာ PR ပီအာအဆို ဘယ်လိုနိုင်သွားသလဲ
PR ပီအာအဆိုကို တပ်မတော်သားကိုယ်စားလှယ်များ မည်သို့မဲပေးခဲ့သည်ကိုလည်းကောင်း၊ ကျန်နိုင်ငံရေးပါတီများလည်း မည်သို့မဲပးခဲ့သည်ကိုလည်းကောင်း အတိအကျမသိရသေးပါ။ ဖြစ်နိုင်သည်မှာ ပီအာ မဲခွဲရာတွင် အဆိုတင်သွင်းခဲ့သော NDF ၏ ၄ မဲပါ ကြံခိုင်ရေး (၁၂၄) နှင့်အတူ မဲပေးကြမည်ဖြစ်သဖြင့် ပီအာ အဆိုဘက်မှ (၁၂၄ + ၄ = ၁၂၈) မဲဖြင့် အနိုင်ရခဲ့နိုင်သည်ဟု တွက်ချက်ပါသည်။
• စုစုပေါင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အရေအတွက် = ၂၂၄
USDA ကြံခိုင်ရေးပါတီ = ၁၂၄
တပ်မတော်ကိုယ်စားလှယ် = ၅၆
Rakhine Nationalities Development Party = ၇
National Unity Party = ၅
National League for Democracy (NLD) = ၎
All Mon Region Democracy Party = ၎
Chin Progressive Party = ၎
National Democratic Force (NDF) = ၎
Shan Nationalities Democratic Party = ၎
Phalon-Sawaw Democratic Party = ၃
Chin National Party = ၂
အခြားပါတီများ = ၇

• စုစုပေါင်း ပီအာကို ထောက်ခံနိုင်သည့် မဲအရေအတွက် = (USDA ၁၂၄ + NDF ၄) = ၁၂၈
• (တပ်မတော်ကိုယ်စားလှယ်များအပါအဝင်) စုစုပေါင်း ပီအာကို ကန့်ကွက်နိုင်သည့် မဲအရေအတွက် = (၅၆ + ၇ + ၅ + ၄ + ၄ + ၄ + ၄ + ၄ + ၃ + ၂ + ၇) = ၁ဝဝ
• (တပ်မတော်ကိုယ်စားလှယ်များမပါသေးသည့်) စုစုပေါင်း ပီအာကို ကန့်ကွက်နိုင်သည့် မဲအရေအတွက် = (၇ + ၅ + ၄ + ၄ + ၄ + ၄ + ၄ + ၃ + ၂ + ၇) = ၄၄
မှတ်ချက်။
• ကြံ့ခိုင်ရေးပါတီသည် (၁၂၄) မဲရယူထားသဖြင့် ကျန်ကိုယ်စားလှယ်များနှင့်အတူ တပ်မတော်သားများကပါ မထောက်ခံသည်ဖြစ်စေ၊ ကန့်ကွက်မဲအရေအတွက်မှာ စုစုပေါင်း (၄၈ + ၅၆ = ၁ဝ၄) သာရှိသဖြင့် မည်သည့် အဆိုကိုမဆို မဲခွဲဆုံးဖြတ်ပါက ကြံ့ခိုင်ရေးပါတီကသာ အစဉ်အမြဲ အနိုင်ရနေမည်သာဖြစ်သည်။
• NDF ပါတီ ဥပမာကိုကြည့်ပါက ကြံ့ခိုင်ရေးနှင့် တပ်မတော်သားကိုယ်စားလှယ်များမှလွဲ၍ ကျန်နိုင်ငံရေးပါတီများသည် ဒီမိုကရေစီပါတီများဟု သတ်မှတ်မည်ဆိုပါက မေးခွန်းထုတ်စရာရှိနိုင်ပါသည်။

ဒေါက်တာတင့်ဆွေ
၁၄-၆-၂ဝ၁၄
၁၄-၆-၂ဝ၁၄

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။